Skip to content

ဆောင်းပါးများ

အံဆုံးနဲ့အတူ တွေ့ရတတ်တဲ့ ပြဿနာ
သွားကျန်းမာရေး

အံဆုံးနဲ့အတူ တွေ့ရတတ်တဲ့ ပြဿနာ

By Dr. Aung Ko Htet, B.D.S (Mdy)  |  July 5, 2026

အရွယ်ရောက်ပြီး လူတယောက်ရဲ့ ခံတွင်းထဲမှာ တခြားလူကြီးသွားတွေ မသိမသာနဲ့ သွား အားလုံး စုံအောင်ပေါက်ခဲ့ပေမဲ့ အံဆုံးသွား(Last Molar)ခေါ် “Wisdom Tooth” ပေါက်လာပြီဟေ့ဆိုရင် လူတော်တော်များများမှာ နာကျင်မှုဝေဒနာအမျိုးမျိုးခံစားပြီးမှ ပေါက်လာတာတွေ့ရပါတယ်။ “Wisdom Tooth” လို့ခေါ်တဲ့သဘောက ဒီအံဆုံးမှ မပေါက်ရင်ဉာဏ်ပညာမပြည့်စုံဘူးဆိုလိုတာ မဟုတ်သလို သူ ပေါက်လာမှသာ ဉာဏ်ပညာပြည့်စုံသွားတယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။ လူအများပညာသင်ကြား တတ်မြောက်ပြီးချိန်၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတွေပြီးလုပြီးခင်၊ ဉာဏ်ရည်အတွေးအခေါ်တွေ သိသိသာသာ ပြည့်စုံလာချိန် အသက် ၁၇၊ ၁၈ နှစ်လောက်ကနေ အသက် ၂၁ နှစ်အတွင်း အံဆုံးသွားတွေ ခံတွင်းထဲ ထွက်ပေါ်လာလို့သာ “Wisdom Tooth”လို့ တင်စားခေါ်ဝေါ်တာဖြစ်တန်ကောင်းပါတယ်။ တချို့လည်း အသက် ၃၀ ကျော်မှ ပေါက်လာတာမျိုးရှိသလို အံဆုံးသွားလုံးဝ မထွက်လာသူတွေလည်း ရှိနေပါတယ်။ ​အံဆုံးသွားတချောင်းဝါးလို့ရတဲ့နေရာအထိContinue reading "အံဆုံးနဲ့အတူ တွေ့ရတတ်တဲ့ ပြဿနာ"

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (July First Week )
သတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (July First Week )

By Ko Tin  |  July 3, 2026

• မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် ရထားတဲ့ Albutein နဲ့ အလားသဏ္ဌာန်တူ ဆေးတုတွေ စျေးကွက်ထဲ ရောင်းနေတာကို စိစစ်တွေ့ရှိထားတာမို့ အဲဒီဆေးတွေကို ဝယ်ယူ မသုံးစွဲမိဖို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးကြေညာချက် ထုတ်ထားပါတယ်။ • ပါမောက္ခနဲ့ အထူးကုဆရာဝန်ကြီး ၁၃ ဦး ပါတဲ့ အထူးကု ဆေးကုသရေးအဖွဲ့ဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ဇွန် ၂၇ နဲ့ ၂၈ ရက်အတွင်း ဒေသခံတွေအထိ ကွင်းဆင်းပြီး ကုသမှုတွေ ပေးအပ်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ • နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေးငယ်တွေဟာ အိမ်ကနေ တိမ်းရှောင်ရုံနဲ့ ကျရောက်နိုင်တဲ့ အန္တရာယ်အားလုံးက လွတ်မြောက်သွားတာ မဟုတ်လို့ ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဘဝ ကူညီရေးContinue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (July First Week )"

ဒစ်ဂျစ်တယ်ခေတ်ရဲ့ သတိပြုဆင်ခြင်စရာ လည်ပင်းနဲ့ ခါးရိုးကျီးပေါင်း ပြဿနာ
ဆောင်းပါးသတင်း

