Skip to content

အယ်ဒီတာအဖွဲ့

အယ်ဒီတာအဖွဲ့

U Myo Nyunt Maung

U Myo Nyunt Maung

အယ်ဒီတာချုပ်

၂၀၀၀ခုနှစ်၌ Living Color သတင်းနှင့်စီးပွားရေးမဂ္ဂဇင်းတွင် သတင်းထောက်အဖြစ် စတင်လုပ်ကိုင်ပြီး The Voice၊ခေတ်မြန်မာ၊The Myanmar Voice တို့တွင် တာဝန်ခံအယ်ဒီတာအဖြစ် ၂၀၀၇ခုနှစ်အထိလုပ်ကိုင်ခဲ့သည်။ ခေတ်ပြိုင် သတင်းဌာနတွင် သတင်းအယ်ဒီတာအဖြစ်(၂၀၀၈-၂၀၁၁ထိ)၊The True News Weekly တွင် အယ်ဒီတာချုပ်(၂၀၁၂ထိ)၊The Myanmar Post၊ The Myanmar Post Global၊မြန်မာသံတော်ဆင့်(၂၀၂၁ မတ်လထိ) တို့တွင် ပေါ်လစီဒါရိုက်တာအဖြစ်လုပ်ကိုင်ခဲ့သည်။ သတင်းမီဒီယာသမားလုပ်သက်တလျှောက် ပြည်တွင်းပြည်ပ၌ သတင်းမီဒီယာအတတ်ပညာများဆည်းပူးသင်ယူခြင်း၊ပြန်လည်သင်ကြားခြင်းတို့ကိုလုပ်ကိုင်လျက်ရှိ သည်။

Daw Thae Thin Zar

Daw Thae Thin Zar

အယ်ဒီတာ

သဲသဉ္ဇာသည် သတင်းမီဒီယာလောကတွင် Multi-Media Journalist တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ Medical Transcriptionist အတတ်ပညာကို လေ့လာဆည်းပူးခဲ့သူ ဖြစ်ပါသည်။ မီဒီယာနှင့် ကြော်ငြာအေဂျင်စီနယ်ပယ်တွင် အတွေ့အကြုံရင့်ကျက်သူဖြစ်ပြီး လက်ရှိတွင် ပြည်သူများထံ တိကျမှန်ကန်သော ကျန်းမာရေးဗဟုသုတများ ပျံ့နှံ့ရောက်ရှိစေရန် MyanHealth ၏ Copy Editor အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

Dr. Wor Mi Thi

Dr. Wor Mi Thi

အယ်ဒီတာ

ဒေါက်တာဝေါ်မိသီသည် ဆရာဝန်တစ်ဦးဖြစ်ပြီး ပြည်သူ့ကျန်းမာရေးပညာရှင်၊ သုတေသီတစ်ဦးလည်းဖြစ်သည်။ ကုသရေး၊ ပြည်သူ့ကျန်းမာရေးနှင့် သုတေသနပညာရပ်တို့ကို ပေါင်းစပ်ပြီး ပြည်သူ့ကျန်းမာရေးကို မြှင့်တင်ရန် စိတ်အားထက်သန်ပြီး လက်ရှိ MyanHealth မှတစ်ဆင့် မှန်ကန်သောကျန်းမာရေးသတင်းအချက်အလက်များကို လူတိုင်းလက်လှမ်းမှီနိုင်စေရန်နှင့် ပြည်သူများ၏ ကျန်းမာရေးအသိပညာ မြှင့်တက်လာစေရန် ဆောင်ရွက်လျှက်ရှိသည်။