Skip to content

ဆောင်းပါးများ

လာနီညာ ဆောင်းနဲ့ ကျန်းမာရေး စိန်ခေါ်မှုများ
ဆောင်းပါးသတင်း

လာနီညာ ဆောင်းနဲ့ ကျန်းမာရေး စိန်ခေါ်မှုများ

By MyanHealth  |  January 27, 2026

Selena  လာနီညာဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ ဒေသအများစုမှာ ဖေဖော်ဝါရီလကုန်ခန့်အထိ အအေးဆက်ပိုနိုင်ပြီး သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို ဂရုစိုက်ကြဖို့ မိုးလေဝသနဲ့ ရာသီဥတုကျွမ်းကျင်သူတွေ၊ ဆေးပညာ ကျွမ်းကျင်သူတွေက သတိပေးပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာကစပြီး သိသိသာသာ အအေးပိုလာခဲ့သလို ဒေသအများအပြားမှာ အခင်နှစ်တွေကထက် ပိုအေးခဲ့ပါတယ်။  “လာနီညာကြောင့် အေးတာက ဖေဖော်ဝါရီလကုန်အထိ ရှိနိုင်တယ်။ မတ်လဆန်းကျမှ မိုးရွာနိုင်တယ်။ လက်ရှိကတော့ အအေးဆက် ပိုနိုင်တယ်။ လာနီညာက အားပျော့တဲ့ လာနီညာဆိုပေမယ့် မနှစ်ကထက် အအေးပိုနေပါတယ်” လို့ မိုးလေဝသနဲ့ ရာသီဥတုအရေး လေ့လာသူ ဦးဝင်းနိုင်က ပြောပါတယ်။    လာနီညာဆိုတာ လာနီညာဆိုတာ အေးပြီး စိုစွတ်တဲ့ ရာသီဥတုဖြစ်စဉ် ဖြစ်ပါတယ်။ အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာ ရေမျက်နှာပြင် အပူချိန်ဟာContinue reading "လာနီညာ ဆောင်းနဲ့ ကျန်းမာရေး စိန်ခေါ်မှုများ"

Tips & tricks – ဆေးဆိုင်မသွားဘဲ သစ်သီးဆိုင် သွားကြမလား
ဆောင်းပါးသတင်း

Tips & tricks – ဆေးဆိုင်မသွားဘဲ သစ်သီးဆိုင် သွားကြမလား

By Tin Zar Aung  |  January 26, 2026

တင်ဇာအောင် Vitamin C ဆိုတာ Ascorbic Acid တစ်မျိုးဖြစ်သလို ခန္ဓာကိုယ်အတွက် မဖြစ်မနေ လိုအပ်တဲ့ အာ ဟာရဓာတ်တစ်မျိုးလည်း ဖြစ်နေပြန်ပါတယ်။ ဗိုက်တာမင် (စီ) ဟာ ကိုယ်ခံအားစနစ်ကို အားကောင်းစေသလို သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်မှုကို အားပေးလို့ ရောဂါပိုးတွေ တိုက်ထုတ်တာကို ကူညီပေးပြန်ပါတယ်။ ဒါ့အပြင် အရေပြား၊ သွားဖုံးနဲ့ သွေးကြောတွေ ကျန်းမာသန်စွမ်းစေဖို့အတွက်လည်း Vitamin C က အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါကြောင့် သူ့ကို Immune Booster (ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း) လို့တောင် ဆေးပညာအသိုင်းအဝိုင်းမှာ သုံးနှုန်းကြတာ ရှိပါတယ်။ ခန္ဓာကိုယ်ဟာ ဗိုက်တာမင် (စီ) ကို ကိုယ့်ဘာသာကိုယ် မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် နေစဉ်စားသုံးတဲ့ အစားအစာတွေ၊ ဆေးဝါးလိုဟာတွေကနေContinue reading "Tips & tricks – ဆေးဆိုင်မသွားဘဲ သစ်သီးဆိုင် သွားကြမလား"

နီပါဗိုင်းရပ်စ် (Nipah virus)
ကူးစက်ရောဂါ

နီပါဗိုင်းရပ်စ် (Nipah virus)

