Skip to content

ဆောင်းပါးများ

လူထုအခြေပြုနည်းဖြင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးလုပ်ငန်း အားဖြည့် လုပ်ဆောင်ရမည်
ဆောင်းပါးသတင်း

လူထုအခြေပြုနည်းဖြင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးလုပ်ငန်း အားဖြည့် လုပ်ဆောင်ရမည်

By MyanHealth  |  December 10, 2025

မြန်မာအမျိုးသမီးများ အဖြစ်များရောဂါတစ်ခုဖြစ်သည့် သားအိမ်ခေါင်းကင်ဆာ ကကွယ်ဆေးအား လာမည့် ၂၀၂၆ ခုနှစ်မှာ ပြည်သူလူထုအခြေပြုနည်းနဲ့ ပိုမိုအားဖြည့် လုပ်ဆောင်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။

ကလေးဘဝ ပေါင်ခြံအူကျခြင်း (Childhood Inguinal Hernia) အကြောင်း သိကောင်းစရာ
Uncategorized

ကလေးဘဝ ပေါင်ခြံအူကျခြင်း (Childhood Inguinal Hernia) အကြောင်း သိကောင်းစရာ

By Dr. Yen Bi Ter, M.B.,B.S., M.Med.Sc(Surgery), MRCS (Ediburgh)  |  December 8, 2025

(Dr. Yen Bi Ter ရေးသားသည်) မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးလေးရဲ့ ပေါင်ခြံမှာ အလုံး သို့မဟုတ် ရောင်ရမ်းမှုတစ်ခုကို တွေ့လိုက်ရတဲ့အခါ ထိတ်လန့်သွားတတ်ကြပါတယ်။ “အူကျတယ်” လို့ ဆိုလိုက်ရင်လည်း ခွဲစိတ်ရမလား၊ စိုးရိမ်ရမလားဆိုပြီး ပူပန်တတ်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် ကလေးဘဝ ပေါင်ခြံအူကျခြင်းဆိုတာ ကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး အခြေအနေတစ်ခုဖြစ်ပြီး အချိန်မီ စနစ်တကျ ကုသမှုခံယူမယ်ဆိုရင် လုံးဝပျောက်ကင်းသွားနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ပေါင်ခြံအူကျခြင်းဆိုတာ ဝမ်းဗိုက်ထဲမှာရှိတဲ့ အူတစ်စိတ်တစ်ပိုင်း (သို့မဟုတ်) တခြားအရာဝတ္ထုတွေက ပုံမှန်ဆိုရင် ပိတ်နေရမယ့် လမ်းကြောင်းကနေတစ်ဆင့် ပေါင်ခြံ (သို့မဟုတ်) ကပ္ပာယ်အိတ်ထဲကို ထိုးထွက်ကျလာတာ ဖြစ်ပါတယ်။ ကလေးအများစုမှာ ဝမ်းဗိုက်နဲ့ ပေါင်ခြံကြားက သဘာဝလမ်းကြောင်း (Processus Vaginalis) ဟာ မမွေးဖွားမီမှာ ပိတ်သွားလေ့Continue reading "ကလေးဘဝ ပေါင်ခြံအူကျခြင်း (Childhood Inguinal Hernia) အကြောင်း သိကောင်းစရာ"

အေးမြသည့် ဆောင်းရာသီတွင် အအေးမိတုတ်ကွေးနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်များနိုင်
ဆောင်းပါးသတင်း

အေးမြသည့် ဆောင်းရာသီတွင် အအေးမိတုတ်ကွေးနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်များနိုင်

