Skip to content

ဆောင်းပါးများ

ကိုယ်ဝန်ဆောင်စဥ် မေးခိုင်ဆုံဆို့နာကာကွယ်ဆေးအပြည့်အဝမထိုးခဲ့လို့ မွေးကင်းစကလေးငယ်သေဆုံး
ဆောင်းပါးသတင်း

ကိုယ်ဝန်ဆောင်စဥ် မေးခိုင်ဆုံဆို့နာကာကွယ်ဆေးအပြည့်အဝမထိုးခဲ့လို့ မွေးကင်းစကလေးငယ်သေဆုံး

By MyanHealth  |  October 4, 2024

ကာကွယ်ဆေးထိုးခွင့်ဆုံးရှုံးနေတဲ့ ကိုယ်ဝန်ဆောင် အများအပြားရှိနေ မြန်မာနိုင်ငံမှာတော့ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကစလို့ ပြည်တွင်းမှာ ဆန္ဒပြမှုတွေ၊တိုက်ပွဲတွေ၊နယ်မြေမတည်ငြိမ်မှုတွေဆက်တိုက်ဖြစ်ပွားနေတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုမှာမေးခိုင်ဆုံဆို့နာကာကွယ်ဆေးတွေထိုးနှံနိုင်ခြင်းမရှိဘဲဖြစ်နေရပါတယ်။ https://doheainmat.org/wp-content/uploads/2024/03/Pooping_baby.jpg”ကာကွယ်ဆေးနဲ့ကာကွယ်လို့ရနိုင်ရက်သားနဲ့အသိမှားတစ်ချက်က ကလေးငယ်ရဲ့အသက်ကိုနုတ်ယူလိုက်သလိုဖြစ်ခဲ့ရတယ်” လို့ ကျိုက်ထိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကဆိုပါတယ်။ ဒီမွေးကင်းစ ကလေးလေးကတော့ မွေးဖွားပြီး ၆ ရက်မြောက်မှာ အဖျားဝင်ပြီး နို့မစို့တော့လို့ ကျိုက်ထိုပြည်သူ့ဆေးရုံကို ဆေးရုံတက်ရောက်ပြသချိန်မှာ မေးခိုင်ရောဂါပိုးဝင်ပြီး သွေးအဆိပ်တက်တဲ့ရောဂါဖြစ်ပွားကြောင်းသိရပြီးနောက် အောက်တိုဘာလ ၁ ရက်နေ့မှာ သေဆုံးခဲ့ရတဲ့ ကလေးငယ်ဖြစ်ပါတယ်။ ကလေးငယ်ရဲ့မိခင်ဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာကဖြစ်ပြီး ဒီကလေးလေးက သူရဲ့ တတိယမြောက် ကလေးငယ်ဖြစ်ပါတယ်။ သူမဟာ ကိုယ်ဝန်ဆောင်စဥ်ကာလမှာ ကျန်းမာရေးဝန်ကြီးဌာနက အခမဲ့ထိုးနှံပေးတဲ့ မေးခိုင်ဆုံဆို့နာကာကွယ်ဆေးကို ပထမတကြိမ်သာ ထိုးနှံခဲ့ပြီး ဒုတိယအကြိမ်ကို မထိုးခဲ့တဲ့အပြင် ကလေးကိုလည်း အရပ်လက်သည်နဲ့မွေးဖွားခဲ့တာကြောင့် မွေးဖွားလာတဲ့ ကလေးငယ်မှာရောဂါဝင်ပြီးသေဆုံးခဲ့ရတာဖြစ်တယ်လို့ ကျိုက်ထိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကပြော ပါတယ်။ “ဆရာမကပထမအကြိမ်ကာကွယ်ဆေးထိုးပေးတယ်။ဒုတိယအကြိမ်ထပ်ထိုးဖို့ခေါ်တယ်၊မလာဘူး။ပထမကလေးမွေးတုန်းကဘာမှမဖြစ်ဘူး၊ဘာဆေးမှလည်းမထိုးရဘူး။နေကောင်းကြတယ်ဆိုပြီးပေါ့ပေါ့တွေးလိုက်ကြတယ်။ကလေးမွေးတာတောင်သားဖွားဆရာမဆီမသွားပဲအရပ်လက်သည်နဲ့မွေးလိုက်ကြတယ်။ခြောက်ရက်သားရောက်တော့ကလေးငယ်ဖျားပြီးနို့လည်းမစို့နိုင်တော့ဘူး။ကလေးကဇက်တောင့်ပြီးတက်သလိုဖြစ်နေတယ်။ဆေးရုံရောက်တော့ကလေးကမေးခိုင်ရောဂါပိုးဝင်ပြီးသွေးဆိပ်တက်တဲ့ရောဂါအဆင့်ရနေပြီ။ဒါကြောင့်ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ နီးစပ်ရာကျန်းမာရေးဌာနမှာကိုယ်ဝန်ဆောင်စဉ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးဖြစ်အောင်ထိုးကြဖို့ပြောချင်ပါတယ်”Continue reading "ကိုယ်ဝန်ဆောင်စဥ် မေးခိုင်ဆုံဆို့နာကာကွယ်ဆေးအပြည့်အဝမထိုးခဲ့လို့ မွေးကင်းစကလေးငယ်သေဆုံး"