ဒစ်ဂျစ်တယ်ခေတ်ရဲ့ သတိပြုဆင်ခြင်စရာ လည်ပင်းနဲ့ ခါးရိုးကျီးပေါင်း ပြဿနာ

By Dr.Kris  |  July 2, 2026

ယနေ့ခေတ် လူအများစုဟာ ကွန်ပျူတာရှေ့မှာ အချိန်ကြာကြာထိုင်ခြင်း၊ စမတ်ဖုန်းများ သုံးစွဲခြင်း၊ အွန်လိုင်းအစည်းအဝေးများ တက်ရောက်ခြင်းနဲ့လူမှုကွန်ရက်စာမျက်နှာများကို ခေတ်မီနည်းပညာ ပစ္စည်းတွေကနေ အလွယ်တကူ ကြည့်ရှုအနားယူခြင်းတွေနဲ့ အချိန်ကုန်ဆုံးနေကြပါတယ်။ ဒီအလေ့အထ တွေဟာ ဘေးဥပါဒ် အန္တရာယ်မရှိဘူးလို့ ထင်ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ အနေအထိုင်ပေါ် မူတည်ပြီး လည်ပင်းရိုးနဲ့ ခါးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒီသက်ရောက်မှုတွေကို သတိမမူမိတဲ့အခါ ရေရှည်မှာ လည်ပင်းရိုးနဲ့ခါးရိုးမှာ နာကျင်လာပြီး လည်ပင်းကျီးပေါင်း (cervical spondylosis)နဲ့ ခါးကျီးပေါင်း(lumbar spondylosis) ဖြစ်လာပါတော့တယ်။ ဒီနေ့ကတော့ လည်ပင်းကျီးပေါင်းနဲ့ ပတ်သက်ပြီး အဓိကထားပြောသွားမှာဖြစ်ပါတယ်။ လည်ပင်းကျီးပေါင်းရောဂါဟာ ယခုအခါမှာတော့ သက်ကြီးရွယ်အိုတွေမှာသာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခု မကတော့ပါဘူး။ အသက်အရွယ်ကြီးရင့်ခြင်းက အဓိကအကြောင်းရင်းတစ်ခု အဖြစ် ရှိနေသေးပေမယ့် ယနေ့ခေတ် ရုံးထိုင်အလုပ်လုပ်ရတဲ့ လူနေမှုပုံစံ၊ မမှန်ကန်တဲ့ ထိုင်ပုံထိုင်နည်း၊Continue reading "ဒစ်ဂျစ်တယ်ခေတ်ရဲ့ သတိပြုဆင်ခြင်စရာ လည်ပင်းနဲ့ ခါးရိုးကျီးပေါင်း ပြဿနာ"

