Skip to content

ဆောင်းပါးများ

ရန်ကုန်တိုင်းမှာ ကလေးများ ဝမ်းပျက်ဝမ်းလျှော ရောဂါအဖြစ်များနေ၊ ကလေးငယ်တစ်ဦးသေဆုံး
ဆောင်းပါးသတင်း

ရန်ကုန်တိုင်းမှာ ကလေးများ ဝမ်းပျက်ဝမ်းလျှော ရောဂါအဖြစ်များနေ၊ ကလေးငယ်တစ်ဦးသေဆုံး

By MyanHealth  |  August 26, 2024

ဩဂုတ် ၂၅ ရန်ကုန်တိုင်းမှာ  ကလေးငယ်တွေ  ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှု များလာနေပြီး ခုရက်ပိုင်းမှာပင် ကလေးငယ်တစ်ဦး သေဆုံးတဲ့အထိ ရှိလာနေတယ်လို့ သိရပါတယ်။https://myanhealth.org/wp-content/uploads/2024/08/FB_IMG_1723019643674-img.jpg   ကလေးငယ်တွေအနေနဲ့ ဝမ်းပျက်ဝမ်းလျှောမှုရောဂါဝေဒနာဒဏ်ကို ခုခံကာကွယ်နိုင်မှုအားနည်းတဲ့အတွက်ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာကို á€á€śá€…ဏးရပဟဎး နာရီပိုင်းအတွင်းမှာ ရန်ကုန်တိုင်းတွင်းက အသက် ၂ နှစ် နဲ့ ၁၁ လ အရွယ်ကလေးငယ်တစ်ဦး ဩဂုတ်လ ၂၃ ရက်နေ့ ၊ ရန်ကင်းကလေးဆေးရုံမှာ သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” တစ်ညလုံး ဝမ်းပျက်ဝမ်းလျှော အန်ပြီး မနက်ဆေးရုံရောက်တော့ဆုံးတာပဲ ။သားလေးက ဝမ်းလျှောတာများပီး ရေဓါတ်ခမ်းသွားလို့ အသက်ဆုံးရှုံးလိုက်ရတာ။ ဘယ်လိုမှ ဖြေမဆည်နိုင်ဘူး။” á€œá€­á€Żá€ˇ ကလေးငယ်ရဲ့ မိခင်ဖြစ်သူကပြောပါတယ်။ လက်ရှိအထိလည်း ဆေးရုံတွေမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်လို့ ဆေးကုသမှုခံယူနေရသူတွေရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ” ဒဂုံဆိပ်ကမ်းဘက်မှာလည်း ဝမ်းလျှောလို့လာပြတဲ့ကလေးတွေတော်တော်များတယ်။ကျန်တဲ့ မြို့နယ်တွေမှာလည်းဝမ်းလျှောလို့ပြတာများလာတယ်။ဝမ်းအကြိမ်ရေများများသွားတယ်၊အန်တယ်၊အစားမဝင်ဘူးဆိုရင်မပေါ့ပါနဲ့နီးစပ်ရာဆေးခန်း၊ဆေးရုံကိုချက်ခြင်းသွားပါ၊ကုသမှုခံယူပါ။ကလေးတွေကContinue reading "ရန်ကုန်တိုင်းမှာ ကလေးများ ဝမ်းပျက်ဝမ်းလျှော ရောဂါအဖြစ်များနေ၊ ကလေးငယ်တစ်ဦးသေဆုံး"