တိုင်းရင်းဆေးအကြောင်း တစ်စေ့တစ်စောင်း
ဆောင်းပါးသတင်း

တိုင်းရင်းဆေးအကြောင်း တစ်စေ့တစ်စောင်း

By MyanHealth  |  September 25, 2024

By Wor Mithi ခေတ်စနစ်တွေပြောင်းလာတာနဲ့အမျှ တိုင်းရင်းဆေးကဏ္ဍဟာလည်း တိုးတက်လာနေသလို အငြင်းပွားစရာ ကိစ္စတွေလည်း အများအပြားရှိနေပါတယ်။ တိုင်းရင်းဆေးရဲ့ အခန်းကဏ္ဍဟာ မြန်မာနိုင်ငံတင်သာမက အာရှနိုင်ငံအတော်များများမှာ အတော်ကို အရေးပါပါတယ်။ မျက်မှောက်ခေတ်မှာ တိုင်းရင်းဆေးကို သိပ္ပံနည်းကျ သုတေသနပြုလာကြပြီး အကျိုးကျေးဇူးနဲ့ ဆိုးကျိုးတွေကိုလည်း ပိုပြီးတိတိကျကျ သိရှိလာနေရပါတယ်။ အဲ့တာကြောင့် အခုဆို ကိုးရီးယား၊ တရုတ်၊ ထိုင်း စတဲ့နိုင်ငံတွေမှာ တိုင်းရင်းဆေးကို အနောက်တိုင်းဆေးဝါးနဲ့ပေါင်းပြီး ပေါင်းစပ်ကုသတဲ့စနစ် (Integrative medicine) နည်းလမ်းမျိုးကို အားစိုက်ထုတ်လုပ်ဆောင်နေကြတာကိုလည်း တွေ့နေရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ရှေးယခင် အနောက်တိုင်းဆေးဝါးတွေ မပေါ်ခင်ကတည်းက တိုင်းရင်းဆေးတွေဟာ ကျမတို့ ဘိုးဘွားမိဘတွေကို ကျန်းမာအောင် စောင့်ရှောက်ပေးခဲ့တာ ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမမီတဲ့ အခုအချိန်မှာလည်း တိုင်းရင်းဆေးဟာ မြန်မာနိုင်ငံက လူအတော်များများ အားကိုးအားထားပြုစရာ ဖြစ်ပါတယ်။Continue reading "တိုင်းရင်းဆေးအကြောင်း တစ်စေ့တစ်စောင်း"

ကလေးမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးအခန်းဏ္ဍ ဘယ်လိုအခြေအနေရှိလဲ
Uncategorized

ကလေးမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးအခန်းဏ္ဍ ဘယ်လိုအခြေအနေရှိလဲ

