Skip to content

ဆောင်းပါးများ

အရေးအကြောင်းတွေ လျော့ပြီး နုပျိုတဲ့အသားအရေ ရဖို့ ဒီအချက်လေးတွေ မမေ့နဲ့
Tips & Tricks

အရေးအကြောင်းတွေ လျော့ပြီး နုပျိုတဲ့အသားအရေ ရဖို့ ဒီအချက်လေးတွေ မမေ့နဲ့

By MyanHealth  |  August 26, 2026

အသားအရေ နုပျိုတင်းရင်းပြီး အရေးအကြောင်းတွေ လျော့ချင်တယ်ဆိုရင် နေ့စဉ် Skincare Routine မှာ ဘာတွေကို အလေးထားသင့်လဲ? 🧴✨ လွယ်လွယ်ကူကူ လိုက်နာနိုင်တဲ့ အသားအရေထိန်းသိမ်းနည်းလေးတွေကို သိထားရင် ကိုယ့်အသားအရေကို ပိုကောင်းကောင်း ဂရုစိုက်နိုင်ပါတယ်။ 💛 #HealthySkin #SkincareRoutine #BeautyTipsMyanmar #SkincareEducation

ခန္ဓာကိုယ်က ပြောသောစကား
ဆောင်းပါး

ခန္ဓာကိုယ်က ပြောသောစကား

By MyanHealth  |  August 26, 2026

ကိုဇော်မင်းက အသက် သုံးဆယ့်လေး။ စင်ကာပူက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ Supervisor အဖြစ် အလုပ်လုပ်နေတာ ငါးနှစ်ကျော်ပြီ။ လစဉ် အိမ်ကို ပိုက်ဆံ ပုံမှန်ပို့တယ်။ တာဝန်ကျေတဲ့ သားကြီး၊ တာဝန်ကျေတဲ့ အစ်ကို၊ တာဝန်ကျေတဲ့ ခင်ပွန်း။ ပြဿနာက လွန်ခဲ့တဲ့ ခြောက်လလောက်က စတယ်။ အရင်ဆုံး ခေါင်းကိုက်တာ။ အိပ်ရေးမဝလို့ ထင်တာပေါ့။ နောက်တော့ လည်ပင်း တောင့်လာတယ်။ ပခုံးတွေ တင်းလာတယ်။ ညနေစောင်းရင် ဗိုက်ထဲက အောင့်သလိုလို။ အစာစားပြီးတိုင်း မကြေသလိုနဲ့ မအီမသာ။ တစ်ခါတလေ ရင်ဘတ်ကို ဘာနဲ့မှန်းမသိ ဖိထားသလို လေးလံနေတာမို့ “နှလုံးများ ဖြစ်နေပြီလား” လို့တောင် တွေးမိသေးတယ်။ ဒါနဲ့ ဆရာဝန်ဆီ သွားပြတယ်။ သွေးစစ်တယ်။ နှလုံးလှိုင်း ECG ရိုက်တယ်။ ဗိုက်ကိုContinue reading "ခန္ဓာကိုယ်က ပြောသောစကား"