By MyanHealth  |  December 8, 2025

မြန်မာနိုင်ငံရဲ့ အအေးများတဲ့ လတွေဖြစ်တဲ့ နိုဝင်ဘာ ၊ဒီဇင်ဘာ၊ဇန်နဝါရီ၊ဖေဖော်ဝါရီလတွေ မှာ အအေးမိ တုပ်ကွေး နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အဖြစ်များနိုင်ပါတယ်။ အအေးပိုတဲ့ အတွက် လူအများ အိမ်တွင်းစုဝေးနေထိုင်တာကြောင့် ဗိုင်းရပ်စ်တွေဟာ လူတစ်ဦးမှ အခြားတစ်ဦးကို ပိုမိုလွယ်ကူစွာ ကူးစက် နိုင်စေနိုင်သလို ရာသီဥတု အေးခြင်းနဲ့ ခြောက်သွေ့တဲ့ လေထုကြောင့် လည်း ရောဂါခုခံနိုင်စွမ်း ကျဆင်းစေပြီး အအေးမိတုတ်ကွေးနဲ့ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။  ဒီလို အအေးပိုတဲ့ကာလတွေဟာ ရုံးတွေကျောင်းတွေ ပိတ်ရက်တွေများသလို ပွဲလမ်းသဘင်တွေလည်း ဆက်တိုက်ဆိုသလို ရှိနေတာကြောင့် တခြားကာလတွေထက် လူစုလူဝေး ပိုများတာကြောင့် ရောဂါရှိ သူထံကနေ ကူးစက်ခံရနိုင်ခြေ ပိုများနိုင်ပါတယ်။ ဘယ်လိုကူးစက်နိုင် သလဲဆိုတော့ အနီးတစ်ဝိုက်မှာ အခြားသူ တစ်ဦး ချောင်းဆိုးတာ (သို့မဟုတ်)Continue reading "အေးမြသည့် ဆောင်းရာသီတွင် အအေးမိတုတ်ကွေးနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်များနိုင်"

မငြိမ်းသောစစ်မီးနဲ့ ခုခံအားကျဆင်းမှုရောဂါကူးစက်ခံထားရသူတွေရဲ့ ထပ်တိုးသောက
ဆောင်းပါးသတင်း

မငြိမ်းသောစစ်မီးနဲ့ ခုခံအားကျဆင်းမှုရောဂါကူးစက်ခံထားရသူတွေရဲ့ ထပ်တိုးသောက

By MyanHealth  |  December 7, 2025

နေဇော် ပြည့်တန်ဆာလုပ်ငန်းခွင်ထဲက အသက် ၁၈ နှစ်သာရှိသေးတဲ့ အမျိုးသမီးငယ် ကလေးတစ်ယောက်မိခင် မခင်လေး ( အမည်လွှဲ)ရဲ့ ယောကျာ်းဟာ တိုက်ပွဲအတွင်း လက်နက်ထိ သေဆုံးသွားခဲ့ရတဲ့ အရပ်သား တစ်ဦး ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုမိဘ နှစ်ယောက်ကိုပါ စောင့်ရှောက်နေရတဲ့အပြင် ယောကျာ်းသေဆုံးပြီးနောက် အကြွေးတွေ အများကြီး တင်ခဲ့တာကြောင့် နောက်ဆုံးမှာ ခန္ဓာနဲ့ရင်းရတဲ့ ပြည့်တန်ဆာအလုပ်ကို ရွေးချယ်လိုက် ရတယ်၊၊ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တစ်ခုမှာရှိတဲ့ ပဋိပက္ခဒေသတွေက အမျိုးသမီးအချို့ဟာ ပြည့်တန်ဆာလုပ်ငန်းထဲကို ရောက်လာကြရပါတယ်၊၊ ယင်းမြို့လေးမှာတောင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေသူ ၁၀၀ ကျော်ရှိနေတယ်လို့ ပြည့်တန်ဆာခေါင်း ဒေါ်ဌေးဌေး(အမည်လွှဲ) ကဆိုပါတယ်၊၊ ပြီးခဲ့တဲ့ ဧပြီလ ဒေသတွင်းသတင်းဌာနတစ်ခုရဲ့ ဖော်ပြချက်မှာ စစ်တွေမြို့အတွင်း ပြည့်တန်ဆာ လုပ်ငန်းခွင်ထဲ ရောက်လာတဲ့ အမျိုးသမီးငယ်တွေ ပိုမို များပြားလာနေတယ်ဆိုတဲ့အကြောင်းContinue reading "မငြိမ်းသောစစ်မီးနဲ့ ခုခံအားကျဆင်းမှုရောဂါကူးစက်ခံထားရသူတွေရဲ့ ထပ်တိုးသောက"

Uncategorized

👩‍🏫 ကျေးလက် ကျောင်းဆရာမတစ်ဦးရဲ့ ကျန်းမာရေးစိန်ခေါ်မှုများ!

