Skip to content

ဆောင်းပါးများ

သေဆုံးသူများလာ၍ ထိုင်းတွင် မြေတုတ်ကွေး အန္တရာယ်နှိုးဆော်
ဆောင်းပါးသတင်း

သေဆုံးသူများလာ၍ ထိုင်းတွင် မြေတုတ်ကွေး အန္တရာယ်နှိုးဆော်

By MyanHealth  |  April 24, 2026

ထိုင်းနိုင်ငံတွင်​ဇန်နဝါရီလမှ ဧပြီလလယ်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူနာ ၇၃၂ ဦးအနက် ၂၃ ဦး သေဆုံးခဲ့ကြောင်း မှတ်တမ်းတင်ပြီးနောက်၊ ‘မြေတုတ်ကွေး’ ဟုလည်း လူသိများသည့် မီလီယွိုက်ဒိုးဆစ် (Melioidosis) ရောဂါအန္တရာယ်ကို သတိထားနေထိုင်၊လုပ်ကိုင်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများကို သတိပေးနှိုး‌ဆော်ထားသည်။ ဖြစ်ပွားမှုအများစုမှာ အရှေ့မြောက်ပိုင်းတွင်ဖြစ်ပြီး တောင်သူလယ်သမားများမှာ ရောဂါကူးစက်နိုင်ခြေရှိသူများထဲတွင် ပါဝင်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများ ပြောကြားသည်။ ​ရောဂါကူးစက်မှု အခြေအနေမှာ စိုးရိမ်ရသည့်အဆင့်တွင် ရှိနေဆဲဖြစ်သဖြင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ လာလီဒါ ပီရီဆီဝပ်တာနာ က ဧပြီ၁၈တွင် ပြောကြားသည်။ ​အဆိုပါရောဂါသည် မြေကြီးနှင့် ရေထဲတွင် အတွေ့ရများသော Burkholderia pseudomallei ဘက်တီးရီးယားကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ရောဂါပိုးသည် ဒဏ်ရာများမှတစ်ဆင့်သော်လည်းကောင်း၊ ညစ်ညမ်းသော ဖုန်မှုန့်များကို ရှူရှိုက်မိခြင်း သို့မဟုတ် ညစ်ညမ်းသောရေကိုContinue reading "သေဆုံးသူများလာ၍ ထိုင်းတွင် မြေတုတ်ကွေး အန္တရာယ်နှိုးဆော်"

Health Starts in the Kitchen Episode 3
မီးဖိုချောင် ကျန်းမာရေး

Health Starts in the Kitchen Episode 3

By MyanHealth  |  April 23, 2026

Health Starts in the Kitchen ရဲ့ Episode 3 မှာတော့ ကျွန်တော်တို့ နေ့စဉ်ပတ်ဝန်းကျင်မှာ သတိမထားမိဘဲ ဖြစ်ပေါ်နေတဲ့ ကျန်းမာရေးဆိုးကျိုးတွေကို အဓိကထား တင်ဆက်ပေးထားပါတယ်။

Health Starts in the Kitchen Episode 2
မီးဖိုချောင် ကျန်းမာရေး

Health Starts in the Kitchen Episode 2

By MyanHealth  |  April 22, 2026

Health from Kitchen Episode 2 မှာတော့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အစားအစာအသုံးပြုပုံတွေကို ပိုပြီး အသေးစိတ် မျှဝေပေးထားပါတယ်။ နေ့စဉ် စားသောက်နေတဲ့ အစားအစာတွေထဲမှာ မသိမသာ ဖြစ်နေတဲ့ အန္တရာယ်တွေကိုလည်း သတိပေးထားပြီး၊ ပိုမိုကျန်းမာအောင် ဘယ်လိုရွေးချယ်စားသောက်သင့်လဲဆိုတာကို လက်တွေ့ကျကျ သိရှိနိုင်မှာပါ။ မီးဖိုချောင်ကနေ စတင်ပြီး ကိုယ့်ကျန်းမာရေးကို ပြောင်းလဲချင်သူတိုင်း ကြည့်သင့်တဲ့ Episode တစ်ခုပါ။

