Skip to content
Ads Advertisement

MyanHealth ကျန်းမာရေးဆိုင်ရာ စုံညီပွဲတော်နေ့ နှုတ်ခွန်းဆက်လွှာ

MyanHealth အယ်ဒီတာအဖွဲ့ကိုယ်စား ကြွရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းကို မင်္ဂလာပါ လို့ နှုတ်ခွန်းဆက်သပါတယ်။ဆက်လက်ပြီးတော့ ဒီနေ့ Stronger together ခေါင်းစဉ် အောက်ကနေ ဆွေးနွေးပွဲပြုလုပ်မယ့် “လက်‌တွေ့ကျတဲ့နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုကို ဘယ်လိုကျော် လွှားမလဲ” စကားဝိုင်းဆွေးနွေးပွဲမှာ ပါဝင်ကူညီပေးတဲ့ ဆရာမတို့ကို ကျေးဇူးတင်ကြောင်း ပြောကြား လိုပါတယ်။

လူတဦးအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာနေရင်တောင် နေ့တနေ့စတာနဲ့ စိတ်ဖိစီးမှုဖြစ်ပေါ် စရာ အခြေအနေအမျိုးမျိုးက အဆင်သင့်စောင့်ကြိုနေတယ်လို့ ဒီခေတ်ကာလမှာပြောရင် မမှား လောက်ပါဘူး။ ဒါကြောင့်လည်း ကိုးကွယ်ရာဘာသာအသီးသီးမှာ စိတ်ကိုထားတတ်ဖို့အတွက် အဓိက ဆိုဆုံးမကြ၊သင်ယူသင်ကြားကြတာက အဓိကလုပ်ငန်းစဉ်လို့ထင်ပါတယ်။ဗုဒ္ဓဘာသာမှာဆိုရင်လည်း ဘုရားရှိခိုးအများစုရဲ့အစဟာ နမောတဿ ဘဂဝတော အရဟတော လို့တွေ့ ရပြီး ကိလေသာ ကင်းစင် သောမြတ်စွာဘုရားကိုရှိခိုးပါ၏ ဆိုတာတွေ့ရပါတယ်။ ကိလေသာဟာ ဘုရား၊ရဟန္တာတွေမှ ကင်းနိုင် တာဖြစ်ပါတယ်။

ဒီနေ့ဆွေးနွေးမယ့် Stress ဆိုတဲ့ စိတ်ဖိစီးမှုဟာ ကိလေသာရဲ့အရင်းအမြစ်တခုပါ။ လိုချင်မှု၊အလိုမကျမှုဆိုတာ လူသားနေ့စဉ်ဘဝတွေမှာ မကင်းနိုင်တဲ့အရာတွေဖြစ်လို့ သူတော်ကောင်း တရားတစိုက်မတ်မတ်မကျင့်နိုင်သေးစဉ် အလုပ်ခွင်နဲ့လူမှု အသိုင်းအဝိုင်းမှာ ဘာသာရေးဆိုင်ရာ ရော၊ဘာသာရေးပြင်ပကရောရနိုင်မယ့် စိတ်ဖိစီးမှုလျှော့ချနည်းတွေဟာ တကယ်အဖိုးတန် ပြီး၊တကယ် လိုအပ်လှပါတယ်။

ဒါကြောင့်လည်း အချိန်အကန့်အသတ်နဲ့လုပ်ရတဲ့ အခုပွဲပြီးတဲ့နောက်မှာလည်း ဆရာမတို့အနေနဲ့ MyanHealth က Mentor တွေနဲ့ အဆက်အသွယ်မပြတ်ရှိပြီး ဆောင်းပါး၊ရုပ်သံဖိုင် အစရှိတဲ့ content (အစီအစဉ်)တွေ ဆက်လက်ချီးမြှင့်ပြီး မြန်မာလူမှုအသိုင်းအဝိုင်းရဲ့ စိတ်ဖိစီးမှုကို လျှော့ချနိုင်ရေး ဆက်လက်ကူညီပေးကြဖို့ အလေးအနက်မေတ္တာရပ်ခံအပ်ပါတယ်။ ပါဝင်ကူညီပေးတဲ့ ဆရာမတို့ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ လူတဦးအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာနေ ရင်တောင် နေ့တနေ့စတာနဲ့ စိတ်ဖိစီးမှုဖြစ်ပေါ်စရာ အခြေအနေအမျိုးမျိုးက အဆင်သင့်စောင့် ကြို နေတယ်လို့ ဒီခေတ်ကာလမှာပြောရင် မမှားလောက်ပါဘူး။