ကိုယ်ဝန်ဆောင်ကာလတွင် အရေပြားယားယံခြင်း
ဆောင်းပါးသတင်း

ကိုယ်ဝန်ဆောင်ကာလတွင် အရေပြားယားယံခြင်း

By MyanHealth  |  August 25, 2024

ကိုယ်ဝန်ဆောင်ကာလဆိုတာ ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲခြင်းနဲ့ ဟော်မုန်းအပြောင်းအလဲကို အခံစားရဆုံး ကာလတွေပဲ ဖြစ်ပါတယ်။ တွေ့ရှိချက်တွေအရ ကိုယ်ဝန်ဆောင်အမျိုးသမီး ၅ ယောက်မှာ တစ်ယောက်က အရေပြားယားယံခြင်းဝေဒနာကို ခံစားနေရပါတယ်။  https://doheainmat.org/wp-content/uploads/2024/03/Pooping_baby.jpg   ကိုယ်ဝန်ဆောင်ကာလ အရေပြားယားယံခြင်းဟာ ကိုယ်ဝန် တတိယ ၃ လပတ်ဖြစ်တဲ့ ကိုယ်ဝန်သက် ၇ လလောက်မှာစတင်ခံစားရလေ့ရှိပြီး ကလေးမွေးပြီးမှသာ အလုံးစုံဥဿုံ ပျောက်ကင်းသွားလေ့ရှိပါတယ်။ မေမေတွေအတွက်တော့ ကုတ်ပြီးရင်းကုတ်၊ ကုတ်ပြီးရင်းကုတ်နေရတဲ့ မပြီးဆုံးနိုင်တဲ့ အိပ်မက်ဆိုးလိုပါပဲ။ ညညမှာ ယားယံတာပိုဆိုးတဲ့အတွက် ကိုယ်ဝန် ၇လလောက်ကစပြီး အိပ်ရေးမဝဖြစ်စေတတ်တဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာ ကျန်းမာရေး ပြဿနာတစ်ခုပါပဲ။ အချို့သောအမျိုးသမီးတွေမှာ ကလေးမွေးပြီးတဲ့ နောက်ပိုင်းမှာ ကိုယ်ဝန်ဆောင်ကာလယားယံတာကိုပဲ မှတ်မိနေလောက်တဲ့အထိ အရေပြားယားယံတာက ဆိုးဝါးနိုင်ပါတယ်။ ဒါပေမယ့်လည်း များသောအားဖြင့် ဒီယားယံခြင်းဝေဒနာတွေက ကလေးမွေးပြီးတာနဲ့ ယူပစ်သလို ပျောက်ကင်းသွားတတ်ပါတယ်။ ဒါ့အပြင်Continue reading "ကိုယ်ဝန်ဆောင်ကာလတွင် အရေပြားယားယံခြင်း"

မျောက်ကျောက်ရောဂါနှင့်ကာကွယ်ရေးအသိပညာများသတင်းအချက်အလက်များကျေးလက်နေပြည်သူကြားမသိ
ဆောင်းပါးသတင်း

မျောက်ကျောက်ရောဂါနှင့်ကာကွယ်ရေးအသိပညာများသတင်းအချက်အလက်များကျေးလက်နေပြည်သူကြားမသိ