၂၀၂၆ မှာ စောင့်ကြည့်နေရတဲ့ ကျန်းမာရေးပြဿနာ ခြောက်ခု
သတင်း

၂၀၂၆ မှာ စောင့်ကြည့်နေရတဲ့ ကျန်းမာရေးပြဿနာ ခြောက်ခု

By Ko Ba Thet  |  August 23, 2026

ကမ္ဘာတစ်ဝန်းက ကျန်းမာရေးစနစ်တွေဟာ မကြုံဖူးတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရသလို ပဋိပက္ခတွေ၊ သူ့နောက်ဆက်တွဲ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေ၊ ရောဂါဘယတွေရဲ့ ဖိအားတွေအောက်မှာ ပိုပြီးတော့ အားနည်းယိုယွင်းလာနေပါတယ်။ ဒီစိန်ခေါ်မှုတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြပြီး တစ်ခုကို မဖြေရှင်းနိုင်ခင် နောက်တစ်ခုကပါ ဆက်လိုက်လာတဲ့ ကမ္ဘာ့လူထု ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ နိုင်ငံမရွေးမှာ အားနည်းလာတာ ဖြစ်တယ်လို့ Project HOPE အဖွဲ့က ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒီအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ၁၉၅၈ ခုနှစ်ကတည်းက တည်ထောင်ထားတာဖြစ်ပြီး S.S. Hope လို့ခေါ်တဲ့ ဆေးသင်္ဘောနဲ့ နိုင်ငံအသီးသီးကို လှည့်ပတ်သွားလာပြီး ဆေးဘက်ဆိုင်ရာ ကုသမှုပေးတာအပြင် ဒေသဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေကို လေ့ကျင့်ပေးတာတွေကို လုပ်တဲ့ အဖွဲ့ကြီးလည်းContinue reading "၂၀၂၆ မှာ စောင့်ကြည့်နေရတဲ့ ကျန်းမာရေးပြဿနာ ခြောက်ခု"

Health Starts in the Kitchen Episode 7
မီးဖိုချောင် ကျန်းမာရေး

Health Starts in the Kitchen Episode 7

By MyanHealth  |  August 23, 2026

အသက်ရှည် နုပျို ကျန်းမာ စေဖို့ မီးဖိုချောင် ထဲက အိမ်တွင်း သမားတော် ကြက်သွန်ဖြူ ရဲ့ အံ့မခန်း လျှို့ဝှက်ချက် များကို အတူတူ ကြည့်လိုက်ရအောင်။ #HealthTips#GarlicBenefits#BlackGarlic

ဖြူ၊နီ၊ပြာ၊ဝါ စပ်ဆေးထဲက မင်းသားကြီး စတီးရွိုက်
ဆောင်းပါး

ဖြူ၊နီ၊ပြာ၊ဝါ စပ်ဆေးထဲက မင်းသားကြီး စတီးရွိုက်

By Dr.Kris  |  August 22, 2026

ဖျားနာလို့ပဲဖြစ်ဖြစ်၊ ကိုယ်တွေလက်တွေ ကိုက်ခဲလို့ပဲဖြစ်ဖြစ် မြို့ကြီးပြကြီးတွေရဲ့ ရပ်ကွက်တွေမှာရော ကျေးရွာများပါမကျန် လူထုထဲမှာ အသုံးတွင်ကျယ်ပြီး ပျံ့နှံ့နေတာကတော့ စပ်ဆေးလို့ခေါ်တဲ့ ဆေးထုပ်လေးတွေပဲ ဖြစ်ပါတယ်။ စပ်ဆေးတွေကို မြို့နေလူတန်းစားရဲ့ ရပ်ကွက်တွေအပြင် ကျေးလက်နေပြည်သူတွေရဲ့ ကျေးရွာတွေမှာရှိတဲ့ ဆေးဆိုင်၊ ဈေးဆိုင်ငယ်၊ ကုန်စုံဆိုင်နဲ့ စတိုးဆိုင်ငယ်လေးတွေမှာပါ လွယ်လင့်တကူ ဝယ်လို့ရနေတာကလည်း စပ်ဆေးကို ဝယ်ယူသုံးစွဲနိုင်မှုရဲ့ အဓိကအကြောင်းအရင်းလည်း ဖြစ်ပါတယ်။ တချို့ကတော့ အသင့်ပြင်ဆင်ပြီးသား အထုပ်လေးတွေကို ရောင်းကြတာလည်းရှိသလို၊ တချို့ကတော့ ဝယ်သူလာမှပဲ ဆေးလုံးလေးတွေကို ဖောက်ထည့်ပြီး ရောစပ်ပေးလိုက်တာမျိုးလည်း ရှိပါတယ်။ စပ်ဆေးတစ်ထုပ်ကို လေ့လာကြည့်ရင် ဖြူ၊ နီ၊ ပြာ၊ ဝါ အရောင်စုံ ဆေးလုံးလေးတွေ ပါဝင်ပြီး ဈေးသက်သက်သာသာနဲ့ ဝယ်ယူလို့ရနေတာကို တွေ့နိုင်မှာဖြစ်ပါတယ်။ ဒီဆေးလုံးလေးတွေက ဘယ်လိုအမျိုးအစားတွေလဲ၊ ဘယ်လိုရောဂါတွေအတွက် အသုံးပြုပြီး ဘယ်လိုအခြေအနေမျိုးမှာတော့ မသောက်ရဘူးလဲဆိုတာContinue reading "ဖြူ၊နီ၊ပြာ၊ဝါ စပ်ဆေးထဲက မင်းသားကြီး စတီးရွိုက်"

