Skip to content

ဆောင်းပါးများ

လူမှုဘဝကို အနှောင့်အယှက်ဖြစ်စေတဲ့ ခါးကြောညပ်ခြင်း ဝေဒနာ
ဆောင်းပါးသတင်း

လူမှုဘဝကို အနှောင့်အယှက်ဖြစ်စေတဲ့ ခါးကြောညပ်ခြင်း ဝေဒနာ

By Ko Tin  |  March 6, 2026

ကိုတင် အခုနောက်ပိုင်း မိတ်ဆွေတွေကြားမှာ ခါးကြောညပ်သွားလို့ဆိုတဲ့ ပြောသံကို မကြာခဏလို ကြားနေရပါတယ်။ အရင်က ခါးကြောညပ်တယ်ဆိုတာ သက်ကြီးပိုင်းအရွယ်တွေသာ အဖြစ်များတဲ့ ဝေဒနာတစ်ခုလို့ ယူဆထားမိခဲ့တာပါ။ ဒါပေမဲ့ ဒီဝေဒနာဟာ အသက် ၂၀ နဲ့ ၅၀ နှစ်ကြား လူလတ်ပိုင်းအရွယ်တွေမှာလည်း တွေ့ရတတ်တဲ့ ဝေဒနာတစ်ခု ဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာဆိုရင် လူဦးရေရဲ့ (၁၀-၄၀) ရာခိုင်နှုန်းဟာ သူတို့ တစ်သက်တာဘဝ တစ်ချိန်ချိန်မှာ ဒီဝေဒနာကို ခံစားခဲ့ရဖူးကြောင်း နိုင်ငံတကာ ဆေးသုတေသနမှတ်တမ်းတွေအရ သိရပါတယ်။ မြန်မာနိုင်ငံမှာလည်း ခါးကြောညပ်သွားလို့ဆိုတဲ့ ပြောသံတွေကို မကြာခဏ ကြားရလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ ခါးကြောညပ်သွားတဲ့ မိတ်ဆွေတစ်ယောက်နဲ့ ဆုံခဲ့မိပါသေးတယ်။ သူ့ရဲ့ဝေဒနာကအရမ်းကြီး မပြင်းထန်ပေမယ့် သာမန်လူတစ်ယောက်လို လမ်းလျှောက်ရတာ အဆင်မပြေသလို မတ်တပ်တော် တော်ကြာကြာ ရပ်လို့မရတာက သူ့အတွက် အတော်လေးContinue reading "လူမှုဘဝကို အနှောင့်အယှက်ဖြစ်စေတဲ့ ခါးကြောညပ်ခြင်း ဝေဒနာ"

အနေနီးတဲ့ “ခို” နဲ့ ကျန်းမာရေးအန္တရာယ်
ကူးစက်ရောဂါ

အနေနီးတဲ့ “ခို” နဲ့ ကျန်းမာရေးအန္တရာယ်

By MyanHealth  |  March 3, 2026

ဖြိုးဖြိုး ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံမှာ ကြက်တူရွေး အဖျားရောဂါ (Parrot fever) ကူးစက်မှုအကြောင်း ဖတ်လိုက်ရပြီး တွေးမိတာတစ်ခု ရှိလာပါတယ်။ ဒါကတော့ အန္တရာယ်မရှိတဲ့ တိရစ္ဆာန်အဖြစ် သတ်မှတ်ခံထားရတဲ့ ငှက်တွေဆီကနေ လူကိုကူးစက်နိုင်တဲ့ ကြောက်စရာရောဂါတွေအကြောင်း ဖြစ်ပါတယ်။ ငှက်အများစုဟာ လူတွေရဲ့ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ မှိုရောဂါပိုးနဲ့ ဘက်တီးရီးယားတွေကို သယ်ဆောင်ထားကြတာပါ။ ငှက်တွေကနေ လူဆီကို အများဆုံးကူးစက်တတ်တဲ့ ရောဂါတွေကတော့ Cryptococcosis၊ Histoplasmosis၊ Psittacosis၊ Candidiasis၊ St. Louis Encephalitis၊ Salmonellosis နဲ့ E-coli လို့ ခေါ်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ Cryptococcosis ဆိုတာ Cryptococcus Neoformans မှိုကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ တနည်းအားဖြင့် မှိုရောဂါတစ်မျိုးဖြစ်ပြီး ဆွေးမြေ့နေတဲ့သစ်ခေါက်တွေနဲ့Continue reading "အနေနီးတဲ့ “ခို” နဲ့ ကျန်းမာရေးအန္တရာယ်"