By MyanHealth  |  September 22, 2024

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးအခန်းဏ္ဍ ဘယ်လိုအခြေအနေရှိလဲ? ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမှီရေးအတွက် ဘာတွေဆုံးရှုံးနေလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းနေရလဲဆိုတာကို MyanHealth မှ စစ်ဘေးရှောင်အမျိုးသမီးများကို မေးမြန်းထားပါတယ်။  https://doheainmat.org/wp-content/uploads/2024/03/Pooping_baby.jpg သွေးလွန်တုပ်ကွေးကိုယ်တိုင်ဖြစ်တဲ့ အမျိုးသမီးတဦးနှင့် အင်တာဗျူး သူနေတဲ့ ရွာမှာတော့ စစ်ဘေးရှောင် စစ်ရှောင်မိသားစုပေါင်း ၃၀ လောက်ရှိပါတယ်။သူကတော့အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သားတစ်ယောက်ရှိပါတယ်။ Myanhealth -ပထမဆုံးအနေနဲ့ မေးချင်တာက အမအနေနဲ့စစ်ရှောင်လာတာ ဘယ်လောက်ကြာပြီလဲ။ ဖြေ -ကျွန်မ စစ်ရှောင်လာတာ ၆လရှိပြီ။ မိဘတွေ အဖေအမေကတော့ကျန်ခဲ့တယ်။ အခုပြေးလာတာ ကျွန်မတို့ မိသားစုပါပဲ။ ကျွန်မနဲ့ကျွန်မအမျိုးသားရယ်သမီးလေးနဲ့ပါ။ Myanhealth- စစ်ရှောင်ဖို့ပြေးလာတော့ နေမ​ကောင်းရင်သောက်ဖို့အရေးပေါ်သောက်နိုင်မယ် ဆေးဝါးတွေနဲ့ အစားအစာတွေရော ယူနိုင်ခဲ့လား။ ဖြေ- ကျွန်မတို့က ကြောက်လို့ပြေးရတော့ ဘာမှမပါဘူးရှင့်။ ဘာမှမယူနိုင်ခဲ့ဘူး။Continue reading "ကလေးမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးအခန်းဏ္ဍ ဘယ်လိုအခြေအနေရှိလဲ"

ရာဂီကြောင့် ရေဘေးသင့်သူသိန်းချီရှိပြီး ဆေးဝါး၊ အစားအစာ၊ ရေသန့်၊ အမျိုးသမီးလစဥ်သုံးပစ္စည်းတွေ လိုအပ်
ဆောင်းပါးသတင်း

ရာဂီကြောင့် ရေဘေးသင့်သူသိန်းချီရှိပြီး ဆေးဝါး၊ အစားအစာ၊ ရေသန့်၊ အမျိုးသမီးလစဥ်သုံးပစ္စည်းတွေ လိုအပ်

By MyanHealth  |  September 16, 2024

စက်တင်ဘာ ၁၆   တိုင်ဖွန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် မြန်မာနိုင်ငံက နေရာဒေသအများစုက ပြည်သူတွေ   á€›á€ąá€€á€źá€Žá€¸á€”á€…á€şá€™á€źá€Żá€•á€şá€™á€žá€Żá€’á€á€şá€€á€­á€Ż ဆိုးရွားစွာရင်ဆိုင်နေကြရပြီး အစားအစာ ၊သောက်ရေသန့်နဲ့ဆေးဝါးတွေ အဓိကအရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ် ။ https://myanhealth.org/wp-content/uploads/2024/08/FB_IMG_1723019643674-img.jpg မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁၁ ရက်ကစပြီး ရေကြီးနစ်မြုပ်မှုကိုခံစားနေရတာဖြစ်ပြီး လက်ရှိအထိလည်း ရွာလုံးကျွတ်ရေနစ်မြုပ်တာတွေ ရှိနေတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ကယ်ဆယ်ရေး အင်အားမလုံလောက်ခြင်း ၊ကယ်ဆယ်ရေးလှေမလုံလောက်ခြင်းတွေကြောင့် ကယ်ဆယ်ရေးတွေသွားရောက် နိုင်ခြင်းမရှိတဲ့ နေရာတွေလည်းအများအပြားရှိနေပါတယ်။   ဒါကြောင့် လက်ရှိရေနစ်မြုပ်ပြီး ကယ်ဆယ်ရေးမရောက်တဲ့ ကျေးရွာတွေ အပါအဝင် ရေဘေးသင့်ကယ်ဆယ်ရေးစခန်းတွေ၊ရေဘေးသင့်တွေ ခိုလှုံနေတဲ့ ဘုန်းတော်ကြီးကျောင်း စတဲ့ရေဘေးသင့်ပြည်သူတွေအတွက် အစားအစာတွေ၊ဆေးဝါးတွေနဲ့သောက်ရေသန့်တွေ အဓိကအများအပြား လိုအပ်နေတာဖြစ် တယ်လို့သိရပါတယ်။   “ရေစီးတအားသန်လို့ လှေတစင်းတည်းသွားမရတဲ့ရွာတွေရှိနေတယ်။ကယ်ဆယ်ရေးအင်အားမလောက်လို့ á€”á€ąá€›á€Źá€Ąá€…á€Żá€śá€™á€›á€ąá€Źá€€á€şá€”á€­á€Żá€„á€şá€á€Źá€á€˝á€ąá€œá€Šá€şá€¸á€›á€žá€­á€”á€ąá€á€šá€şá‹á€›á€ąá€…á€Žá€¸á€žá€”á€şá€á€˛á€ˇá€˜á€€á€şá€†á€­á€Ż လှေတွေစုပြီးသွားရတာရှိတယ်။ရေပြင်အလယ်စက်ပျက်တာဘာညာကလည်းရှိနိုင်တယ်လေ။အဓိက အစားအစာတွေလိုတယ်။ဆေးဝါးတွေလိုတယ်။သောက်ရေသန့်ရောပေါ့။အစားအစာဆို ချက်စားဖို့ကလည်း မလွယ်တော့ အသင့်စားအစားအစာရောContinue reading "ရာဂီကြောင့် ရေဘေးသင့်သူသိန်းချီရှိပြီး ဆေးဝါး၊ အစားအစာ၊ ရေသန့်၊ အမျိုးသမီးလစဥ်သုံးပစ္စည်းတွေ လိုအပ်"