သွေးတွင်းအဆီ (ကိုလက်စထရော) များခြင်းကို ဘာကြောင့် သတိထားသင့်သလဲ
ဆောင်းပါးသတင်း

သွေးတွင်းအဆီ (ကိုလက်စထရော) များခြင်းကို ဘာကြောင့် သတိထားသင့်သလဲ

By Dr. Kyaw Min Htike, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  August 20, 2026

ကိုလက်စထရော (Cholesterol) ဆိုတာ ခန္ဓာကိုယ်က ဆဲလ်တွေတည်ဆောက်ဖို့၊ ဟော်မုန်းနဲ့ ဗီတာမင် D ထုတ်လုပ်ဖို့ လိုအပ်တဲ့ အဆီဓာတ်တစ်မျိုး ဖြစ်ပါတယ်။ သွေးတွင်း ကိုလက်စထရောများခြင်း (High Cholesterol) ဟာ သိသာထင်ရှားတဲ့ လက္ခဏာတွေ မပြတတ်ပါဘူး။ ဒါပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ သွေးကြောနံရံမှာ အဆီအနည်တွေ စုပုံပြီး သွေးကြောကျဉ်းခြင်း (Atherosclerosis) ဖြစ်လာစေနိုင်ပါတယ်။ ဒီကနေတစ်ဆင့် နှလုံးနဲ့ သွေးကြောဆိုင်ရာ ပြဿနာအမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။ သွေးတွင်းအဆီဓာတ် စစ်ဆေးတဲ့အခါ LDL နဲ့ HDL ကိုလက်စထရောဆိုပြီး ကိုလက်စထရော ၂ မျိုးကို အဓိကတွေ့ရတတ်ပါတယ်။ LDL ကို အလွယ်ပြောရရင် “မကောင်းတဲ့ ကိုလက်စထရော” လို့ ခေါ်လေ့ရှိပြီး များလာရင် သွေးကြောနံရံမှာ အဆီအနည်တွေ စုပုံနိုင်ပါတယ်။ HDLContinue reading "သွေးတွင်းအဆီ (ကိုလက်စထရော) များခြင်းကို ဘာကြောင့် သတိထားသင့်သလဲ"

