Skip to content

ဆောင်းပါးများ

သွားကျန်းမာရေးဟုဆိုရာဝယ်
ဆောင်းပါးသတင်း

သွားကျန်းမာရေးဟုဆိုရာဝယ်

By Dr. Aung Ko Htet, B.D.S (Mdy)  |  March 24, 2026

သက်ရှိသတ္တဝါမှန်သမျှက ကိုယ်ခန္ဓာကျန်းမာဖွံ့ဖြိုးဖို့အတွက် အာဟာရဖြစ်စေတဲ့ အစားအစာ တွေစားသုံးပေးဖို့ လိုအပ်ကြပါတယ်။ အာဟာရဖြစ်အောင်စားသုံးရာမှ ပါးစပ်၊ ခံတွင်းဆိုတာက အဓိက ကျတဲ့အစိတ်အပိုင်းဆိုတာ အားလုံးသိကြပါတယ်။ သွားတွေကတော့ အစားအစာတွေကို ကျေညက် အောင်ဝါးစားပြီး အစာအာဟာရတွေကို အစာအိမ်ကတဆင့် ခန္ဓာကိုယ်တခုလုံးကို ပို့ဆောင်ပေးတဲ့ လုပ်ငန်းစဉ်မှာ တထောင့်တနေရာပါဝင်နေပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ကြီးထွားဖို့အတွက် အထောက် အကူပြုတဲ့သွားနှင့်ခံတွင်း ကောင်းမွန်ကျန်းမာနေဖို့ အရေးကြီးပါတယ်ဗျ။ ​သွားတွေကအစားအစာတွေကို ကျေညက်အောင်ဝါးခြင်းအပြင် စကားသံကိုပီပီပြင်ပြင်ပြောဆို နိုင်ဖို့ကိုလည်း အထောက်အကူပြုပါတယ်။ ဥပမာ- အရှေ့သွားတွေမရှိတဲ့ သူတယောက်စကားပြောတဲ့ အခါ လေမလုံဘဲ မပီမသနဲ့အသံထွက်တွေကို ပြောင်းစေပါတယ်။ စကားပြောဆိုရင်း တံထွေးတွေစင် ထွက်နိုင်ပါတယ်။ အရှေ့သွား၊ အနောက်သွားရှိခြင်း မရှိခြင်းကလည်း လူတယောက်ရဲ့ မျက်နှာသွင်ပြင် ကို အပြောင်းအလဲများစွာဖြစ်စေပါတယ်ဗျာ။ ​သွားကျန်းမာရေးလို့ပြောလိုက်ရင် သွားတွေကိုပဲမြင်ယောင်နေလို့ မရပါဘူးဗျ။ သွားတချောင်း ချင်းရဲ့ဘေးပတ်လည်မှာContinue reading "သွားကျန်းမာရေးဟုဆိုရာဝယ်"