Podcast - နေကောင်းလား

နေကောင်းလား Ep_4_ podcast

By MyanHealth  |  March 1, 2026

မင်္ဂလာပါရှင်။ Myan Health ရဲ့ ‘နေကောင်းလား’ Podcast အစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ အခုတလော ရာသီဥတုက တကယ်ကို အပူရှိန်ပြင်းထန်လွန်းတယ်နော်။ နေပူထဲထွက်တဲ့အခါ ကျွန်မတို့ ခဏခဏ ကြုံရတာက ‘နေပူလို့ ခေါင်းမူးတာ’ ပါပဲ။ သာမန်နေပူလို့ ခေါင်းမူးတာ၊ ရင်တုန်တာမျိုးက အရိပ်ထဲဝင်နားလိုက်ရင်၊ ရေအေးအေးလေး သောက်လိုက်ရင် ခဏလေးနဲ့ ပြန်သက်သာသွားတတ်ပါတယ်။ ဒါပေမဲ့ အသက်အန္တရာယ်ရှိတဲ့ အပူရှပ်တာ ကျတော့ အဲ့ဒီလို မဟုတ်တော့ပါဘူး။ အပူရှပ်ပြီဆိုရင် ခန္ဓာကိုယ်အပူချိန်က ၄၀ ဒီဂရီ ဆဲစီးရပ်စ် အထက် ရုတ်တရက် ထိုးတက်သွားပြီး၊ ချွေးထွက်တာ လုံးဝရပ်သွားတတ်ပါတယ်။ အသားအရေတွေ ပူစပ်နီရဲလာပြီး သတိလစ်တာ၊ တက်တာတွေအထိ ဖြစ်သွားနိုင်လို့ အချိန်မီ ဆေးရုံမရောက်ရင် အသက်ဆုံးရှုံးနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် ဒီနေ့ရဲ့ ‘နေကောင်းလား’Continue reading "နေကောင်းလား Ep_4_ podcast"