ထိခိုက်ဒဏ်ရာကို ရှေးဦးသူနာပြုစုခြင်း
ဆောင်းပါးသတင်း

ထိခိုက်ဒဏ်ရာကို ရှေးဦးသူနာပြုစုခြင်း

By MyanHealth  |  September 11, 2024

သင့်မှာ ထိခိုက်ဒဏ်ရာရဖူးပါသလား။ ထိခိုက်ဒဏ်ရာရတဲ့အခါ လမ်းဘေးက အပင်တစ်ပင်ရဲ့ အရွက် ဒါမှမဟုတ် မြေကြီး၊ အချိုမှုန့်၊ နနွင်းတွေနဲ့ လူးလှိမ့် ကုသဖူးလား။ ဒီလိုမျိုး ကုသလို့ ပိုဆိုးသွားတာမျိုး ရှိဖူးလား။ ဒီပို့စ်မှာ ထိခိုက်ဒဏ်ရာတွေကို ဘယ်လို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဖြေရှင်းရမလဲ၊ အနာဝင်တာ၊ ပြည်တည်တာတွေ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကာကွယ်ရမလဲ ဆိုတာကို အသေးစိတ် ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

ကလေးငယ်များတွင် ဖြစ်တတ်သော အာဟာရပြဿနာများ
ဆောင်းပါးသတင်း

ကလေးငယ်များတွင် ဖြစ်တတ်သော အာဟာရပြဿနာများ

By MyanHealth  |  September 9, 2024

By Wor Mithi မိမိရင်သွေးတွေကို ဥာဏ်ရည်ကောင်းမွန်ပြီး ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာ ကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပဲဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့က အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးက သင့်တော်မျှတတဲ့ အာဟာရကို ကျွေးမွေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သင့်တော်တဲ့ အာဟာရဓါတ်ကို မရကြတဲ့အခါ ကလေးတွေမှာ အာဟာရဆိုင်ရာပြဿနာတွေ ဖြစ်ပွားလာပါတယ်။ အဖြစ်အများဆုံး အာဟာရပြဿနာ သုံးခုကတော့ အာဟာရချို့တဲ့ခြင်း၊ ဗီတာမင်နဲ့သတ္တုဓါတ်ချို့တဲ့ခြင်းနဲ့ အဝလွန်ခြင်း ပြဿနာများပဲ ဖြစ်ပါတယ်။ https://doheainmat.org/wp-content/uploads/2024/03/Pooping_baby.jpg   မိမိရင်သွေးမှာ အာဟာရချို့တဲ့ခြင်း/လွန်ကဲခြင်း ရှိ/မရှိ သိနိုင်စေဖို့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို ပုံမှန်တိုင်းတာပြီး စောင့်ကြည့်နိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ စံကိုယ်အလေးချိန်၊ အရပ်အမောင်းအောက် (-2Standard Deviation) ရှိနေရင် အာဟာရချို့တဲ့တယ်လို့ သတ်မှတ်ပြီး စံနှုန်းအထက် (+2 StandardContinue reading "ကလေးငယ်များတွင် ဖြစ်တတ်သော အာဟာရပြဿနာများ"