By MyanHealth  |  August 23, 2024

ဩဂုတ် ၂၃။ ရန်ကုန် ချစ်ခွန်းချို ကူးစက်မြန် မျောက်ကျောက်ရောဂါဖြစ်ပွားမှုခြေအနေတွေနဲ့ ပတ်သက်ပြီး   á€€á€ťá€ąá€¸á€›á€˝á€Źá€”á€ąá€•á€źá€Šá€şá€žá€°á€œá€°á€‘á€Żá€Ąá€€á€źá€Źá€¸á€™á€žá€Ź ခုချိန်ထိ သိရှိသူ အလွန်နည်းပါးနေတာကို ဒေသခံပြည်သူတွေဆီက  သိရှိရပါတယ်။https://myanhealth.org/wp-content/uploads/2024/08/FB_IMG_1723019643674-img.jpg ကျန်းမာရေးဝန်ကြီးဌာနဘက်က ကူးစက်မြန်မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး အသိပေးကြေငြာမှုကို အင်တာနက်လူမှုကွန်ယက်စာမျက်နှာနဲ့အစိုးရပိုင် သတင်းစာတွေကနေ တဆင့်သာသတိပေးမှုသာရှိပြီးကျေးရွာတွေမှာ  မျောက်ကျောက်ရောဂါနဲ့ပတ်သက်လို့  ကြိုတင်ကာကွယ်နိုင်မှုအခြေအနေနဲ့ရောဂါလက္ခဏာအခြေအနေတွေအကြောင်း á€‘ိရ္ဏက်တဲအဥသိပညဏပ္းခဟင်း ခုချိန်ထိ á€™á€›á€žá€­á€˜á€°á€¸á€œá€­á€Żá€ˇá€žá€­á€›á€•ဍတယ်။ ဒါကြောင့်ကျေးရွာမှာနေထိုင်ကြတဲ့ á€•ဟည်သူဥမဝဏးစုမသဏ    မြန်မာနိုင်ငံတွင်းမျောက်ကျောက်ရောဂါ နဲ့ပတ်သက်ပြီးဆောင်ရွက်မှုအခြေအနေကိုလည်းမသိသလို  မျောက်ကျောက်ရောဂါအကြောင်းပင်မသိသူများနေ တယ်လို့သိရပါတယ်။ ” မျောက်ကျောက်ရောဂါလား မသိပါဘူး။ဘာရောဂါလဲမသိဘူး။ဘယ်သူမှလည်းမပြောပါဘူး။အခုဆေးရုံဆေးခန်းသွားလည်း ပြောပြတာမရှိသေးဘူး။ရွာတွေကပိုဆိုးတာပေါ့။ဘယ်ကျန်းမာရေးမှူးမှလည်းလာပြီး ပြောတာမရှိဘူး။ဖုန်းသုံးသူတွေလောက်ပဲသိမှာပေါ့။ကျွန်မတို့တောသူတောင်သားက ဒီအထူးဆန်းရောဂါတွေမသိဘူး။ရောဂါဖြစ်လို့ဆေးခန်းပြမှပဲသိရမယ်။ရောဂါတောင်မသိတော့ မဖြစ်အောင် ရှောင်စရာ ကာကွယ်စရာဘယ်လိုလုပ်သိမှာလဲ ” လို့ ကျေးရွာနေထိုင်သူ ဒေါ်ချိုချို (အမည်လွဲ) ကပြောပါတယ်။ ကျေးရွာနေပြည်သူအများစုဟာ နေ့စဥ်စားဝတ်နေရေးအတွက်သာအဓိက လုပ်ကိုင်ဖြေရှင်းနေရတဲ့အတွက် မျောက်ကျောက်ရောဂါတင်မဟုတ်ပဲ မည်သည့် ကျန်းမာရေးစောင့်ရှောက်မှု သတင်းအချက်အလက် နှင့် အသိပညာမှန်သမျှ ကို မသိရှိနိုင်ပဲ ဖြစ်လာသမျှရော၈ါများအားContinue reading "မျောက်ကျောက်ရောဂါနှင့်ကာကွယ်ရေးအသိပညာများသတင်းအချက်အလက်များကျေးလက်နေပြည်သူကြားမသိ"

စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေသည့် နည်းလမ်းများ
မျှဝေရင်းကူ

စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေသည့် နည်းလမ်းများ

By MyanHealth  |  August 23, 2024

စိတ်ဓာတ်ကျခြင်းသည် လူတိုင်း တစ်ချိန်ချိန်တွင် ခံစားရနိုင်သော စိတ်ခံစားမှုတစ်ရပ်ဖြစ်သည်။ သို့သော် ပြင်းထန်လာပါက နေ့စဉ်ဘဝကို ထိခိုက်စေနိုင်သည်။ စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေရန် အောက်ပါနည်းလမ်းများအချို့ကို ပြုလုပ်ကြည့်ရန် MyanHealth မှ အကြံပြုလိုက်ပါသည်။ https://myanhealth.org/wp-content/uploads/2024/08/necessary-food-img-768×1024.jpeg စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေသည့် နည်းလမ်းအချို့   လုံလောက်စွာ အိပ်စက်အနားယူပါ။ လုံလောက်သောအိပ်စက်ခြင်းသည် ဦးနှောက်ကို ပြန်လည်အားဖြည့်ပေးပြီး စိတ်ဖိစီးမှုကို လျော့ချပေးသည်။ တစ်နေ့ကို 7-9 နာရီခန့် အိပ်ပါ။ ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရဖြစ်စေသောအစားအစာများကို ကိုယ်တိုင်ချက်ပြုတ်စားသုံးပါ။  á€€á€ťá€”်းမဏရ္းနသငအ်ညဎညွတ်သ္ဏ အစားအသောက်များသည် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို ပေးစွမ်းပြီး စိတ်ကျန်းမာရေးကို ထောက်ပံ့ပေးသည်။ ဝါသနာပါပြီး စိတ်အပန်းပြေစေသည့်အလုပ်များ လုပ်ဆောင်ပါ။ ဝါသနာပါသော အလုပ်များကို လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ချပေးပြီး ပျော်ရွှင်မှုကို ဖြစ်ပေါ်စေသည်။ ဥပမာ –Continue reading "စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေသည့် နည်းလမ်းများ"

