သင်၏ ရာသီစက်ဝန်းပျက်သွားရခြင်း အကြောင်းရင်းများ

Published On: January 10th, 2024|Views: 576|

ကိုယ်ဝန်ရှိခြင်းက ရာသီစက်ဝန်းပျက်ခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းအရင်းဖြစ်ပါတယ်။ သင်ဟာ မကြာသေးမီက လိင်ဆက်ဆံဖူးတယ်ဆိုရင် ကိုယ်ဝန်စစ်ဆေးမှု ပထမဦးဆုံးပြုလုပ်ပါ။ ပုံမှန်မဟုတ်တဲ့အခြေအနေတွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံပြောင်းခြင်း၊ ပျို့အန်ခြင်း၊ အဖျားတက်ခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ ရင်သားအရည်ဆင်းခြင်းတွေ ဖြစ်နေရင် ကိုယ်ဝန်အတွက် သတိထားပါ။

သို့သော် အခြေားဆေးဘက်ဆိုင်ရာနဲ့ လူနေမှုပုံစံတွေကလည်း သင့်ရာသီစက်ဝန်းကို ထိခိုက်စေနိုင်ပြီး ရာသီလာမှုနောက်ကျစေနိုင်တယ်။

  • စိတ်ဖိစီးမှုပြင်းထန်တဲ့စိတ်ဖိစီးမှုဟာ မျိုးဥထွက်ခြင်းနဲ့ ရာသီစက်ဝန်းထိန်းညှိပေးတဲ့ ဟော်မုန်းထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေတယ်။
  • ကိုယ်အလေးချိန်ကိုယ်အလေးချိန် လျှင်မြန်စွာ တက်ခြင်း၊ကျခြင်းတွေက ဟော်မုန်းပမာဏကိုအနှောင့်အယှက်ဖြစ်နိုင်တာကြောင့် ရာသီစက်ဝန်းကို ထိခိုက်နိုင်တယ်။
  • သန္ဓေတားနည်းဟော်မုန်း သန္ဓေတားနည်းတွေက တခါတရံမှာ ရာသီစက်ဝန်းသံသရာကို လွှမ်းမိုးပြီး နည်းအမျိုးမျိုး သက်ရောက်မှုရှိနိုင်တယ်။
  • မကြာခင်က စတင်ခြင်းအထူးသဖြင့် ရာသီလာစအမျိုးသမီးတွေနဲ့ မကြာခင်ကမှ ရာသီပြန်ပေါ်တဲ့အမျိုးသမီးတွေမှာ ပုံမှန်စက်ဝန်းကို ချက်ခြင်းပြန်မရနိုင်သေးပါ။
  • မိခင်နို့တိုက်ခြင်းနို့်တိုက်ခြင်းက ကလေးကို ကယ်လိုရီပေးဆောင်နေရတာကြောင့် ရာသီစက်ဝန်းကို သက်ရောက်မှုရှိနိုင်တယ်။
  • သွေးဆုံးခြင်းPerimenopause လို့ခေါ်တဲ့ သွေးဆုံးခြင်းကိုကူးပြောင်းတဲ့အခါ ရာသီစက်ဝန်းအတွင်း ပုံမှန်မဟုတ်တာတွေဖြစ်ပေါ်နိုင်တယ်။
  • အလုပ်ချိန်အပြောင်းအလဲသင်ရဲ့ နေ့နဲ့ည မကြာခဏ အလုပ်အချိန်ဇယားအပြောင်းအလဲတွေက သင့်ရဲ့ရာသီစက်ဝန်းကို ခန့်မှန်းရခက်နိုင်တယ်။
  • Polycystic Ovary Syndrome (PCOS)PCOS ဟာ ပုံမှန်မဟုတ်တဲ့ ဓမ္မတာလာခြင်း၊ သားဥအိမ်ပေါ်မှာအရည်ကြည်ဖြစ်ခြင်းကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းချို့ယွင်းမှုဖြစ်ပါတယ်။

ရာသီလာချိန်နောက်ကျရတဲ့ အကြောင်းရင်းများစွာရှိပြီး ဆရာဝန်နဲ့ပြသစစ်ဆေးပြီး အဖြေရှာရမယ့် ကျန်းမာရေးဆိုင်ရာ အခြားကြောင်းရင်းများစွာလည်းရှိပါတယ်။ ရာသီလာချိန် တကြိမ် လွဲချော်တာက များသောအားဖြင့် စိုးရိမ်စရာမရှိပါ။ သို့သော် ကာလတခုအထိ ပိုပြီးလွဲချော်နေရင်၊ ပထမဦးဆုံးအကြိမ်ဖြစ်ရင် သို့မဟုတ် ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေပါနေရင် ဆရာဝန်ကို ဆက်သွယ်ပါ။

ဒီအကြောင်းအရာကို မျှဝေပါ