ဖျားနေသောကလေးကို အိမ်တွင်ပြုစုခြင်း
ဆောင်းပါးသတင်း

ဖျားနေသောကလေးကို အိမ်တွင်ပြုစုခြင်း

By MyanHealth  |  September 7, 2024

ကလေး ကိုယ်ပူနေရင် ဘာလုပ်ရမလဲ? အိမ်မှာ ဘယ်လို ကုသမလဲ? ကလေး ဖျားတဲ့အခါ မိဘတိုင်း စိုးရိမ်ပူပန်မိကြတာ သဘာဝပါ။ ဒီပို့စ်မှာ ကလေး ကိုယ်ပူခြင်းရဲ့ အကြောင်းရင်း၊ အိမ်တွင်း ပြုစုနည်းတွေနဲ့ ဘယ်အချိန် ဆေးခန်း/ဆေးရုံ သွားသင့်တယ်ဆိုတာ အသေးစိတ် ရှင်းပြထားပါတယ်။ ကလေးလေး ကိုယ်ပူရင် မေမေတို့ စိတ်မပူပါနဲ့။ ဒီအချက်လေးတွေ မှတ်ထားပြီး စနစ်တကျ ပြုစုပေးလိုက်ရုံပါ။

မွန်ပြည်နယ် နှင့် ထားဝယ်တွင်တွေ့ရှိသော မျောက်ကျောက်သံသယလူနာ ၃ ဦး အားလိုအပ်သည့် စစ်ဆေးမှုပြုလုပ်နေကြောင်းဆို
ဆောင်းပါးသတင်း

မွန်ပြည်နယ် နှင့် ထားဝယ်တွင်တွေ့ရှိသော မျောက်ကျောက်သံသယလူနာ ၃ ဦး အားလိုအပ်သည့် စစ်ဆေးမှုပြုလုပ်နေကြောင်းဆို

By MyanHealth  |  September 6, 2024

စက်တင်ဘာ ၆ မွန်ပြည်နယ် နဲ့ တနင်္သာရီ တိုင်းဒေသကြီးမှာ မျောက်ကျောက်ရောဂါလက္ခဏာသံသယလူနာ ၃ ဦးတွေ့ရှိထားပြီး သက်ဆိုင်ရာအစိုးရ ဆေးရုံတွေမှာပို့ဆောင်ထားတယ်လို့သိရပါတယ်။https://myanhealth.org/wp-content/uploads/2024/08/FB_IMG_1723019643674-img.jpghttps://myanhealth.org/wp-content/uploads/2024/09/FB_IMG_1725611909402.jpg   မျောက်ကျောက် သံသယလူနာကိုမွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ၁ ဦးနဲ့ ထားဝယ်မြို့နယ်မှာ ၂ ဦး ကို ယခု စက်တင်ဘာလ တွင်တွေ့ရှိခဲ့ရတာဖြစ်ပြီး အဆိုပါသံသယလူနာတွေထဲက ထားဝယ်မှာ ပထမဆုံး​တွေ့ရှိတဲ့မလေးရှားမှ ပြန်ရောက်လာသောမျိုးသမီး အသက် (၅၃) နှစ် ကတော့ စက်တင်ဘာ၂ ရက် နေ့မှာ ဆေးရုံကိုသွားရောက်ခဲ့ပါတယ်။ ထို့နောက် စက်တင်ဘာ (၄) ရက်နေ့ရဲ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရှိရဘူးလို့သိရပါတယ်။ အဆိုပါအမျိုးသမီးသည် ဩဂုတ်လ ၂၉ ရက်မှာ စတင်ဖျားပြီး အရေပြားမှာ အဖုအပိန့်တွေထွက်ရှိတာကြောင့် စက်တင်ဘာလ၂ရက်မှာ ပုဂ္ဂလိကဆေးရုံကို သွားရောက်ပြသစဥ် မျောက်ကျောက်ရောဂါသံသယ လက္ခဏာဟုContinue reading "မွန်ပြည်နယ် နှင့် ထားဝယ်တွင်တွေ့ရှိသော မျောက်ကျောက်သံသယလူနာ ၃ ဦး အားလိုအပ်သည့် စစ်ဆေးမှုပြုလုပ်နေကြောင်းဆို"