မြန်မာတွေ ဘယ်အချိန်မှာ အပျိုရည်/လူပျိုရည် ပျက်လဲ
ဆောင်းပါးသတင်း

မြန်မာတွေ ဘယ်အချိန်မှာ အပျိုရည်/လူပျိုရည် ပျက်လဲ

By Ko Ba Thet  |  March 23, 2026

“အပျိုရည် ပျက်တယ်”၊ “လူပျိုရည် ပျက်တယ်” ဆိုတဲ့ စကားလုံးတွေဟာ ကျွန်တော်တို့ မြန်မာ့လူအသိုင်းအဝိုင်းမှာ မကြာခဏ ကြားရလေ့ ရှိတဲ့ စကား၊ အထူးသဖြင့် လူငယ်တွေနဲ့ ပတ်သက်ပြီး သက်ကြီးပိုင်းတွေရဲ့ နှုတ်က ထွက်လာလေ့ ရှိတဲ့ စကား။ ခေတ်မီ လူ့အသိုင်းအဝိုင်းမှာ “အပျိုရည်/လူပျိုရည်” ပျက်တယ်ဆိုတာ “ပထမဆုံးအကြိမ် လိင်ဆက်ဆံခြင်း” လို့သာ သိထားပေမယ့် မြန်မာ့လူ့အသိုင်းအဝိုင်းကတော့ ဒါကို ဇီဝဗေဒ သဘောတရားထက် ပိုတဲ့ ယဉ်ကျေးမှု၊ လူမှုရေးစံနှုန်း (Social and Cultural Norms) ပေါ်က အခြေခံ ပြီး ပြောဆိုလေ့ ရှိတာပါ။ ဒီလို သဘောပေါက်တဲ့အခါမှာ ပုံသဏ္ဍာန်လေးမျိုးနဲ့ နားလည်လက်ခံတာပါ။ တစ်ခုကတော့ အပျိုမြှေးဆိုတဲ့ (Hymen) နဲ့ ဆက်စပ်တဲ့ နားလည်မှု ပုံစံပါ။Continue reading "မြန်မာတွေ ဘယ်အချိန်မှာ အပျိုရည်/လူပျိုရည် ပျက်လဲ"

နွေရာသီမှာ မပေါ့ဆသင့်တဲ့ ယင်ကောင်ပြဿနာ
ကူးစက်ရောဂါ

နွေရာသီမှာ မပေါ့ဆသင့်တဲ့ ယင်ကောင်ပြဿနာ

By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  March 22, 2026

မြန်မာနိုင်ငံရဲ့နွေဟာ အခြားနိုင်ငံတွေလို အပူဒဏ်တစ်ခုတည်းကိုပဲ သယ်လာတာ မဟုတ်ပါဘူး။ နွေရဲ့အပူချိန်နဲ့အတူ အစားအစာပုပ်လွယ်၊ အမှိုက်နံ့ထွက်လွယ်သလို ယင်ကောင်တွေလည်း ပိုများလာပြီး သူနဲ့ဆက်စပ်တဲ့ ကျန်းမာရေးပြဿနာတွေကလည်း ပါလာပါတယ်။ ယင်ကောင်ဟာ တစ်ဝီဝီနဲ့ စိတ်အနှောင့်အယှက်ပေးတဲ့ ပိုးကောင်လေးတစ်မျိုးဖြစ်ရုံသာမက အညစ်အကြေးရှိတဲ့နေရာက ပိုးမွှားတွေကို အစားအသောက်နဲ့ လူနေရပ်ဝန်းထဲဆီ သယ်ဆောင်လာနိုင်တဲ့ ကြားခံပိုးမွှား တစ်မျိုးလည်း ဖြစ်ပါတယ်။ အထူးသဖြင့် မသန့်ရှင်းတဲ့ အစားအစာ၊ သောက်ရေ၊ မီးဖိုချောင်သုံးပစ္စည်းတွေပေါ် ယင်ကောင်နားတဲ့အခါ ဝမ်းလျှောဝမ်းပျက်ခြင်း ၊ အစာအဆိပ်သင့်ခြင်းလို ရောဂါတွေ ဖြစ်စေတဲ့ ပိုးမွှားတွေ ကူးစက်နိုင်ပါတယ်။ ယင်ကောင်တွေဟာ ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်တွေ၊ မှိုရောဂါပိုးတွေအပြင် ကပ်ပါးပိုးအချို့ကိုပါ သယ်ဆောင်နိုင်ပါသေးတယ်။ နွေရာသီရဲ့ အပူနဲ့ စိုထိုင်းဆက နွေရာသီမှာ ယင်ကောင်ပေါက်ဖွားမှု မြန်ဆန်ဖို့ တွန်းအားပေးနေပါတယ်။ ယင်ကောင်ရဲ့ ဘဝစက်ဝန်းမှာ ဥအဆင့်၊ လောက်အဆင့်၊Continue reading "နွေရာသီမှာ မပေါ့ဆသင့်တဲ့ ယင်ကောင်ပြဿနာ"