ဒါကြောင့်လည်း ကိုးကွယ်ရာဘာသာ အသီးသီးမှာ စိတ်ကိုထားတတ်ဖို့အတွက် အဓိကဆိုဆုံးမကြ၊သင်ယူသင်ကြားကြတာက အဓိက လုပ်ငန်းစဉ်လို့ထင်ပါတယ်။ဗုဒ္ဓဘာသာမှာဆိုရင်လည်း ဘုရားရှိခိုးအများစုရဲ့အစဟာ နမောတဿ ဘဂဝတော အရဟတော လို့တွေရပြီး ကိလေသာကင်းစင်သောမြတ်စွာဘုရားကိုရှိခိုးပါ၏ ဆိုတာတွေ့ရပါတယ်။ ကိလေသာဟာ ဘုရား၊ရဟန္တာတွေမှ ကင်းနိုင်တာဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးမယ့် Stress ဆိုတဲ့ စိတ်ဖိစီးမှုဟာ ကိလေသာရဲ့အရင်းအမြစ်တခုပါ။

လိုချင်မှု၊အလိုမကျမှုဆိုတာ လူသား နေ့စဉ်ဘဝတွေမှာ မကင်းနိုင်တဲ့အရာတွေဖြစ်လို့ သူတော်ကောင်းတရား တစိုက်မတ်မတ် မကျင့်နိုင် သေးစဉ် အလုပ်ခွင်နဲ့လူမှု အသိုင်းအဝိုင်းမှာ ဘာသာရေးဆိုင်ရာရော၊ဘာသာရေးပြင်ပကရောရနိုင်မယ့် စိတ်ဖိစီးမှုလျှော့ချနည်းတွေဟာ တကယ်အဖိုးတန်ပြီး၊တကယ်လိုအပ်လှပါတယ်။ ဒါကြောင့်လည်း အချိန်အကန့်အသတ်နဲ့လုပ်ရတဲ့ အခုပွဲပြီးတဲ့နောက်မှာလည်း ဆရာမတို့အနေနဲ့ MyanHealth က Mentor တွေနဲ့ အဆက်အသွယ်မပြတ်ရှိပြီး ဆောင်းပါး၊ရုပ်သံဖိုင် အစရှိတဲ့ content (အစီအစဉ်)တွေ ဆက်လက်ချီးမြှင့်ပြီး မြန်မာလူမှုအသိုင်းအဝိုင်းရဲ့ စိတ်ဖိစီးမှုကိုလျှော့ချနိုင်ရေး ဆက်လက်ကူညီပေးကြ ဖို့ အလေးအနက်မေတ္တာရပ်ခံအပ်ပါတယ်။

ဆက်လက်ပြီးတော့ MyanHealth ရဲ့ လက်ရှိလုပ်ဆောင်နေမှုတွေနဲ့ ဆက်လက်လုပ်ဆောင်သွားမယ့် ရည်ရွယ်ချက်နဲ့လုပ်ငန်းစဉ်တွေကို ပြောပြချင်ပါတယ်။MyanHealth ဆိုတာအချက်အလက် မှန်ကန်မှု ကိုအလေးထားပြီး ယုံကြည်ရတဲ့ကျန်းမာရေး စောင့်ရှာက်မှု နဲ့ ဆက်စပ်တဲ့ သတင်းနဲ့ အချက်အလက် တွေကို ဖော်ပြပေးဖို့ကြိုးစားနေတဲ့ ဒစ်ဂျစ်တယ် မီဒီယာ ပါ လို့ အလွယ် ပြောနိုင်ပါတယ်။ ဘာကြောင့် ပေါ်ပေါက်လာတာလည်းလို့မေးရင် မရှိမဖြစ်ကိုလိုအပ်လို့ပါ။

