Skip to content

ဆောင်းပါးများ

MyanHealth ကျန်းမာရေးဆိုင်ရာ စုံညီပွဲတော်နေ့ နှုတ်ခွန်းဆက်လွှာ
သတင်း

MyanHealth ကျန်းမာရေးဆိုင်ရာ စုံညီပွဲတော်နေ့ နှုတ်ခွန်းဆက်လွှာ

By MyanHealth  |  June 9, 2026

MyanHealth အယ်ဒီတာအဖွဲ့ကိုယ်စား ကြွရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းကို မင်္ဂလာပါ လို့ နှုတ်ခွန်းဆက်သပါတယ်။ဆက်လက်ပြီးတော့ ဒီနေ့ Stronger together ခေါင်းစဉ် အောက်ကနေ ဆွေးနွေးပွဲပြုလုပ်မယ့် “လက်‌တွေ့ကျတဲ့နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုကို ဘယ်လိုကျော် လွှားမလဲ” စကားဝိုင်းဆွေးနွေးပွဲမှာ ပါဝင်ကူညီပေးတဲ့ ဆရာမတို့ကို ကျေးဇူးတင်ကြောင်း ပြောကြား လိုပါတယ်။ လူတဦးအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာနေရင်တောင် နေ့တနေ့စတာနဲ့ စိတ်ဖိစီးမှုဖြစ်ပေါ် စရာ အခြေအနေအမျိုးမျိုးက အဆင်သင့်စောင့်ကြိုနေတယ်လို့ ဒီခေတ်ကာလမှာပြောရင် မမှား လောက်ပါဘူး။ ဒါကြောင့်လည်း ကိုးကွယ်ရာဘာသာအသီးသီးမှာ စိတ်ကိုထားတတ်ဖို့အတွက် အဓိက ဆိုဆုံးမကြ၊သင်ယူသင်ကြားကြတာက အဓိကလုပ်ငန်းစဉ်လို့ထင်ပါတယ်။ဗုဒ္ဓဘာသာမှာဆိုရင်လည်း ဘုရားရှိခိုးအများစုရဲ့အစဟာ နမောတဿ ဘဂဝတော အရဟတော လို့တွေ့ ရပြီး ကိလေသာ ကင်းစင် သောမြတ်စွာဘုရားကိုရှိခိုးပါ၏ ဆိုတာတွေ့ရပါတယ်။ ကိလေသာဟာ ဘုရား၊ရဟန္တာတွေမှ ကင်းနိုင် တာဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးမယ့်Continue reading "MyanHealth ကျန်းမာရေးဆိုင်ရာ စုံညီပွဲတော်နေ့ နှုတ်ခွန်းဆက်လွှာ"

စိတ်ဖိစီးမှုရှိ/မရှိ စစ်ဆေးခြင်း
Mental Health

စိတ်ဖိစီးမှုရှိ/မရှိ စစ်ဆေးခြင်း

By MyanHealth  |  June 8, 2026

နေ့စဉ်ဘဝရဲ့ ပြဿနာတွေ၊ အလုပ်ခွင်က အခက်အခဲတွေကြောင့် မွန်းကျပ်ပြီး စိတ်ဖိစီးမှုတွေ မြင့်တက်နေပြီလား? ကိုယ့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေကို သေချာပြန်လည်ဆန်းစစ်နိုင်ဖို့ MyanHealth ရဲ့ ဒီ ‘Perceived Stress Scale (PSS-10)’ မေးခွန်း (၁၀) ခုကို ဖြေဆိုကြည့်လိုက်ပါ။ ရရှိလာတဲ့ ရမှတ်တွေအရ စိတ်ဖိစီးမှုများနေတယ်ဆိုရင် ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်ရှင်။ ကိုးကားချက်များ Cohen S, Kamarck T, Mermelstein R. A global measure of perceived stress. Journal of Health and Social Behavior. 1983;24(4):385–396. Cohen S, Williamson G. Perceived stressContinue reading "စိတ်ဖိစီးမှုရှိ/မရှိ စစ်ဆေးခြင်း"