By MyanHealth  |  November 1, 2025

👩‍🏫 ကျေးလက် ကျောင်းဆရာမတစ်ဦးရဲ့ ကျန်းမာရေးစိန်ခေါ်မှုများ! ဒီတစ်ပတ် MyanHealth က မှော်ဘီမြို့နယ် ရှိ အုတ်ဖိုကျေးရွာကို သွားရောက်ခဲ့ပြီး ကျောင်းဆရာမတစ်ဦး ရဲ့ ကိုယ်တွေ့ကျန်းမာရေး အမြင်တွေကို မေးမြန်းခဲ့ပါတယ်။ ဆရာမ မျှဝေသွားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အမြင်တွေကို Comment မှာ မျှဝေပေးခဲ့ပါဦးနော် 👇: 🍗 လေးဘက်နာအတွက် ကြက်အသည်းအမြစ် ရှောင်တာ မှန်ကန်တယ် လို့ မြင်ပါသလား? 💊 ရာသီလာလို့ နာကျင်တိုင်း ပါရာစီတမော အမြဲသောက်တာ အတွေ့အကြုံအရ ဘယ်လောက်အထိ အဆင်ပြေလဲ? 😴 ကလေးတွေ ဖုန်းသုံးပြီး အိပ်ရေးပျက်လို့ စာလိုက်မမီတာ ကို မိဘတွေ ဘယ်လို စီမံခန့်ခွဲသင့်လဲ? 📲 ဗီဒီယို အပြည့်အစုံကို MyanHealth ရဲ့ YouTubeContinue reading "👩‍🏫 ကျေးလက် ကျောင်းဆရာမတစ်ဦးရဲ့ ကျန်းမာရေးစိန်ခေါ်မှုများ!"

Podcast - နေကောင်းလား

Podcast | How Are You? (Episode 2)

By MyanHealth  |  March 3, 2025

အခု တစ်ပတ် Myanhealth u စီစဥ်တင်ဆက်ပေးနေတဲ့ နေကောင်းလား အစီအစဥ်ကနေ ပြီး ကျေးလက်နေ အမျိုးသမီးများရဲ့ သားအိမ်ခေါင်းကင်ဆာ နဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုနဲ့ အတူ သတင်းအချက်အလက်နဲ့ ပညာပေးအစီအစဥ်တွေကို မသိနိုင်ကြတဲ့ သူတို့ရဲ့ ပကတိအခြေအနေတွေကို ကြားသိရမှာ ဖြစ်ပါတယ်

HMPV အသက်ရှူလမ်းကြောင်းရောဂါ
ဆောင်းပါးသတင်း

HMPV အသက်ရှူလမ်းကြောင်းရောဂါ

By MyanHealth  |  January 7, 2025

By Wor Mithi အားလုံးသိကြတဲ့အတိုင်း လတ်တလော အိမ်နီးချင်းနိုင်ငံမှာ ရောဂါတစ်မျိုး ပျံ့နှံ့နေတယ်လို့ သတင်းတွေ ကြားတွေ့နေရပါတယ်။ ဒါပေမယ့်လည်း အိမ်ရှင်နိုင်ငံအပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကပါ တစ်စုံတစ်ရာ အတည်ပြုထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။ လက်ရှိသတင်းတွေအရကတော့ ပျံ့နှံ့နေတဲ့ရောဂါပိုးဟာ Human Metapneumovirus (HPMV) ရောဂါပိုးလို့ ပြောဆိုနေကြပါတယ်။ မည်သို့ပင်ဆိုစေကာမူ HMPV ရောဂါဆိုတာဘာလဲ၊ ဘယ်လိုကာကွယ်ရမလဲဆိုတာ အနည်းအကျဉ်းသိနိုင်ဖို့ ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ရပါတယ်။ https://doheainmat.org/wp-content/uploads/2024/03/Pooping_baby.jpg HMPV ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ် ရောဂါပိုးတစ်မျိုးဖြစ်ပြီး ဒီပိုးကို နယ်သာလန်နိုင်ငံမှာ ၂၀၀၁ ခုနှစ်မှာ စတွေ့ခဲ့ပြီးမှ ကမ္ဘာ့နေရာအနှံ့အပြားမှာတွေ့ခဲ့တာဖြစ်ပါတယ်။  အချို့လေ့လာမှုတွေအရကတော့ နယ်သာလန်နိုင်ငံမှာ ရှေးမဆွကပင် ရှိနေခဲ့တာလို့လည်း ဆိုကြပါတယ်။ အခြားသောအသက်ရှူလမ်းကြောင်း ရောဂါပိုးတွေလိုပဲ ဆောင်းတွင်းပိုင်းမှာ အဖြစ်များတတ်တဲ့ သဘောမှာ ရှိပါတယ်။ များသောအားဖြင့်သော အသက်နှစ်နှစ်အောက်ကလေးတွေမှာContinue reading "HMPV အသက်ရှူလမ်းကြောင်းရောဂါ"

