ရေးသူ -ကိုတင်

- မြန်မာနိုင်ငံမှာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုဟာ ၁ နှစ်ပြည့်သွားပြီဖြစ်ပေမယ့် ကလေးငယ်တွေ စိတ်ဒဏ်ရာကနေ ရုန်းထွက်ဖို့ ရုန်းကန်နေရဆဲဖြစ်တယ်လို့ Save the Children အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါအပြင် ငလျင်အပြီးတစ်နှစ်တာကာလအတွင်း Save the Children နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက စိတ် ပိုင်းဆိုင်ရာ ကုစားမှုအဖြစ် ကလေးငယ် ကိုးထောင် အပါအဝင် လူပေါင်း သုံးသောင်း နီးပါးကို စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ပေးအပ်ခဲ့သလို အရေးပေါ် ကူညီမှုအဖြစ် အစားအစာ၊သောက် သုံးရေ၊ စောင်၊ ခြင်ထောင်နဲ့တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းတွေကို ပေးဝေခဲ့ပြီး လူပေါင်း ၂၇၅,၀၀၀ ကျော် (ကလေးရှစ်သောင်း အပါအဝင်) ဆီကို အကူအညီတွေရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
- မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကာလအတွင်း မိဘပြည်သူတွေ ကျန်းမာရေးနဲ့ အညီ ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲနိုင်ကြဖို့အတွက် အပူဒဏ် အန္တရာယ်ကနေ ကာကွယ်ရေး အပါအဝင် သတိပြု လိုက်နာရမဲ့ ကျန်းမာရေး အသိပေး ချက်တွေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ပါတယ်။ အဲဒီ အသိပေးချက်ထဲမှာတော့ အပူဒဏ်အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် နေ့လယ်ပိုင်း နေရောင် ပြင်းထန်ချိန်မှာ အရိပ်ရတဲ့ နေရာတွေမှာ နားနေဖို့၊ အပြင်ထွက်ပါက ထီး၊ ဦးထုပ် စတာ တွေကို အသုံးပြုဖို့၊ ရေဓာတ် ခန်းခြောက်မှုကနေ ကာကွယ်ရန်သန့်ရှင်းတဲ့ သောက်ရေကို မကြာခဏ သောက်ဖို့ အရက်သောက်သုံးတာဟာ အပူဒဏ်အန္တရာယ် ပိုမိုပြင်းထန်စွာ ခံစားရနိုင်တဲ့အတွက် အထူးသတိပြုဖို့နှိုးဆော်ထားပါတယ်။
- သင်္ကြန်ကာလမသန့်ရှင်းတဲ့ရေတွေ၊ ယင်နားစာအစားအသောက်တွေကြောင့် ပြင်းထန် ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပြီး ဆေးရုံတက်ရတဲ့လူနာတွေများတတ်တာကြောင့် အစား အသောက် ဂရုစိုက်ဖို့ အရှိန်ပြင်းတဲ့ ရေပိုက်တွေနဲ့ မျက်နှာကိုတိုက်ရိုက်ပက်ခံရလို့ မျက်ကြည်လွှာ စုတ်ပြဲ ကာမျက်စိကွယ်သွားရသူတွေ၊ နားစည်ပေါက်ပြီးတစ်သက်လုံး အကြားအာရုံ ဆုံးရှုံးသွားရသူတွေနှစ်စဉ် သင်္ကြန်အပြီးမှာ ဆေးရုံတွေကို အများအပြားရောက်လာ လေ့ရှိတတ်တာကြောင့် ခဏတာ အပျော်လွန်မှုကြောင့် ဘဝတစ်ခုလုံး ဒုက္ခိတ မဖြစ်စေဖို့ နှစ်စဉ် သင်္ကြန်ကာလမှာ မူးယစ်ဆေးဝါးနဲ့ အရက်ကြောင့်ဖြစ်တဲ့ ယာဉ်တိုက်မှုတွေကြောင့် ရာနဲ့ချီတဲ့ လူငယ်တွေ အသက် ဆုံးရှုံးနေရသလို၊အချို့မှာလည်း တစ်သက်လုံး အိပ်ရာထဲလဲတဲ့ ဒဏ်ရာတွေ ရရှိသွားကြတဲ့ အတွက်အရက်နဲ့ မူးယစ်ဆေးဝါး သောက်စားပြီး မော်တော်ယာဉ်မောင်းနှင်ခြင်းမလုပ်ဖို့ ကျိုက်ထိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျိုက်ထိုပြည်သူ့ဆေးရုံကြီးက အသိပေးနှိုးဆော် ထားပါတယ်။
- လက်ရှိအချိန်မှာ သဘာဝပတ်ဝန်းကျင်အတွင်း တွေ့ရှိနိုင်တဲ့ ကမျဉ်းနီကောင်တွေ အကိုက်ခံ ရမှုကြောင့် ဖြစ်ပွားနိုင်တဲ့ ဖျားနာရောဂါအပေါ် ပြည်သူများအနေနဲ့ အထူးသတိပြုကြဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- PSLA TNLA က အသိပေး ထုတ်ပြန်ထားပါတယ်။
- မိုးလေဝသအခြေအနေတွေကို ထုတ်ပြန်ပေးနေတဲ့ Eldorado Weather အရ ကမ္ဘာ့အပူဆုံး မြို့ကြီး ၁၅ မြို့ထဲမှာ မြန်မာနိုင်ငံက ၈ မြို့ထိပါဝင်နေရာ မင်းဘူးမြို့ဟာ အပူချိန် ၄၃ ဒီဂရီ စင်တီဂရိတ်နဲ့ အဆင့် ၁ ဒါမှမဟုတ်အဆင့် ၂ နေရာကို ရောက်နေတယ်လို့ သိရပါတယ်။ဒါကြောင့် ကမ္ဘာ့အပူဆုံးမြို့များစာရင်းမှာပါနေတဲ့ မင်းဘူးမြို့ ဒေသခံတွေဟာ နေအိမ်တွေမှာ နေထိုင်ဖို့ ခက်ခဲတာကြောင့် အပူဒဏ်တိမ်းရှောင်ဖို့ လိုအပ်သူတွေ အတွက် အပူရှောင်စခန်း ဖွင့်လှစ်ပေး နိုင်ရေးအတွက် တာဝန်ရှိသူတွေက အစည်းအဝေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
- ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များအနေဖြင့် လူနာတင်ယာဉ်များအား လူနာပါမှသာ စက်သုံးဆီရောင်းချရန် မတ်လ နောက်ဆုံးအပတ်မှစ၍ ညွှန်ကြားထားကြောင်း သိရပါတယ်။
- ကျန်းမာရေးအခြေအနေ စောင့်ကြည့်လေ့လာမှုတွေကနေ ရရှိတဲ့ အချက်အလက်တွေအရ ထိုင်းနိုင်ငံမှာ တစ်ရက်ကို အဆုတ်ကင်ဆာလူနာသစ် ၄၈ ဦးနှင့် သေဆုံးသူ ၄၀ ဦးရှိနေပြီး၊ ပြည်သူ သန်းပေါင်းများစွာမှာလည်း အဆိပ်သင့် လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပွားတဲ့ နောက်ဆက်တွဲ ရောဂါဝေဒနာတွေကို ခံစားနေရကြောင်း ထိုင်းသတင်းဌာန The Nation မှာဖော်ပြထားပါတယ်။
- ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ဖြစ်ပွားနေတဲ့ မြူခိုးနှင့် ဖုန်မှုန့်ငယ်(PM 2.5) ဟာ အလွန်အမင်း ဆိုးရွားပြင်းထန်နေပြီး သတ်မှတ်စံနှုန်းထက် ကျော်လွန်နေလို့ ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နေကြောင်းချင်းမိုင်တက္ကသိုလ် ဆေးပညာဌာန ကထုတ်ပြန်သတိပေးထားပါတယ်။
- ဗြိတိန်မှာ ကျန်းမာရေးဝန်ထမ်းမလုံလောက်တာကြောင့် လေဖြတ်ဝေဒနာခံစားနေရတဲ့ လူနာတွေကို ပြန်လည်ကောင်းမွန်လာနိုင်တဲ့အထိ မကြည့်နိုင်ဘဲ လူနာတွေရဲ့ မျှော်လင့်ချက်တွေ ပျက်စီးနေတယ်လို့ The Guardian သတင်းမှာဖော်ပြထားပါတယ်။
- “Hara hachi bu” ဆိုတဲ့ ဂျပန်ရိုးရာစားသောက်နည်းတစ်ခုဟာ ကျန်းမာရေးကို အထောက်အကူ ပြုတာကြောင့် လူတွေကြားမှာ စိတ်ဝင်စားမှုတွေ တဖြည်းဖြည်းမြင့် တက်လာနေတယ်လို့ Science daily မှာဖော်ပြထားပါတယ်။အဲဒီစားနည်းကတော့ ဗိုက်ပြည့်သွားအောင်စား တာမျိုး မဟုတ်ဘဲ ၈၀ ရာခိုင်နှုန်းလောက်ဗိုက်ပြည့်သွားရင် ဆက်မစားတော့ဘဲ ရပ်လိုက်တာ ဖြစ်ပါ တယ်။ ဒါဟာ diet တင်းကျပ်စွာ လုပ်ဖို့ မဟုတ်ဘဲ အစားစားတဲ့အချိန်မှာ အလျင်မလိုဘဲ ဖြည်းဖြည်းစားတာ၊ ကိုယ့်ရဲ့ ဗိုက်ဆာနေမှုကို သတိရှိရှိနဲ့ အစာထုတ်လုပ်မှုကွင်းဆက်ကိုကျေးဇူးတင်စိတ်နဲ့ စားသောက်တာကို အဓိက ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနည်းလမ်း ကို လိုက်နာမယ်ဆိုရင် ကယ်လိုရီစား သုံးမှု လျှော့ချနိုင်သလို ကျန်းမာရေးအတွက် အထောက်အကူပြုမယ့် အစားအစာတွေကို ရွေးချယ်နိုင်လာပြီး ရေရှည်မှာ ကိုယ်အလေးချိန် မတိုးအောင် ကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
- တချို့လူတွေရဲ့ မျိုးရိုးဗီဇက စားသောက်မှုပုံစံနှင့် ဦးနှောက်ကျန်းမာရေးအကြား သက်ရောက် မှုကို ပြောင်းလဲစေနိုင်ပြီး အသက်ရွယ်ကြီးတဲ့သူတွေထဲက အန္တရာယ်မြင့်တဲ့ APOE gene variant တွေရှိတဲ့သူတွေဆိုရင် အသားပိုစားပေးရင် ဉာဏ်ရည်ကျဆင်းမှု ပိုနှေးသွားပြီး မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ ဖြစ်နိုင်ချလျော့ နည်းစေနိုင်တယ်ဆိုတာ တွေ့ရှိထားတယ်လို့ ဆွီဒင် နိုင်ငံက Karolinska Institutet ရဲ့ သုတေသနတွေ့ရှိချက်ကို ကိုကားပြီး Science daily မှာဖော်ပြထားပါတယ်။