မျောက်ကျောက်ရောဂါ
ဆောင်းပါးသတင်း

မျောက်ကျောက်ရောဂါ

By MyanHealth  |  August 22, 2024

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက မျောက်ကျောက်ရောဂါကို နိုင်ငံတစ်ကာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ အဖြစ် ထုတ်ပြန်ထားပါတယ်။ မျောက်ကျောက်ရောဂါဆိုတာ နာမည်အတိုင်းပဲ ၁၉၅၈ ခုနှစ်မှာ မျောက်မှာ စတွေ့ခဲ့တဲ့ ရောဂါဖြစ်ပြီး ရေကျောက်၊ ကျောက်ရောဂါစတဲ့ ကျောက် အနွယ်ဝင်ဖြစ်ပါတယ်။ လူမှာတော့ ကွန်ဂိုနိုင်ငံမှာ ၁၉၇၀ မှာ စတွေ့ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်ကစပြီး ကမ္ဘာ့နေရာအတော်များများမှာ ကူးစက်ပျံ့နှံ့ခဲ့ပါတယ်၊ နိုင်ငံအချို့မှာ အစုလိုက်အပြုံလိုက် ကူးစက်တာမျိုးကိုလည်းတွေ့ရပါတယ်။ မျောက်ကျောက်ရောဂါဟာ Monkeypox လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရပါတယ်။ Clade I နဲ့ clade II ဆိုပြီး အမျိုးအစား ၂ မျိုးရှိပြီး  Clade IContinue reading "မျောက်ကျောက်ရောဂါ"

အိမ်ဦးနတ်ရဲ့ သောက
မိခင်ဒိုင်ယာရီ

အိမ်ဦးနတ်ရဲ့ သောက

By MyanHealth  |  August 16, 2024

ကိုစိုင်း -ရေးသည်။ နယ်မြို့လေးတစ်ခုအခြေစိုက် ဒေသတွင်းသတင်းဂျာနယ်မှာအယ်ဒီတာလုပ်တဲ့ ကိုစိုးအောင်အတွက် ကံကြမ္မာအလှည့်အပြောင်းက ၂၀၂၁ စစ်အာဏာသိမ်းပြီး ခြောက်လအကြာမှာ စခဲ့ပါတယ်။ https://myanhealth.org/wp-content/uploads/2024/08/paternalstress_0824-img-1024×536.jpgစစ်ကောင်စီတပ်က သတင်းတိုက်ကိုနှစ်ကြိမ်တိုင်ဝင်စီးနင်းရှာဖွေပြီးနောက်မှာ သတင်းတိုက် ဆက်လက်လည်ပါတ်ဖို့မဖြစ်နိုင်တော့ဘဲ ဂျာနယ်ဘုတ်အဖွဲ့ဆုံးဖြတ်ချက်ကြောင့် သတင်းစာရပ်နားခဲ့ရတယ်။  á€•á€‘á€™á€Ąá€€á€źá€­á€™á€şá€á€„á€şá€…á€Žá€¸á€”á€„á€şá€¸á€€á€á€Šá€şá€¸á€€ ကိုစိုးအောင်ကံကောင်းစွာလွတ်မြောက်ခဲ့ပြီး ကျေးရွာတစ်ခုမှာ မိသားစုလိုက် တိမ်းရှောင်ခဲ့ကြတယ်လို့ ပြောပါတယ်။  á€žá€Żá€śá€¸á€”သစ်ဥရွယ် သမီးနဲ့ ရှစ်နှစ်အရွယ်သားတို့ရဲ့ဖခင် ကိုစိုးအောင်တို့ မိသားစုဟာ သုံးလကြာ ကျေးလက်မှာ နေထိုင်ရင်း ပုံမှန်ဝင်ငွေမရှိတာကြောင့် မိသားစုစားဝတ်နေရေးအတွက် မြို့က အိမ်ကိုပြန်ခြေချခဲ့ကြရပါတယ်။ သူ့ကို အမှုဖွင့်လှစ်ထားတာမရှိဘဲ စောင့်ကြည့်အဆင့်သာရှိတယ်လို့ မိတ်ဆွေအချို့ဆီက သတင်းရလို့ စိုးတထိတ်ထိတ် မရဲတရဲနဲ့ ပြန်လာခဲ့တာလို့ဆိုပါတယ်။  ” ထိုင်စားနေလို့မဖြစ်ဖူး၊မိသားစု ဝမ်းရေးအတွက် အလုပ်တခုခု လုပ်ဖို့ မြို့ပေါ်ပြန်တက်လာခဲ့ရတာ “လို့ ကိုစိုးအောင်ကပြောပါတယ်။  á€™á€­á€žá€Źá€¸á€…ုက ကိုစိုးအောင်ရဲ့ ဝင်ငွေတခုတည်းကိုပဲ မှီခိုလာခဲ့တာ​ပါ။ အိမ်ထောင်သက်၁၄နှစ်အတွင်းContinue reading "အိမ်ဦးနတ်ရဲ့ သောက"