အိန္ဒိယဆေးကျမ်းလာ လက်တစ်ကမ်းက ဗာဒံ
ဆောင်းပါးသတင်း

အိန္ဒိယဆေးကျမ်းလာ လက်တစ်ကမ်းက ဗာဒံ

By MyanHealth  |  June 8, 2026

လူတွေဟာ အသားဓာတ် (ပရိုတိန်း) ကို အများအားဖြင့် အသားနဲ့ ပဲလို ဟာမျိုးကနေပဲ ရတယ်လို့ ထင်မှတ်ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံကနေ ဗီတာမင်ဓာတ်တွေပဲ ရတယ်ဆိုပြီး အလွဲ မှတ်ယူတတ်ကြပါတယ်။ တကယ်တော့ တချို့သော အစေ့၊ အသီးတွေဟာ ပရိုတိန်းဓာတ် ကြွယ်ဝပါတယ်။ တချို့အစေ့၊ အသီးဆိုရင် ပရိုတိန်းဓာတ် ပါဝင်မှုက ၂၀ ရာခိုင်နှုန်းလောက်အထိ ရှိတတ်ပါတယ်။ ဒီထဲမှာ အများသိကြတဲ့ ဗာဒံသီး (အရပ်မှာ တော့ ဗန်ဒါသီးလို့ အသံထွက်) ပါဝင်ပါတယ်။ ဗာဒံသီးလို့ဆိုရင် အပင်က ကြွေတဲ့ အသီးကို အုတ်ခဲလို မာတဲ့ဟာနဲ့ ထုပြီး အထဲက အဆံကို စားခဲ့ကြတာကို သတိရမိကြမယ် ထင်ပါတယ်။ ဗာဒံသီးကို ကတ္တီပါသားလို နူးညံ့တဲ့ အပြင်ခွံအပိုင်းနဲ့ အထဲက ကျောက်လိုမျိုးContinue reading "အိန္ဒိယဆေးကျမ်းလာ လက်တစ်ကမ်းက ဗာဒံ"

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June Second Week )
သတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June Second Week )

By Ko Tin  |  June 5, 2026

• ရန်ကုန် မင်္ဂလာဒုံအထူးကုဆေးရုံမှာ သွားနှင့် ခံတွင်းရောဂါ အထူးကုဌာနသစ်ကို ဇွန် ၃ ရက်က ဖွင့်လှစ်ခဲ့ရာမှာ ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးဝန်ကြီးတွေ၊ ကျန်းမာရေးဌာန တာဝန်ရှိသူတွေပါ တက်ရောက်ခဲ့ပါတယ်။ • ရန်ကုန် ပြည်သူ့ဆေးရုံးကြီးနဲ့ မန္တလေး ခုတင် ၃၀၀ ဆံ့ ကလေးဆေးရုံမှာ သုံးဖို့ FDA အသိအမှတ်ပြု ကင်ဆာဆေးဝါး၊ ကျောက်ကပ်ကုသဆောင်သုံး ဆေးဝါး၊ အောက်ဆီဂျင်နဲ့ ဆေးဝါးတွေကို ဝယ်ယူလိုကြောင်း တင်ဒါခေါ်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ • လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ ဆေးလိပ်သောက်သုံးသူ ဦးရေနဲ့ ကွမ်းယာအပါအဝင် ဆေးရွက်ကြီးထုတ်ကုန် သုံးစွဲမှုနှုန်း လျော့ကျလာတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခContinue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June Second Week )"