ကလေးငယ်နဲ့ မှက်ခရု (Oral thrush)
ဆောင်းပါးသတင်း

ကလေးငယ်နဲ့ မှက်ခရု (Oral thrush)

By MyanHealth  |  September 3, 2024

By Wor Mithi မေမေတို့အနေနဲ့ ကလေးငယ်လေးတွေရဲ့ လျှာပေါ်မှာ အဖြူအဖတ်ကလေးတွေ ရှိနေတာကို မြင်ဖူးကြပါသလား။ မှက်ခရုလို့ ခေါ်တဲ့ ကလေးငယ်လေးတွေရဲ့ ပါးစပ်ထဲမှာ ဖြစ်တတ်တဲ့ အနာဟာ မှိုရောဂါတစ်မျိုးဖြစ်ပြီး အလွန်ကို အတွေ့ရများတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ မှက်ခရုဖြစ်စေတဲ့မှိုရောဂါပိုးက ပါးစပ်ထဲမှာ ပုံမှန်လဲ ရှိနေတတ်တဲ့ မှိုတစ်မျိုး ဖြစ်ပါတယ်။ ကလေးငယ်လေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ကိုယ်ခံစွမ်းအားစနစ်က မကောင်းမွန်တဲ့အတွက် အဆိုပါမှိုတွေဟာ ပွားများလာပြီး မှက်ခရုကို ဖြစ်စေပါတယ်။ ကလေးငယ်တွေထဲမှာမှ နို့စို့ကလေးငယ်တွေ၊ ပန်းနာရင်ကျပ်အတွက် ဆေးသောက်/ဆေးရှူနေရတဲ့သူတွေမှာ မှက်ခရုဖြစ်နိုင်ခြေ ပိုများပါတယ်။ https://doheainmat.org/wp-content/uploads/2024/03/Pooping_baby.jpg မှက်ခရုကို ဘယ်လိုပုံစံတွေ့ရနိုင်သလဲ။ မှက်ခရုကို ကလေးငယ်လေးတွေရဲ့ လျှာပေါ်မှာ အဖြူဖတ်ပုံစံမျိုးနဲ့တွေ့ရပြီး၊ ပါးစောင်တွေထဲမှာ အနီပြောက်၊ အဖြူပြောက်တွေရှိနေတာမျိုး တွေ့ရလေ့ရှိပါတယ်။ မှက်ခရုပေါက်တဲ့အခါ ကလေးငယ်ဟာ နို့စို့ရခက်ခဲတာ၊ အစားစားရခက်ခဲတာ ဖြစ်နိုင်ပြီးContinue reading "ကလေးငယ်နဲ့ မှက်ခရု (Oral thrush)"

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူ ၃၀၀ ကျော်လောက်မှာ အရေပြားရောဂါဖြစ်ပွား၊ ရောဂါကူးစက်မှုအပေါ်   ထိန်းချုပ်နိုင်ခြင်းမရှိ
ဆောင်းပါးသတင်း

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူ ၃၀၀ ကျော်လောက်မှာ အရေပြားရောဂါဖြစ်ပွား၊ ရောဂါကူးစက်မှုအပေါ် ထိန်းချုပ်နိုင်ခြင်းမရှိ

