Skip to content

ဆောင်းပါးများ

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June First Week )
သတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June First Week )

By Ko Tin  |  June 1, 2026

• ပုံမှန်အတိုင်း သားသမီး မရနိုင်တဲ့ ဇနီးမောင်နှံ​ ၁၂ ခုအတွက် ၂၀၂၆ ခုနှစ် ဧပြီနဲ့ မေလအတွင်းမှာ ဖန်ပြွန်သန္ဓေသားနည်းသုံးပြီး ကလေးရနိုင်ဖို့ ဆောင်ရွက်ထားပေးတယ်လို့ ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံးကနေ သိရပါတယ်။ • ပဋိပက္ခဒဏ်ခံနေရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတချို့မှာ ဆေးရုံနဲ့ ဆေးခန်း အလှမ်းဝေးတဲ့ ဒေသခံပြည်သူတွေဟာ အရေးပေါ်ကျန်းမာရေးအခြေအနေ အခက်အခဲတွေကို ရင်ဆိုင်နေရတာကြောင့် ကူညီနိုင်ဖို့အတွက် လူထုအခြေပြု ကနဦးတုံ့ပြန်အကူအညီပေးနေသူတွေကို “လူနာအခြေအနေ တည်ငြိမ်စေရေးနှင့် စောင့်ရှောက်မှု အဆင့်မြင့်သင်တန်း” ဖွင့်လှစ် သင်ကြားပေးခဲ့တယ်လို့ ICRC (မြန်မာ) က ထုတ်ပြန်ထားပါတယ်။ • ကမ္ဘာတစ်ဝှမ်း ၂၀၀၈ ခုနှစ်အတွင်း ထွက်ရှိတဲ့ ဆေးလိပ်သောက်ခန်းပါတဲ့ ရုပ်ရှင်တွေရဲ့ ထက်ဝက်လောက်ဟာ လူငယ်တွေကို ပစ်မှတ်ထားထားတာဖြစ်ပြီး ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ နီကိုတင်းကုမ္ပဏီတွေက သူတို့ထုတ်ကုန်တွေကို လူငယ်တွေContinue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June First Week )"

သွားရှိလျှင် သွားတိုက်ပါ…သွားမရှိလျှင် သွားစိုက်ပါ
သွားကျန်းမာရေး

သွားရှိလျှင် သွားတိုက်ပါ…သွားမရှိလျှင် သွားစိုက်ပါ

By Dr. Aung Ko Htet, B.D.S (Mdy)  |  May 28, 2026

ကျွန်တော်တို့ ခံတွင်းထဲမှာ အသုံးတည့်တဲ့သွားတချောင်းဆုံးရှုံးသွားရင် ဘာတွေဖြစ်သွားမလဲ? သွားတချောင်းမရှိလို့တော့လည်း အသက်အန္တရာယ်နဲ့ အဝေးကြီးပါ။ တချောင်းမှမရှိပါပဲ ရှင်သန်နေထိုင် ကြတဲ့သူတွေလည်း ပတ်ဝန်းကျင်မှာ တွေ့နေ မြင်နေရတာပါပဲဗျာ။ ဒါပေမယ့် နေထိုင်ရတဲ့ လူနေမှုဘဝ ပုံစံတွေပေါ်မှာတော့ အများကြီးအပြောင်းအလဲဖြစ်သွားစေနိုင်ပါတယ်။ သွားဘက်ဆိုင်ရာဆရာဝန် ဖြစ်နေလို့လားတော့ မသိဘူး၊ လူတယောက်ကိုတွေ့လိုက်ရင် ဆွဲထားတဲ့တန်ဖိုးကြီး ဆွဲကြိုး၊ နားကပ်၊ လက်ဝတ်ရတနာထက် ကျန်းမာနေတဲ့သွားတွေကို မြင်ရတာက ကျွန်တော့်အတွက်တော့ တန်ဖိုးထား စရာလို့ မြင်တာပါပဲဗျာ။ ​ကျွန်တော်တို့ခံတွင်းထဲမှာ အရွယ်ရောက်ပြီးသား လူတဦးအနေနဲ့ အပေါ်အောက်သွား စုစုပေါင်း (၃၂)ချောင်းရှိပါတယ်။ တချို့အံဆုံးမပေါက်ခဲ့တာမျိုးဆိုရင်တော့ (၂၈)​ချောင်းပေါ့ဗျာ။ အပေါ်သွားမှာပဲ ဘယ်ညာရှေ့သွား(၄)ချောင်း၊ စွယ်သွား(၂)ချောင်း၊ အံသွားအသေး(၄)ချောင်း၊ အံသွားအကြီး(၄)ချောင်း နဲ့ အံဆုံး(၂)ချောင်း အားလုံးပေါင်း (၁၆)ချောင်းရှိပါတယ်။ အပေါ်/ အောက်ဆိုတော့ စုစုပေါင်း(၃၂)ချောင်း ရှိပါတယ်ဗျ။ ​အကြောင်းအမျိုးမျိုးကြောင့် သွားတချောင်းနှုတ်ထား/Continue reading "သွားရှိလျှင် သွားတိုက်ပါ…သွားမရှိလျှင် သွားစိုက်ပါ"