မွေးကင်းစကလေး အသားဝါခြင်း
ဆောင်းပါးသတင်း

မွေးကင်းစကလေး အသားဝါခြင်း

By MyanHealth  |  August 14, 2024

မွေးကင်းစကလေးအသားဝါခြင်းကို မွေးကင်းစကလေးငယ် အတော်များများ ကြုံတွေ့ရလေ့ရှိပြီး နေ့စေ့လစေ့မွေးတဲ့ကလေး ၁၀ယောက်မှာ ၆ ယောက်ခန့်နဲ့ လမစေ့ဘဲမွေးတဲ့ကလေး ၁၀ ယောက်မှာ ၈ ယောက်ခန့် ကြုံတွေ့ရနိုင်ပါတယ်။ မွေးကင်းစကလေးငယ်ရဲ့သွေးထဲမှာ ဘီလီရူဘင် (bilirubin) လို့ခေါ်တဲ့ အသားဝါစေနိုင်တဲ့ဓါတ် (အဝါဓါတ်) တစ်မျိုးများလာတာကြောင့် အသားဝါလာရခြင်းဖြစ်ပါတယ်။ များသောအားဖြင့် ရောဂါကြောင့်မဟုတ်ဘဲ ဇီဝဖြစ်စဉ်ကြောင့်အသားဝါတတ်ပြီး မိခင်နဲ့ကလေးသွေးအမျိုးအစား မတူတာကြောင့်လဲ ဖြစ်တတ်သလို တစ်ခါတစ်ရံမှာတော့ အခြားသောအကြောင်းအရာများကြောင့် ဝါတတ်ပါတယ်။ မွေးကင်းစကလေး အသားဝါခြင်း ရှိ/မရှိကို အရေပြား၊ မျက်သား၊ လက်ဖဝါး၊ ခြေဖဝါး စတဲ့နေရာတွေမှာ သတိထားကြည့်ရှုနိုင်ပါတယ်။https://myanhealth.org/wp-content/uploads/2024/08/Jaundice-img-1024×576.jpg   ဇီဝဖြစ်စဉ်ကြောင့်အသားဝါခြင်း (Physiological Jaundice) ၇၅ ရာခိုင်နှုန်းသော မွေးကင်းစကလေးအသားဝါခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်အရဖြစ်ပြီးရောဂါမဟုတ်ပါဘူး။ မွေးပြီး ၃ ရက်လောက်မှာ ကလေးငယ်ဟာ အသားတွေစဝါတတ်ပြီး ၅Continue reading "မွေးကင်းစကလေး အသားဝါခြင်း"