By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  January 25, 2026

(ရေးသားသူ-Wor Mi Thi) အခုရက်ပိုင်း လူပြောများနေတဲ့ နီပါဗိုင်းရပ်စ်ဆိုတာ ၁၉၉၉ ခုနှစ်မှာ မလေးရှားမှာ ကူးစက်ပြန့်ပွားတာကို စတွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ ခုလက်ရှိ အိန္ဒိယ West Bangal မှာ လူငါးဦးအထိ ဒီပိုးကူးစက်ခံထားရတာကို တွေ့ရှိထားပြီး လူပေါင်း ၁၀၀ ခန့်ကို အိမ်မှာ သီးသန့်ခွဲထားပြီး စောင့်ကြည့်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ နီပါဗိုင်းရပ်စ်ဟာ ပြင်းထန်တဲ့ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး အခုအချိန်ထိ ကာကွယ်ဆေးကော တိကျတဲ့ကုသဆေးပါ မရှိသေးပါဘူး။ ဒီပိုးအများစုကို တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အထူးသဖြင့် တွေ့ရလေ့ရှိပါတယ်။ ဒီရောဂါရဲ့ သေနှုန်းဟာ ၄၀-၇၅% အထိရှိနိုင်တယ်လို့ ဆိုပါတယ်။  ကူးစက်ပြန့်ပွားခြင်း နီပါဗိုင်းရပ်စ်ဟာ ရောဂါပိုးသယ်ဆောင်ထားတဲ့ တိရိစ္ဆာန် (လင်းနို့၊ ဝက်) စတာတွေကနေ လူတွေဆီကို ကူးစက်တာဖြစ်ပါတယ်။ လင်းနို့သေး/တံထွေးပါနေတဲ့Continue reading "နီပါဗိုင်းရပ်စ် (Nipah virus)"

Weekly Health Round-Up (January Third Week )
ဆောင်းပါးသတင်း

Weekly Health Round-Up (January Third Week )

By Ko Tin  |  January 24, 2026

ကိုတင် သားသမီးမရတဲ့ ဇနီးမောင်နှံတွေအတွက် ခေတ်မီနည်းပညာတွေကို အသုံးပြုပြီး သားသမီးရရှိစေရေး  စစ်ဆေးဆောင်ရွက်ပေးနေတဲ့ Fertility Centre ပိုမိုတိုးတက်စေရေး ဆောင်ရွက်ကြဖို့ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောပါတယ်။ ရန်ကုန်မြို့လေထုဟာ ဇန်နဝါရီ ၁၇ ရက်ကနေ ဇန်နဝါရီ ၁၉ ရက်အထိ လေးရက်ဆက်တိုက် အနီရောင်အဆင့် ရှိနေပြီး လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် (၁၀) ကို ရောက်ရှိလာနေတယ်လို့ EHS Myanmar က သတိပေးထားပါတယ်။  ဧရာဝတီတိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနဲ့ ကာကွယ်ဆေးလွှမ်း ခြုံမှုအားနည်းတဲ့ဒေသတွေမှာ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးတဲ့လုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲလုပ်ခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်မှာ မြို့နယ်တွေမှာရှိတဲ့ KGအဆင့် ကျောင်းသား၊ ကျောင်းသူ ငါးသိန်းခန့်အတွက်Continue reading "Weekly Health Round-Up (January Third Week )"

ရိုးရိုးခွဲမလား၊ ဆန်းဆန်းခွဲမလား (အပိုင်း ၂)
ဆောင်းပါးသတင်း

ရိုးရိုးခွဲမလား၊ ဆန်းဆန်းခွဲမလား (အပိုင်း ၂)

By Dr. Yen Bi Ter, M.B.,B.S., M.Med.Sc(Surgery), MRCS (Ediburgh)  |  January 24, 2026