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၁၄၊မတ်လ၊၂၀၂၆- ၂၀၊မတ်၊၂၀၂၆)
ဆောင်းပါးသတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၁၄၊မတ်လ၊၂၀၂၆- ၂၀၊မတ်၊၂၀၂၆)

By Ko Tin  |  March 20, 2026

• ရာသီဥတု ပူပြင်းလာပြီဖြစ်လို့ ခန္ဓာကိုယ်တွင်း ရေနဲ့ ဓာတ်ဆားဓာတ် ဆုံးရှုံးမှု ပိုများလာတာ၊ အပူဒဏ်ကြောင့် မိတ်နဲ့ ယားနာဖုတွေ ထွက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ မူးဝေတာ၊ ခေါင်းကိုက်တာ၊ ကြွက်တက်တာ၊ ချွေးခြောက်တာ၊ ကိုယ်အပူ ချိန်မြင့်ပြီး တက်တာ / သတိလစ်တာတွေ ဖြစ်နိုင်တဲ့အပြင် အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တာကြောင့် ပူပြင်းတဲ့ နေ​ရောင်အောက် ပြင်းပြင်းထန်ထန် အလုပ်လုပ်တာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာတွေကို ရှောင်ကြဉ်ဖို့၊ အပြင်ထွက် သွားလာရတဲ့အခါ အပူဒဏ်ကာနိုင်မယ့် ထီး၊ ဦးထုပ် ဆောင်းတာ၊ အလုပ်လုပ်တဲ့အခါ ဆက်တိုက်အလုပ်လုပ်တာကို​ရှောင်ပြီး မကြာခဏ အနားယူပေးတာ၊ နားတဲ့အခါ အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာတွေမှာ နားကြဖို့ လိုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။ • ခွဲစိတ်ဖို့ မလိုတဲ့ ဆီးကျောက်တည်ရောဂါကို တရုတ်၊Continue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၁၄၊မတ်လ၊၂၀၂၆- ၂၀၊မတ်၊၂၀၂၆)"

မီးယပ်သွေးဆုံးကိုင်ခြင်းကို အမျိုးသမီးများဘယ်လိုဖြတ်ကျော်ကြမလဲ
ဆောင်းပါးသတင်း

မီးယပ်သွေးဆုံးကိုင်ခြင်းကို အမျိုးသမီးများဘယ်လိုဖြတ်ကျော်ကြမလဲ

By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  March 19, 2026

အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့မတူတဲ့ မျိုးပွားအင်္ဂါစနစ် တည်ဆောက်ပုံကို ရရှိထားကြတာကြောင့် အပျိုဖော်ဝင်ချိန်ကစပြီး မီးယပ်သွေးဆုံးချိန်အထိ လစဉ်ဓမ္မတာကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရလေ့ရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွားခြင်းလုပ်ငန်းစဉ် အဆုံးသတ်ကာလဖြစ်တဲ့ မီးယပ်သွေးဆုံးခြင်းဟာ အမြဲဖြောင့်ဖြူးသာယာပြီး သက်တောင့်သက်သာ မရှိပါဘူး။ အမျိုးသမီးအများစုဟာ အသက် ၄၅-၅၅နှစ်အတွင်း မီးယပ်သွေးဆုံးလေ့ရှိပြီး တစ်ချို့မှာတော့ ဒီထက် စောတာ၊ နောက်ကျတာ ဖြစ်နိုင်ပါတယ်။ ဓမ္မတာဖြစ်စဉ် ၁၂ လလောက် လုံးဝရပ်သွားရင်တော့ ဒါကို သွေးဆုံးပြီလို့ သတ်မှတ်လို့ရပါတယ်။ မီးယပ်သွေးဆုံးခြင်းကိုင်ခြင်းဆိုတာ ရောဂါတစ်ခုမဟုတ်ဘဲ အမျိုးသမီးများ ကျော်ဖြတ်ရမယ့် ဘဝရဲ့ အချိုးအကွေ့တစ်ခုပါ။ မမျိုးပွားအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မမျိုးဥတွေဟာ အီစထရိုဂျင် (Estrogen) နဲ့ ပရိုဂျက်စတီရုန်း (Progesterone) လို့ခေါ်တဲ့ မဟော်မုန်းထုတ်လုပ်နိုင်စွမ်း တစ်ဖြည်းဖြည်းလျှော့ကျလာပြီး ဓမ္မတာဖြစ်စဉ် လုံးဝရပ်တန့်သွားတာကို မြန်မာလို သွေးဆုံးတယ်လို့ ခေါ်လေ့ရှိကြပါတယ်။ ဒီအကူးအပြောင်းကာလမှာContinue reading "မီးယပ်သွေးဆုံးကိုင်ခြင်းကို အမျိုးသမီးများဘယ်လိုဖြတ်ကျော်ကြမလဲ"