By MyanHealth  |  September 2, 2024

စက်တင်ဘာ ၁။ ရခိုင် အထက်ပါဖြစ်စဥ် အတွက် ကုသရန် ဆေးဝါးလုံလောက်မှု မရှိ သောကြောင့် ရောဂါကူးစက်မှုအပေါ် ​  ထိန်းချုပ်နိုင်ခြင်းမရှိ ပဲဖြစ်နေရတယ်လို့သိရ ပါတယ်။ အရေပြားရောဂါအတွက် အဓိကလိမ်းဆေးတွေလိုအပ်နေတာဖြစ်ပြီး လက်ရှိစစ်ရှောင်စခန်းတွေမှာ လာရောက် စစ်ဘေး ရှောင်တဲ့ပြည်သူတွေ များပြားတာကတကြောင်း ၊ ဆေးဝါးမလုံလောက်ခြင်း၊ သောက်သုံးရေမသန့်ရှင်းခြင်း၊အိမ်သာမလုံလောက်ခြင်း၊နေရာထိုင်ခင်းခက်ခဲခြင်း၊အမိုးအကာမလုံလောက်ခြင်း စတဲ့ အခက်အခဲတွေကြောင့် အရေပြားရောဂါကူးစက်မှုပိုများလာရတာဖြစ်တယ်လို့သိရပါတယ်။https://myanhealth.org/wp-content/uploads/2024/08/FB_IMG_1723019643674-img.jpg “ဆေးဝါး က အဆင်မပြေဘူး။ဆေးဝါး အလွန်နည်းပါတယ်။ရှိတဲ့ဆေးကလည်း စျေး တအားကြီးတယ်။တစ်ယောက်ကို တစ်ယောက် ကူးစက်တာကတော့ ကုသစရာ ဆေးမရှိတာရော ၊လူတွေ တအားပြွတ်သိပ်ပြီး နေရတာ နဲ့လဲ ဆိုင်တယ်။အခုဆိုရင် စာသင်ကျောင်းဘုန်းကြီးကျောင်းတွေ မှာ စစ်ရှောင်သူ တွေ ပြွတ်သိပ်နေတယ်။ရေမသန့်တာ၊လေထုမသန့်တာလည်းပါတယ်။” လို့ စစ်ရှောင်တွေကိုကူညီနေသူတစ်ဦးကပြောပါတယ်။ လက်ရှိ အရေပြားရောဂါ ခံစားနေရတဲ့ စစ်ရှောင်ပြည်သူ ၃၀၀ ကျော်ဆိုတာဟာContinue reading "ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူ ၃၀၀ ကျော်လောက်မှာ အရေပြားရောဂါဖြစ်ပွား၊ ရောဂါကူးစက်မှုအပေါ် ထိန်းချုပ်နိုင်ခြင်းမရှိ"

ကလေးအသက်အလိုက် ဖွံ့ဖြိုးတိုးတက်မှုမိုင်တိုင်များ
ဆောင်းပါးသတင်း

ကလေးအသက်အလိုက် ဖွံ့ဖြိုးတိုးတက်မှုမိုင်တိုင်များ

By MyanHealth  |  August 30, 2024

By Wor Mithi မေမေတို့အနေနဲ့ သူများကလေးနဲ့ယှဉ်ပြီး ကိုယ့်ကလေးကို ဖွံ့ဖြိုးတိုးတက်မှုနှေးတယ်လို့ ထင်မိတဲ့အချိန်တွေ ရှိကြပါသလား။ ကလေးတစ်ဦးရဲ့ ကိုယ်ကာယစွမ်းရည်၊ ဉာဏ်ရည်၊ ခံစားချက်များနှင့် ပြောဆိုဆက်သွယ်နိုင်စွမ်း အစရှိတာတွေဟာ မွေးစကနေ အသက် ၅ နှစ်အထိ လျှင်လျှင်မြန်မြန် ဖွံ့ဖြိုးတိုးတက်လေ့ရှိပြီး ဖွံ့ဖြိုးမှုနှုန်းဟာ တစ်ဦးနှင့်တစ်ဦး တစ်ထပ်တည်း မတူညီနိုင်ပါဘူး။ ဒါပေမယ့် ကလေးအများစုဟာ သတ်မှတ်ထားတဲ့ အသက်အရွယ်အပိုင်းအခြားတစ်ခုအတွင်းမှာ ပုံမှန် ဖွံ့ဖြိုးလေ့ရှိပါတယ်။ https://doheainmat.org/wp-content/uploads/2024/03/Pooping_baby.jpg သင့်ကလေးကအသက်အလိုက်အောက်ပါအချက်လေးတွေကို လိုက်လုပ်တတ်နေပြီဆိုရင် ဖွံ့ဖြိုးမှု ပုံမှန်ပဲဖြစ်ပါတယ်။ ကလေးအသက်၂လ – ခေါင်းထောင်နိုင်ခြင်း၊ အရာဝတ္ထုများကိုလိုက်ကြည့်နိုင်လာခြင်း၊ အသံပေးလျှင်/ချော့မြှူလျှင်ပြုံးပြတတ်လာခြင်း၊ မိဘကိုမှတ်မိခြင်း။ ကလေးအသက်၄လ – မှောက်နိုင်လာခြင်း၊ အရာဝတ္ထုများကိုဆုပ်ကိုင်နိုင်လာခြင်း၊ ရယ်သံပေးတတ်လာခြင်း၊ မိဘအသံကိုနားထောင်တတ်လာခြင်း၊ အသံကြားရာဖက်သို့လှည့်ကြည့်တတ်လာခြင်း။ ကလေးအသက်၆လ – အမှီနည်းနည်း(သို့)အမှီလုံးဝမပါဘဲ ထိုင်နိုင်ခြင်း၊ အရာဝတ္ထုများကိုလက်တစ်ဖက်တည်းဖြင့်လှမ်းယူနိုင်ခြင်း၊ မပီမသအသံများထွက်တတ်လာခြင်း၊Continue reading "ကလေးအသက်အလိုက် ဖွံ့ဖြိုးတိုးတက်မှုမိုင်တိုင်များ"