မှန်ပြောင်းခွဲစိတ်ခြင်းနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ၊ အားသာချက်နဲ့အားနည်းချက်များ (Dr. Yen Bi Ter ရေးသားသည်။) ပြီးခဲ့တဲ့ အပိုင်း (၁)မှာတော့ ရိုးရိုးခွဲစိတ်ခြင်းနဲ့ မှန်ပြောင်းခွဲစိတ်ခြင်းတို့ရဲ့ ကွာခြားချက်တွေနဲ့  ဘယ်လိုရောဂါတွေမှာ မှန်ပြောင်းနည်းကို သုံးလို့ရသလဲ စတဲ့အချက်အလက်တွေကို ဆွေးနွေးပေးခဲ့တာ ဖြစ်ပါတယ်။ ယခု အပိုင်း (၂)မှာတော့ မှန်ပြောင်းခွဲစိတ်ခြင်းနဲ့ ပတ်သက်တဲ့ အယူအဆ အမှားတွေနဲ့အတူ  အားသာချက်/အားနည်းချက်တွေနဲ့  သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို အသေးစိတ် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ “ဆန်းဆန်းခွဲမယ်” ဆိုတိုင်း ကောင်းသလား (Myths vs Facts) နည်းပညာသစ်ဆိုတော့ အယူအဆအမှားတွေလည်း ရှိတတ်ကြပါတယ်။ လူနာတွေ သိထားသင့်တဲ့ အချက်တချို့ကတော့ – အယူအဆမှား ၁ – “အပေါက်သေးသေးလေးနဲ့ခွဲတော့ ရောဂါအမြစ်မပြတ်မှာ စိုးရိမ်ရတယ်”  အမှန်တရား –Continue reading "ရိုးရိုးခွဲမလား၊ ဆန်းဆန်းခွဲမလား (အပိုင်း ၂)"

ဆောင်းပါးသတင်း

ရိုးရိုးခွဲမလား၊ ဆန်းဆန်းခွဲမလား (အပိုင်း ၁)

By Dr. Yen Bi Ter, M.B.,B.S., M.Med.Sc(Surgery), MRCS (Ediburgh)  |  January 23, 2026

ရိုးရိုးခွဲစိတ်ခြင်းနဲ့ မှန်ပြောင်းခွဲစိတ်ခြင်းတို့ရဲ့ ကွာခြားချက်များ (Dr. Yen Bi Ter ရေးသားသည်။) ဆေးရုံဆေးခန်းတွေမှာ ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်လာတဲ့အခါ လူနာတွေနဲ့ လူနာရှင်တွေဘက်က အမေးများဆုံး မေးခွန်းတစ်ခုကတော့ “ဆရာ.. ရိုးရိုးခွဲတာကောင်းသလား၊ ဆန်းဆန်းခွဲတာကောင်းသလား” ဆိုတာပါပဲ။ ဒီမေးခွန်းဟာ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ လူနာရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ကုသမှုရလဒ်အတွက် အလွန်အရေးပါတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ နေ့စဉ်လုပ်ငန်းခွင်မှာ လူနာတွေက “ဆန်းဆန်းခွဲတယ်”၊ “ခေတ်မီနည်းနဲ့ခွဲတယ်” လို့ ပြောကြတဲ့အရာဟာ ဆေးပညာအရတော့ “Minimally Invasive Surgery (MIS)” သို့မဟုတ် “မှန်ပြောင်းခွဲစိတ်ကုသခြင်း” ကို ဆိုလိုတာ ဖြစ်ပါတယ်။ လူနာအများစုကတော့ ဒါကို “လေဆာနဲ့ခွဲတယ်” (Laser) လို့ အလွယ်ခေါ်လေ့ရှိကြပေမယ့် တကယ်တမ်းမှာတော့ လေဆာရောင်ခြည်ကို သုံးတာမဟုတ်ဘဲ အလင်းရောင်၊Continue reading "ရိုးရိုးခွဲမလား၊ ဆန်းဆန်းခွဲမလား (အပိုင်း ၁)"