Health Starts in the Kitchen Episode 1
မီးဖိုချောင် ကျန်းမာရေး

Health Starts in the Kitchen Episode 1

By MyanHealth  |  April 22, 2026

Health from Kitchen Episode 1 မှာတော့ နေ့စဉ် မီးဖိုချောင်ထဲမှာ လုပ်စားနေကြတဲ့ အစားအစာတွေက ကျန်းမာရေးအပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိသလဲဆိုတာကို ရိုးရှင်းလွယ်ကူစွာ မျှဝေပေးထားပါတယ်။ အစားအစာရွေးချယ်ပုံ၊ ချက်ပြုတ်ပုံမှန်ကန်ခြင်းနဲ့ ကျန်းမာရေးကို တိုးတက်စေမယ့် အချက်အလက်တွေကို သိရှိနိုင်မှာပါ။ ကျန်းမာချင်သူတိုင်း မဖြစ်မနေ ကြည့်ရှုသင့်တဲ့ Episode တစ်ခုပါ။

ဆီးချိုတစ်ဖက်နဲ့ ဆီတိုးရင် ဒါတွေ သတိထား
ဆောင်းပါးသတင်း

ဆီးချိုတစ်ဖက်နဲ့ ဆီတိုးရင် ဒါတွေ သတိထား

By MyanHealth  |  April 22, 2026

ကမ္ဘာနဲ့ တစ်ဝန်းဖြစ်နေတဲ့ စစ်ရေး၊ နိုင်ငံရေးပြဿနာတွေ နောက်ဆက်တွဲ လောင်စာဆီ ပြဿနာက ကမ္ဘာတင်မက မြန်မာကိုပါ ရိုက်ခတ်နေပါပြီ။ ဒါကြောင့် လောင်စာဆီရောင်းပေးတဲ့ ဆိုင်ရှေ့မှာဆို နေ့ကော၊ ညကော ကားတန်းကြီးတွေကို မြင်နေရတာပါ။ ဒီကားတန်းတွေက အေးမြတဲ့ရာသီအောက်မှာ မဟုတ်ပါဘူး။ များသောအားဖြင့် ပူပြင်းတဲ့နေရောင်အောက်မှာ ဖြစ်ပြီး တချို့ဆိုရင် ဒီအပူဒဏ်ကိုလည်း ရှောင်ရင်း၊ ဆီလည်း တန်းစီရင်း မရလိုက်တာမျိုး မရှိရအောင် ညဘက်ကတည်းက တန်းစီစောင့်ကြတာတွေ ရှိပါတယ်။ တကယ်တော့ တစ်နေကုန် ပူပြင်းထားတဲ့ ကတ္တရာလမ်းဟာ ညဘက်ဆိုရင်တောင် တစ်နေကုန် စုပ်ယူထားတဲ့ အပူဒဏ်ကို ပြန် ထုတ်လွှတ်တာမို့ အပူဒဏ်ကို ပုံစံတစ်မျိုးနဲ့ ခံကြရပြန်ပါတယ်။ အခုဆို ရန်ကုန်မြို့မှာ ဆီတန်းစီရင်း ကားထဲမှာ ပဲ သေဆုံးရတဲ့ သုံးဦးအထိ ရှိလာနေပါပြီ။ လူတွေမှာContinue reading "ဆီးချိုတစ်ဖက်နဲ့ ဆီတိုးရင် ဒါတွေ သတိထား"

အပူဒဏ်နဲ့ အတူသတိထားရမယ့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်
ဆောင်းပါးသတင်း

အပူဒဏ်နဲ့ အတူသတိထားရမယ့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်

By Dr.Kris  |  April 21, 2026

ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးဟာ တစ်နှစ်ပြီးတစ်နှစ် ဆယ်စုနှစ်တစ်ခုပြီး တစ်ခုကျော်ဖြတ် လာချိန်မှာတော့ ရာသီဥတုပြောင်းလဲလာမှုတွေနဲ့ အတူပူနွေးလာတာ အေးခဲနေတဲ့ ရေခဲပြင်တွေ အရည်ပျော်ကျလာတာမျိုးအထိ ကြုံတွေ့လာနေရပါတယ်။ ဒီလိုပြင်းထန်လာတဲ့ ရာသီဥတု ပြောင်းလဲမှုတို့ကြောင့် မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများအပြားမှာ အပူချိန်မြင့်တက်လာခြင်းနှင့် ပြင်းထန်သော နေရောင်ခြည်ဒဏ်တို့ဟာ မလွဲမသွေ ဖြတ်သန်းနေရတဲ့ နွေရာသီအချိန်ကာလတစ်ခုကနေ နေ့ရက်တိုင်းနီးပါးဖြတ်သန်းရတဲ့ အခြေအနေမျိုး အထိ တစ်ဖြေးဖြေး ပြောင်းလဲလာနေခဲ့ပါပြီ။ လူအများစုဟာ အပူဒဏ်ကြောင့် နေရထိုင်ရအဆင်မပြေတာ အပူရှပ်တာ အပူကြောင့် နွမ်းနယ်ပြီးနေထိုင်မကောင်းဖြစ်တာကို သတိထားမိပြီး အဓိကထားလေ့ရှိကြပေမယ့် ပြင်းထန်တဲ့ နေရောင်ခြည်ကလာတဲ့ မမြင်ရတဲ့ ခရမ်းလွန်ရောင်ခြည် (UV) ခြိမ်းခြောက်မှုကိုတော့ သတိမပြုမိဘဲ လျစ်လျူရှုမိတတ်ကြပါတယ်။ မြင့်မားလာတဲ့ ခရမ်းလွန်ရောင်ခြည် ပမာဏဟာ သတိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်လာတာကို သတိပြုမိကြဖို့လိုအပ်ပါတယ်။ လွန်ခဲ့သော ရာစုနှစ်ထောင်စုနှစ်ပေါင်းများစွာကတည်းက ကမ္ဘာကြီးရဲ့လေထုအလွှာContinue reading "အပူဒဏ်နဲ့ အတူသတိထားရမယ့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်"