အခါမဟုတ်မိုးနဲ့ အဖြစ်များတဲ့ ရောဂါ၊ လက္ခဏာ
ဆောင်းပါးသတင်း

အခါမဟုတ်မိုးနဲ့ အဖြစ်များတဲ့ ရောဂါ၊ လက္ခဏာ

By MyanHealth  |  March 18, 2026

ရန်ကုန်အပါအဝင် မြန်မာပြည်က ဒေသအချို့မှာ အခုဆိုရင် အခါစောမိုးတွေ ရွာလို့ တချို့သော သူတွေကတော့ အပူလျော့ပြီဟေ့လို့ ပျော်နေကြပေမယ့် တကယ်တော့ ဒါဟာ ကျန်းမာရေးရှုထောင့်အရ သတိ ထားရမယ့် အရာပါ။ ပုံမှန်အားဖြင့် မြန်မာပြည်ရဲ့ မိုးရာသီဟာ မေလကနေ အောက်တိုဘာလအထိပါ။ ဒါကို တချို့ကလည်း မုတ်သုန်ရာသီဥတုလို့လည်း သုံးနှုန်းတတ်ကြပါတယ်။ တခါတရံမှာ မုတ်သုန်အဝင်စောလို့ မိုးရာသီ စောစောရောက်တာ ရှိတတ်ပေမယ့် ဒါကလည်း ဧပြီလလောက်ကျမှ ဖြစ်တတ်တာပါ။ ဒါပေမဲ့လည်း အခုနှစ်မှာတော့ မုတ်သုန်မိုး စောစောမဝင်ခင်မှာတောင် အခါစော မိုး (ဒါမှမဟုတ်) အခါမဟုတ် မိုးတွေ ရွာသွန်းလာတာက ပူပြင်းမှုကို လျော့ပါးစေပေမယ့် သတိထားရမယ့် ခြိမ်းခြောက်မှုတွေကလည်း ရှိလာပါတယ်။ ဒါဟာ အပူချိန်၊ လေထု စိုထိုင်းဆနဲ့ ရေဝပ်မှုတွေကနေ လာမယ့် ခြိမ်းခြောက်မှုပါ။​Continue reading "အခါမဟုတ်မိုးနဲ့ အဖြစ်များတဲ့ ရောဂါ၊ လက္ခဏာ"

အယ်နီညိုကြောင့်ပိုပူလာတဲ့နွေရာသီမှာ ကိုယ်ခံအားနဲ့ အလှအပအတွက် သဘာဝအဖျော်ယမကာများ
Tips & Tricks

