နေရပ်စွန့်ခွါ ပြည်သူများအတွက် ထုပ်ပိုးသယ်ဆောင်သွားသင့်သော ရိက္ခာများ

Published On: August 12th, 2024|Views: 186|

မြန်မာနိုင်ငံရှိ စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများအတွက် အခြေခံ လူသုံးကုန် ပစ္စည်းများ ထုပ်ပိုးခြင်းသည် အရေးကြီးသော ကိစ္စတစ်ရပ် ဖြစ်ပါသည်။ ဘေးလွတ်ရာသို့ ရောက်ရှိသည့်တိုင် အခြေခံ စားသောက်ရေး အတွက် အခက်အခဲများ ရှိနိုင်သောကြောင့် ကြိုတင် ပြင်ဆင်ထားခြင်းက အထောက်အကူ ဖြစ်စေပါလိမ့်မည်။

အောက်တွင် ဖော်ပြပါ အချက်များသည် ထည့်သွင်းစဉ်းစားသင့်သော အခြေခံ ရိက္ခာများ ဖြစ်ပါသည်။

သရုပ်ဖေါ်ပုံ - အေးသီတာကျော်

အစားအသောက်များ

  • ဆန်။ ဆန်သည် မြန်မာလူမျိုးများ၏ အဓိက အစားအစာဖြစ်သည်။ တတ်နိုင်သမျှ လုံလောက်သော ပမာဏကို ယူဆောင်သွားပါ။ ကြာရှည်ခံအောင် ဆန်အိတ်ကို သေချာစွာ ထုပ်ပိုးသိမ်းဆည်းပါ။
  • ဆီ။ ဆီသည် ချက်ပြုတ်ရာတွင် မရှိမဖြစ် လိုအပ်သည်။ ပုလင်း သို့မဟုတ် ဗူး အသေးများဖြင့် ထည့်ယူနိုင်သည်။
  • ပဲအမျိုးမျိုး။ ပဲအမျိုးမျိုးသည် ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး ကြာရှည်ခံသောကြောင့် အဆင်ပြေသော ရိက္ခာတစ်မျိုး ဖြစ်သည်။ ပဲနီလေး၊ ပဲကြီး၊ ပဲတီစိမ်း၊ စားတော်ပဲ စသည်တို့ ပါဝင်နိုင်သည်။
  • မြေပဲ။ မြေပဲတွင် ပရိုတင်းနှင့် အဆီဓာတ်များ ပါဝင်ပြီး အဆာပြေစာအဖြစ် သင့်တော်သည်။
  • အာလူး။ အာလူးသည် ကစီဓာတ် ကြွယ်ဝပြီး ကြာရှည်ခံသည်။ အခွံချွတ်ပြီး အတုံးများ လှီးဖြတ်၍ ခြောက်အောင် လှန်းပြီးမှ ထုပ်ပိုးသိမ်းဆည်းပါက ပိုမိုကြာရှည်ခံမည် ဖြစ်သည်။
  • စည်သွပ်ဘူးများ။ ငါး၊ အသား သို့မဟုတ် ဟင်းသီးဟင်းရွက် စည်သွပ်ဘူးများသည် ကြာရှည်ခံပြီး အဆင်ပြေသော်လည်း အလေးချိန် ပိုမိုလေးသည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

သောက်ရေ

  • ရေသန့်ဘူး။ သန့်ရှင်းသော သောက်သုံးရေသည် အရေးပါသည်။ တတ်နိုင်သမျှ ရေသန့်ဗူးများ ယူဆောင်သွားပါ။
  • ရေသန့်ဆေးပြားများ။ ရေသန့် မရရှိနိုင်ပါက ရေသန့်ဆေးပြားများကို အသုံးပြု၍ ရေကို သန့်စင်နိုင်သည်။

အကြံပြုချက်များ။

  • အလေးချိန်။ သယ်ဆောင်ရ လွယ်ကူစေရန် ပေါ့ပါးသော ပစ္စည်းများကို ရွေးချယ်ပါ။
  • ကြာရှည်ခံမှု။ ကြာရှည်ခံသော အစားအစာများကို ဦးစားပေး ရွေးချယ်ပါ။
  • အာဟာရ။ အာဟာရ ပြည့်ဝသော အစားအစာများကို ရွေးချယ်ပါ။
  • ထုပ်ပိုးမှု။ အစားအစာနှင့် ရေများကို သေချာစွာ ထုပ်ပိုးပြီး ညစ်ညမ်းမှုမှ ကာကွယ်ပါ။
  • ဆေးဝါးများ။ လိုအပ်သော ဆေးဝါးများကိုလည်း ထည့်သွင်း ယူဆောင်သွားပါ။

အရေးကြီးသတိပြုရန်

  • အခြေအနေအရ သယ်ဆောင်နိုင်သော ရိက္ခာ ပမာဏ ကွာခြားနိုင်ပါသည်။
  • သွားလာမည့် ခရီးစဉ်အကွာအဝေးနှင့် ရာသီဥတု အခြေအနေကို ထည့်သွင်း စဉ်းစား၍ ရိက္ခာများကို ပြင်ဆင် ထုပ်ပိုးသင့်ပါသည်။
  • သက်ဆိုင်ရာ အဖွဲ့အစည်းများထံမှ ထုတ်ပြန်သည့် နောက်ဆုံးရ သတင်းအချက်အလက်များနှင့် လမ်းညွှန်ချက်များကိုလည်း လိုက်နာ ဆောင်ရွက်သင့်ပါသည်။

ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံသော ခရီးဖြစ်ပါစေ။

ဒီအကြောင်းအရာကို မျှဝေပါ