နေကောင်းလား အပိုင်း(၅)
Podcast - နေကောင်းလား

နေကောင်းလား အပိုင်း(၅)

By MyanHealth  |  April 21, 2026

ဒီနေ့ရဲ့ ‘နေကောင်းလား’ အပိုင်း ၅ မှာတော့ ‘အထိုင်များခြင်းရဲ့ အန္တရာယ်’ အကြောင်းကို ဆွေးနွေးသွားမှာပါ။ ဆရာဝန်တစ်ဦးရဲ့ အကြံပြုချက်တွေတင်မကဘဲ၊ ကျွန်မတို့လိုပဲ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်နေရတဲ့ လူငယ်တစ်ဦးရဲ့ လက်တွေ့ရင်ဖွင့်သံတွေကိုပါ စုစည်းတင်ဆက်ပေးထားပါတယ်ရှင့်။ ကိုယ့်ရဲ့ ခါးနဲ့ ကျန်းမာရေးအတွက် ဒီနေ့ Podcast လေးကို အဆုံးထိ နားဆင်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်။

ဘက်ဂျက်နဲ့ ပြည်သူ့ကျန်းမာရေး အဆက်အစပ်
ဆောင်းပါးသတင်း

ဘက်ဂျက်နဲ့ ပြည်သူ့ကျန်းမာရေး အဆက်အစပ်

By Ko Ba Thet  |  April 20, 2026

နိုင်ငံတစ်ခုချင်းစီအလိုက် အစိုးရအသုံးစရိတ်ဟာ လူထု ကျန်းမာရေးကဏ္ဍအပေါ် မှီတည်ပါတယ်။ ဘာကြောင့်လဲဆိုရင် အစိုးရက သူတို့ ကောက်ယူထားတဲ့ လူထုဆီက အခွန်ကို ဝန်ဆောင်မှုပုံသဏ္ဍာန်နဲ့ ပြန်လည်ပေး အပ်ရလို့ပါ။ အစိုးရအသုံးစရိတ် ဆိုတာကလည်း ရှုပ်ထွေးတတ်တာမို့ များသောအားဖြင့် သာမန်ပြည်သူတွေက သူတို့ပေးလိုက်တဲ့အခွန်ကနေ ကိုယ့်အတွက် ဘယ်လောက် ပြန်သုံးနေလဲလဲဆိုတာ နားလည်ဖို့ ခက်တတ်ပါတယ်။ အစိုးရတွေရဲ့ ကျန်းမာရေးအသုံးစရိတ်တွေကို ကြည့်တဲ့အခါ ပုံမှန်အားဖြင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ အသုံး စရိတ်တွေကို ကြည့်ပြီး ဆန်းစစ်ကြတာမျိုး ရှိသလို တခြားသော အသုံးစရိတ်အပေါ် အခြေခံတဲ့ ဆန်းစစ်မှု ပုံစံတွေလည်းရှိပါတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံတစ်ခုချင်းစီရဲ့ ဆင်းရဲချမ်းသာ ကွာဟမှု၊ တည်ရှိပြီး ကျန်း မာရေးစနစ်၊ သုံးတဲ့ပမာဏတွေဟာ တစ်ခုနဲ့ တစ်ခု မတူကြတာမို့ ဒါဟာ ကောင်းမွန်တဲ့ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုContinue reading "ဘက်ဂျက်နဲ့ ပြည်သူ့ကျန်းမာရေး အဆက်အစပ်"