မိသားစုဝင်တိုးရင် ချင်းဖေဖေ၊ ချင်းမေမေတွေ လိုက်နာရတဲ့ ရိုးရာဓလေ့
ဆောင်းပါး

မိသားစုဝင်တိုးရင် ချင်းဖေဖေ၊ ချင်းမေမေတွေ လိုက်နာရတဲ့ ရိုးရာဓလေ့

By MyanHealth  |  July 1, 2026

မြန်မာနိုင်ငံမှာ တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၅ ကျော် ရှိတဲ့အထဲမှာ ချင်းတိုင်းရင်းသားတစ်ခုတည်းမှာကို ၅၃ မျိုးတောင် ရှိပါတယ်။ မြန်မာပြည်ကို အခြေချလာတဲ့ မွန်-ခမာ၊ တိဗက်-ဗမာနဲ့ ခရာ-တိုင်း (ရှမ်း) အနွယ်တွေထဲမှာ တိဗက်-ဗမာအနွယ်ဝင်တွေ ဖြစ်တယ်လို့ သမိုင်းမှတ်တမ်း တင်ထားကြပါတယ်။ အရင့်အရင်ကတော့ ချင်းမျိုးနွယ်စု အများစုဟာ ရိုးရာနတ် ကိုးကွယ်တဲ့ဓလေ့ ရှိခဲ့ပေမယ့် အခုနောက်ပိုင်း ခရစ်ယာန်နဲ့ဗုဒ္ဓဘာသာကိုးကွယ်မှုတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း ရိုးရာနတ်ကိုးကွယ်မှုကနေ ဆင်းသက်လာတဲ့ ရိုးရာထုံးစံတွေကတော့ မပျောက်ကွယ်သေးသလို ဒီအယူအဆတွေဟာ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ကဏ္ဍတွေမှာ အမြစ်တွယ် နေကြတုန်းပါ။​ ခေတ်မီဆေးဝါးတွေ ဘယ်လောက်ပဲ တိုးတက်လာပါစေ…ရိုးရာဓလေ့တွေ၊ အယူအဆတွေကတော့ ဒီကနေ့ အချိန်ကာလအထိ ချင်းတောင်တန်းမှာ ရှင်သန်ဆဲ ဖြစ်ပါတယ်။​ ​ဒီလိုမျိုး ရိုးရာဓလေ့၊ အယူအဆတွေကလည်း အမျိုးသားဖြစ်မှု၊ အမျိုးသမီးဖြစ်မှုအပေါ်မှာ မူတည်ပြန်ပါသေးတယ်။ အထူးသဖြင့်Continue reading "မိသားစုဝင်တိုးရင် ချင်းဖေဖေ၊ ချင်းမေမေတွေ လိုက်နာရတဲ့ ရိုးရာဓလေ့"

သည်းခြေကျောက်ရှိရင်ခွဲရတော့မှာလား
ဆောင်းပါးသတင်း

သည်းခြေကျောက်ရှိရင်ခွဲရတော့မှာလား

By Dr. Yen Bi Ter, M.B.,B.S., M.Med.Sc(Surgery), MRCS (Ediburgh)  |  June 30, 2026

သည်းခြေကျောက်ဆိုတာ သွေးတွင်းကိုလက်စထရောများတာ၊ သည်းခြေအိတ်က ပုံမှန်မညစ်နိုင်တာ နဲ့ မကျန်းမာတဲ့လူနေမှုဘဝပုံစံတွေနဲ့ ဆက်စပ်နေတဲ့ ရောဂါတစ်ခုဖြစ်ပြီး အဖြစ်များတဲ့ ရောဂါတစ်ခုလဲ ဖြစ်ပါတယ်။ သည်းခြေကျောက်တည်တဲ့ရောဂါဟာ ရောဂါလက္ခဏာတွေသာ မပြခဲ့ဘူးဆိုရင်ရင် မခွဲစိတ်လဲရတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ လက္ခဏာတွေ ပြလာရင်တော့ ခွဲစိတ်ဖို့ လိုပါတယ်။ သည်းခြေကျောက်တည်တဲ့သူတိုင်းခွဲစိတ်စရာမလိုဘဲ စောင့်ကြည့်နိုင်ပါတယ် လေ့လာတွေ့ရှိချက်တွေအရ သည်းခြေကျောက်ရှိသူ ၁၀ ယောက်မှာ ၇ ယောက်၊ ၈ ယောက်လောက်က တစ်သက်လုံး ဘာရောဂါလက္ခဏာမှ မပြတတ်ကြပါဘူး။ ရောဂါလက္ခဏာ လုံးဝမရှိတဲ့သူတွေ (ဗိုက်အောင့်တာ၊ နာတာ၊ ရင်ခေါင်းပူတာမျိုး လုံးဝ မဖြစ်ဖူးတဲ့သူတွေ) နဲ့ တခြားရောဂါတစ်ခုခုကို စစ်ဆေးရင်း အာထရာဆောင်းမှာ မတော်တဆ ကျောက်တွေ့ရသူတွေဟာ နောက်နှစ် ၂၀ အတွင်း ရောဂါလက္ခဏာပြလာနိုင်ချေက ၂၀% လောက်ပဲ ရှိတာကြောင့် အလောတကြီးContinue reading "သည်းခြေကျောက်ရှိရင်ခွဲရတော့မှာလား"