၀င်ငွေကနေ မမျှပေးနိုင်တော့တဲ့ ကျန်းမာရေးစရိတ်
ဆောင်းပါး

၀င်ငွေကနေ မမျှပေးနိုင်တော့တဲ့ ကျန်းမာရေးစရိတ်

By MyanHealth  |  May 25, 2026

ကုန်စျေးနှုန်းကြီးတာ၊ နေထိုင်မှုစရိတ် ကြီးတာတွေက မြန်မာနိုင်ငံထဲက အခြေခံမိသားစုတွေအတွက်တော့ “ကျန်းမာရေးစရိတ်” ဆိုတာ ဘာလဲလို့ မေးယူရမယ့် အခြေအနေကို စိုက်နေပါပြီ။​ အခြေခံလုပ်သားလို့ ဆိုရမယ့် ဆောက်လုပ်ရေး လုပ်သားတစ်ဦးရဲ့ တစ်နေ့ လုပ်ခလစာဟာ ပျမ်းမျှ ကျပ် ၂၀,၀၀၀ အထက်မှာ ရှိပေမယ့် တကယ်တော့ ဒီဝင်ငွေဟာ ထွက်ငွေနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်ပါဘူး။ ထို့အတူ လခစားဝန်ထမ်း၊ သာမန် နေ့စားဝန်ထမ်းတွေရဲ့ လစဉ်ရှာဖွေလို့ ရတဲ့ ငွေကြေးဟာလည်း အိမ်အသုံးစရိတ်အတွက် ကာမိရုံသာ ရှိပါတယ်။ ​”တစ်လ တစ်လ အိမ်လခနဲ့ စားစရိတ်အတွက်ကို လုံးပန်းနေရတာ။ ကျန်းမာရေးစရိတ်ဆိုတာကတော့ အဝေးကြီးပဲ” လို့ လှိုင်သာယာမြို့နယ်မှာ အိမ်ငှားအဖြစ် နေထိုင်နေတဲ့ အိမ်ရှင်မတစ်ဦးက MyanHealth ကို ပြောပါတယ်။ ​တောင်ဒဂုံမြို့နယ်ကနေ မြောက်ဒဂုံမြို့နယ်ထဲContinue reading "၀င်ငွေကနေ မမျှပေးနိုင်တော့တဲ့ ကျန်းမာရေးစရိတ်"