ရိုးရာကော ခေတ်ပေါ်ကော လက်ခံတဲ့ မြင်းခွာရွက်
Tips & Tricks

ရိုးရာကော ခေတ်ပေါ်ကော လက်ခံတဲ့ မြင်းခွာရွက်

By MyanHealth  |  April 15, 2026

အမျိုးတို့ရေ … မြန်မာတွေ သုတ်လို့ တဖုံ၊ ကြော်၍ တစ်မျိုး၊ ဟင်းချိုပုံစံ၊ အတို့ပုံစံနဲ့ အမြဲတမ်းလိုလို စားလေ့ စားထ ရှိတဲ့ မြင်းခွာရွက်က တကယ်တော့ ကမ္ဘာကျော် ဆေးဘက်ဝင်အပင်ပါလို့။ ၁၉၃၁ ခုနှစ် မတ်လတုန်းက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က နာမည်ကြီး London Daily Express သတင်းစာကြီးက အသက် ၁၈၅ နှစ်အရွယ် ရသေ့ကြီး Arunachalam အကြောင်းကို အစထုတ်ရေးခဲ့ပြီးနောက်မှာ ဒီကနေ့ အမျိုးတို့လည်း သိကြတဲ့ မြင်းခွာရွက်အကြောင်းကို အနောက်တိုင်းကမ္ဘာက သူတွေက စိတ်ဝင်စားလာကြသတဲ့တော်။ ရုက္ခဗေဒအခေါ်အဝေါ်အရ Centella asiatica လို့ ခေါ်တဲ့ မြင်းခွာရွက်က အဲဒီကာလတုန်းက အနောက်ကမ္ဘာမှာ ပေါက်လေ့ပေါက်ထ မရှိဘူးလေ။ မြင်းခွာရွက်က မြန်မာ အပါအဝင် အာရှတိုက်နဲ့Continue reading "ရိုးရာကော ခေတ်ပေါ်ကော လက်ခံတဲ့ မြင်းခွာရွက်"

အကူအညီလိုအပ်နေတဲ့ အိမ်ခြေမဲ့သက်ကြီးရွယ်အိုတွေ
ဆောင်းပါးသတင်း

အကူအညီလိုအပ်နေတဲ့ အိမ်ခြေမဲ့သက်ကြီးရွယ်အိုတွေ

By MyanHealth  |  April 13, 2026

“အဘွား ဒေါ်ဝင်း” အဘွားဒေါ်ဝင်းဆိုတာ မတ်တပ်ရပ်လိုက်ရင် ဘေးကို သိသိသာသာ ငေါထွက်နေတဲ့ ညာဘက်ဒူးခေါင်းဒဏ်ရာကို လက်တစ်ဖက်က ဖိ၊ နောက်တစ်ဖက် တောင်ဝှေးကို အားပြု လမ်းလျှောက်တတ်တဲ့ အသက် ၇၀ လောက် အရွယ် အမေအိုကြီး။ လမ်းဘေး လက်ဖက်ရည်ဆိုင်ထဲကို တရွေ့ရွေ့ဝင်သွားပြီး ဆိုင်ထဲက စားသောက်နေသူတွေရှေ့မှာ “သဒ္ဓါသရွေ့ စွန့်ကြဲကြပါ” လို့ နှုတ်ကလည်း တောင်း၊ သဒ္ဓါကြည်ဖြူလို့ လှူလာသူတွေ ပေးလာတဲ့ ငွေစကြေးစလေးတွေကို တောင်ဝှေ့ကိုင်ထားတဲ့ ဘယ်ဘက်လက်နဲ့ လှမ်းယူ၊ ပြီးရင် လည်ပင်းမှာ ကြိုးနဲ့ ချိတ်ထားတဲ့ ပလပ်စတစ်အိမ်အဟောင်းထဲ ထည့်နဲ့။​ ပြီးရင်တော့ ဒေါ်ဝင်းရဲ့ ဦးတည်ရာက လက်ဖက်ရည်ဆိုင်နဲ့ မလှမ်းမ ကမ်းက အခွန်လွတ်စျေး။ စျေးထဲကိုလည်း တောင်ဝှေ့လေး အားပြုလို့ လျှောက်ရင်း နိစ္စဓူဝ စားဝတ်နေရေးContinue reading "အကူအညီလိုအပ်နေတဲ့ အိမ်ခြေမဲ့သက်ကြီးရွယ်အိုတွေ"