ဝမ်းနည်းမှုနဲ့ စိတ်ဓာတ်ကျခြင်းကို ဘယ်လို ကျော်ဖြတ်ကြမလဲ
မျှဝေရင်းကူ

ဝမ်းနည်းမှုနဲ့ စိတ်ဓာတ်ကျခြင်းကို ဘယ်လို ကျော်ဖြတ်ကြမလဲ

By MyanHealth  |  June 29, 2026

ဒီနေ့ – ကျွန်တော့် မနက်ခင်းဟာ ကြည်လင်တယ်၊ ပေါ့ပါးတယ်။ ဒါပေမဲ့ အလုပ်သွားရတယ်။ ဖယ်ရီကား လာတာကို စောင့်နေရင်း မနက်ခင်း ကောင်းကင်ကြီးကို မော့ကြည့်တော့ မိုးတိမ်တွေကြားမှာ ပျံသန်းနေတဲ့ ငှက်ကလေးတွေကို တွေ့တယ်။ အလုပ်စားပွဲကို ရောက်တော့ ကော်ဖီတစ်ခွက် ဘေးမှာချပြီး အီးမေးလ် (Email) ဖွင့်စစ်ကြည့်တယ်။ တနေ့တုန်းက ကျွန်တော်လုပ်ထားတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး မန်နေဂျာ ပြန်ပို့ထားတဲ့ အီးမေးလ်ကို သက်ပြင်းတစ်ချက်ချပြီး ဖွင့်ကြည့်လိုက်တယ်။ ပြန်စာက တိုတိုတုတ်တုတ်ပဲ။ “ဒီနေ့အပြီး အကုန် အစအဆုံး ပြန်ပြင်ပါ” တဲ့။ ဝမ်းနည်းမှုက ရင်ထဲ လှိုက်ပြီး တက်လာတယ်။ “အခုလို ဖြစ်နေတာ တစ်ခါ၊ နှစ်ခါ မကတော့ဘူး၊ ဘာလို့ သည်းခံနေတာလဲ” ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်မိတော့Continue reading "ဝမ်းနည်းမှုနဲ့ စိတ်ဓာတ်ကျခြင်းကို ဘယ်လို ကျော်ဖြတ်ကြမလဲ"

သတိထားစရာ အိမ်တွင်းပဋိဇီဝဆေးလက်ကျန် ပြဿနာ
ဆောင်းပါးသတင်း

သတိထားစရာ အိမ်တွင်းပဋိဇီဝဆေးလက်ကျန် ပြဿနာ

By Dr.Kris  |  June 27, 2026

ကျွန်တော်တို့နိုင်ငံမှာ လူတော်တော်များများဟာ နေထိုင်မကောင်းဖြစ်တဲ့အခါမှာ သောက်ရတဲ့ ဆေးတွေကို ဆောင်ထားတတ်ကြပါတယ်။ အဲ့ထိဆောင်ထားတဲ့ဆေးဝါးတွေထဲမှာ ပဋိဇီဝပိုးသတ်ဆေး တွေလည်းပါဝင်တတ်ပါတယ်။ ဖျားနာလို့သောက်ရင်း ရောဂါလက္ခဏာ သက်သာလို့ ဆက်မသောက် တော့ဘဲ သိမ်းဆည်းထားတာမျိုး၊ ဝယ်ကတည်းက ပိုပိုလိုလိုဝယ်ထားမိတာမျိုးနဲ့ ပဋိဇီဝပိုးသတ်ဆေး တွေကို “အရေးကြုံရင် သုံးလို့ရအောင်” ဆိုပြီး ဝယ်ယူ သိမ်းဆည်းထားတတ်ကြတာမျိုးရှိပါတယ်။ အများအားဖြင့် ဆေးကတ်တွေ၊ တစ်ဝက်တစ်ပျက်ကျန်နေတဲ့ ဆေးပုလင်းတွေနဲ့ ဆေးသေတ္တာထဲက ဆေးကတ်လေးတွေက ကျွန်တော်တို့နိုင်ငံရဲ့ မိသားစုတော်တော်များများမှာ တွေ့ရလေ့ရှိတဲ့ ကျန်းမာရေးအတွက် လိုရမယ်ရ ဆေးတွေကို သိမ်းဆည်းထားလေ့ရှိတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ် ။ ဒါဟာ ပိုက်ဆံချွေတာရာ ရောက်ပြီး နေထိုင်မကောင်းဖြစ်တဲ့အခါမှာ ဆေးဝါးကုသမှုအတွက် အဆင်သင့်ဖြစ်နေသလို တွေးစရာရှိပါတယ်။ တကယ့်တကယ်ကတော့ ဒီလိုသိမ်းဆည်းထားတဲ့ ပဋိဇီဝဆေးကျန်တွေမှာ သတိထားရမယ့် ပြဿနာတွေရှိနေပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေဟာ အဓိကအားဖြင့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့Continue reading "သတိထားစရာ အိမ်တွင်းပဋိဇီဝဆေးလက်ကျန် ပြဿနာ"

