တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၂၊မေလ၊၂၀၂၆- ၈၊မေလ၊၂၀၂၆)
By Ko Tin | May 9, 2026
• ကျောက်ကပ် သွေးသန့်စင်တာတွေကို အခမဲ့ ပြုလုပ်ပေးဖို့အတွက် စက်အလုံးရေ (၁၆) လုံး ထပ်မံရောက်ရှိနေပြီဖြစ်လို့ တပ်ဆင်ပြီးရင် စက်အလုံးရေ (၂၀) နဲ့ တစ်ပတ်ကို လူနာ (၁၂၀) အထိ ကုသမှုပေးသွားမယ်လို့ KBZ Center Mandalay ကနေ သိရပါတယ်။ • ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်က ကရုဏာပါလ ကျောက်ကပ်သွေးသန့်စင် ကုသစင်တာကို ကျောက်ကပ်ဆေးစက် ငါးလုံးနဲ့ စတင်လည်ပတ်နေပြီး တစ်ရက်ကို ၃၀ ဦးအထိ ဆေးပေးမှာဖြစ်ကာ လုံးဝမတတ်နိုင်သူများအတွက် အခမဲ့ဖြစ်ပြီး ငွေကြေးတတ်နိုင်သူတွေကိုတော့ ပြန်လည်ထည့်ဝင်လှူဒါန်းမှုအဖြစ် ကျပ် ၈၀,၀၀၀ ကျပ်နှုန်းနဲ့ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ • အသည်းရောင်ရောဂါ ကာကွယ်၊ ကုသမှုလုပ်ငန်း အောင်မြင်တိုးတက်မှုအဖြစ် ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ့ဆေးရုံ<a href="https://myanhealth.org/articles-news/11745/">Continue reading <span class="sr-only">"တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၂၊မေလ၊၂၀၂၆- ၈၊မေလ၊၂၀၂၆)"</span></a>