ဖြစ်ပြီဆို ဆရာဝန်နဲ့ တိုင်ပင်ကုသသင့်တဲ့ သွေးအားနည်းရောဂါ
ဆောင်းပါးသတင်း

ဖြစ်ပြီဆို ဆရာဝန်နဲ့ တိုင်ပင်ကုသသင့်တဲ့ သွေးအားနည်းရောဂါ

By MyanHealth  |  January 22, 2026

ဝေဝေစိုး ဒီဘက်ခေတ်မှာ မကျန်းမာလို့ တစ်ခုခု ချို့ယွင်းပြီဆို စပ်ဆေးတွေ ဝယ်သောက်ပြီး ကိုယ်ဘာသာကိုယ် ကုနေကြတာ များပါတယ်။ ငွေကြေးခက်ခဲပြီး ဆေးကုစရိတ်တွေ အဆမတန် မြင့်တက်နေတဲ့ခေတ်ကြီးမှာ သာမန် ပြည်သူတွေအနေနဲ့ အခုလို စပ်ဆေးသောက်ပြီး ဖြစ်သလို ဖြေရှင်းနေကြတာဟာ ကျန်းမာရေးရှုထောင့်က ကြည့်ရင် မှားပေမယ့် ဘဝပေးအခြေအနေအရကတော့ မှားတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ သိထားဖို့ လိုတာက တချို့သောရောဂါတွေဟာ စပ်ဆေးသောက်လိုက်ရုံနဲ့ မပြီးပါဘူး။ စပ်ဆေးလောက် သောက်၊ ပျောက်တယ်ဆိုတာ အအေးမိ၊ နှာစေးချောင်းဆိုး၊ ခေါင်းမူး/ခေါင်းကိုက်၊ သာမန်အဖျားရောဂါတွေလောက်အတွက်ပဲ အသုံးတည့်တာပါ။ ခန္ဓာကိုယ်အတွင်းပိုင်းနဲ့ဆိုင်တဲ့ ရောဂါတွေကို ကုဖို့အတွက်တော့ ကြားဆေး (ဟိုဟာ ကောင်းတယ်၊ ဒီဟာ ကောင်းတယ် ဆိုတာမျိုး) သောက်ပြီး မကုသသင့်သလို စပ်ဆေးသောက်ပြီးလည်း မကုသသင့်ပါဘူး။ အနာနဲ့ဆေး တည့်ဖို့ဆိုရင်Continue reading "ဖြစ်ပြီဆို ဆရာဝန်နဲ့ တိုင်ပင်ကုသသင့်တဲ့ သွေးအားနည်းရောဂါ"

စိတ်ကျန်းမာရေး အထောက်အကူပေးနိုင်ရာ ခေတ်သစ်ဉာဏ်ရည်တုအေအိုင်နည်းပညာ
Mental Health

စိတ်ကျန်းမာရေး အထောက်အကူပေးနိုင်ရာ ခေတ်သစ်ဉာဏ်ရည်တုအေအိုင်နည်းပညာ

By Dr.Kris  |  January 22, 2026

(Dr. Kris ရေးသားသည်) တိုးတက်လာတဲ့ကမ္ဘာကြီးနဲ့အတူ ကျွန်တော်တို့ လူသားတွေဟာ အသက်ရှင်သန်နေထိုင်ဖို့ လွန်ခဲ့သော ဆယ်စုနှစ်များစွာထက် ပိုမိုရုန်းကန်ကြိုးစားလာကြရပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နည်းပညာ ကဏ္ဍအစရှိသည်ဖြင့် အရာရာမှာ ယှဉ်ပြိုင်နေရတဲ့ ခေတ်ကြီးမှာ စိတ်ဖိစီးမှု နဲ့ စိုးရိမ်ပူပန်နေရမှုကတော့ အသက်အရွယ်မရွေးကြုံတွေနေရတာဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေးပြဿနာတွေကို နေကြရတာလည်းဖြစ်ပါတယ်။ စိတ်ပူပင်သောက (anxiety)ကနေ စိတ်ကျတာ (depression)၊ စိတ်ဖိစီးမှုနဲ့ ဆက်နွယ်တဲ့ ပြဿနာတွေတစ်သီးကြီးရင် ဆိုင်နေရပင်မဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် အဖြေရှာကိုင်တွယ်ပေးနိုင်မယ့် ကျွမ်းကျင်ပညာရှင်တွေ လိုအပ်ချက်ရှိနေပါတယ်။ အထူးသဖြင့် ဝင်ငွေနိမ့်နဲ့အလယ်အလတ် ဖွံ့ဖြိုးဆဲနိုင်ငံတွေ (Lower and Middle income countries-LMICs) မှာ ဒီပြဿနာကို ပိုပြီးကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒီလိုအချိန်မှာပဲ တိုးတက်လာတဲ့ ဉာဏ်ရည်တုနည်းပညာ (ArtificialContinue reading "စိတ်ကျန်းမာရေး အထောက်အကူပေးနိုင်ရာ ခေတ်သစ်ဉာဏ်ရည်တုအေအိုင်နည်းပညာ"