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June Firfth Week )
သတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June Firfth Week )

By Ko Tin  |  June 26, 2026

• နေပြည်တော် အရိုးရောဂါအထူးကုဆေးရုံကြီးမှာ ဇွန် ၂၀ ရက်နေ့က နိုင်ငံ့ဝန်ထမ်းတွေကို ဆီးချို၊ သွေးတိုးနဲ့ မကူးစက်နိုင်တဲ့ရောဂါတွေ စစ်ဆေးပေးတဲ့ အစီအစဉ်တစ်ခု လုပ်ခဲ့ပြီး ပြည်ထောင်စု အဆင့်အဖွဲ့တွေနဲ့ ဝန်ကြီးဌာနအသီးသီးက နိုင်ငံ့ဝန်ထမ်း ၂၇၇ ဦးကို ဆီးချို၊ သွေးတိုးစစ်ဆေး ပေးခဲ့ သလို နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေကိုလည်း ဆန်းစစ်ပေးခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ ကျန်းမာရေး အသိ ပညာပေးမှုတွေ လုပ်ခဲ့ပြီး စစ်ဆေးလိုသူ ၂၅၀ ဦးကို ရင်သားကင်ဆာ စမ်းသပ် ပေးခဲ့ရာမှာ ၃၀ ဦးကိုတော့ ဆက်လက်စစ်ဆေးကုသနိုင်ဖို့ ခုတင် ၁၀၀၀ ဆေးရုံကြီးကို ညွှန်းပို့ ခဲ့တယ်လို့ သိရပါတယ်။ • ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ခြင်ဆီအစားထိုးဌာနမှာ ၂၀၂၆ ခုနှစ် မေလအတွင်းContinue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June Firfth Week )"

စနစ်မှန်မှန်သွားတိုက်ကြမယ်
သွားကျန်းမာရေး

စနစ်မှန်မှန်သွားတိုက်ကြမယ်

By Dr. Aung Ko Htet, B.D.S (Mdy)  |  June 25, 2026

သွားတိုက်တယ်၊ သွားသန့်ရှင်းရေးလုပ်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ တနေ့တာလုပ်ငန်းစဉ်ထဲ က မဖြစ်မနေလုပ်ရတဲ့ အလုပ်တခုဖြစ်ပါတယ်။ တိုက်ချင်တဲ့နေ့တိုက်လိုက်၊ မတိုက်ချင်တဲ့နေ့ မတိုက် ဘဲနေလိုက် လုပ်လို့မရပါဘူး၊ ငယ်ကတည်းက တကိုယ်ရေသန့်ရှင်းရေးလုပ်တဲ့အနေနဲ့ လူကြီးမိဘက တိုက်ခိုင်းသလို တိုက်ခဲ့ကြရတာဖြစ်ပြီး ဘယ်သူမှသွားတိုက်နည်းသင်တန်းတက်ပြီး သင်ပေးတာ မဟုတ်တဲ့အတွက် သွားတိုက်နည်း အမျိုးမျိုးဖြစ်နေကြမှာ အသေအချာပါပဲ။ ဆေးခန်းရောက်လာတဲ့ လူနာအများစုကို သွားဘယ်လိုတိုက်လဲမေးလိုက်ရင် ကန့်လန့်ဖြတ်တိုက်တဲ့ပုံစံကိုပဲ လုပ်ပြကြတာ များ ပါတယ်။ သွားတိုက်ခြင်းဆိုတာ သွားတွေသန့်ရှင်းရေးအတွက်ပဲ လုပ်ပေးရတာမဟုတ်ပါဘူး။ ကျွန်တော်တို့ သွား၊ သွားဖုံး၊ ခံတွင်းမှ အစပြုပြီး အစာအိမ်၊ အူလမ်းကြောင်းတလျှောက်ကို မကောင်းတဲ့ ဘက်တီးရီးယား ပိုးမွှားများမဝင်ရောက်နိုင်ဖို့ရာ ကာကွယ်သန့်ရှင်းရေးလုပ်ပေးရတာ ဖြစ်ပါတယ်။ ​စနစ်မှန် သွားတိုက်နည်းအမျိုးမျိုးရှိပါတယ်။ အဲ့ထဲကမှ သွားဆရာဝန်အများစု အညွှန်းများတဲ့ နည်းလမ်းကို ပြောပြပေးပါမယ်ဗျ။ ကျွန်တော်တို့ ပါးစပ်ထဲမှာ အပေါ်မေးရိုးမှာရှိနေတဲ့Continue reading "စနစ်မှန်မှန်သွားတိုက်ကြမယ်"