လူဦးရေ ၈၄ သန်း ရှိတဲ့ ဥရောပ အင်အားကြီး နိုင်ငံ တစ်ခု ဖြစ်တဲ့ ဂျာမနီ မှာ လက်ရှိလုပ်ငန်းခွင် ဆရာဝန်အရေအတွက်က ၄၄၆၀၀၀ သာရှိတယ် လူဦးရေ ရဲ့ ၀.၅၃ ရာခိုင်နှုန်းပဲ ၇ှိတယ် လို့ ပြော လို့ရပါတယ်။ ဆိုလိုတာက လူ ၁၉၀ အတွက် ဆရာဝန်တစ်ယောက် သာ ရှိတယ် လို့ဆိုနိုင်တယ်..

ဒီလို နိုင်ငံကြီးမှာတောင် ကျေးလက်နဲ့ မြို့နဲ့ ဝေးတဲ့ နေရာတွေ မှာ ဆရာဝန် မလုံလောက်တာ တွေ ကြုံနေရပါတယ်။

ဒါကြောင့် သူတို့ဟာ ကျန်းမာအောင်နေဖို့ နေထိုင်တတ်ဖို့ ကျန်းမာဖို့အတွက် အခြေခံအစာအာဟာရနဲ့ ကိုယ် လက်လှုပ်ရှား ကြဖို့အသိကို မူလတန်းကျောင်းတွေမှာ စတင်ပြီး အသိပညာပေးကြပါတယ်။

အဓိကအနေနဲ့ လူမှု အခြေပြုအဖွဲ့တွေက အခမဲ့ သင်တန်းတွေပေးကြပြီး ကျန်းမာရေး သတင်း အချက်အလက်တွေကို မီဒီယာတွေကထုတ်လုပ်တင်ဆက်ကြတယ်။

တာဝန်သိနိုင်ငံသားတစ်ယောက်အနေနဲ့ ကျန်းမာရေးအသိရှိပြီး ကျန်းမာအောင်နေထိုင်ကြဖို့လိုတယ် ဆိုတဲ့ မက်ဆေ့ကို မီဒီယာ အပါအဝင် ကျောင်းတွေကစတင်ပြီးပညာပေးပါတယ်။

အစိုးရဘက်ကလဲ ပြည်သူတစ်ရပ်လုံး ကျန်းမာမာဖို့ အခြေခံ ဖြစ်တဲ့ လေ သန့်ရှင်းဖို့ ရေသန့်ရှင်းဖို့ နဲ့ အစာအာဟာရ ဘေးအန္တရာယ်ကင်းရှင်းဖို့ အခြေခံအုတ်မြစ်ကို နည်းစနစ်တွေချ၊နည်းဥပဒေတွေ စနစ်တကျ ချပြီး အစွမ်းကုန်ကြိုးစားပေးထားတာ‌တွေ့ရပါတယ်။ ဒီနေရာမှာ လဲတစ်ဦးတစ်ယောက် ချင်းဆီရဲ့ ဥပေဒ အတိုင်းလိုက်နာဖို့ နဲ့ တစ်ဦးချင်းဆီက ကျန်းမာတဲ့ အဝန်းအဝိုင်းကို တည်ဆောက်မယ် ဆိုတဲ့စိတ်အားထက်သန်မှုက စနစ်တစ်ခုအောင်မြင်ဖို့အခရာကျပါတယ်။