နေရပ်စွန့်ခွါ ပြည်သူများအတွက် ထုပ်ပိုးသယ်ဆောင်သွားသင့်သော ရိက္ခာများ
မျှဝေရင်းကူ

နေရပ်စွန့်ခွါ ပြည်သူများအတွက် ထုပ်ပိုးသယ်ဆောင်သွားသင့်သော ရိက္ခာများ

By MyanHealth  |  August 12, 2024

မြန်မာနိုင်ငံရှိ စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများအတွက် အခြေခံ လူသုံးကုန် ပစ္စည်းများ ထုပ်ပိုးခြင်းသည် အရေးကြီးသော ကိစ္စတစ်ရပ် ဖြစ်ပါသည်။ ဘေးလွတ်ရာသို့ ရောက်ရှိသည့်တိုင် အခြေခံ စားသောက်ရေး အတွက် အခက်အခဲများ ရှိနိုင်သောကြောင့် ကြိုတင် ပြင်ဆင်ထားခြင်းက အထောက်အကူ ဖြစ်စေပါလိမ့်မည်။ အောက်တွင် ဖော်ပြပါ အချက်များသည် ထည့်သွင်းစဉ်းစားသင့်သော အခြေခံ ရိက္ခာများ ဖြစ်ပါသည်။ https://myanhealth.org/wp-content/uploads/2024/08/necessary-food-img-768×1024.jpeg အစားအသောက်များ ဆန်။ ဆန်သည် မြန်မာလူမျိုးများ၏ အဓိက အစားအစာဖြစ်သည်။ တတ်နိုင်သမျှ လုံလောက်သော ပမာဏကို ယူဆောင်သွားပါ။ ကြာရှည်ခံအောင် ဆန်အိတ်ကို သေချာစွာ ထုပ်ပိုးသိမ်းဆည်းပါ။ ဆီ။ ဆီသည် ချက်ပြုတ်ရာတွင် မရှိမဖြစ် လိုအပ်သည်။ ပုလင်း သို့မဟုတ် ဗူး အသေးများဖြင့် ထည့်ယူနိုင်သည်။ ပဲအမျိုးမျိုး။Continue reading "နေရပ်စွန့်ခွါ ပြည်သူများအတွက် ထုပ်ပိုးသယ်ဆောင်သွားသင့်သော ရိက္ခာများ"

ရေကြီးမှုဖြစ်ပွားပြီးနောက် ကျန်းမာရေး ဆောင်ရန်များ
မျှဝေရင်းကူ

ရေကြီးမှုဖြစ်ပွားပြီးနောက် ကျန်းမာရေး ဆောင်ရန်များ

By MyanHealth  |  August 12, 2024

ရေကြီးမှုဘေး ကျော်လွန်ပြီးနောက် ကျန်းမာရေး ဂရုစိုက်ကြစို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကျန်းမာရေး ဂရုစိုက်ဖို့ အရမ်းအရေးကြီးပါတယ်။ ရေကြီးတဲ့အချိန် ညစ်ညမ်းမှုတွေ ပါလာတတ်သလို၊ ရေကျသွားတဲ့အခါမှာလည်း ရောဂါပိုးတွေ ကျန်ရစ်ခဲ့တတ်လို့ပါ။ ဒါကြောင့် ကျန်းမာရေး ကောင်းစေဖို့ အောက်ပါ အချက်တွေကို လိုက်နာကြဖို့ MyanHealth ကနေ တိုက်တွန်းပါရစေ။ https://myanhealth.org/wp-content/uploads/2024/08/Health-measures-after-a-flood-img-768×1024.jpeg မဖြစ်မနေ လိုက်နာရမယ့် အချက် (၄) ချက် ၁။ အစာစားခြင်းမပြုမီနဲ့ အိမ်သာအသုံးပြုပြီးတိုင်း လက်ကို သေချာစွာဆေးကြောပါ။ 🧼 ရေကြီးမှုတွေကြောင့် ပတ်ဝန်းကျင်မှာ ရောဂါပိုးမွှားတွေ ပေါများနေနိုင်ပါတယ်။ ဒါကြောင့် လက်ကို ဆပ်ပြာနဲ့ ရေသုံးပြီး စက္ကန့် ၂၀ လောက် ပွတ်တိုက်ဆေးကြောတာက ကူးစက်ရောဂါတွေကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းပါ။ ၂။ သေချာကျက်အောင် ချက်ပြုတ်ထားသောContinue reading "ရေကြီးမှုဖြစ်ပွားပြီးနောက် ကျန်းမာရေး ဆောင်ရန်များ"

အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး
မျှဝေရင်းကူ

အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး

By MyanHealth  |  August 12, 2024

နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ညီညွတ်ဖို့ အရေးကြီးသလို ဘေးအန္တရာယ် ကင်းရှင်းဖို့ လည်း အရေးကြီးပါတယ်။ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် အောက်ပါ အချက်အလက်တွေကို မှတ်သားပြီး မျှဝေရင်း ကူညီကြမယ်။ https://myanhealth.org/wp-content/uploads/2024/08/food-safety_img-768×1024.jpeg