တကျော့ပြန် စပ်ဆေးအန္တရာယ်
သတင်း

တကျော့ပြန် စပ်ဆေးအန္တရာယ်

By MyanHealth  |  June 25, 2026

​”ကိုယ်တွေလက်တွေ ကိုက်ခဲနေလို့ ဆေးလေးပေးပါဦး” ​ဒီအသံကတော့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ဆေးအရောင်းဆိုင်တစ်ဆိုင်မှာ လူတစ်ဦး ဆေးဝယ်နေတဲ့ အသံပဲ ဖြစ်ပါတယ်။ သူ ပြောပြီးတဲ့နောက်မှာတော့ ဆေးဆိုင်ပိုင်ရှင်က ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေကို မေးမြန်းပြီး ဆေးငါးလုံးခန့်ကို တစ်ရက်စာ ပေးလိုက်ပါတယ်။ ​”သုံးရက်စာ ပေးလိုက်မယ်။ တစ်ရက် သုံးကြိမ် သောက်ရမှာ” လို့ ပြောပြီး ဆေးဆိုင်ပိုင်ရှင်က ဆေးတွေကို အိတ်ထဲ ထည့်ပြီး မှာကြားနေပါတယ်။ ​ဆေးထုတ်တွေကို တစ်ခါသောက်စာ ထည့်ပေးအပြီးမှာတော့ ဆေးမှာတဲ့သူက ၁,၀၀၀ ကျပ်တန် ငါးရွက်ကို ဆေးဆိုင်ပိုင်ရှင်ကို ပေးလိုက်ပါတယ်။ ​အဲဒီ မြင်ကွင်းကတော့ မြောက်ဒဂုံမြို့နယ်ထဲမှာရှိတဲ့ ဆေးဆိုင်တစ်ဆိုင်မှာ ကိုယ်လက်ကိုက်ခဲနေတဲ့သူတစ်ဦးကို ဆေးဆိုင်ပိုင်ရှင်က ဆေးဝါးပေးနေတာပဲ ဖြစ်ပါတယ်။ ဆရာဝန်တွေလို နားကြပ်နဲ့ စမ်းသပ်တာတို့၊ အဖျားတိုင်းတာတို့ လုံးဝမရှိဘဲ လူနာရဲ့ ဖြစ်တဲ့အခြေအနေကိုContinue reading "တကျော့ပြန် စပ်ဆေးအန္တရာယ်"

လူကြီးတွေလဲသန်ကောင်ရောဂါခံစားရနိုင်ပါတယ် (အူပိတ်စေနိုင်တဲ့သန်ကောင်)
ဆောင်းပါးသတင်း

လူကြီးတွေလဲသန်ကောင်ရောဂါခံစားရနိုင်ပါတယ် (အူပိတ်စေနိုင်တဲ့သန်ကောင်)