တစ်ဆင့်ခံဆေးလိပ်ငွေ့နဲ့ ကလေးသူငယ်ကျန်းမာရေး
ဆောင်းပါးသတင်း

တစ်ဆင့်ခံဆေးလိပ်ငွေ့နဲ့ ကလေးသူငယ်ကျန်းမာရေး

By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  May 24, 2026

ကလေးတွေဟာ ကိုယ်ရှူမယ့်လေကို ကိုယ်တိုင်ရွေးချယ်လို့ မရပါဘူး။ အိမ်မှာဖြစ်ဖြစ်၊ ကားထဲမှာဖြစ်ဖြစ်၊ လက်ဖက်ရည်ဆိုင်၊ အလုပ်ခွင်၊ လူအများသွားလာတဲ့နေရာတွေမှာဖြစ်ဖြစ် လူကြီးတွေသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှောင်ချင်တိုင်း ရှောင်လို့မရဘဲ ရှူနေရတတ်ပါတယ်။ လူတော်တော်များများက ဆေးလိပ်သောက်တာဟာ သောက်သူကို ထိခိုက်စေတယ်ဆိုတာ သိကြပေမယ့် ကလေးတွေရှူမိနေတဲ့ တစ်ဆင့်ခံဆေးလိပ်ငွေ့ကလည်း ကလေးကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တယ်ဆိုတာကို သတိမမူမိကြပါဘူး။ တစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာ ဆေးလိပ်နံ့သတ်သတ် မဟုတ်ပါဘူး။ ဆေးလိပ်မီးလောင်နေတဲ့အဖျားက ထွက်လာတဲ့အငွေ့နဲ့ ဆေးလိပ်သောက်သူက ပြန်ရှူထုတ်တဲ့အငွေ့တွေ ပေါင်းစပ်နေတဲ့ အဆိပ်ဓာတ်ပါတဲ့ လေထုညစ်ညမ်းမှုတစ်မျိုးပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့အဆိုအရ တစ်ဆင့်ခံဆေးလိပ်ငွေ့ဟာ ပမာဏအနည်းငယ်လေး ဖြစ်နေရင်တောင် ဘေးမကင်းပါဘူး။ အချိန်တိုခဏလေး ရှူမိတာနဲ့ ကလေးငယ်တွေ၊ မွေးကင်းစကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ပန်းနာရင်ကျပ်ရှိသူတွေ၊ နှလုံးရောဂါရှိသူတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ကလေးငယ်တွေဟာ အဆုတ်၊ ကိုယ်ခံအားစနစ်၊ ဦးနှောက်နဲ့ နှလုံးတို့ဟာ ဖွံ့ဖြိုးနေဆဲဖြစ်တဲ့အတွက်Continue reading "တစ်ဆင့်ခံဆေးလိပ်ငွေ့နဲ့ ကလေးသူငယ်ကျန်းမာရေး"

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (May Fouth Week )
သတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (May Fouth Week )

By Ko Tin  |  May 22, 2026

• ရန်ကုန်မြို့ရှိ ဆေးရုံကြီး ခြောက်ခုနဲ့ အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးတို့ ပူးပေါင်းပြီး တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းနဲ့ ဦးထွန်းမြတ်လမ်းထောင့်က အ.ထ.က (၄) ကျောင်းမှာ မေ ၁၉ ရက် မနက် ၈ နာရီက ကွင်းဆင်းကုသမှုတွေ လုပ်ပေးခဲ့တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်ထားပါတယ်။ • GLOWING/NIGHT TREATMENT (NA) အလှကုန်မှာ Hydroquinone၊ Tretinoin နဲ့ Betamethasone 17-valerate တို့ ပါဝင်နေပြီး GLOWING HERBAL TREATMENT (NA) ထဲမှာတော့ Mercury နဲ့ Betamethasone 17-valerate ပါဝင်နေတယ်လို့ မလေးရှားနိုင်ငံမှာ စစ်ဆေး တွေ့ရှိထားသလို ဘရူနိုင်းနိုင်ငံမှာလည်း ROSE/ White & Natural Cream MoisturizerContinue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (May Fouth Week )"

အရိုးပွခြင်းအကြောင်း သိကောင်းစရာ
လေ့ကျင့်ခန်းနှင့် ကျန်းမာရေး

အရိုးပွခြင်းအကြောင်း သိကောင်းစရာ

By MyanHealth  |  May 21, 2026

အရိုးပွခြင်းဆိုတာ လူတိုင်းနားလည်အောင် ပြောရရင် အပေါက်များနှင့် အရိုး (bones with holes) ကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဖြစ်ပေါ်လာရတာက အရိုးတွေရဲ့ ကယ်လ်စီယမ်ဓာတ်ကို ခန္ဓာကိုယ်ကနေ ပြန်ဖြည့်တင်းနိုင်တာထက် ပိုမိုဆုံးရှုံးရတာတွေကြောင့် ဖြစ်ပါတယ်။ အဲ့ဒီအခါမှာ အရိုးတွေပိုပွလာပြီး ပိုကျိုးလွယ်လာနိုင်ပါတယ်။ လူအများစုဟာ မိမိကိုယ်တိုင်အရိုးကျိုးတဲ့အခါမှ ကိုယ့်မှာ အရိုးပွနေတာကို သိကြလေ့ရှိပါတယ်။ ဒါပေမယ့် အရိုးပွခြင်းဟာ ကြိုတင်စစ်ဆေးသိရှိနိုင်တဲ့အခြေအနေ ဖြစ်သလို အရိုးကျိုးခြင်းတွေကိုလည်း ကြိုတင်ကာကွယ်နိုင်ပါတယ်။ အကယ်၍ အရိုးပွခြင်းကို စောစောစီးစီး ရှာဖွေတွေ့ရှိခဲ့ရင် ဆေးဝါးကုသမှုခံယူခြင်းအားဖြင့် အရိုးကျိုးခြင်းအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်သလို လူမှုဘဝနေထိုင်မှုပုံစံ ပြောင်းခြင်းအားဖြင့်လည်း အရိုးကျန်းမာရေးကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ အရိုးဆိုတာဟာ အချိန်နှင့်အမျှ ပျက်စီးလိုက် အသစ်ပြန်ပြင်ဆင်လိုက် စတဲ့သံသရာလည်နေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာတော့ အရိုးတည်ဆောက်မှုက ပိုများပြီး အရိုးတွေContinue reading "အရိုးပွခြင်းအကြောင်း သိကောင်းစရာ"