ရုတ်တရက်ချာချာလည်အောင်ခေါင်းမူးလာတဲ့အခါ
ဆောင်းပါးသတင်း

ရုတ်တရက်ချာချာလည်အောင်ခေါင်းမူးလာတဲ့အခါ

By Dr.Kris  |  June 4, 2026

ဆေးရုံ ဆေးခန်းကိုလာတဲ့ လူနာတော်တော်များများမှာ ခေါင်းမူးတယ်လို့ ပြောပြီးလာတဲ့ လူနာတွေ တော်နော်များများရှိပါတယ်။ နေထိုင်မကောင်းဖြစ်လို့ ခံစားရတဲ့ ရောဂါလက္ခဏာတွေအကြောင်း ပြောကြရင်လည်း ခေါင်းမူးတယ် ဆိုတာ သိသာထင်ရှားတဲ့ ရောဂါလက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ ခေါင်းမူးစေတဲ့အကြောင်းတရားတွေများစွာရှိပါတယ်။ ဖျားနာတာကြောင့်၊ အိပ်ရေးပျက်တာကြောင့် စသဖြင့် အကြောင်းတရားများစွာရှိပါတယ်။ ဒီလိုအကြောင်းတရားတွေ ထဲကမှ ရုတ်တရက် ချာချာလည်အောင်ခေါင်းမူးတာ (Benign Paroxysmal Positional Vertigo – BPPV) ဟာ အဖြစ်အများဆုံးဖြစ်သလို ထိထိရောက်ရောက်ကုသလို့ရတဲ့ ခေါင်းမူး ဝေဒနာမျိုး လည်းဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှာ ဆေးခန်းလာပြတဲ့ သက်ကြီးရွယ်အိုတွေ အများစုကြုံကြရတဲ့ ဝေဒနာဟာ ရုတ်တရက် ခေါင်းချာချာလည်အောင်မူးတာပဲ ဖြစ်ပါတယ်။ လေ့လာထားတဲ့ စစ်တမ်းများအရ လူဦးရေ တသိန်းမှာ ၁၀ဦးကနေ ၆၄ဦးထိ ရုတ်တရက်ချာချာလည်အောင်ခေါင်းမူးတာမျိုး ဖြစ်ပွားတယ်လို့ ခန့်မှန်းရပါတယ်။Continue reading "ရုတ်တရက်ချာချာလည်အောင်ခေါင်းမူးလာတဲ့အခါ"

ဆူညံသံနှင့် ကျန်းမာရေး
ဆောင်းပါး

ဆူညံသံနှင့် ကျန်းမာရေး

By MyanHealth  |  June 3, 2026

မြန်မာနိုင်ငံမှာ နားနဲ့ ဆက်စပ်တဲ့ ရောဂါကြောင့် ထိခိုက်ခံစားရသူတွေ သန်းဂဏန်းအထိ ရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ကမ္ဘာ့ရောဂါ ဝန်ထုပ်ဝန်ပိုးလေ့လာမှု (GBD) အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ GBD မှတ်တမ်းများအရဆို မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးမှာ အသက်အရွယ်အလိုက် အကြားအာ ရုံချို့ယွင်းမှု ဖြစ်ပွားနှုန်း ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်ပြီး ၂၂ ဒသမ ၅ ရှိတယ်လို့ သိရပါတယ်။ အကြားအာရုံချို့ယွင်းမှုအများဆုံးနိုင်ငံစာရင်းမှာ ပါဝင်တဲ့ မြန်မာနိုင်ငံမှာ ဆူညံသံတွေနဲ့ ပတ်သက်ပြီး အများပြည်သူရဲ့ ခံစားမမှု အခြေအနေကို MyanHealth ကနေ မေးမြန်းပြီး စုစည်းဖော်ပြလိုက်ပါတယ်။ ဒေါ်ညွန့်ရီ (မြောက်ဒဂုံ) ညဖက်တွေ အိပ်ရင်တော့ ဆူညံသံကို မခံနိုင်ဘူး။ နေ့လည်ဘက်ကတော့ ဆူညံလည်း အဆင်ပြေတယ်။ အသက်ကြီးလာတော့ ညဖက်ဆူညံသံတွေ ကြားရရင် အိပ်လို့Continue reading "ဆူညံသံနှင့် ကျန်းမာရေး"

မိုးရာသီကြောင့် စီးချင်းထိုးရမယ့် ပြည်သူ့ကျန်းမာရေးကဏ္ဍ စိန်ခေါ်မှု
ဆောင်းပါးသတင်း

မိုးရာသီကြောင့် စီးချင်းထိုးရမယ့် ပြည်သူ့ကျန်းမာရေးကဏ္ဍ စိန်ခေါ်မှု

By MyanHealth  |  June 1, 2026

မေလ လယ်ခန့်က စပြီး ဆက်တိုက်ရွာသွန်းတဲ့ မိုးကြောင့် ရန်ကုန်နဲ့ ဧရာဝတီတိုင်း အပါအဝင် မနိုးများတဲ့ဒေသေတွမှာ ရေဝပ်မှုတွေကြောင့် ခြင်ပေါက်ဖွားမှု တိုးလာပြီး ခြင်က တဆင့် ကူးစက်တတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါအပြင် ရာသီတုပ်ကွေးပြဿနာတွေ အဖြစ်များလာနေတယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ဒေသခံတွေက MyanHealth ကို ပြောပြပါတယ်။ မိုးရွာလို့ ခြင်ပေါလာတာနဲ့အတူ လူနေမှုပုံစံကို ပြောင်းလဲနေရတယ်လို့ သူတို့က ဆိုပါတယ်။ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှာနေတဲ့ အိမ်ရှင်မတစ်ဦးက “လူနေအရမ်းစိပ်တော့ တစ်အိမ်နဲ့ တစ်အိမ်က ကပ်နေတာ။ နောက်ပြီး ရေဝပ်တော့ ခြင်တွေ တအားပေါတာ။ အိမ်ထဲနေတာတောင် ခြင်ထောင်ထောင်နေရတယ်။ ထမင်းစားရင်တောင် ကလေးတွေကို ခြင်ထောင်ထဲမှာ ကျွေးရတယ်။ ခြင်ပေါချက်က ရက်စက်တယ်”လို့ ပြောပါတယ်။ “မိုးကရွာ၊ ရေကလျှံတော့ ရေတွေက အိမ်အောက်အထိ ရောက်တယ်။Continue reading "မိုးရာသီကြောင့် စီးချင်းထိုးရမယ့် ပြည်သူ့ကျန်းမာရေးကဏ္ဍ စိန်ခေါ်မှု"

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June First Week )
သတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June First Week )

By Ko Tin  |  June 1, 2026

• ပုံမှန်အတိုင်း သားသမီး မရနိုင်တဲ့ ဇနီးမောင်နှံ​ ၁၂ ခုအတွက် ၂၀၂၆ ခုနှစ် ဧပြီနဲ့ မေလအတွင်းမှာ ဖန်ပြွန်သန္ဓေသားနည်းသုံးပြီး ကလေးရနိုင်ဖို့ ဆောင်ရွက်ထားပေးတယ်လို့ ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံးကနေ သိရပါတယ်။ • ပဋိပက္ခဒဏ်ခံနေရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတချို့မှာ ဆေးရုံနဲ့ ဆေးခန်း အလှမ်းဝေးတဲ့ ဒေသခံပြည်သူတွေဟာ အရေးပေါ်ကျန်းမာရေးအခြေအနေ အခက်အခဲတွေကို ရင်ဆိုင်နေရတာကြောင့် ကူညီနိုင်ဖို့အတွက် လူထုအခြေပြု ကနဦးတုံ့ပြန်အကူအညီပေးနေသူတွေကို “လူနာအခြေအနေ တည်ငြိမ်စေရေးနှင့် စောင့်ရှောက်မှု အဆင့်မြင့်သင်တန်း” ဖွင့်လှစ် သင်ကြားပေးခဲ့တယ်လို့ ICRC (မြန်မာ) က ထုတ်ပြန်ထားပါတယ်။ • ကမ္ဘာတစ်ဝှမ်း ၂၀၀၈ ခုနှစ်အတွင်း ထွက်ရှိတဲ့ ဆေးလိပ်သောက်ခန်းပါတဲ့ ရုပ်ရှင်တွေရဲ့ ထက်ဝက်လောက်ဟာ လူငယ်တွေကို ပစ်မှတ်ထားထားတာဖြစ်ပြီး ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ နီကိုတင်းကုမ္ပဏီတွေက သူတို့ထုတ်ကုန်တွေကို လူငယ်တွေContinue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June First Week )"

သွားရှိလျှင် သွားတိုက်ပါ…သွားမရှိလျှင် သွားစိုက်ပါ
သွားကျန်းမာရေး

သွားရှိလျှင် သွားတိုက်ပါ…သွားမရှိလျှင် သွားစိုက်ပါ

By Dr. Aung Ko Htet, B.D.S (Mdy)  |  May 28, 2026

ကျွန်တော်တို့ ခံတွင်းထဲမှာ အသုံးတည့်တဲ့သွားတချောင်းဆုံးရှုံးသွားရင် ဘာတွေဖြစ်သွားမလဲ? သွားတချောင်းမရှိလို့တော့လည်း အသက်အန္တရာယ်နဲ့ အဝေးကြီးပါ။ တချောင်းမှမရှိပါပဲ ရှင်သန်နေထိုင် ကြတဲ့သူတွေလည်း ပတ်ဝန်းကျင်မှာ တွေ့နေ မြင်နေရတာပါပဲဗျာ။ ဒါပေမယ့် နေထိုင်ရတဲ့ လူနေမှုဘဝ ပုံစံတွေပေါ်မှာတော့ အများကြီးအပြောင်းအလဲဖြစ်သွားစေနိုင်ပါတယ်။ သွားဘက်ဆိုင်ရာဆရာဝန် ဖြစ်နေလို့လားတော့ မသိဘူး၊ လူတယောက်ကိုတွေ့လိုက်ရင် ဆွဲထားတဲ့တန်ဖိုးကြီး ဆွဲကြိုး၊ နားကပ်၊ လက်ဝတ်ရတနာထက် ကျန်းမာနေတဲ့သွားတွေကို မြင်ရတာက ကျွန်တော့်အတွက်တော့ တန်ဖိုးထား စရာလို့ မြင်တာပါပဲဗျာ။ ​ကျွန်တော်တို့ခံတွင်းထဲမှာ အရွယ်ရောက်ပြီးသား လူတဦးအနေနဲ့ အပေါ်အောက်သွား စုစုပေါင်း (၃၂)ချောင်းရှိပါတယ်။ တချို့အံဆုံးမပေါက်ခဲ့တာမျိုးဆိုရင်တော့ (၂၈)​ချောင်းပေါ့ဗျာ။ အပေါ်သွားမှာပဲ ဘယ်ညာရှေ့သွား(၄)ချောင်း၊ စွယ်သွား(၂)ချောင်း၊ အံသွားအသေး(၄)ချောင်း၊ အံသွားအကြီး(၄)ချောင်း နဲ့ အံဆုံး(၂)ချောင်း အားလုံးပေါင်း (၁၆)ချောင်းရှိပါတယ်။ အပေါ်/ အောက်ဆိုတော့ စုစုပေါင်း(၃၂)ချောင်း ရှိပါတယ်ဗျ။ ​အကြောင်းအမျိုးမျိုးကြောင့် သွားတချောင်းနှုတ်ထား/Continue reading "သွားရှိလျှင် သွားတိုက်ပါ…သွားမရှိလျှင် သွားစိုက်ပါ"

၀င်ငွေကနေ မမျှပေးနိုင်တော့တဲ့ ကျန်းမာရေးစရိတ်
ဆောင်းပါး

၀င်ငွေကနေ မမျှပေးနိုင်တော့တဲ့ ကျန်းမာရေးစရိတ်

By MyanHealth  |  May 25, 2026

ကုန်စျေးနှုန်းကြီးတာ၊ နေထိုင်မှုစရိတ် ကြီးတာတွေက မြန်မာနိုင်ငံထဲက အခြေခံမိသားစုတွေအတွက်တော့ “ကျန်းမာရေးစရိတ်” ဆိုတာ ဘာလဲလို့ မေးယူရမယ့် အခြေအနေကို စိုက်နေပါပြီ။​ အခြေခံလုပ်သားလို့ ဆိုရမယ့် ဆောက်လုပ်ရေး လုပ်သားတစ်ဦးရဲ့ တစ်နေ့ လုပ်ခလစာဟာ ပျမ်းမျှ ကျပ် ၂၀,၀၀၀ အထက်မှာ ရှိပေမယ့် တကယ်တော့ ဒီဝင်ငွေဟာ ထွက်ငွေနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်ပါဘူး။ ထို့အတူ လခစားဝန်ထမ်း၊ သာမန် နေ့စားဝန်ထမ်းတွေရဲ့ လစဉ်ရှာဖွေလို့ ရတဲ့ ငွေကြေးဟာလည်း အိမ်အသုံးစရိတ်အတွက် ကာမိရုံသာ ရှိပါတယ်။ ​”တစ်လ တစ်လ အိမ်လခနဲ့ စားစရိတ်အတွက်ကို လုံးပန်းနေရတာ။ ကျန်းမာရေးစရိတ်ဆိုတာကတော့ အဝေးကြီးပဲ” လို့ လှိုင်သာယာမြို့နယ်မှာ အိမ်ငှားအဖြစ် နေထိုင်နေတဲ့ အိမ်ရှင်မတစ်ဦးက MyanHealth ကို ပြောပါတယ်။ ​တောင်ဒဂုံမြို့နယ်ကနေ မြောက်ဒဂုံမြို့နယ်ထဲContinue reading "၀င်ငွေကနေ မမျှပေးနိုင်တော့တဲ့ ကျန်းမာရေးစရိတ်"

တစ်ဆင့်ခံဆေးလိပ်ငွေ့နဲ့ ကလေးသူငယ်ကျန်းမာရေး
ဆောင်းပါးသတင်း

တစ်ဆင့်ခံဆေးလိပ်ငွေ့နဲ့ ကလေးသူငယ်ကျန်းမာရေး

By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  May 24, 2026

ကလေးတွေဟာ ကိုယ်ရှူမယ့်လေကို ကိုယ်တိုင်ရွေးချယ်လို့ မရပါဘူး။ အိမ်မှာဖြစ်ဖြစ်၊ ကားထဲမှာဖြစ်ဖြစ်၊ လက်ဖက်ရည်ဆိုင်၊ အလုပ်ခွင်၊ လူအများသွားလာတဲ့နေရာတွေမှာဖြစ်ဖြစ် လူကြီးတွေသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှောင်ချင်တိုင်း ရှောင်လို့မရဘဲ ရှူနေရတတ်ပါတယ်။ လူတော်တော်များများက ဆေးလိပ်သောက်တာဟာ သောက်သူကို ထိခိုက်စေတယ်ဆိုတာ သိကြပေမယ့် ကလေးတွေရှူမိနေတဲ့ တစ်ဆင့်ခံဆေးလိပ်ငွေ့ကလည်း ကလေးကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တယ်ဆိုတာကို သတိမမူမိကြပါဘူး။ တစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာ ဆေးလိပ်နံ့သတ်သတ် မဟုတ်ပါဘူး။ ဆေးလိပ်မီးလောင်နေတဲ့အဖျားက ထွက်လာတဲ့အငွေ့နဲ့ ဆေးလိပ်သောက်သူက ပြန်ရှူထုတ်တဲ့အငွေ့တွေ ပေါင်းစပ်နေတဲ့ အဆိပ်ဓာတ်ပါတဲ့ လေထုညစ်ညမ်းမှုတစ်မျိုးပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့အဆိုအရ တစ်ဆင့်ခံဆေးလိပ်ငွေ့ဟာ ပမာဏအနည်းငယ်လေး ဖြစ်နေရင်တောင် ဘေးမကင်းပါဘူး။ အချိန်တိုခဏလေး ရှူမိတာနဲ့ ကလေးငယ်တွေ၊ မွေးကင်းစကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ပန်းနာရင်ကျပ်ရှိသူတွေ၊ နှလုံးရောဂါရှိသူတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ကလေးငယ်တွေဟာ အဆုတ်၊ ကိုယ်ခံအားစနစ်၊ ဦးနှောက်နဲ့ နှလုံးတို့ဟာ ဖွံ့ဖြိုးနေဆဲဖြစ်တဲ့အတွက်Continue reading "တစ်ဆင့်ခံဆေးလိပ်ငွေ့နဲ့ ကလေးသူငယ်ကျန်းမာရေး"

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (May Fouth Week )
သတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (May Fouth Week )

By Ko Tin  |  May 22, 2026

• ရန်ကုန်မြို့ရှိ ဆေးရုံကြီး ခြောက်ခုနဲ့ အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးတို့ ပူးပေါင်းပြီး တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းနဲ့ ဦးထွန်းမြတ်လမ်းထောင့်က အ.ထ.က (၄) ကျောင်းမှာ မေ ၁၉ ရက် မနက် ၈ နာရီက ကွင်းဆင်းကုသမှုတွေ လုပ်ပေးခဲ့တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်ထားပါတယ်။ • GLOWING/NIGHT TREATMENT (NA) အလှကုန်မှာ Hydroquinone၊ Tretinoin နဲ့ Betamethasone 17-valerate တို့ ပါဝင်နေပြီး GLOWING HERBAL TREATMENT (NA) ထဲမှာတော့ Mercury နဲ့ Betamethasone 17-valerate ပါဝင်နေတယ်လို့ မလေးရှားနိုင်ငံမှာ စစ်ဆေး တွေ့ရှိထားသလို ဘရူနိုင်းနိုင်ငံမှာလည်း ROSE/ White & Natural Cream MoisturizerContinue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (May Fouth Week )"

Ads Advertisement