၂၀၂၆-၂၀၂၇ မှာ မြန်မာ့ကျန်းမာရေးအစုအဖွဲ့တွေ ဘာလုပ်ကြမလဲ…
ဆောင်းပါးသတင်း

၂၀၂၆-၂၀၂၇ မှာ မြန်မာ့ကျန်းမာရေးအစုအဖွဲ့တွေ ဘာလုပ်ကြမလဲ…

By Ko Ba Thet  |  January 20, 2026

ကိုဘသက် မြန်မာနိုင်ငံမှာ အခု ၂၀၂၆ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အတွင်း ကျန်းမာရေးကဏ္ဍအတွက် ဘယ်သူတွေက  ဘာတွေ ပြင်နေကြပြီလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီ့ထက် စိတ်ဝင်စားဖို့ ကောင်းတာကတော့ သူတို့ လုပ်မယ့် အလုပ်တွေက ဘာကြောင့်လုပ်ရသလဲဆိုတဲ့ အချက်ပါ။ မြန်မာ့ ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ ကျန်းမာရေးအင်အားစု (Health Cluster Myanmar  – HCM) ကတော့ အခုနှစ်အတွက် မဟာဗျူဟာသုံးရပ်ကို ချထားလိုက်ပါပြီ။ HCM ဟာ ကမ္ဘာ့ကျန်းမာရးအဖွဲ့ WHO ရဲ့ ဦးဆောင်အေဂျင်စီပုံစံနဲ့ ၂၀၁၂ ခုနှစ်ကတည်းက မြန်မာပြည်ရဲ့ ကျန်းမာရေးကဏ္ဍတွေမှာ စဉ်ဆက်မပြတ် ကူညီပေးနေတဲ့ အစုအဖွဲ့ပါ။  ဒီထဲမှာ ကုလသမဂ္ဂ (UN) အေဂျင်စီတွေ၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့၊ ပြည်တွင်းနဲ့ နိုင်ငံတကာကContinue reading "၂၀၂၆-၂၀၂၇ မှာ မြန်မာ့ကျန်းမာရေးအစုအဖွဲ့တွေ ဘာလုပ်ကြမလဲ…"

အလားတူ ဆေးပဲရမယ် – သတင်းဆောင်းပါး
ဆောင်းပါးသတင်း

အလားတူ ဆေးပဲရမယ် – သတင်းဆောင်းပါး

By MyanHealth  |  January 18, 2026

သိမ့် ” ဒီဆေးတော့ မရှိဘူး။ အလားတူဆေးပဲ ရမယ်” အဲဒီစကားသံက ဆေးအရောင်းဆိုင်တွေက ဝန်ထမ်းတွေ ဝယ်သူတွေကို ပြောနေရတဲ့ နေ့စဉ်စကားပဲ ဖြစ်ပါတယ်။ နိုင်ငံထဲ အပြောင်းအလဲဖြစ်လာပြီး နောက်ပိုင်း ပြည်ပက သွင်းကုန်တွေကို ကန့်သတ်ရာမှာ ဆေးဝါးတွေလည်း ပါဝင်လာပါတယ်။ အရင်က ဘယ်ဆေးဆိုင်မဆို အလွယ်တကူ ဝယ်လို့ရတဲ့ Air -X လိုမျိုးတောင် ပစ္စည်းပြတ်တဲ့အဆင့်ကို ရောက်နေပြီး ဝယ်ယူသောက်သုံးနေသူတွေအတွက် အခက်အခဲ ဖြစ်နေပါတယ်။ ” Air- X လိုဆေးမျိုးတောင် အလွယ်တကူ ဝယ်လို့ မရဘူး။ ကျန်တဲ့ ဆီးချိုဆေး၊ သွေးတိုးကျဆေးတွေဆိုရင်လည်း သောက်နေကျ တံဆိပ်မရဘူး” လို့ မြောက်ဒဂုံမြို့နယ်ထဲ နေထိုင်သူတစ်ဦးက MyanHealth ကို ပြောပြပါတယ်။ ဈေးကွက်ထဲ ဆေးဝါးပစ္စည်း ပြတ်လပ်မှု ကြီးတာဟာContinue reading "အလားတူ ဆေးပဲရမယ် – သတင်းဆောင်းပါး"

Weekly Health Round-Up (January Second Week)
ဆောင်းပါးသတင်း

Weekly Health Round-Up (January Second Week)