ကျန်းမာရေးကို ခြိမ်းခြောက်တဲ့ ဆူညံသံ ဆိုတာ…
ဆောင်းပါးသတင်း

ကျန်းမာရေးကို ခြိမ်းခြောက်တဲ့ ဆူညံသံ ဆိုတာ…

By MyanHealth  |  May 20, 2026

Pollution လို့ ဆိုလိုက်ရင် အများအားဖြင့် Air Pollution လို့ ဆိုတဲ့ လေထုညစ်ညမ်းမှုကိုပဲ လူတွေက မြင်နေတတ်ကြပါတယ်။ တကယ်တော့ ညစ်ညမ်းမှုမှာ အမျိုးအစားကွဲတွေ ရှိပြီး ဒီထဲမှာ လူတွေ သတိမထားမိ ကြတာက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုတစ်ခုကတော့ Noise Pollution ပါ။​ ဆူညံသံကြောင့် ဖြစ် လာတဲ့ ညစ်ညမ်းမှုကလည်း လူတွေရဲ့ နေ့စဉ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။​ ဒီဆူညံသံတွေက ဘယ်က လာသလဲ။ အထူးသဖြင့် ကုန်အလေးချိန် အမြောက်အမြားတင်ထားတဲ့ ကုန်တင်ကားကြီးတွေ၊​ တူးဖော်ရေးလုပ်ငန်းတွေ ဖြစ်တဲ့ သတ္တုတွင်းတွေ၊ ရေနံတွင်းတွေ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်တဲ့ ကုန်စက်ရုံကြီးတွေ၊ ဆောက် လုပ်ရေး လုပ်ငန်းခွင်တွေအပြင် ကိုယ့်နေအိမ်ထဲကလည်း ဖန်တီးမိသလို ဖြစ်နေတာတွေ ရှိပါတယ်။ သာမန် နားနဲ့ နားထောင်ဖို့ ခက်ခဲတဲ့Continue reading "ကျန်းမာရေးကို ခြိမ်းခြောက်တဲ့ ဆူညံသံ ဆိုတာ…"

မိုးရာသီမှာ သတိထားသင့်တဲ့ အမေ့လျော့ခံရောဂါ Melioidosis
သိလိုရာမေးတောင်သူ့ကျန်းမာရေး

မိုးရာသီမှာ သတိထားသင့်တဲ့ အမေ့လျော့ခံရောဂါ Melioidosis

By Dr. Kyaw Min Htike, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  May 19, 2026

အပူပိုင်းဒေသဖြစ်တဲ့ မြန်မာနိုင်ငံမှာ မိုးရာသီလို စိုစွတ်တဲ့အချိန်တွေမှာ မြေကြီး၊ ရွှံ့၊ လယ်ကွင်း၊ ညစ်ညမ်းနိုင်တဲ့ရေတွေနဲ့ မကြာခဏ ထိတွေ့နေရသူတွေ အထူးသတိထားသင့်တဲ့ ရောဂါတစ်မျိုးရှိပါတယ်။ အဲဒါကတော့ Melioidosis (မီလီအွိုင်ဒိုးစစ်) လို့ခေါ်တဲ့ ရောဂါပါ။ ဆေးပညာအရ Whitmore’s disease လို့လည်း ခေါ်ကြပြီး အပူပိုင်းဒေသ၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေမှာ မကြာခဏ ရောဂါရှာဖွေမှုနောက်ကျနိုင်တဲ့အတွက် “အမေ့လျော့ခံရလေ့ရှိတဲ့ အပူပိုင်းဒေသရောဂါ” တစ်မျိုးအဖြစ် ပညာရှင်တွေက အသိအမှတ်ပြုသင့်ကြောင်း တင်ပြထားကြတဲ့ ရောဂါဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ မကြာသေးခင်က သတင်းတွေကလည်း ဒီရောဂါကို ပိုသတိထားသင့်ကြောင်း ပြသနေပါတယ်။ ၂၀၂၆ ခုနှစ် ဧပြီ ၁၈ ရက်နေ့က ထိုင်းအစိုးရနဲ့ ကျန်းမာရေးတာဝန်ရှိသူတွေက Melioidosis ရောဂါကို အထူးသတိထားစောင့်ကြည့်ဖို့ သတိပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၂၆ ခုနှစ်Continue reading "မိုးရာသီမှာ သတိထားသင့်တဲ့ အမေ့လျော့ခံရောဂါ Melioidosis"