ရခိုင်ပြည်နယ်မှာ HIV နဲ့ TB ဆေးများပြတ်လပ်၊ ထိရောက်တဲ့ကုသမှုမလုပ်နိုင်လို့ သေဆုံးရတဲ့လူနာတွေပင်ရှိလာ
ဆောင်းပါးသတင်း

ရခိုင်ပြည်နယ်မှာ HIV နဲ့ TB ဆေးများပြတ်လပ်၊ ထိရောက်တဲ့ကုသမှုမလုပ်နိုင်လို့ သေဆုံးရတဲ့လူနာတွေပင်ရှိလာ

By MyanHealth  |  August 12, 2024

ဩဂုတ် ၁၁။ ရခိုင် ချစ်ခွန်းချို ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ကျန်းမာရေး ဆိုင်ရာ ဆိုးရွားတဲ့အခြေအနေတွေကြောင့်ပြည်သူတွေအသက်ဆုံးရှုံးနေရတဲ့အခြေအနေအပေါ် လက်ရှိအစိုးရဘက်ကလည်း ဖြေရှင်းပေးတာမရှိသလို ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲဖော်ဆောင်နေတဲ့ AA ရခိုင့်တပ်မတော်ကလည်း ဖြေရှင်းတာမျိုးမရှိဘူးလို့သိရပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ HIV, TB ဆေးအပါအဝင် အခြားနာတာရှည် ရောဂါတွေအတွက် ဆေးဝါးတွေ ပြတ်လတ်မှုဖြစ်ပေါ်နေတဲ့အပြင်ဆေးရုံတွေမှာလည်းထိရောက်တဲ့ကူသမှုတွေမပေးနိုင်တဲ့အခြေအနေတွေဖြစ်နေတယ်လို့ ေဒသခံပြည်သူတွေဆီကနေသိရပါတယ်။ https://myanhealth.org/wp-content/uploads/2024/08/colored_pills_capsules_img.jpeg တိုက်ပွဲတွေကြောင့်ရခိုင်ပြည်နယ်ကိုကုန်းကြောင်း၊ရေကြောင်းကနေဝင်ရောက်ခွင့်ကန့်သတ်ခံထားရပြီးဆေးဝါးပစ္စည်းတွေကိုပါတရားဝင်သယ်ဆောင်ခွင့်မပြုတဲ့အပြင်အရေးပေါ်လူနာတင်ယာဥ်တွေကိုလည်းမြို့နယ်တခုနဲ့တခုကိုသွားခွင့်မပြုသလိုပြည်မထဲကိုသွားရောက်ကုသခွင့်လည်းမပြုဘူးလို့သိရပါတယ်။ “မြို့ထဲက TB ဆေးထုတ်ပေးတဲ့ဌာနတွေမှာကိုဆေးတွေမရှိတော့ဘူး ။ပြတ်နေပြီ။ဆေးပြတ်ရင် TBလူနာရောHIVလူနာတွေရောကစိတ်ကျရောဂါဝင်တာပဲ။ဆေးမသောက်ရရင်သေတော့မှာလားဆိုပြီးဖြစ်ကုန်ရော။မြို့ထဲကဆေးရုံမှာကလည်းအကြီးစားခွဲစိတ်မှုတွေမလုပ်နိုင်ဘူး။ဆေးရုံမှာရှိနေသေးတဲ့လက်ကျန်ဆေးဝါးအရပဲကုသမှုလုပ်နိုင်တယ်။အရေးပေါ်လူနာလွှဲပြောင်းမယ်ဆိုလည်း လူနာတင်ကားတောင်မြို့အပြင်ပေးမထွက်တော့သေတဲ့သူတွေများလာတယ်။အခုကမြို့ထဲဆေးရုံမှာကုလို့ရရင်ကု၊ကုမရရင်အသေခံဒါပဲရှိတယ်။” လို့ တောင်ကုတ်မြို့နယ် ဒေသခံတစ်ဦးဖြစ်သူကိုမင်းမင်း (အမည်လွဲ) ကပြောပါတယ်။ တောင်ကုတ်မြို့နယ်တခုတည်းမှာတင်ဆေးဝါးပြတ်လတ်မှု၊အရေးပေါ်ကူသမှုမလုပ်နိုင်တဲ့အခြေအနေတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ဒေခံပြည်သူ ၁၀ ဦးကျော်အထိရှိနေတယ်လို့သိရပါတယ်။ အလားတူ အခြားရခိုင်ပြည်နယ်တွင်းရှိ မင်းပြား၊သံတွဲ၊ပေါက်တောအပါအဝင် စတဲ့မြို့နယ်တွေမှာပါ ဆေးဝါးတွေပြတ်လပ်နေပြီးဆေးရုံတွေမှာလည်းဆရာဝန်နဲ့သူနာပြုတွေမရှိသလောက်ဖြစ်နေတဲ့အတွက် လက်နက်ကြီးထိမှန်တဲ့လူနာအပါအဝင် နာတာရှည်ရောဂါခံစားရသူတွေ၊HIV ဆေးသောက်သုံးရသူတွေ အားလုံးဒုက္ခရောက်နေကြရတာဖြစ်တယ်လို့သိရပါတယ်။ တရားမဝင်တင်သွင်းရောင်းချနေတဲ့ ဆေးဝါးများရှိသော်လည်း စျေးနူန်းအဆမတန်ကြီးမြင့်နေတာကြောင့် ဒေသခံပြည်သူတွေမှာContinue reading "ရခိုင်ပြည်နယ်မှာ HIV နဲ့ TB ဆေးများပြတ်လပ်၊ ထိရောက်တဲ့ကုသမှုမလုပ်နိုင်လို့ သေဆုံးရတဲ့လူနာတွေပင်ရှိလာ"