အယ်နီညိုကြောင့်ပိုပူလာတဲ့နွေရာသီမှာ ကိုယ်ခံအားနဲ့ အလှအပအတွက် သဘာဝအဖျော်ယမကာများ

By Tin Zar Aung  |  March 16, 2026

လက်ရှိမှာ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကို ဖြတ်သန်းနေရပြီနော်။ မိုးလေဝသပညာရှင်တွေရဲ့ သတိ ပေးချက်အရ ဒီနှစ် ၂၀၂၆ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပါ သမိုင်း မှတ်တိုင်သစ်တစ်ခု ထူလာနိုင်တယ်လို့ သိရပါတယ်။ အယ်လ်နီညိုရဲ့ နောက်ဆက်တွဲအရှိန်၊ Heat Dome ဖြစ်စဉ်နဲ့ ကမ္ဘာကြီးပူနွေးလာမှုတို့ကြောင့် ဒီနှစ်ရဲ့ ပျမ်းမျှ အပူချိန်ဟာ စံချိန်တင် ၁.၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ပါတယ်။ အိမ်နီးချင်း ထိုင်း နိုင်ငံမှာ အပူချိန် ၄၂-၄၃ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး မြန်မာနိုင်ငံအတွက် လည်း သတိထားရမယ့် အခြေအနေပါ။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ အပူချိန် မြင့်တက်ပြီး ရန်ကုန်၊ ဧရာဝတီလို ကမ်းရိုးတန်းဒေသတွေမှာတော့ စိုထိုင်းဆများတဲ့ မွန်းကြပ်ဖွယ်ရာ ရာသီဥတုမျိုး ကို ကြုံတွေ့ရဖို့ ရှိပါတယ်။ ဒီလိုပြင်းထန်တဲ့Continue reading "အယ်နီညိုကြောင့်ပိုပူလာတဲ့နွေရာသီမှာ ကိုယ်ခံအားနဲ့ အလှအပအတွက် သဘာဝအဖျော်ယမကာများ"

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၈၊မတ်လ၊၂၀၂၆- ၁၄၊မတ်လ၊၂၀၂၆)
ဆောင်းပါးသတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၈၊မတ်လ၊၂၀၂၆- ၁၄၊မတ်လ၊၂၀၂၆)

By Ko Tin  |  March 14, 2026

• ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့အဆောက်အအုံတွေ ပိုမိုအားကောင်းလာစေဖို့နဲ့ ကျန်းမာရေးဝန်ဆောင်မှုအရည်အသွေးပိုပြီးကောင်းမွန်စေဖို့ အတွက် စစ်တွေမှာရှိတဲ့ အိုင်စီအာရ်စီက လစဥ် လူနာ ၂၀၀ နီးပါးကို ဝန်ဆောင်မှုတွေပေးနေတဲ့ စစ်တွေမြို့နယ်က သက်ကယ်ပြင် ဆေးရုံမှာ ဆိုလာလျှပ်စစ်မီးစနစ်တပ်ဆင်ပေးခဲ့တယ်လို့ International Committee of the Red Cross Myanmar ကထုတ်ပြန်ထားပါတယ်။ • မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် အမျိုးသမီးများသည် မိသားစုများသည် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ကျန်းမာရေးနှင့် သက်တောင့်သက်သာ နေထိုင်မှုအတွက် မရှိမဖြစ်လိုအပ်သော အခြေခံပစ္စည်းများကို လျှော့ချ စွန့်လွှတ် အနစ်နာခံနေ ရဟု UN-OCHA ကထုတ်ပြန်သည်။ • ကင်ဆာဝေဒနာရှင်တွေအတွက် တစ်နေရာတည်းမှာ ပြည့်စုံတဲ့ ကုသမှု စင်တာအဖြစ် ဆေးကုသ မှုတွေ ပေးနိုင်ဖို့ နဲ့ သုတေသနလုပ်ငန်းတွေကိုပါ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီးContinue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၈၊မတ်လ၊၂၀၂၆- ၁၄၊မတ်လ၊၂၀၂၆)"

“လယ်ထဲကပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး” မသိမသာထိတွေ့မှုမှသည် ရေရှည်သတိပြုစရာ ကျန်းမာရေးပြဿနာ
သိလိုရာမေးတောင်သူ့ကျန်းမာရေး

“လယ်ထဲကပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး” မသိမသာထိတွေ့မှုမှသည် ရေရှည်သတိပြုစရာ ကျန်းမာရေးပြဿနာ

