စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေသည့် နည်းလမ်းများ
စိတ်ဓာတ်ကျခြင်းသည် လူတိုင်း တစ်ချိန်ချိန်တွင် ခံစားရနိုင်သော စိတ်ခံစားမှုတစ်ရပ်ဖြစ်သည်။ သို့သော် ပြင်းထန်လာပါက နေ့စဉ်ဘဝကို ထိခိုက်စေနိုင်သည်။ စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေရန် အောက်ပါနည်းလမ်းများအချို့ကို ပြုလုပ်ကြည့်ရန် MyanHealth မှ အကြံပြုလိုက်ပါသည်။
စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေသည့် နည်းလမ်းအချို့
- လုံလောက်စွာ အိပ်စက်အနားယူပါ။
လုံလောက်သောအိပ်စက်ခြင်းသည် ဦးနှောက်ကို ပြန်လည်အားဖြည့်ပေးပြီး စိတ်ဖိစီးမှုကို လျော့ချပေးသည်။ တစ်နေ့ကို 7-9 နာရီခန့် အိပ်ပါ။
- ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရဖြစ်စေသောအစားအစာများကို ကိုယ်တိုင်ချက်ပြုတ်စားသုံးပါ။
ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များသည် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို ပေးစွမ်းပြီး စိတ်ကျန်းမာရေးကို ထောက်ပံ့ပေးသည်။
- ဝါသနာပါပြီး စိတ်အပန်းပြေစေသည့်အလုပ်များ လုပ်ဆောင်ပါ။
ဝါသနာပါသော အလုပ်များကို လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ချပေးပြီး ပျော်ရွှင်မှုကို ဖြစ်ပေါ်စေသည်။ ဥပမာ – ပန်းချီဆွဲခြင်း၊ ဂီတာတီးခြင်း၊ စာဖတ်ခြင်း၊ သဘာဝရှုခင်းများသို့ထွက်လည်ခြင်း၊ သစ်ပင်စိုက်ခြင်း စသည်တို့လုပ်ဆောင်နိုင်သည်။
- ကိုယ်လက်လှုပ်ရှားမှု တခုခုပုံမှန်လုပ်ဆောင်ပါ။
ကိုယ်လက်လှုပ်ရှားမှုသည် ဦးနှောက်အတွင်း ပျော်ရွှင်မှုကို ဖြစ်ပေါ်စေသော ဓာတုပစ္စည်းများကို ထုတ်လွှတ်ပေးပြီး စိတ်ဖိစီးမှုကို လျော့ချပေးသည်။တစ်ပတ်ကို အနည်းဆုံး မိနစ် 150 ခန့် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပါ။
- စိတ်ကိုပြေလျော့အောင်တရားထိုင်ဖို့အတွက် အချိန်အနည်းငယ်ပေးပါ။
တရားထိုင်ခြင်းသည် အာရုံစူးစိုက်မှုကို မြှင့်တင်ပေးပြီး စိတ်ကို ငြိမ်းချမ်းစေသည်။ တစ်နေ့လျှင် အနည်းဆုံး 10 မိနစ် တရားထိုင်ကြည့်ပါ။
- ချစ်ခင်ရသူများနှင့် အဆက်အသွယ်မပြတ် ရှိနေပါစေ။
လူမှုဆက်ဆံရေးသည် စိတ်ကျန်းမာရေးအတွက် အရေးကြီးသည်။ ချစ်ခင်ရသူများနှင့် အဆက်အသွယ်ရှိခြင်းက တစ်ယောက်တည်းမဟုတ်ဘဲ ပံ့ပိုးမှုရရှိစေပြီး စိတ်ဓာတ်ကို မြှင့်တင်ပေးသည်။မိသားစု၊ သူငယ်ချင်းများနှင့် အချိန်ဖြုန်းပါ။
အထက်ပါအချက်များကို ပုံမှန်လုပ်ဆောင်ခြင်းဖြင့် စိတ်ဓာတ်ကျခြင်းကို လျော့ချနိုင်ပြီး ပိုမိုကျန်းမာပျော်ရွှင်သော ဘဝကို ရရှိနိုင်ပါသည်။