ဂျိန်းဖော မေမေ၊ ဖေဖေတို့ရဲ့ သားသမီးဆိုင်ရာ ရိုးရာဓလေ့
ဆောင်းပါး

ဂျိန်းဖော မေမေ၊ ဖေဖေတို့ရဲ့ သားသမီးဆိုင်ရာ ရိုးရာဓလေ့

By MyanHealth  |  August 19, 2026

မြန်မာပြည် မြောက်ဖျား၊ မေခ-မလိခ ဆုံပြီး ဧရာဝတီမြစ်ကြီး စတင်တဲ့ မနောမြေမှာ နေထိုင်ကြတဲ့ ကချင်တိုင်းရင်းသားမျိုးနွယ်စုခွဲပေါင်း ခြောက်ခုတောင် ရှိပါတယ်။ တိဗက်-ဗမာအနွယ်ဝင်တွေ ဖြစ်တယ်လို့ သမိုင်းမှာ မှတ်တမ်းတင်ထားပါတယ်။ ရိုးရာ နတ်ကိုးကွယ်မှုဓလေ့တွေ ရှိခဲ့ပေမယ့် မျိုးနွယ်စုအတော်များများဟာ အခုဆိုရင် ခရစ်ယာန်၊ ဗုဒ္ဓဘာသာ စသဖြင့် ကိုးကွယ်မှုပုံစံတွေ ကွဲပြားကြပါတယ်။ သို့သော် ရိုးရာဓလေ့တွေဟာလည်း ဒီကနေ့အထိ ပျောက်ဆုံးသွားတာတော့ မဟုတ်ဘဲ လူမှုရေးနဲ့ ကျန်းမာရေးနဲ့ တခြားသော သက်ဆိုင်တဲ့ကဏ္ဍတွေမှာ ပုံစံမျိုးစုံနဲ့ အမြစ်တွယ်နေကြဆဲ ဖြစ်ပါတယ်။ ခေတ်မီဆေးဝါးနဲ့ ကုသမှု နည်းနာတွေ ဘယ်လိုပဲ တိုးတက်ပြောင်းလဲပါစေ၊ တချို့သော ရိုးရာဓလေ့နဲ့ အယူအဆတွေကတော့ ဒီကနေ့အချိန်အထိ မနောမြေမှာ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ကချင်တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့၊ အယူအဆတွေဟာ အမျိုးသား ဒါမှမဟုတ် အမျိုးသမီးContinue reading "ဂျိန်းဖော မေမေ၊ ဖေဖေတို့ရဲ့ သားသမီးဆိုင်ရာ ရိုးရာဓလေ့"

ခြေစွယ်ငုတ်ခြင်းနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ
ဆောင်းပါး

ခြေစွယ်ငုတ်ခြင်းနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ

By MyanHealth  |  August 18, 2026

စာဖတ်သူတို့ ခြေစွယ်ငုတ်ဖူးကြပါသလား။ ခြေစွယ်ငုတ်တာဟာ အစပိုင်းမှာ နာတာလောက်ပဲ ဖြစ်လို့ သိပ်အရေးမကြီးဘူးလို့ ထင်ရပါတယ်။ နာကျင်မှု ပြင်းထန်လာရင်လည်း လူအများစုက လက်သည်းညှပ်၊ အပ်၊ ဓား စတဲ့ ပစ္စည်းတွေနဲ့ ခြေသည်းစွန်းကို ကိုယ့်ဘာသာ ကလော်ထုတ်တာ၊ ခြေသည်းဘေးက အသားကိုပါ ညှပ်ထုတ်တာမျိုး လုပ်တတ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ ခြေစွယ်ငုတ်ခြင်းနဲ့ ပတ်သက်လို့ ဆောင်ရန်၊ ရှောင်ရန်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဘာကြောင့် ခြေစွယ်ငုတ်ရတာလဲ အဖြစ်များဆုံး အကြောင်းရင်းတစ်ခုကတော့ ခြေသည်းညှပ်ပုံ မမှန်တာ ဖြစ်ပါတယ်။ ခြေသည်းကို အရမ်းတိုအောင် ညှပ်တာ၊ ခြေသည်းထောင့်နှစ်ဖက်ကို အဝိုက်ပုံစံအတိုင်း လိုက်ညှပ်တာကြောင့် ချွန်ထက်တဲ့ ခြေသည်းစွန်းလေး ကျန်နေတတ်ပါတယ်။ ခြေသည်း ပြန်ရှည်လာတဲ့အခါ အဲဒီအစွန်းက အသားထဲကို တဖြည်းဖြည်း ထိုးဝင်လာနိုင်ပါတယ်။ ဒါ့အပြင် ကျပ်လွန်းတဲ့ဖိနပ်၊ ထိပ်ချွန်ဖိနပ်၊Continue reading "ခြေစွယ်ငုတ်ခြင်းနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ"