By MyanHealth  |  March 12, 2026

ကျွန်တော်တို့နိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးကို အဓိကအားပြုတဲ့နိုင်ငံဖြစ်ပါတယ်။ သို့သော်လည်း မိရိုးဖလာ လယ်ယာစိုက်ပျိုးရေးကနေ ခေတ်သစ်လယ်ယာ စိုက်ပျိုးရေးကို ကူးပြောင်းတဲ့ အခါမှာ စိုက်ပျိုးရေးနည်းစနစ်အသစ်တွေ စက်ပစ္စည်းတွေ တွင်တွင်ကျယ်ကျယ် သုံးစွဲလာတာမျိုးတွေ ရှိပါတယ်။ ဒီလိုတိုးတက်လာမှုဟာ တစ်ဖက်မှာလည်း စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ လွယ်ကူမြန်ဆန် လာသလို တစ်ဖက်မှာလည်း သတိထားရမယ့် ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်လည်းရှိနေပါတယ်။ ခေတ်သစ်စိုက်ပျိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သီးနှံအထွက်တိုးဖို့၊ ပေါင်းပင်တွေကြောင့် သီးနှံအထွက်လျော့တာမဖြစ်စေဖို့၊ စိုက်ခင်းတွေရောဂါပိုး ကျတာမဖြစ်စေဖို့နဲ့ ပိုးကောင်မွှားကောင်တွေ ကျရောက်ပြီး သီးနှံတွေဖျက်ဆီးခံရတာမျိုးမဖြစ်စေဖို့ ပိုးသတ်ဆေး(pesticides)နဲ့ ပေါင်းသတ်ဆေး (Herbicides)များကို ရေရှည်အသုံးပြုလာကြပါတယ်။ ဒီတော့ သုံးနေကြတဲ့ ပိုးသတ်ဆေး (pesticides)နဲ့ ပေါင်းသတ်ဆေး(Herbicides)ဆိုတာ ဘာတွေလဲလို့သိဖို့ အရင်လိုအပ်လာပါတယ်။ ပိုးသတ်ဆေး(pesticides)ဆိုတာ စိုက်ပျိုးရေးနဲ့ အိမ်သုံးလုပ်ငန်းတွေမှာ အပင်တွေကို ဖျက်ဆီးတဲ့ ပိုးမွှားတွေ ဒါမှမဟုတ် ရောဂါပိုးတွေကို နှိမ်နင်းဖို့Continue reading "“လယ်ထဲကပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး” မသိမသာထိတွေ့မှုမှသည် ရေရှည်သတိပြုစရာ ကျန်းမာရေးပြဿနာ"

Podcast - နေကောင်းလား

နေကောင်းလား Ep_3_ podcast

By MyanHealth  |  March 11, 2026

Myan Health ကို နားဆင်အားပေးနေကြတဲ့ မိဘပြည်သူအားလုံး မင်္ဂလာပါရှင်။ ‘နေကောင်းကျန်းမာကြပါရဲ့လား’ လို့ အရင်ဆုံး နှုတ်ခွန်းဆက်သလိုက်ပါတယ်။ မြန်မာပြည်သူ ပြည်သားတိုင်း ပိုမိုကျန်းမာတဲ့ စိတ်နဲ့ ခန္ဓာကို ပိုင်ဆိုင်နိုင်ဖို့၊ မှန်ကန်တဲ့ ကျန်းမာရေး သတင်းအချက်အလက်တွေကို ဝေမျှပေးနေတဲ့ ‘နေကောင်းလား’ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ ကျွန်မတို့ ရန်ကုန်မြို့သူ မြို့သားတွေ နေ့စဉ်နဲ့အမျှ ရှူရှိုက်နေရပေမဲ့ သတိမထားမိဘဲ ဖြစ်နေတဲ့ ‘အသံတိတ်လူသတ်သမား’ အကြောင်းကို ဆွေးနွေးချင်ပါတယ်။ အဲ့ဒါကတော့ လတ်တလော စိုးရိမ်စရာ ဖြစ်လာတဲ့ ‘လေထုညစ်ညမ်းမှု’ ပြဿနာပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ နိုင်ငံတကာ လေထုအရည်အသွေး စောင့်ကြည့်ရေးအဖွဲ့ (IQAir) ရဲ့ ထုတ်ပြန်ချက်တွေအရ ရန်ကုန်မြို့ရဲ့ လေထုဟာ ကျန်းမာရေးအတွက် ‘အန္တရာယ်ရှိတဲ့ အနီရောင်အဆင့်’ ကိုContinue reading "နေကောင်းလား Ep_3_ podcast"