ကိုယ်ဝန်ဆောင်သွေးတိုးခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း
ဆောင်းပါးသတင်း

ကိုယ်ဝန်ဆောင်သွေးတိုးခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း

By MyanHealth  |  December 14, 2024

By Wor Mithi အရပ်ထဲမှာ ကိုယ်ဝန်ဆောင်နေရင်း အကောင်းကြီးကနေရုတ်တရက် သတိလစ်သွားပြီး/မောလာပြီး/ ကိုယ်ဝန်ဆိပ်တက်ပြီး ဆေးရုံတက်လိုက်ရတယ်၊ ဆုံးပါးသွားတယ် ဆိုတာမျိုးကို မကြာမကြာကြားဖူးကြပါသလား။ အမျိုးသမီးတွေမှာ ကိုယ်ဝန်မဆောင်ခင်က ကျန်းမာနေပါရက်နဲ့ ကိုယ်ဝန်သက် ၂၀ ပတ်ကျော်လာမှာ သွေးတိုးလာတာကို ကိုယ်ဝန်ဆောင်သွေးတိုးတယ်လို့ ခေါ်ပါတယ်။ သွေးတိုးတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ သွေးလွတ်ကြောတွေထဲမှာ သွေးဖိအားများလာတာကို ခေါ်တာပါ။ ကိုယ်ဝန်ဆိပ်တက်တယ် ဆိုတာကတော့ ကိုယ်ဝန်ဆောင်သွေးတိုးခြင်းကြောင့် အသည်း၊ ကျောက်ကပ်နဲ့ ဦီးနှောက်ကို ထိခိုက်စေတဲ့အတွက် ဖြစ်လာတဲ့ အလွန်ပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ https://doheainmat.org/wp-content/uploads/2024/03/Pooping_baby.jpg   ကိုယ်ဝန်ဆောင်သွေးတိုးခြင်းဟာ အရေးကြီးသလို အန္တရာယ်များတဲ့ အခြေအနေတစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်သွေးတိုးခြင်းကို ကိုယ်ဝန်အပ်နှံတဲ့အခါ သွေးပေါင်ချိန်ခြင်း၊ ဆီးစစ်၊ သွေးစစ်၊ ကိုယ်အလေးချိန်တိုင်းခြင်းအားဖြင့် သိနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တဲ့အခါContinue reading "ကိုယ်ဝန်ဆောင်သွေးတိုးခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း"

