အင်ပျဉ်ထခြင်း
By MyanHealth | November 18, 2024
By Wor Mithi အင်ပျဉ်ထခြင်းဆိုတာ လူတိုင်းနဲ့ အမြဲရင်းနီးနေတဲ့အကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ နာရီပိုင်းအတွင်း သက်သာသွားတတ်သလို တစ်ခါတစ်လေမှာတော့ ရက်ပေါင်းအတန်ကြာတဲ့အထိ မသက်သာလို့ စိုးရိမ်စိတ်တွေများစေလာတတ်တဲ့ အကြောင်းအရာ တစ်ခုလဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကနေ ဓါတ်မတည့်တဲ့ အရာတစ်ခုခုကို တုံ့ပြန်တဲ့အခါ ယားယံစေနိုင်တဲ့ဓါတ်အပြင် အခြားဓါတ်တွေကို သွေးထဲကို ထုတ်လွတ်လိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်မှာ နီရဲခြင်း၊ ရောင်ရမ်းခြင်း အပါအဝင် ယားယံခြင်း စတာတွေကို ဖြစ်လာစေတဲ့အတွက် အင်ပျဉ်ထလာရပါတယ်။ အကြမ်းဖျင်းအားဖြင့် ပြင်ပအရာတစ်ခုခုကို တုံ့ပြန်တဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် တစ်ခုဖြစ်ပါတယ်။ အချို့လူတွေမှာတော့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားက အလွန်အမင်း တုံ့ပြန်တတ်တဲ့အတွက် အင်ပျဉ်ထရုံသာမက အခြားဓါတ်မတည့်တဲ့ လက္ခဏာတွေကိုပါ ခံစားရလေ့ရှိပါတယ်။ https://myanhealth.org/wp-content/uploads/2024/11/hives-0510.jpg အင်ပျဉ်ထရတဲ့အကြောင်းအရင်းတွေကတော့ အများကြီး ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အင်းဆက်ပိုးမွှားတွေထိမိတာ/ကိုက်ခံရတာ (ဥပမာ-<a href="https://myanhealth.org/articles-news/10848/">Continue reading <span class="sr-only">"အင်ပျဉ်ထခြင်း"</span></a>