အမျိုးသမီးတိုင်းအတွက် အခွင့်အရေး၊ တရားမျှတမှုနှင့် ကျန်းမာရေး ဦးတည်ချက်များ
ဆောင်းပါးသတင်း

အမျိုးသမီးတိုင်းအတွက် အခွင့်အရေး၊ တရားမျှတမှုနှင့် ကျန်းမာရေး ဦးတည်ချက်များ

By MyanHealth  |  March 10, 2026

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် သတ်မှတ်ထားသော ဆောင်ပုဒ်သည် “အခွင့်အရေး။ တရားမျှတမှု။ စွမ်းဆောင်မှု။ အမျိုးသမီးများနှင့် မိန်းကလေးတိုင်းအတွက်” ဖြစ်သည်။ ဤဆောင်ပုဒ်နှင့်အတူ “ပေးကမ်းခြင်းဖြင့် ရယူပါ (Give To Gain)” ဟူသော ချဉ်းကပ်မှုသည် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းအတွင်း ကပ်ငြိတည်ရှိနေသော ဘက်လိုက်မှုများကို စိန်ခေါ်တိုက်ဖျက်ရန်နှင့် ကျားမ တန်းတူညီမျှမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ကျွန်ုပ်တို့အားလုံးကို တိုက်တွန်းနှိုးဆော်လျက် ရှိသည်။ ယခုမတ်လဆန်းသို့ရောက်ရှိလာချိန်တွင် နှစ်စဉ်မတ်လ ၈ ရက်နေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်း၌ အမျိုးသမီးများအား ဂုဏ်ပြုသောအားဖြင့် ပွဲလမ်းသဘင်များအခမ်းအနားများဖြင့် စည်ကား သိုက် မြိုက်နေသည်မှာ ဓလေ့တခုပင်ဖြစ်သည်။ သို့သော် ဤနေ့ထူးသည် အပေါ်ယံအခမ်းအနားမျှသာ မဟုတ်ပါ။ လွန်ခဲ့သော ၁၉၀၈ ခုနှစ်က နယူးယောက်မြို့ရှိ အထည်ချုပ်စက်ရုံများမှ အမျိုးသမီး လုပ်သားContinue reading "အမျိုးသမီးတိုင်းအတွက် အခွင့်အရေး၊ တရားမျှတမှုနှင့် ကျန်းမာရေး ဦးတည်ချက်များ"

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၁၊မတ်၊၂၀၂၆- ၇၊မတ်၊၂၀၂၆)
ဆောင်းပါးသတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၁၊မတ်၊၂၀၂၆- ၇၊မတ်၊၂၀၂၆)

By Ko Tin  |  March 9, 2026

• နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှာ စတုတ္ထအကြိမ်နဲ့ ပဉ္စမအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ် ကုသမှုကို ဖေဖော်ဝါရီ ၂၅ ရက်နဲ့ ၂၆ ရက်တို့မှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကနေ သိရပါတယ်။ • နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှာ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်ထားတဲ့ လူနာတွေကို ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကြည့်ရှုအား ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ • မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာ ၁၉ ရွာက စစ်ရှောင်ပြည်သူ ၁၅,၀၀၀ ကျော်ဟာ စစ်ရှောင်ကာလ ၃ လနီးပါးကြာ ကြာမြင့်လာတဲ့အတွက် စားရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ • ကရင်နီပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုContinue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၁၊မတ်၊၂၀၂၆- ၇၊မတ်၊၂၀၂၆)"

Ads Advertisement