အကြွင်းမဲ့မေတ္တာတော်နှင့် ဒစ်ဂျစ်တယ်ခေတ်သတင်းတန်ဖိုး
ဆောင်းပါးသတင်း

အကြွင်းမဲ့မေတ္တာတော်နှင့် ဒစ်ဂျစ်တယ်ခေတ်သတင်းတန်ဖိုး

By MyanHealth  |  March 1, 2026

မကြာသေးခင်က နိုင်ငံတကာ သတင်းများ၌ Nestle ကဲ့သို့သော နာမည်ကျော် ကုမ္ပဏီကြီးမှ ထုတ်လုပ် သည့် မိခင်နို့အစားထိုး နို့မှုန့်များကြောင့် ကလေးငယ်များ အဆိပ်သင့်ကာ ဘေးဒုက္ခကြုံရသည့် သတင်း များမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်ကို MyanHealth ၏စာမျက်နှာများတွင် အချိန်နှင့် တပြေးညီ ဖော်ပြခဲ့သည်ကို မှတ်မိကြပါလိမ့်မည်။ နို့မှုန့်(Formula Milk) များတွင် ပါဝင်သည့် Bacillus cereus ဘက်တီးရီးယားမှ ထုတ်လွှတ်သော Cereulide အဆိပ်အတောက်သည် ကလေးငယ်များကို အော့အန် ခြင်းမှသည် အသက်အန္တရာယ်အထိ ပေးနိုင်‌သောကြောင့် ဖြစ်ပါသည်။ ဤဖြစ်ရပ်က အဖိုးတန်သော သင်ခန်းစာတစ်ခု ပေးလိုက်သည်မှာ မည်မျှပင် ခေတ်မီသော နည်းပညာ ဖြင့် ဖော်စပ်သည်ဆိုစေ မိခင်ဖြစ်သူ ခန္ဓာကိုယ်မှ သားသမီးအတွက် အချိန်နှင့်တစ်ပြေးညီ ဖန်တီးပေး သောContinue reading "အကြွင်းမဲ့မေတ္တာတော်နှင့် ဒစ်ဂျစ်တယ်ခေတ်သတင်းတန်ဖိုး"

သကြားဓါတ်ကို စွဲလမ်းခြင်း
ဆောင်းပါးသတင်း

သကြားဓါတ်ကို စွဲလမ်းခြင်း

By Dr. Htar Htar Hlaing, M.B, B,S (Mdy) MSc (Nutrition & Dietetic) (UK)  |  February 28, 2026

(Dr. Htar Htar Hlaing) ကျမတို့ခန္ဓာကိုယ်ဟာ အရက် ၊ ကော်ဖီ ၊ ဆေး စတာတွေကို စွဲလမ်းသလို သကြားဓါတ်ကိုလဲ အလွန်အမင်း စွဲလမ်းတတ်ပါတယ်။ ဒါကြောင့်လည်း အချိုလေးစားလိုက်ရမှ နေသာထိုင်သာရှိတာတို့၊ အချိုမစားရရင် စိတ်တိုလာတာတို့ဆိုတဲ့ အဖြစ်တွေဟာ လူတွေကြားမှာ အပြောများတဲ့ကိစ္စတွေ ဖြစ်လာတာပါ။ အချိုဓါတ်လွန်ကဲလွန်းတဲ့ အစားအစာတွေကိုစားတဲ့အခါ ကျမတို့ရဲ့ခန္ဓာကိုယ်မှာ သကြားဓါတ်ပမာဏဟာ အချိန်တိုအတွင်းမြင့်တက်လာပါတယ်။ သကြားဓါတ်မြင့်တက်လာတာနဲ့အတူ ပျော်ရွှင်မှုကို ခံစားရစေနိုင်တဲ့ dopamine ပမာဏကလဲ တက်လာတဲ့အတွက် ခန္ဓာကိုယ်ဟာ သကြားဓါတ်ကိုစွဲလမ်းမှု ဖြစ်ပေါ်စေပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်း (၃) ချက် ရှိပါတယ်။ သကြားဓါတ်စွဲလမ်းမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ခွဲခြားစိတ်ဖြာတဲ့အခါ အဓိက အကြောင်းအရင်း ၃ ချက်ကို တွေ့ရပါတယ်။ ပထမအချက်အနေနဲ့ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်တာ အိပ်ရေးမဝတာContinue reading "သကြားဓါတ်ကို စွဲလမ်းခြင်း"

Weekly Health Round-Up (February Fourth Week )
ဆောင်းပါးသတင်း

Weekly Health Round-Up (February Fourth Week )