၁၀၀ မှာ ၁၅ ယောက် ဘာမှန်းမသိဘဲဖြစ်နေတဲ့ အသည်းခြောက်ရောဂါ
ဆောင်းပါးသတင်း

၁၀၀ မှာ ၁၅ ယောက် ဘာမှန်းမသိဘဲဖြစ်နေတဲ့ အသည်းခြောက်ရောဂါ

By MyanHealth  |  May 18, 2026

အမျိုးသားကော၊ အမျိုးသမီးတွေကော အရက်အလွန်အကျွံ သောက်ရင်၊ ဝလာပြီဆိုရင် အသည်းမှာ အဆီတွေစုလာတတ်လို့ အသည်းအဆီဖုံးတာ ဖြစ်လာနိုင်ပါတယ်။ လူတစ်ချို့မှာတော့ ဂရုမစိုက်ဘဲထားမယ်ဆိုရင် အသည်းခြောက်တဲ့အထိ ပြင်းထန်သွားနိုင်ပါတယ်။ တကယ်တော့ ဒီနှစ်မျိုးတည်းကြောင့်တော့ အသည်းခြောက်ရောဂါ ဖြစ်လေ့ရှိတာတော့ မဟုတ်ပါဘူး။ ကိုယ့်မှာ အသည်းရောင်အသားဝါ (ဘီ)​ နဲ့ (စီ) ပိုး ရှိမယ်၊ သည်းခြေလမ်းကြောင်းဆိုင်ရာတွေ ရှိမယ်ဆိုရင် အဲ့ဒီ ရောဂါတွေကြောင့် အသည်းခြောက်တာလည်း ဖြစ်နိုင်သလို မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး နာတာရှည် အသည်းသွေးပြန်ကြောပိတ်တာကလည်း အသည်းခြောက်စေနိုင်ပါတယ်။ အသည်းခြောက်သူတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက် (၅-၃၀ ရာခိုင်နှုန်း) တော့ အကြောင်းအရင်း မသိဘဲ ဖြစ်တာလို့ သုတေသနလေ့လာဆန်းစစ်ချက်တွေက ဖော်ပြနေပါတယ်။ ဒီသူတွေဟာ ကိုယ့်မှာ အသည်းခြောက်ရောဂါ ရှိ၊ မရှိဆိုတာကို မသိနိုင်လို့ တခါတရံမှာContinue reading "၁၀၀ မှာ ၁၅ ယောက် ဘာမှန်းမသိဘဲဖြစ်နေတဲ့ အသည်းခြောက်ရောဂါ"

ကလေးငယ် မကြာခဏဖျားနေပြီး အကြောင်းရင်းရှာမတွေ့ခဲ့ရင် ဆီးပိုးဝင်ခြင်းကိုလည်း သတိပြုပါ (Phimosis နှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းအကြောင်း)
ဆောင်းပါးသတင်း

ကလေးငယ် မကြာခဏဖျားနေပြီး အကြောင်းရင်းရှာမတွေ့ခဲ့ရင် ဆီးပိုးဝင်ခြင်းကိုလည်း သတိပြုပါ (Phimosis နှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းအကြောင်း)

By Dr. Yen Bi Ter, M.B.,B.S., M.Med.Sc(Surgery), MRCS (Ediburgh)  |  May 17, 2026

