ရာသီတုပ်ကွေးကေဗိုင်းရပ်စ် တရုတ်နဲ့ ထိုင်းမှာ အဖြစ်များလို့ စိုးရိမ်သူတွေ ရှိ
By Ko Tin | December 23, 2025
ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ကိုတင် ရာသီတုပ်ကွေးဟာ ရာသီအကူးအပြောင်းကာလတွေမှာ ဖြစ်လေ့ရှိပေမယ့် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့မှာ ကူးစက်မှု များပြားတာ၊ သေဆုံးမှုတွေ ကြားနေရတာကြောင့် ကူးစက်မြန် ရာသီတုပ်ကွေးပိုးမျိုးကွဲ ကေဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာလည်း စိုးရိမ်ကြသူ များလာပါတယ်။ တရုတ်မီဒီယာတွေ ဖော်ပြချက်အရ ၂၀၂၅ ခုနှစ်ဟာ လေးနှစ်အတွင်း တုပ်ကွေးအဖြစ်များဆုံးနှစ်လို့ သိရပါတယ်။ ဘေဂျင်းက ရုံးတွေ၊ စာသင်တန်းတွေမှာ ရှိတဲ့ လူတဝက်လောဟာ ချောင်းအဆက်မပြတ် ဆိုးတာတွေ၊ ရုတ်တရက် မူးဝေတာ၊ ခေါင်းကိုက်တာ၊ ဖျားနာတာတွေ ဖြစ်နေပြီး အများစုက ကိုဗစ် – ၁၉ ပြန်လာပြီလို့ ထင်နေကြပါတယ်။ ပူယန်မြို့မှာဆို သုံးနှစ် ကလေးသေဆုံးတာ၊ ဟောင်ကောင်မှာ နှစ်နှစ်အရွယ် ကလေး သေဆုံး တာတွေ ရှိလာတာကြောင့်<a href="https://myanhealth.org/seasonal-flu/11164/">Continue reading <span class="sr-only">"ရာသီတုပ်ကွေးကေဗိုင်းရပ်စ် တရုတ်နဲ့ ထိုင်းမှာ အဖြစ်များလို့ စိုးရိမ်သူတွေ ရှိ"</span></a>