လက်ကျန်ဆေးဝါးများကို စနစ်တကျစွန့်ပစ်ခြင်း
ဆောင်းပါးသတင်း

လက်ကျန်ဆေးဝါးများကို စနစ်တကျစွန့်ပစ်ခြင်း

By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  April 11, 2026

နေမကောင်းဖြစ်ချိန်မှာ ဝယ်ထားတဲ့ဆေးတွေ၊ ဆရာဝန်ညွှန်ကြားချက်အရ သောက်ခဲ့ပေမယ့် ကုသမှုပြီးသွားလို့ ကျန်နေတဲ့ဆေးတွေ၊ သက်တမ်းကုန်သွားတဲ့ဆေးတွေဟာ အိမ်တိုင်းလိုလိုမှာ ရှိတတ်ကြပါတယ်။ ဒီလို ဆေးလက်ကျန်တွေကို “နောက်တစ်ခါလိုရင် ပြန်သောက်မယ်” ဆိုပြီး သိမ်းထားတဲ့အလေ့အကျင့်က မကောင်းသလို သင့်တော်သလို မြေကြီးပေါ်၊ ရေထဲ၊ အမှိုက်ပုံးထဲ ဒီအတိုင်း ပစ်လိုက်တာကလည်း မမှန်နေပါဘူး။ ဆေးဝါးတွေရဲ့ဓာတ်တွေက မြေကြီးနဲ့ ရေထဲရောက်သွားရင် ရေနေသတ္တဝါတွေကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ပဋိဇီဝဆေးအကျန်တွေက ပိုးမွှားတွေ ဆေးမတိုးနိုင်အောင် ပြောင်းလဲလာစေတဲ့ ဆေးယဉ်ပါးမှုကိုလည်း အားပေးနိုင်ပါတယ်။ ဒါကြောင့် လက်ကျန်ဆေး၊ အသုံးမလိုတော့တဲ့ဆေးတွေကို စနစ်တကျ စွန့်ပစ်ခြင်းဟာ ကိုယ့်မိသားစုအတွက်သာမက ပတ်ဝန်းကျင်နဲ့ အနာဂတ်ကျန်းမာရေးအတွက်ပါ အရေးကြီးပါတယ်။ အိမ်မှာ လက်ကျန်ဆေးတွေကို စနစ်တကျမထားရင် ကလေးတွေမှားသောက်မိနိုင်သလို၊ လူကြီးတွေပါ ဆေးအမည်တူတူ၊ ဘူးပုံစံတူတူတွေကြားမှာ မှားယူသောက်မိနိုင်ပါတယ်။ တချို့လူတွေက ကိုယ့်အတွက် မလိုတော့တဲ့ဆေးကိုContinue reading "လက်ကျန်ဆေးဝါးများကို စနစ်တကျစွန့်ပစ်ခြင်း"

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် ဝက်သက်ရောဂါ အကြီးအကျယ် ကူးစက်ပျံ့နှံ့နေပြီး လူပေါင်း ၁၀၀ ဝန်းကျင် သေဆုံး
ဆောင်းပါးသတင်း

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် ဝက်သက်ရောဂါ အကြီးအကျယ် ကူးစက်ပျံ့နှံ့နေပြီး လူပေါင်း ၁၀၀ ဝန်းကျင် သေဆုံး

By MyanHealth  |  April 10, 2026

မတ်လလယ်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အလျင်အမြန် ကူးစက်ပျံ့နှံ့နေသော ဝက်သက်ရောဂါကြောင့် အများစုမှာ ကလေးငယ်များဖြစ်သည့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီး၊ ၎င်းသည် နိုင်ငံ၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဝက်သက်ရောဂါ ကူးစက်မှုလှိုင်း ဖြစ်လာနိုင်သည်။ ဝက်သက်ရောဂါသည် လေထဲမှတစ်ဆင့် အလွန်ကူးစက်လွယ်သော ရောဂါတစ်ခုဖြစ်ပြီး ပြင်းထန်သော နောက်ဆက်တွဲ ရောဂါများနှင့် သေဆုံးမှုအထိ ဖြစ်ပွားစေနိုင်ပါသည်။ တွေ့ရလေ့ရှိသော လက္ခဏာများမှာ – • ဖျားခြင်း (အဖျားကြီးခြင်း) • မျက်စိနာခြင်း၊ မျက်စိနီခြင်းနှင့် မျက်ရည်ပူကျခြင်း • ချောင်းဆိုးခြင်း • နှာချေခြင်း တို့ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ ၂၀၂၄ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး၌ ဝက်သက်ရောဂါကြောင့် လူပေါင်း ၉၅,၀၀၀ ခန့် သေဆုံးခဲ့ရပြီး အများစုမှာContinue reading "အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် ဝက်သက်ရောဂါ အကြီးအကျယ် ကူးစက်ပျံ့နှံ့နေပြီး လူပေါင်း ၁၀၀ ဝန်းကျင် သေဆုံး"

Ads Advertisement