ကိုယ်ဝန်ဆောင်ကာလ ကြွက်တက်ခြင်း
ဆောင်းပါးသတင်း

ကိုယ်ဝန်ဆောင်ကာလ ကြွက်တက်ခြင်း

By MyanHealth  |  August 10, 2024

မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း ညအိပ်ပျော်နေတုန်း ခြေထောက်ကို ရုတ်တရက်ဆန့်လိုက်တဲ့အခါ ကြွက်တက်ခြင်းကို ခံစားဖူးကြပါသလား။ ကြွက်တက်ခြင်းဝေဒနာဟာ ကိုယ်ဝန်ဆောင်မိခင်အတော်များများ ခံစားရတဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။ ကြွက်သားတွေကို တမင်ထိန်းချုပ်တာမဟုတ်ဘဲနဲ့ ကျုံ့သွားတဲ့အခါ (သို့) တင်းသွားတဲ့အခါ ကြွက်တက်ခြင်းဝေဒနာကို ခံစားရပါတယ်။ ကြွက်တက်ပြီးရင်တော့ ကြွက်သားတွေမှာ နာကျဉ်ခြင်းဝေဒနာ ကျန်နေတတ်ပါတယ်။ ခြေသလုံးကြွက်သားနေရာမှာ အဖြစ်များပြီး တစ်ခါတစ်ရံ ပေါင်ကြွက်သားနဲ့ ခြေချောင်းတွေမှာပါ ခံစားရတတ်ပါတယ်။ https://myanhealth.org/wp-content/uploads/2024/08/cramps-during-pregnancy-img-1024×576.jpg   ကိုယ်ဝန်ဆောင်ကာလမှာ ကြွက်တက်ခြင်းဟာ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်း၊ အလေးအပင်မခြင်းစတဲ့ ကြွက်သားကို အလွန်အကျွံ အသုံးပြုမိခြင်း လေ့ကျင့်ခန်းမလုပ်ခင် အကြောမလျှော့ခြင်း ရေဓါတ်မပြည့်ဝခြင်း ကိုယ်ဝန်ဆောင်စဉ် မြင့်တက်လာတဲ့ ဟော်မုန်းတွေကြောင့်အပြင် ကိုယ်ဝန်ရဲ့အလေးချိန်ကြောင့် သွေးလှည့်ပတ်မှု ပြောင်းလဲခြင်း ကိုယ်ဝန်ရဲ့အလေးချိန်ကခြေထောက်အာရုံကြောတွေကိုဖိမိခြင်း ကိုယ်ဝန်ဆောင်စဉ်မှာ လိုအပ်တဲ့ သတ္တုဓါတ်တွေဖြစ်တဲ့ ပိုတက်စီယမ်၊ ကယ်(လ်)စီယမ်၊ မဂ္ဂနီစီယမ်စတာတွေContinue reading "ကိုယ်ဝန်ဆောင်ကာလ ကြွက်တက်ခြင်း"

Ads Advertisement