ဒီလိုနိုင်ငံတွေမှာတောင် ကျန်းမာရေးအတွက်လူမှုအသိုင်းအဝိုင်းကိုယ်တိုင်နဲ့မီဒီယာကပဲ ကိုယ်တိုင် တာဝန်ယူကြရတာဖြစ်လို့ လက်ရှိကာလမှာ လူငါးထောင် ဆရာဝန်တဦးနှုန်းလို့ ခန့်မှန်းထုတ်ပြန်ထားတဲ့ ကျနော်တို့ဆီမှာ မှန်ကန်တဲ့ ကျန်းမာရေးသတင်းနဲ့ ပညာပေးကဏ္ဍတွေကို ပညာရှင်ကျွမ်းကျင် ဆရာဝန် ကြီးတွေနဲ့ အတွေ့အကြုံရင့်ကျက်တဲ့မီဒီယာသမားတွေက ဝန်ဆောင်မှုပေးနေတဲ့ MyanHealth မီဒီယာဟာ လက်ရှိမြန်မာ့လူမှုအသိုင်းအဝိုင်းအတွက် မရှိမဖြစ်နေရာက အထောက်အပံ့ပြုနိုင်မယ် လို့ယုံကြည်ပါတယ်။

ဆက်လက်ပြီးဖြစ်ရပ်တစ်ခုမျှဝေချင်ပါတယ်။

မိတ်ဆွေတစ်ဦးက သူရဲ့ အ‌တွေ့အကြုံကို မျှဝေပေးထားတာပါ။ သူက ပြောတယ် သူ့အမေဖြစ်သူက အသက် ၄၇ နှစ်မှာ အသက်ဆုံးရှုံးခဲ့တယ် ဘာကြောင့်ရယ်လို့ အဖြေတိတိကျကျမရပဲပေါ့တဲ့ ဆေးရုံ ပေါ်မှာ ရက်ပေါင်း ၆၀ နီးပါးဖြတ်သန်းပြီး သေဆုံးခဲ့တာပါ။

သူနဲ့ အတူ မိသားစုကလဲ အမေလုပ်သူဟာ အသက် ၃၀ ကျော်အရွယ်ကတည်းက နေထိုင်မကောင်း ဖြစ်နေတဲ့အချိန်ကများတာ၊ တခါတရံ မူးလဲတာ ၊စျေးသွားရင်း အလုပ်လုပ်ရင်း အန်တာ စတာတွေလဲ ဖြစ်တတ်တာ၊အမေဟာ ရပ်ကွက် ထဲက လူကြီးသူမ အိမ်နီးနားချင်းတွေက မှန်းပြောထားတဲ့ ရောဂါတွေ၊ဥပမာ.. ညည်းခြေထောက်က ရောင်နေတာ ကျောက်ကပ်ဖြစ်မယ်။ ဒါလေးပြုတ်သောက် လိုက်ပျောက်တယ်ပြောကြတယ်။ ညည်းဗိုက် က ပူ လာလိုက်တာ အထဲမှာ ရေအိတ်ရှိမယ်. ရေဖျင်းဆွဲတာ လားမသိဘူး။ ဒါလေးလုပ်ကြည့်ပါလားဆိုတဲ့ ရပ်ကွက်ထဲကဆေးပညာရှင်များရဲ့ ခန့်မှန်းရောဂါရှောဖွေတွေ့ရှိမှုတွေကို လမ်းထိပ်က စပ်ဆေးဆိုင်ပြေးပြီးဖြေရှင်းခဲ့တာ ၁၀နှစ်ကျော် ကြာခဲ့ပါတယ်။

သူမ အနေနဲ့ အဲဒီကာလာစုံ ဆေးလုံးလေးတွေကိုလဲ ဘာအတွက် ဘာကြောင့် သောက်နေရလဲ မသိခဲ့ပဲ သက်သာသွားလိမ့်မယ် ဆိုတဲ့ စကား တစ်ခွန်းနဲ့ ၁၀ နှစ်ကျော် မှီဝဲခဲ့တာပါ။ ဒီနေရာမှာ သူမကို ရေများများသောက် တစ်ရက် ၃၀ မိနစ် လမ်းပုံမှန်လျှောက်ပေး အငန်လျှော့စား အိမ်ပျော်အောင်အိပ်၊