ကလေးငယ်များ၏ စမတ်ဖုန်းနှင့် Screen Time အသုံးပြုမှု
ဆောင်းပါး

ကလေးငယ်များ၏ စမတ်ဖုန်းနှင့် Screen Time အသုံးပြုမှု

By MyanHealth  |  August 17, 2026

တိုးတက်လာတဲ့ နည်းပညာခေတ်ထဲ စမတ်ဖုန်းအသုံးပြုမှု များလာတာနဲ့အတူ ကလေးငယ်တွေရဲ့ ဖုန်းသုံးစွဲမှုကလည်း မြင့်တက်လာပါတယ်။ အိမ်မှာ လူဦးရေနည်းတဲ့ မိသားစုတွေမှာ ကလေးတွေကို မျက်ခြေမပြတ် ကြည့်ရှုမပေးနိုင်တဲ့ အခြေအနေတွေရှိရင် မိဘတွေက ကလေးတွေကို ဖုန်းပေးသုံးထားတာဟာ အလေ့အထတစ်ခုလို ဖြစ်လာပါတယ်။ “ကိုယ်တွေ ငယ်ငယ်တုန်းက ရပ်ကွက်ထဲ လျှောက်ဆော့နေကြတာ။ အခုကလေးတွေကို ကြည့်လိုက်ရင် YouTube ကြည့်မယ်၊ TikTok ကြည့်မယ် ဆိုတာချည်းပဲ။ ကလေးနှစ်ဦးတည်းရှိတဲ့ မိသားစုတွေမှာဆိုရင် ကလေးကို ထိန်းကျောင်းဖို့ မလွယ်ကူတာကြောင့် ဖုန်းပေးကြည့်ထားရတာမျိုး ဖြစ်တတ်တယ်။ ကလေးတွေကလည်း သီချင်းတွေကို လိုက်ကြည့်၊ လိုက်ဆိုနေကြတာပဲ။ တချို့ကလေးတွေကျတော့ ဖုန်းထဲက ဂိမ်းတွေ ဆော့ကြတယ်” လို့ ဖခင်တစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးထွန်းက MyanHealth ကို ပြောပါတယ်။ မိခင်တွေ အိမ်အလုပ်တွေနဲ့ မအားလပ်တဲ့အချိန်မှာ ကလေးတွေကိုContinue reading "ကလေးငယ်များ၏ စမတ်ဖုန်းနှင့် Screen Time အသုံးပြုမှု"

သတိထားကာကွယ်ပါ ဝမ်းပျက်ဝမ်းလျှောရောဂါ
ဆောင်းပါးသတင်း

သတိထားကာကွယ်ပါ ဝမ်းပျက်ဝမ်းလျှောရောဂါ

By MyanHealth  |  August 16, 2026

အခုတလော ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု များပြားလာတဲ့အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆက်စပ်ပြီး သတိပြုသင့်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အများပြည်သူ သိရှိနိုင်စေရန်အတွက် ရေးသားဖော်ပြပေးလိုက်ရပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်းဆိုတာ ၂၄ နာရီအတွင်း အရည်ဝမ်း (သို့မဟုတ်) ဝမ်းပျော့ပျော့ ၃ ကြိမ်နဲ့အထက် သွားခြင်းကို ဆိုလိုပါတယ်။ ဝမ်းလျှောဝမ်းပျက်ခြင်းက မသန့်ရှင်းတဲ့ အစားအစာနဲ့ ရေကတစ်ဆင့် ရောဂါပိုးကူးစက်ခြင်းကြောင့် ဖြစ်နိုင်သလို ကာလဝမ်းရောဂါအပါအဝင် အခြားကူးစက်ရောဂါပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတဲ့အခါ အဓိကအန္တရာယ်က ရေဓာတ်နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဆုံးရှုံးခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အာဟာရချို့တဲ့သူတွေနဲ့ နာတာရှည်ရောဂါရှိသူတွေမှာ ပိုမိုပြင်းထန်နိုင်ပါတယ်။ ရေငတ်လာခြင်း၊ ပါးစပ်နဲ့ လျှာခြောက်ခြင်း၊ ဆီးနည်းခြင်း သို့မဟုတ် ဆီးအရောင်ရင့်လာခြင်း၊ မူးဝေခြင်းနဲ့ အားနည်းခြင်းတွေဟာ ရေဓာတ်ခမ်းခြောက်မှုရဲ့Continue reading "သတိထားကာကွယ်ပါ ဝမ်းပျက်ဝမ်းလျှောရောဂါ"

Ads Advertisement