မိမိလက်လှမ်းမီသော ဒေသအစားအသောက်များဖြင့် အာဟာရပြည့်ဝအောင်စီမံခြင်း
ဆောင်းပါးသတင်း

မိမိလက်လှမ်းမီသော ဒေသအစားအသောက်များဖြင့် အာဟာရပြည့်ဝအောင်စီမံခြင်း

By MyanHealth  |  August 28, 2024

By Wor Mithi မြန်မာနိုင်ငံမှာ ရှေးယခင်ကတည်းက မှားယွင်းနေတဲ့ အယူအဆတွေ အလွန်များပါတယ်။ အဲ့ဒီအထဲမှာ ကလေးကို ထမင်းဝအောင် ကျွေးရင်ရပြီဆိုတဲ့ အတွေးမျိုးနဲ့ အသားစားရင်သန်ထတယ်ဆိုတဲ့ အယူအဆတွေ အပါအဝင်ပါပဲ။ ဒါကြောင့် ကလေးကို ထမင်းဆီဆမ်းပဲကျွေးတာ၊ ထမင်းကို အာလူးတစ်မျိုးတည်းနဲ့ နယ်ကျွေးတာ စတာတွေကို တွင်တွင်ကျယ်ကျယ် လက်ဆင့်ကမ်းခဲ့ကြပါတယ်။ အကျိုးဆက်အနေနဲ့ ကလေးမှာ အသားဓါတ်ချို့တဲ့ပြီး ပိန်လှီတာ/ဖောရောင်တာ၊ သန်ဓါတ်ချို့တဲ့တာ၊ ခြေထောက်ခွင်တာ၊ ကြက်မျက်သင့်ရောဂါတွေအပြင် ရောဂါကာကွယ်နိုင်စွမ်း နည်းပါးပြီး မကြာခဏဖျားနာတာတွေ ဖြစ်လာပါတယ်။ တချို့ကလေးတွေမှာတော့ လတ်တလော အာဟာရချို့တဲ့မှု လက္ခဏာတွေကို မတွေ့ရဘဲ နာတာရှည် အာဟာရချို့တဲ့မှုလက္ခဏာဖြစ်တဲ့ ပုညှက်တာကို တွေ့ရပါတယ်။ လက်ရှိလူကြီးတော်တော်များများဟာလည်း ရှိသင့်တဲ့ အရပ်အမောင်း မရှိဘဲ ပုညှက်တာဟာ ငယ်ငယ်ကတည်းက အာဟာရချို့တဲ့မှုကို အနည်းနဲ့အများ ခံစားခဲ့ရတာကို ပြသနေပါတယ်။Continue reading "မိမိလက်လှမ်းမီသော ဒေသအစားအသောက်များဖြင့် အာဟာရပြည့်ဝအောင်စီမံခြင်း"

Ads Advertisement