မိဘများခင်ဗျာ… ခွဲစိတ်ဆရာဝန်တစ်ယောက်အနေနဲ့ ဆေးခန်းမှာ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုကတော့ ယောကျ်ားလေးတွေမှာဖြစ်တတ်တဲ့ လိင်တံထိပ် ပန်းငုံအရေပြားမပွင့်တဲ့ ပြဿနာ (Phimosis)ပဲ ဖြစ်ပါတယ်။ ဒါဟာ မိဘတွေအတွက် စိုးရိမ်ပူပန်စရာဖြစ်တတ်တာကြောင့် နိုင်ငံတကာ ဆေးပညာလမ်းညွှန်ချက်တွေနဲ့အညီ လက်တွေ့သိထားသင့်တဲ့ အချက်တွေကို ရှင်းလင်းတင်ပြပေးချင်ပါတယ်။ ကလေးငယ်တွေ ဖျားနာတာဟာ အကြောင်းရင်းမျိုးစုံ ရှိနိုင်ပါတယ်။ ကလေးက နှာစေး၊ ချောင်းဆိုး၊ ဝမ်းလျှောတာ စတဲ့ အခြားရောဂါလက္ခဏာတွေမရှိဘဲ မကြာခဏ ဖျားနေမယ်၊ အထူးသဖြင့် ဂျိုးထိပ်အရေပြားမလှီးရသေးတဲ့ ကလေးဖြစ်နေမယ်ဆိုရင်တော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection – UTI) ရှိ/မရှိကို ထည့်သွင်းစဉ်းစားရပါမယ်။ မိဘတွေအနေနဲ့ မိမိကလေးမှာ ဆီးသွားရင် နာကျင်တာ၊ ဆီးသွားရခက်တာ၊ ဆီးသွားတဲ့အခါ သားယောကျ်ားလေးရဲ့ ပန်းငုံအရေပြား ဖောင်းတက်လာတာ (Ballooning) မျိုးတွေ တွေ့ရပြီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့Continue reading "ကလေးငယ် မကြာခဏဖျားနေပြီး အကြောင်းရင်းရှာမတွေ့ခဲ့ရင် ဆီးပိုးဝင်ခြင်းကိုလည်း သတိပြုပါ (Phimosis နှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းအကြောင်း)"

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၈၊မေလ၊၂၀၂၆- ၁၅၊မေလ၊၂၀၂၆)
သတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၈၊မေလ၊၂၀၂၆- ၁၅၊မေလ၊၂၀၂၆)

By Ko Tin  |  May 15, 2026

¡ ရန်ကုန်မြို့ ရန်ကုန်ပြည်သူ့ဆေးရုံးကြီး အထူးကုပြင်ပလူနာဌာနမှာ အသည်းရောင်အသားဝါ – စီပိုး (Hepatitis C) ဖြစ်သူတွေအတွက် အပတ်စဉ် သောကြာနေ့တိုင်းမှာ နေ့လယ် ၁ နာရီကနေ ၄ နာရီအထိ အခမဲ့ကုသပေးနေပြီဖြစ်တယ်လို့ ဆေးရုံဘက်က ထုတ်ပြန်ထားပါတယ်။​ ရောဂါပိုးရှိပြီး လူနာတွေကို ပိုးကောင်ရေ (Viral Load) စစ်ပေးတာ၊ Antiviral ဆေး ပေးတာနဲ့ ကုသပေးတာအပြင် ဆေးကုပြီး သုံးလောက်အကြာ ကုသမှု အောင်မြင်မှု ရှိ၊ မရှိကိုလည်း အခမဲ့ ပြန်လည်စစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။ ¡ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်း အားကောင်းစေဖို့ ““Malaria Micro-stratification” သင်တန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ပြုလုပ်ခဲ့ပြီး Micro-stratification ဟာ ရောဂါဖြစ်ပွားနိုင်မှုကို ရွာ၊ ဒေသအလိုက်Continue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၈၊မေလ၊၂၀၂၆- ၁၅၊မေလ၊၂၀၂၆)"

Health Starts in the Kitchen Episode 5
Tips & Tricks

Health Starts in the Kitchen Episode 5

By MyanHealth  |  May 15, 2026

Health Starts in the Kitchen ရဲ့ Episode 5 မှာတော့ ကျွန်တော်တို့ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့အခါ အသား၊ ငါးတွေကို သတိမထားမိဘဲ မှားယွင်းစွာ ကိုင်တွယ်ပြင်ဆင်မိရင် ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေရှိနိုင်သလဲ၊ အာဟာရနဲ့ အရသာတွေ ဘယ်လိုပျက်စီးသွားနိုင်သလဲဆိုတာကို အဓိကထား တင်ဆက်ပေးထားပါတယ်။

Ads Advertisement