By Dr. Yen Bi Ter, M.B.,B.S., M.Med.Sc(Surgery), MRCS (Ediburgh)  |  June 23, 2026

ကမ္ဘာ့လူဦးရေရဲ့ ၂၄ ရာခိုင်နှုန်းခန့်ဟာ သန်ကောင်ရောဂါကို ခံစားနေရပြီး အာဖရိက၊ အာရှနဲ့ တောင်အမေရိက စတဲ့ ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေမှာ သန်ကောင်ပြဿနာဟာ ပိုကြီးမားပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း မိဘတွေအနေနဲ့ ကိုယ့်ကလေးက ထမင်းမစားချင်တာ၊ ဗိုက်နာတာ၊ စားသလောက်ပိန်လာတာ၊ စအိုယားတာတွေဖြစ်ရင် “သန်ထိုးနေပြီလား” ဆိုပြီး တွေးမိကြတဲ့အထိကို သန်ကောင်ရောဂါက ပေါများလှပါတယ်။ သန်ကောင်ရောဂါဆိုတာ ကလေးတွေမှာ အဖြစ်များပြီး ဖြစ်တဲ့သူတွေရဲ့ ၅၀ရာခိုင်နှုန်းလောက် ကျွန်တော်တို့လို အပူပိုင်းဒေသ၊ အရာရာ မပြည့်စုံတဲ့ဒေသတွေက ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ပူနွေးစိုစွတ်ပြီး အစားအသောက်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး မပြည့်စုံသေးတဲ့ဒေသတွေမှာ သန်ကောင်ရောဂါဟာ ကလေးတွေအတွက်ပဲ မဟုတ်ဘဲ လူကြီးတွေမှာလည်း တွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ မိဘအများစုက ကလေးတွေကို ၆ လတစ်ကြိမ် သန်ချဆေးတိုက်ဖို့ သတိရတတ်ပေမယ့် လူကြီးတွေကတော့ “သန်ဆိုတာ ကလေးတွေပဲContinue reading "လူကြီးတွေလဲသန်ကောင်ရောဂါခံစားရနိုင်ပါတယ် (အူပိတ်စေနိုင်တဲ့သန်ကောင်)"

အလုပ်ခွင်မှာ စိတ်ဖိစီးနေတဲ့အခါ လက်တွေ့ကျကျ ဘယ်လိုကျော်ဖြတ်ကြမလဲ
ဆောင်းပါး

အလုပ်ခွင်မှာ စိတ်ဖိစီးနေတဲ့အခါ လက်တွေ့ကျကျ ဘယ်လိုကျော်ဖြတ်ကြမလဲ

By MyanHealth  |  June 22, 2026

အလုပ်ခွင်ဆိုတာ အောင်မြင်မှုတွေဆီ သွားဖို့ လှေကားထစ်တစ်ခုပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ ဒီလှေကားထစ်တွေကို တက်ရတာ အရမ်းပင်ပန်းပြီး စိတ်တွေ မောဟိုက်လာတတ်ပါတယ်။ ဖိအားတွေ၊ တာဝန်တွေကြားမှာ အားလုံး ရုန်းကန်နေတဲ့အချိန်မျိုးမှာ တစ်ယောက်တည်း စိတ်ဖိစီးမှုတွေကို ထမ်းပိုးထားမယ့်အစား Healing လုပ်ပြီး စိတ်ကို ကုစားနိုင်ဖို့ အလွန်ကို အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ရန်ကုန်မြို့ ဝန်ကြီးများရုံးမှာ ကျင်းပခဲ့တဲ့ MyanHealth ၏ “Stronger Together” Panel Discussion မှာတော့ လုပ်ငန်းခွင် စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် ဗဟုသုတတွေကို ပညာရှင်များနှင့်အတူ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ Panel Discussion တွင် ဆရာမ Yuko (Founder, Art of HealingContinue reading "အလုပ်ခွင်မှာ စိတ်ဖိစီးနေတဲ့အခါ လက်တွေ့ကျကျ ဘယ်လိုကျော်ဖြတ်ကြမလဲ"

Ads Advertisement