ကလေးများ၏ ကြီးထွားမှုကိုစောင့်ကြည့်ခြင်း
ဆောင်းပါးသတင်း

ကလေးများ၏ ကြီးထွားမှုကိုစောင့်ကြည့်ခြင်း

By MyanHealth  |  December 12, 2024

By Wor Mithi ကလေးများရဲ့ ကြီးထွားမှုကို စောင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း ကစားနေ၊ စားနေ၊ သွားနေတာကို စောင့်ကြည့်နေရုံနဲ့ မလုံလောက်ပါဘူး။ ကလေးအသက်အလိုက် ပုံမှန်ရှိရမယ့် အရပ်အမောင်း၊ ကိုယ်အလေးချိန် စတာတွေ ရှိနေသလားဆိုတာကိုပါ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပုံမှန်အတိုင်း ကိုယ်ခန္ဓာဖွံ့ဖြိုးနေမှု ရှိ/မရှိကို ကိုယ်အလေးချိန်၊ အရပ်အမြင့် စတာတွေပုံမှန်တိုင်းတာပေးပြီး အသက်အလိုက်၊ လိင်အမျိုးအစားအလိုက် ရှိသင့်ရှိထိုက်တဲ့ အတိုင်းအတာ ရှိ/မရှိ စောင့်ကြည့်နိုင်ပါတယ်။ ဒီလိုဆောင်ရွက်ချက်တွေကို ပုံမှန်အားဖြင့်တော့ ကလေးကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ကျန်းမာရေးဌာနတွေမှာ ဆောင်ရွက်နိုင်ပြီး ချိန်းဆိုတဲ့အတိုင်း သွားရောက်ပြသပြီး စောင့်ကြည့်သင့်ပါတယ်။ ဒါပေမယ့်လည်း ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမှီတဲ့ အခါမျိုးမှာတော့ မိမိအိမ်မှာ အောက်မှာ ဖော်ပြထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ပြီး တိုင်းတာနိုင်ပါတယ်။ https://doheainmat.org/wp-content/uploads/2024/03/Pooping_baby.jpg   ကိုယ်အလေးချိန်တိုင်းတာခြင်း ကလေးဟာ အသက်အလိုက် ရှိသင့်တဲ့Continue reading "ကလေးများ၏ ကြီးထွားမှုကိုစောင့်ကြည့်ခြင်း"

ကလေးမွေးဖွားရန်အတွက် အဆင်သင့်ပြင်ဆင်ခြင်း
ဆောင်းပါးသတင်း

ကလေးမွေးဖွားရန်အတွက် အဆင်သင့်ပြင်ဆင်ခြင်း

By MyanHealth  |  December 3, 2024

By Wor Mithi ကလေးမွေးဖွားခြင်းခရီးစဉ်ဟာ စိတ်လှုပ်ရှားစရာလဲကောင်းပြီး စိတ်ပူပန်စရာလည်း များလှပါတယ်။ မွေးဖွားခါနီးလေလေ မိဘလောင်းတွေအနေနဲ့ ဘာတွေပြင်ဆင်ရမလဲဆိုတာ တွေးတောရလေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ ကလေးမွေးဖွားဖို့အတွက် ပြင်ဆင်ရာမှာ အထောက်အကူဖြစ်စေဖို့ ဘာတွေပြင်ဆင်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။ ကိုယ်ဝန်ဆောင်ကာလကို တွက်ချက်တဲ့အခါ နောက်ဆုံးပေါ်ခဲ့တဲ့ ဓမ္မတာဖြစ်စဉ်ရဲ့ ပထမဆုံးစခဲ့တဲ့ရက်ကနေစပြီး ရေတွက်လေ့ရှိပါတယ်။ ထိုရက်ကစပြီး ကိုယ်ဝန်ကာလကို ရက်သတ္တပတ်နဲ့တွက်ချက်ပြီး ကိုယ်ဝန်ပတ် ၃၇ပတ်ပြည့်ပြီးတဲ့အခါ နေ့စေ့လစေ့ကိုယ်ဝန်လို့သတ်မှတ်ပါတယ်။ မွေးဖွားဖို့ခန့်မှန်းရက်ကို ကိုယ်ဝန်ပတ် ၄၀ ပြည့်တဲ့နေ့ကို သတ်မှတ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် ကိုယ်ဝန် ၃၇ ပတ်ကနေစပြီး အချိန်မရွေး ကလေးမွေးဖွားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အချို့ကတော့ ၃၇ ပတ်မတိုင်မီမွေးဖွားတတ်လို့ မွေးဖွားဖို့အတွက်ကို မိဘလောင်းတိုင်း ကြိုကြိုတင်တင် ပြင်ဆင်ထားသင့်ပါတယ်။ https://doheainmat.org/wp-content/uploads/2024/03/Pooping_baby.jpg မွေးဖွားမည့်နေရာရွေးချယ်ပါ။ မိဘလောင်းတိုင်းဟာ မွေးဖွားမည့်နေရာကို ကြိုတင်ရွေးချယ်ထားသင့်ပါတယ်။ သွားလာရမည့်လမ်းခရီး၊Continue reading "ကလေးမွေးဖွားရန်အတွက် အဆင်သင့်ပြင်ဆင်ခြင်း"

Ads Advertisement