By Ko Tin  |  January 17, 2026

ကိုတင် “ဝ” အထူးဒေသ၊ ပန်ဆန်းမြို့ (ပန်ခမ်းမြို့) မှာ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးဌာနခွဲ ညွှန်ကြားရေးမှူး/ ပါမောက္ခဒေါက်တာခင်မောင် ဦးဆောင်တဲ့ နယ်လှည့်အထူးကုဆရာဝန်အဖွဲ့နဲ့ ရှမ်းပြည် နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဇန်နဝါရီ ၁၀ ရက်က နှုတ်ခမ်းကွဲ/အာခေါင်ကွဲ လူနာတွေကို ခွဲစိတ်ကုသပေးတာ၊ သက်ကြီးဘိုးဘွားတွေအတွက် သွားတု (အံကပ်) တပ်ဆင်ပေးတာ၊ သွားနဲ့ ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ ကျန်းမာရေးဝန် ကြီးဌာနက ထုတ်ပြန်ထားပါတယ်။  ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ထဲက အင်းလျက်ကျေးရွာနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေအတွက်ဆိုပြီး ကျေးရွာ ဖန်ခါးကုန်းကျောင်းတိုက်မှာ ဇန်နဝါရီလ ၁၀ ရက်က  ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ပြန်ကြားရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။  သူနာပြုတွေကို ထမ်းဆောင်ရတဲ့ တာဝန်အလိုက်Continue reading "Weekly Health Round-Up (January Second Week)"

ကိုယ်ဝန်ဆောင်မိခင်နှင့် သွားနှင့်ခံတွင်းကျန်းမာရေး
ဆောင်းပါးသတင်း

ကိုယ်ဝန်ဆောင်မိခင်နှင့် သွားနှင့်ခံတွင်းကျန်းမာရေး

By Dr. Aung Ko Htet, B.D.S (Mdy)  |  January 16, 2026

(ရေးသားသူ – Dr. အောင်ကိုထက်) လူအများစုဟာ ပုံမှန်အားဖြင့် သွားနှင့်ခံတွင်းကျန်းမာရေးကို ဂရုပြုမှုအားနည်းနေလေ့ရှိတယ်ဗျ။ ဝေဒနာခံစားရမှ ဒါမှမဟုတ် သွားတွေဆုံးရှုံးရမှသာ အလေးပေးဂရုပြုရမည့်အကြောင်း သတိထားမိ ကြတာ အများစု ဖြစ်နေပါတယ်။ ဘယ်အချိန်ကတည်းက သွားနှင့်ခံတွင်းကျန်းမာရေးဂရုစိုက်ရမလဲဆိုရင် သွားတွေပါးစပ်ထဲ စပေါက်လာကတည်းက ဂရုစိုက် သန့်ရှင်းဖို့လိုအပ်တယ်လို့ ဖြေရပါမယ်။ အဲ့ဒါထက်ပိုပြီး အရေးကြီး တာက မိမိရင်သွေးငယ်ကို ကိုယ်ဝန်ဆောင်မယ့် ကိုယ်ဝန်ဆောင်မိခင် ကိုယ်တိုင်ရဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေက သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု မကောင်းရင် မိမိကလေး၏ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ခန္ဓာကိုယ်ထဲရှိ ဟော်မုန်းဓာတ်အပြောင်းအလဲများကြောင့် မိခင်လောင်းများမှာ သွားနှင့်ခံတွင်းရောဂါတွေ အလွယ်တကူဖြစ်လာနိုင်သလို သွားဖုံးရောင်ရမ်းခြင်း၊ သွားမြစ်ပတ်မြှေးရောင်းရမ်းခြင်းစတဲ့ ခံတွင်းရောဂါတွေ ပိုမိုပြီးဖြစ်စေတတ်ပါတယ်။ ထိုသို့သောခံတွင်းရောဂါတွေ မိခင်ဖြစ်သူမှာ ဆိုးဝါးစွာခံစားရမယ်ဆိုရင် မိခင်မှာသာမကဘဲ ကလေးကိုပါ ဆိုးရွားတဲ့Continue reading "ကိုယ်ဝန်ဆောင်မိခင်နှင့် သွားနှင့်ခံတွင်းကျန်းမာရေး"

Ads Advertisement