By Ko Tin  |  February 27, 2026

ရန်ကုန်မြို့ လေထုညစ်ညမ်းမှုမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေတိုင်းတာချက်အရ ကမ္ဘာ့အဆင့် ၄ နေရာမှာရှိနေတယ်လို့ လေထု အရည်အသွေး အညွှန်းကိန်းတွေကို ဖော်ပြနေတဲ့ ဆွစ်ဇာလန် အခြေစိုက် လေထုအရည်အသွေးတိုင်းတာရေးအဖွဲ့ IQAir ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ရန်ကုန်မြို့ရဲ့ AQI လေထုအရည်အသွေး အညွှန်းကိန်ဟာ ၁၂၀ ရှိနေပြီး ကျန်းမာရေး အားနည်းတဲ့ ထိခိုက်လွယ်အုပ်စုတွေအတွက် အန္တရာယ်ရှိတဲ့ အဆင့်မှာရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ရန်ကုန်မြို့မှာ လတ်တလော လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြူကြူစိန်က နိုင်ငံပိုင်ရုပ်သံ ကတစ်ဆင့် ပြောကြားထားပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ တတ်နိုင်သမျှ အိမ်ပြင်မထွက်ကြဖို့နဲ့ မဖြစ်မနေ ထွက် ရ ရင်လည်းContinue reading "Weekly Health Round-Up (February Fourth Week )"

နေကောင်းလား Podcast
Podcast - နေကောင်းလား

နေကောင်းလား Podcast

By MyanHealth  |  February 27, 2026

MyanHealth ကို နားဆင်အားပေးနေသူအားလုံး နေကောင်းကျန်းမာကြပါရဲ့လားရှင်။ ဒီနေ့မှာတော့ MyanHealth ရဲ့ ‘နေကောင်းလား’ ဆိုတဲ့ podcast အစီအစဉ်လေးရဲ့ ဒုတိယမြောက်အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဥ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာပြည်ဖွားတိုင်းရင်းသားအားလုံး ပိုကျန်းမာတဲ့ စိတ်နဲ့ ခန္ဒာကိုယ်ကို ရဖို့အတွက် လိုအပ် နေတဲ့ မှန်ကန်တဲ့ ကျန်းမာရေးသတင်း အချက်အလကတွေကို မျှဝေ‌‌ပေးနိုင်ဖို့ပါပဲ။ ဒီတပတ်ရဲ့ ‘နေကောင်းလား’ အစီအစဉ်မှာတော့ ‘သားဆက်ခြား’နဲ့ ပတ်သက်ပြီး သိထားသင့်တာတွေကို တင်ဆက်ပေးသွားမှာပါ။ သားဆက်ခြားခြင်းနဲ့ ပတ်သက်လို့ ကျမတို့အိမ်ထောင်ရှင်အမျိုးသမီးတွေ ဘယ်လောက်အထိ သိနားလည်ထားလဲဆိုတာကို မေးမြန်းထားပါတယ်။ နားဆင်ပေးကြပါဦးရှင်။ #MyanHealth#နေကောင်းလား#NayKaungLar#Podcast#HealthEducation#MyanmarHealthPodcast

လေထု ညစ်ညမ်းမှု မြင့်နေပြီ – သတိထားကြပါ
ဆောင်းပါးသတင်း

လေထု ညစ်ညမ်းမှု မြင့်နေပြီ – သတိထားကြပါ

By MyanHealth  |  February 26, 2026

– ဇလပ် မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေက အနီရောင် အဆင့်ရှိနေပြီလို့ ကမ္ဘာ့လေထုအရည်အသွေးတိုင်းတာမှုတွေကို စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ IQAir က ထုတ်ပြန်လိုက်ပါတယ်။​ ရန်ကုန်မြို့လယ်ခေါင်ဖြစ်တဲ့ ဒဂုံမြို့န​ယ်မှာဆိုရင် လေထုညစ်ညမ်းမှုဟာ ၁၉၂ အထိ ရှိနေပြီး ညစ်ညမ်းမှုအဆင့်ဟာ ကမ္ဘာ့အဆင့် ၄ အထိ ရှိနေပြီလို့ IQAir က သတိပေးထားပါတယ်။​ AQI (Air Quality Index) ဆိုတာ လေထုအရည်အသွေး အညွှန်းကိန်းပါ။​ လေထဲမှာ ပါဝင်တဲ့ PM 2.5 အမှုန်အမွှား၊ အိုဇုန်းဓာတ်ငွေ့၊ မော်တော်ကားနဲ့ စက်ရုံတွေက ထွက်တဲ့ Nitrogen Dioxide ၊ ကျောက်မီးသွေးနဲ့ လောင်စာဆီ လောင်ကျွမ်းတာက ထွက်တဲ့ Sulfur Dioxide နဲ့ ကာဗွန်မိုနော့ဆိုက်ဒ်Continue reading "လေထု ညစ်ညမ်းမှု မြင့်နေပြီ – သတိထားကြပါ"

သည်းခြေကျောက်ဘာကြောင့်ဖြစ်ရတာလဲ?
ဆောင်းပါးသတင်း

သည်းခြေကျောက်ဘာကြောင့်ဖြစ်ရတာလဲ?

By MyanHealth  |  February 25, 2026

(Dr. Yen Bi Ter ရေးသားသည်) အာထရာဆောင်း (Ultrasound) ရိုက်လိုက်မှ သည်းခြေအိတ်မှာ ကျောက်တည်နေတယ်ဆိုတာ သိလိုက်ရတဲ့အခါ လူအများစု ပထမဆုံးမေးလေ့ရှိတဲ့ မေးခွန်းကတော့ “ကျွန်တော်/ကျွန်မမှာ ဘာလို့ ဒီလိုဖြစ်ရတာလဲ” ဆိုတာပါပဲ။ သည်းခြေကျောက်တည်ခြင်းဟာ လူကြီး ၁၀ ယောက်မှာ ၁ ယောက်လောက် ဖြစ်ပွားလေ့ရှိတဲ့ အစာလမ်းကြောင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မပြောင်းလဲမှု၊ သည်းခြေအိတ် အလုပ်လုပ်ပုံနဲ့ ရေရှည်နေထိုင်စားသောက်မှုပုံစံတွေ ပေါင်းစပ်ပြီးမှ တဖြည်းဖြည်း ဖြစ်ပေါ်လာတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။   သည်းခြေကျောက်တစ်ခု ဖြစ်လာဖို့ အဓိကအကြောင်းအရင်း ၃ ခု လိုအပ်ပါတယ်။ ဒါတွေကတော့- ၁။ သည်းခြေရည်ထဲ ကိုလက်စထရော (Cholesterol) များလွန်းခြင်း- သည်းခြေရည်ထဲမှာ ပျော်ဝင်နိုင်တဲ့ ပမာဏထက်ပိုပြီး ကိုလက်စထရောတွေ များလာတဲ့အခါ သည်းခြေရည်တွေဟာContinue reading "သည်းခြေကျောက်ဘာကြောင့်ဖြစ်ရတာလဲ?"

အာရှကို ခြိမ်းခြောက်နေတဲ့ ဆီးချိုရောဂါ – မြန်မာမှာကော !
ဆောင်းပါးသတင်း

အာရှကို ခြိမ်းခြောက်နေတဲ့ ဆီးချိုရောဂါ – မြန်မာမှာကော !

By Ko Ba Thet  |  February 24, 2026

– ကိုဘသက် မြန်မာတွေရဲ့ နေထိုင်စားသောက်မှုပုံစံက ဆီးချိုရောဂါဖြစ်ဖို့ အတော့်ကိုအားပေးတဲ့ပုံစံဖြစ်တယ်။ အဆီ၊ အဆိမ့်၊ အချိုတွေကိုအစားများတယ်။ အထူးသဖြင့် အရသာပြင်းတဲ့ အစားအသောက်တွေကို ပိုကြိုက်ကြတယ်။ အဲ့ဒါက ဆယ်စုနှစ်ကျော် ဆီးချိုရောဂါနဲ့ ယှဉ်တွဲနေထိုင်လာခဲ့သူ ကိုသိန်း (အမည်လွှဲ) ရဲ့ အတွေ့အကြုံနဲ့ ယှဉ်တဲ့မှတ်ချက် ဖြစ်ပါတယ်။ “နောက်ပြီး အားကစား လုပ်တတ်တဲ့ အလေ့အကျင့်ကလည်း တကယ်တမ်းက အားကောင်းလှတာ မဟုတ်ဘူး။ ဝိတ်ချတယ်၊ အဆီချတယ်ဆိုရင်တောင် ကျန်းမာရေးအရ လုပ်တတ် တာမျိုး မဟုတ်ဘူး။ လှချင် ပချင်လို့က ဦးစားပေး ဖြစ်နေတယ်။ ဆီးချိုဖြစ်ပြီးတော့မှ ကျွန်တော် ဖြတ်လိုက်ရတဲ့ အစားအစာတွေ အများကြီးပဲ။ တချို့ အချိုကဲတဲ့ အသီးတွေကို ကြိုက်ပေမယ့် မစားရတော့ဘူး။ နောက် ပြီး နေ့စဉ် မနက်ဖြစ်ဖြစ်၊ ညနေဖြစ်ဖြစ်Continue reading "အာရှကို ခြိမ်းခြောက်နေတဲ့ ဆီးချိုရောဂါ – မြန်မာမှာကော !"

သားသမီးရတနာနဲ့ တိုင်းရင်းသားရိုးရာ အယူအဆ (တိုင်းရင်းသာရိုးရာ ဓလေ့ထုံးတမ်းများ)
ဆောင်းပါးသတင်း

သားသမီးရတနာနဲ့ တိုင်းရင်းသားရိုးရာ အယူအဆ (တိုင်းရင်းသာရိုးရာ ဓလေ့ထုံးတမ်းများ)

By MyanHealth  |  February 23, 2026

မယ်ကြော့ အမျိုးတို့ရေ…ကျွန်မတို့ မြန်မာပြည်ကြီးဆိုတာ မတူညီတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ စုစည်းနေထိုင် ကြတာဆိုတော့ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေ၊ ဝတ်စားဆင်ယင်မှုတွေ၊ ဓလေ့ထုံးတမ်းတွေ၊ အစဉ်အလာတွေ ရှိကြတာ မဆန်းပေလား။ ဒီလို ဆန်းပြားတဲ့အထဲမှာ ရိုးရာ ဆေးပညာအစဉ်အလာတွေနဲ့ ဓလေ့တွေ၊ ထုံးတမ်းတွေကလည်း ကိစ္စရပ်တစ်ခုချင်းစီမှာတောင် မတူညီကြပြန်ဘူး။ ဒီကနေ့ခေတ်လို နည်းပညာတွေ၊ ဆေးပညာ ရပ်တွေ မတိုးတက်ခင်ကတည်းက မတူညီတဲ့ ဒေသတွေက သူတွေဟာ ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်လာရင် သူ့နည်း သူ့ဟန်နဲ့ ဖြေရှင်းကြရတာ မဟုတ်လား။ ဒီလို ရိုးရာနည်းတွေဟာလည်း ကနေ့ခေတ်အထိ အသုံး တည့်နေသေးတာကို နတ်ဆေးဆရာလို့ နာမည်ကြီးတဲ့ ဆရာကြီး နာဂသိန်းလှိုင်က နာဂဒေသတွေအသွား ကြုံခဲ့တဲ့ ဖြစ်စဉ်တစ်ခုကို သူ့ရဲ့ “‘ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြပျားရည်စက်” စာအုပ်မှာ တခုတ်တရနဲ့ ရေးသားခဲ့ဖူးတယ်လေ။ ရွာတစ်ရွာမှာContinue reading "သားသမီးရတနာနဲ့ တိုင်းရင်းသားရိုးရာ အယူအဆ (တိုင်းရင်းသာရိုးရာ ဓလေ့ထုံးတမ်းများ)"

Ads Advertisement