ရေခဲတောင်ဒေသ ဖျားနာသူ များကာ အခြေခံဆေးဝါးပြတ်လပ်နေ
By MyanHealth | January 15, 2026
Selena လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံခေါင်ဖျား ဒေသဖြစ်တဲ့ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းက မြို့နယ်တွေမှာ ရာသီဥတု ပြင်းထန်တာကြောင့် ဖျားနာလူနာတွေ များနေပြီး ဆေးဝါးပြတ်လပ်တဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။ ရေခဲတောင်တန်းဒေသ ဖြစ်တဲ့ ပူတာအိုခရိုင်ဟာ ပုံမှန်အခြေအနေမှာတောင် ကျန်ဒေသတွေထက် အအေးပိုလေ့ရှိသလို လက်ရှိဆောင်းရာသီမှာလည်း ပုံမှန်ထက် အအေးလွန်ကဲမှုတွေ ဖြစ်နေပါတယ်။ ခရိုင်ထဲမှာ ပူတာအို၊ ခေါင်လန်ဖူး၊ မချမ်းဘော၊ နောင်မွန်းနဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေ ပါဝင်ပြီး အဓိကကျတဲ့ အိမ်သုံးဆေးဝါးပြတ်လပ်တဲ့ ပြဿနာကို ဒေသတစ်ခုလုံး အတိုင်းအတာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ “ပူတာအို တစ်ကြောလုံးပဲ။ ခေါင်လန်ဖူးတို့၊ နောင်မွန်းတို့ အကုန်ပဲ။ ကလေးတွေရော လူကြီးတွေပါ ဖျားနာနေကြတယ်။ ၄ ရက်လောက်ကနေ ၁ ပတ်လောက်အထိ ပြင်းပြင်းထန်ထန် ခံစားရတယ်။<a href="https://myanhealth.org/articles-news/11233/">Continue reading <span class="sr-only">"ရေခဲတောင်ဒေသ ဖျားနာသူ များကာ အခြေခံဆေးဝါးပြတ်လပ်နေ"</span></a>