စပ်ဆေးတွေ ထပ်မသောက်နဲ့ ။ အဲဒီဆေးက အမောက်စလင် လို ပိုးသတ်ဆေးတွေ နဲ့ နာကျင်ပျောက် ဆေး အားဆေးတစ်ချို့သာဖြစ်လို့ ရော၈ါကိုမှန်ကန်တဲ့နည်းနဲ့ရှာဖွေဖို့ တိုက်တွန်းတဲ့ လူမှုအသိုင်းအဝိုင်း တစ်ခုသာသူမနားမှာရှိခဲ့ရင်…သူမ ရဲ့ မိသားစုဝင်တွေကိုယ်တိုင်မှန်ကန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆိုတာ ဘာလဲ ဆိုတဲ့ သတင်းအချက်အလက်တွေနဲ့ လက်လှမ်းမှီခဲ့ရင် ကိုးကားစရာ ယုံကြည်လောက် တဲ့ သတင်းအချက်အလက်တွကို လက်လုပ်လက်စား လူတန်းစားနားလည်တဲ့နည်းလမ်းနဲ့ လွယ်လွယ် ကူကူ ရနိုင်ခဲ့ ရင် .. သူ့အမေ ဟာ အသက် ၄၇ နဲ့ အသက်မဆုံးရှုံးရလောက်ဘူးလို့ ပြောပြလာတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ MyanHealth ရဲ့ Stronger Together ဆိုတဲ့ Community Day ရဲ့ ရည်ရွယ်ချက်မှာလဲ ပိုပြီးကျန်းမာတဲ့ မိသားတစ်စု နိုင်ငံတစ်ခုဖြစ်ဖို့ မှန်ကန်တဲ့ကျန်းမာရေး စောင့်ရှောက်မှု အသိရှိဖို့လိုအပ်တယ်။ အဲလိုမှန်ကန်တဲ့ကျန်းမာရေးအသိပညာရဖို့ယုံကြည်ရတဲ့ သတင်းအချက်အလက်ကိုလွယ်လွယ်ကူ လက်လှမ်းမှီရဖို့လိုပါတယ်။

အခု MyanHealth မီဒီယာပလတ်ဖောင်းကနေပြီး အပေါ်က မိတ်ဆွေလို မျိုး မိသားစု တွေ အတွက် လိုအပ်မယ့် မှန်ကန်တဲ့နည်းနဲ့ ကျန်းမာရေးစောင့်ရှောင့်မှု အသိရှိတဲ့ မိသားစု နဲ့ အသိုင်းအဝိုင်းဖန်တီးမှု မှာ သတင်းအချက်ကအလက်အားဖြင့် ပါဝင်ပံ့ပိုးဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ဒီပွဲကနေ Takeaway ဘာပေးချင်လဲဆိုရင် ကျန်းမာတဲ့ လူမှုအသိုင်းအဝိုင်းကြီးဖြစ် ဖို့ ဖန်တီးတဲ့ အခါမှာ အရေးကြီးဆုံးက မှန်ကန်တဲ့သတင်းအချက် အလက်ပါ။မှန်ကန်တဲ့သတင်း အချက်အလက် တွေကိုရှာဖွေပါ ဖြန့်ဝေပါ။ဒီလိုလုပ်ခြင်းက တစ်ဦးချင်းဆီဘယ်လိုကျန်းမာတဲ့ဘဝတွေကိုရနိုင်လဲဆိုတဲံ အသိပညာတွေတိုးစေတဲ့အပြင် သတင်းအချက်အလက်တွေတင်ဆက်ပေးနေတဲ့ မှန်ကန်ပြီး တာဝန်သိမီဒီယာတွေရဲ့ ရပ်တည်ရေးကိုပဖတ်ရှုပေးခြင်းအားဖြင့်ပံ့ပိုးပေးနိုင်ပါတယ်။

“Health information should be a right, not a privilege” လို့ အမြဲမှတ်သားပြီး MyanHealth အဖွဲ့သားတွေ စဉ်ဆက်မပြတ် ကြိုးစားနေပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement