Skip to content

ဆောင်းပါးများ

အကြိမ်ရေအပြည့်အဝ ကာကွယ်ဆေးမထိုးနိုင်ခဲ့တဲ့ ကလေးတွေ
မိခင်ဒိုင်ယာရီ

အကြိမ်ရေအပြည့်အဝ ကာကွယ်ဆေးမထိုးနိုင်ခဲ့တဲ့ ကလေးတွေ

By MyanHealth  |  June 6, 2024

ခိုင်ရီ ရေးသည် (ဆောင်းပါးရေးသူသည် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သလို မိခင်တစ်ဦး လည်းဖြစ်သည်။ ယခုဆောင်းပါးရေးသားခြင်းအတွက် ဒို့အိမ်မက် မှ ပံ့ပိုးကူညီပေးထားသည်။) လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ဝန်းကျင်ကာလကို ပြန်ကြည့်မယ်ဆိုရင် အသက်နှစ်နှစ်အောက်ကလေးရှိတဲ့ မိဘတွေဗျာများခဲ့ရတဲ့ အခြေအနေတစ်ရပ်ရှိခဲ့ပါတယ်။ အဲဒါကတော့ ကာကွယ်ဆေးထိုးနှံရေးကိစ္စဖြစ်ပါတယ်။ အသက်အရွယ်အလိုက် ကာကွယ်ဆေး ထိုးရမယ့် အချိန်မှာ ကိုဗစ်ကာလဖြစ်နေတာရယ်၊ နိုင်ငံရေး အပြောင်းအလဲတွေရယ်၊ ဆေးဝါးပြတ်တောက်မှုတွေရယ်၊ နေရပ်စွန့်ခွာရတဲ့ အခြေအနေအကြောင်းကြောင်းတွေရယ်ကြောင့် ကလေးတွေ ကာကွယ်ဆေးထိုးဖို့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြရပါတယ်။ https://myanhealth.org/wp-content/uploads/2024/06/Immunisation_0524-1024×536.jpgမြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ် ၁၉ ကပ်ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်ပွားတဲ့ကာလတွေမှာ အသက် ၅နှစ်အောက် ကလေးငယ်ပေါင်းများစွာဟာ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးတာ၊ ဒါမှမဟုတ် ကာကွယ်ဆေး အကြိမ်အရေအတွက် ပြည့်ပြည့်ဝဝ မထိုးနှံရသေးတာတွေကို ကြုံတွေ့ခဲ့ကြရပါတယ်။ အဲဒီလို မိမိကလေးကို ကာကွယ်ဆေးအပြည့်မထိုးနိုင်ခဲ့တဲ့  မိဘတွေထဲမှာ မြန်မာနိုင်ငံက ကိုစိုးမိုး (အမည်လွဲ)နဲ့Continue reading "အကြိမ်ရေအပြည့်အဝ ကာကွယ်ဆေးမထိုးနိုင်ခဲ့တဲ့ ကလေးတွေ"

Donburi ဂျပန်ထမင်း
Holiday Menu

Donburi ဂျပန်ထမင်း

By MyanHealth  |  June 1, 2024

မိုးအေးအေးလေးမှာ အိမ်မှာအလွယ်တကူရှိနေတဲ့ ကြက်ဥ ဟင်းသီးဟင်းရွက် စတာလေးတွေနဲ့ နွေးထွေးတဲ့ နံနက်စာလေး ဖန်တီးကြည့်ရအောင် မေမေတို့ရေ။ Holiday Menu က သင့်ကို ပျော်ရွှင်ကျန်းမာ စျေးသက်သာတဲ့ နိုင်ငံတကာက အစားအသောက်ကောင်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။   စာဖတ်သူတို့ကလည်း ကိုယ့်မိသားစု Favourite အာဟာရဖြစ် ရိုးရှင်းလွယ်ကူ ကုန်ကျစရိတ်မများတဲ့ အစားကောင်းလေးတွေရှိရင် ဝေမျှပေးကြပါဦးနော်။

ကလေးအသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းဆိုင်ရာရောဂါများအကြောင်းသိကောင်းစရာ
ဆောင်းပါးသတင်း

ကလေးအသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းဆိုင်ရာရောဂါများအကြောင်းသိကောင်းစရာ

By MyanHealth  |  May 20, 2024

အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းဟာ မြန်မာနိုင်ငံမှာ အသက်ငါးနှစ်အောက်ကလေးတွေမှာ အဖြစ်အများဆုံးနဲ့ သေဆုံးမှုအများဆုံး ရောဂါဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းမှာ အသက်ရှူလမ်းကြောင်းအထက်ပိုင်းပိုးဝင်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းအောက်ပိုင်းပိုးဝင်ခြင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။ အသက်ရှူလမ်းကြောင်းအထက်ပိုင်းကို အလွယ်နည်းအားဖြင့် နား၊နှာခေါင်းနဲ့ အသံအိုးအထိလို့ မှတ်သားလို့ရပြီး လေပြွန်ကစပြီး အဆုတ်တစ်ခုလုံးကို အသက်ရှူလမ်းကြောင်းအောက်ပိုင်းလို့ အကြမ်းအားဖြင့်မှတ်သားနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းအထက်ပိုင်း ပိုးဝင်ခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များပြီး များသောအားဖြင့် မပြင်းထန်ပါဘူး။ ပုံမှန်အားဖြင့် တစ်ပတ်လောက်ထိ ရောဂါလက္ခဏာ ခံစားရနိုင်ပြီး ပြန်လည်သက်သာကောင်းမွန်လာပါတယ်။  အသက်ရှူလမ်းကြောင်းအောက်ပိုင်းပိုးဝင်ခြင်းဟာ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနဲ့ မှိုတွေကြောင့် အဖြစ်များပြီး ကလေးမှာအဆုတ်ရောင်နမိုးနီးယား ရောဂါခံစားရပြီး သာမန်ဖျားနာခြင်းကနေ အသက်အန္တရာယ်ခြိမ်းခြောက်သည်အထိ ပြင်းထန်နိုင်ပါတယ်။ https://myanhealth.org/wp-content/uploads/2024/05/Acute-respiratory-tract-infections-in-Children_img2-1024×536.jpg ရောဂါလက္ခဏာများ အသက်ရှူလမ်းကြောင်းပိုးဝင်တဲ့အခါ ကလေးတွေမှာ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားနာခြင်း၊ ကိုယ်ပူခြင်း၊ နှုံးခြင်းနဲ့ နွမ်းနယ်ခြင်းစတဲ့ ရောဂါလက္ခဏာတွေကိုContinue reading "ကလေးအသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းဆိုင်ရာရောဂါများအကြောင်းသိကောင်းစရာ"

Hummus ပဲ အနှစ်
Holiday Menu

Hummus ပဲ အနှစ်

By MyanHealth  |  May 11, 2024

ခုတစ်ခေါက် Holiday menu ကတော့ ကမ္ဘာကျော် အရှေ့အလယ်ပိုင်းဒေသစားစရာတစ်မျိုးဖြစ်တဲ့ ဟမ်းမတ်စ် (Hummus) ပါ။ ပါဝင်ပစ္စည်းတွေကတော့ ကိုယ်တွေဆီမှာ စျေးထဲသွားပြီး အလွယ်တကူဝယ်လို့ရတဲ့ ပဲမှုန့်အကျက် စတာတွေဖြစ်ပါတယ်။ ဒါပေမယ့် မူရင်းအရသာနဲ့ထပ်တူကျစေရပါမယ်။ အာဟာရလည်းဖြစ် လွယ်လင့်တကူလုပ်လို့ရတာမို့ စမ်းကြည့်ကြနော်။ Myanhealth ဖတ်ရှူနေတဲ့ အိမ်ရှင်မတို့လည်း ငွေကုန်သက်သာ လွယ်ကူမြန်ဆန်တဲ့နည်းလမ်းလေးရှိရင် မျှဝေပေးပါအုံး။ လာမယ့်အပတ်တွေမှာ သရုပ်ဖော်ပုံလေးနဲ့ တင်ဆက်ပေးသွားပါမယ်။ Myanhealth ဖတ်ရှူနေတဲ့ အိမ်ရှင်မတို့လည်း ငွေကုန်သက်သာ လွယ်ကူမြန်ဆန်တဲ့နည်းလမ်းလေးရှိရင် မျှဝေပေးပါအုံး။ လာမယ့်အပတ်တွေမှာ သရုပ်ဖော်ပုံလေးနဲ့ တင်ဆက်ပေးသွားပါမယ်။

ကလေးများတွင်ဝမ်းပျက်ဝမ်းလျှောခြင်း
ဆောင်းပါးသတင်း

ကလေးများတွင်ဝမ်းပျက်ဝမ်းလျှောခြင်း

By MyanHealth  |  May 8, 2024

ဘယ်လိုအခြေအနေမျိုးမှာဖြစ်စေ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရေးဟာ အခြေခံ လူ့အခွင့်အရေး ဖြစ်ပါတယ်။ မြန်မာနိုင်ငံတ၀ှမ်း စစ်ဘေးရှောင်ပြည်သူတွေ၊ မိခင်တွေနဲ့ သူတို့ရဲ့ရင်သွေးငယ်တွေအတွက် ကျန်းမာရေးပြဿနာဟာ  ကြီးမားတဲ့စိန်ခေါ်မှုတွေတစ်ရပ်ပါပဲ။ ကျန်းမာရေးစနစ် လက်လှမ်းမမှီတဲ့ နေရာမျိုးမှာ ရောက်ရှိနေတဲ့ မိခင်တွေအတွက် မိသားစုကို ကိုယ်တိုင်ကာကွယ်စောင့်ရှောက်နိုင်ဖို့ ကျန်းမာရေးအကြံပြုချက်လေးတွေ ဖတ်ရှု့ပေးပါဦး။ ခုတစ်ခေါက်မှာတော့ မုတ်သုံလေနဲ့အတူ မကြာခင်ဝင်ရောက်လာတော့မယ့် မိုးရာသီမှာ ပိုပြီးအဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါရဲ့ ဆောင်ရန်ရှောင်ရန်တွေကို ဝေမျှထားပါတယ်။ ကလေးများတွင်ဝမ်းပျက်ဝမ်းလျှောခြင်း   ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ အသက် ၅ နှစ်အောက်ကလေးတွေ အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ အများအားဖြင့် ပြင်းထန်လေ့မရှိပေမယ့် နောက်ဆက်တွဲဆိုးကျိုးများကြောင့် သေဆုံးမှုတွေလည်း ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်တဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ တစ်နေ့အတွင်း အရည်ဝမ်း ၃ ကြိမ်နှင့်အထက် သွားနေတယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီလို့ သတ်မှတ်လို့ရပြီး ကလေးတွေမှာ ရိုတာဗိုင်းရပ်စ်လို့ခေါ်တဲ့ ပိုးတစ်မျိုးကြောင့် အဖြစ်များလေ့ရှိပါတယ်။Continue reading "ကလေးများတွင်ဝမ်းပျက်ဝမ်းလျှောခြင်း"

မှက်ခရုနဲ့ ဆေးမြီးတိုကမ္ဘာကမိခင်တွေ
မိခင်ဒိုင်ယာရီ

မှက်ခရုနဲ့ ဆေးမြီးတိုကမ္ဘာကမိခင်တွေ

By MyanHealth  |  May 3, 2024

ခိုင်ရီ ရေးသည် (ဆောင်းပါးရေးသူသည် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သလို မိခင်တစ်ဦး လည်းဖြစ်သည်။ ယခုဆောင်းပါးရေးသားခြင်းအတွက် ဒို့အိမ်မက် မှ ပံ့ပိုးကူညီပေးထားသည်။) မမိုးကြည်(အမည်လွဲ)တစ်ယောက် ကလေးမီးဖွားထားတာ  ၁၀လရှိပါပြီ။ ပထမဆုံး မိခင်ဘဝ အတွေ့အကြုံဖြစ်လို့ သူ့အတွက်ကတော့ ကလေးနဲ့ ပတ်သက်သမျှဟာ စိုးရိမ်စရာ၊ စိတ်ပူစရာ အသစ်အဆန်းတွေချည်းပါပဲ။ အခုလည်း အဲဒီအသစ်အဆန်းတွေထဲက တစ်ခုကို မမိုးကြည် ကြုံတွေ့နေရပြန်ပါပြီ။ ကလေးကို ကိုယ်တစ်ယောက်တည်း တာဝန်ယူထိန်းနေရတဲ့မိခင်ဖြစ်တဲ့အတွက် ကလေးရဲ့ အခြေအနေကို အစောပိုင်းမှာ သတိမထားမိခဲ့ဘူး။ https://myanhealth.org/wp-content/uploads/2024/05/oral-thrust_image-1024×536.jpgဒီလိုနဲ့ ထမင်းစားတာ နည်းလာတဲ့ အချိန်မှာတော့ သမီးလေးရဲ့ ပါးစပ်ကို သတိထားကြည့်မိလိုက်တယ်။ နှုတ်ခမ်းမှာ အပူဖုလေး ပေါက်နေတာတွေ့တော့ သာမန်ပါပဲဆိုပြီး စိတ်အေးသွားမိတယ်။ နောက်ရက်မှာတော့ လျှာတစ်ခုလုံးမှာ ဖြူဖြူအကွက်တွေ ပေါ်လာပါတော့တယ်။ သမီးလေးဟာ ထမင်းလုံးဝ ကျွေးလို့မရတော့ပါဘူး။ သူ့ကိုကြည့်ရတာ ပါးစပ်ကContinue reading "မှက်ခရုနဲ့ ဆေးမြီးတိုကမ္ဘာကမိခင်တွေ"

ဆက်ပြီးကြီးထွားမလာတော့တဲ့ မေမေ့ဗိုက်ထဲက သန္ဓေသားလေး
မိခင်ဒိုင်ယာရီ

ဆက်ပြီးကြီးထွားမလာတော့တဲ့ မေမေ့ဗိုက်ထဲက သန္ဓေသားလေး

By MyanHealth  |  April 25, 2024

ခိုင်ရီ ရေးသည် (ဆောင်းပါးရေးသူသည် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သလို မိခင်တစ်ဦး လည်းဖြစ်သည်။ ယခုဆောင်းပါးရေးသားခြင်းအတွက် ဒို့အိမ်မက် မှ ပံ့ပိုးကူညီပေးထားသည်။) “ကလေးက နှလုံးမခုန်ဘူး၊ ဆက်ကြီးထွားမလာတော့ဘူး၊ သားအိမ်ခြစ်ရမယ်” ကိုးပတ်သားအရွယ် သန္ဓေသားလေးကို လွယ်ထားရတဲ့ မနှင်းယုမွန်တစ်ယောက် သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးရဲ့  မှတ်ချက်စကားကြောင့် ဆွံ့အသွားတယ်။ ပြောစရာစလုံးတွေ ပျောက်ဆုံးသွားသလို ရင်ထဲမှာ ဆို့နင့်ပြီး ငိုင်နေမိပါတော့တယ်။ https://doheainmat.org/wp-content/uploads/2024/04/unborn_0424-1024×536.jpg သူတို့ဇနီးမောင်နှံနှစ်ယောက် အလိုချင်ဆုံးအရာဖြစ်တဲ့ ရင်သွေးလေးက အိမ်ထောင်သက် ၃နှစ်ကျော်မှာ သူတို့ဘဝထဲကိုရောက်လာပြီဆိုတာ သိလိုက်ရချိန်က အပျော်ရွှင်ရဆုံးအခိုက်အတန့်လေးတွေ ဖြစ်ခဲ့ရပေမယ့် အဲဒီ အပျော်တွေဟာ အချိန်ကာလ နှစ်ပတ်အကြာမှာပဲ လေနဲ့လွင့်သလို ပျောက်ဆုံးလွင့်ပြယ် ကုန်ပါတော့တယ်။ မနှင်းယုမွန်ဟာ ရာသီစက်ဝန်း မမှန်တတ်တဲ့သူမို့ ဘယ်နှစ်ပတ်၊ ဘယ်နှစ်လ ရှိပြီဆိုတာ အတိအကျ သိနိုင်ဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပတ်က ကိုယ်ဝန်ရှိနေပြီဆိုတာContinue reading "ဆက်ပြီးကြီးထွားမလာတော့တဲ့ မေမေ့ဗိုက်ထဲက သန္ဓေသားလေး"

ဖရဲ-သခွား ပင်စိမ်းသုပ်
Holiday Menu

ဖရဲ-သခွား ပင်စိမ်းသုပ်

By MyanHealth  |  April 18, 2024

မြေထဲပင်ယ်ဒေလသ အစားအစာတစ်မျိုးဖြစ်တဲ့ ဖရဲသီးသုပ်ကို အနောက်နိုင်ငံမှာတော့ နွေရာသီကာလ အဆာပြေ အစားအစာအဖြစ် စားတတ်ကြပါတယ်။ လျှပ်စစ်မီးသုံးစရာမလို၊ ပြင်ဆင်ရတာ ရိုးရှင်းလှသလို  ပါဝင်ပစ္စည်းတွေကလည်း စျေးနှုန်းသက်သာစွာနဲ့ အလွယ်တကူရနိုင်ပါတယ်။ Holiday Menu က သင့်ကို ပျော်ရွှင်ကျန်းမာ စျေးသက်သာတဲ့ နိုင်ငံတကာက အစားအသောက်ကောင်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။   စာဖတ်သူတို့ကလည်း ကိုယ့်မိသားစု Favourite အာဟာရဖြစ် ရိုးရှင်းလွယ်ကူ ကုန်ကျစရိတ်မများတဲ့ အစားကောင်းလေးတွေရှိရင် ဝေမျှပေးကြပါဦးနော်။

လွဲမှားနေသောအယူအဆများနှင့် မီးနေသည်
ဆောင်းပါးသတင်း

လွဲမှားနေသောအယူအဆများနှင့် မီးနေသည်

By MyanHealth  |  April 16, 2024

ကလေးမွေးပြီးချိန်ကစ ၄၂ ရက်အထိကာလကို မီးနေကာလ (မီးတွင်း) လို့ဆိုကြပါတယ်။ ကလေးမွေးတဲ့အချိန် ဆုံးရှုံးသွားတဲ့ ခွန်အားတွေကို ပြန်လည်တည်ဆောက်တဲ့အချိန်လည်းဖြစ်သလို မွေးလာတဲ့ရင်သွေးကိုလည်း အထူးဂရုစိုက်နေရတဲ့အချိန် ဖြစ်ပါတယ်။ ကလေးကိုမွေးဖွားပြီးတဲ့အခါ မိခင်ရဲ့ သွေးသား၊ ဟော်မုန်းဓါတ်တွေက နဂိုမူလအတိုင်း ပြန်ဖြစ်နိုင်ဖို့ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများစွာ ဆောင်ရွက်ရပါတယ်။ လူမှုပတ်ဝန်းကျင်မှာ မီးနေသည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အယူအဆ အမျိုးမျိုး ရှိကြပါတယ်။ တစ်ချို့အရာတွေက မိခင်တွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးနိုင်သလို တစ်ချို့အရာတွေကတော့ အနည်းငယ် လွဲမှားနေတာမျိုးလေးတွေ ရှိပါတယ်။ ဒါကြောင့် ဒီကဏ္ဍမှာ မီးနေသည်တွေကောင်းကျိုးအတွက် အယူအဆမှားလေးတွေကို ပြန်လည် ရှင်းပြပေးထားပါတယ်။ https://doheainmat.org/wp-content/uploads/2024/04/Misbelieves-and-puerperium.pngအယူအဆအမှား (၁) မီးနေသည်နှင့်ချွေးအောင်းခြင်း။ မီးနေသည်ကို အဝတ်အစားထူထူ၊ ခြေစွပ်၊ လက်အိတ်၊ သိုးမွှေးဦးထုပ်စတာတွေ ဝတ်ခိုင်းတာအပြင် အချို့ဒေသတွေမှာContinue reading "လွဲမှားနေသောအယူအဆများနှင့် မီးနေသည်"

အမေ၊ ယောက္ခမနဲ့ ရပ်ကွက်ထဲက အဒေါ်ကြီးတွေ
မိခင်ဒိုင်ယာရီ

အမေ၊ ယောက္ခမနဲ့ ရပ်ကွက်ထဲက အဒေါ်ကြီးတွေ

By MyanHealth  |  April 1, 2024

ခိုင်ရီ ရေးသည် (ဆောင်းပါးရေးသူသည် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သလို မိခင်တစ်ဦး လည်းဖြစ်သည်။ ယခုဆောင်းပါးရေးသားခြင်းအတွက် ဒို့အိမ်မက် မှ ပံ့ပိုးကူညီပေးထားသည်။) သားဦးလေးမီးဖွားပြီဆိုတော့ ကျမကို ချစ်ခင်ကြတဲ့ အဒေါ်တွေ၊ အိမ်နီးချင်းတွေဟာ သတင်းမေးဖို့နဲ့ အကြံ ဉာဏ်ကောင်းတွေ ပေးကြဖို့ အိမ်ကို မကြာမကြာ လာလည်ကြပါတယ်။  https://doheainmat.org/wp-content/uploads/2024/04/update_pic-miscon_0324-web.jpg အရာရာ အသစ်အဆန်းဖြစ်နေတဲ့ ကျမကို သူတို့အလှည့်တုန်းက ဘယ်လို ကျော်ဖြတ်ခဲ့ကြတယ်ဆိုတာတွေ ပြောပြကြတယ်။ ရိုးရာမီးနေနည်းတွေ၊ မိရိုးဖလာချွေးထုတ်နည်းတွေကို ပြောပြကြတယ်။ ကလေး နှစ်ယောက်အမေ ကျမအဒေါ်အရင်းက “ကြက်ဥ၊ ဘဲဥ မစားနဲ့၊ နူတတ်တယ်” လို့ပြောပါတယ်။ “အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမစားနဲ့၊ ကလေး ဝမ်းစိမ်းသွားတတ်တယ်”လို့ ကလေး လေး ယောက်အမေ ကျမ အဒေါ်ဝမ်းကွဲက ပြောပါတယ်။ ရပ်ကွက်ထဲက ခင်မင်ရင်းနှီးတဲ့ ကလေး နှစ်ယောက်အမေ အဒေါ်ကြီးကContinue reading "အမေ၊ ယောက္ခမနဲ့ ရပ်ကွက်ထဲက အဒေါ်ကြီးတွေ"

နွေရာသီနှင့် မိတ်ဖုပြဿနာ
ဆောင်းပါးသတင်း

နွေရာသီနှင့် မိတ်ဖုပြဿနာ

By MyanHealth  |  March 27, 2024

နွေရောက်လာတာနဲ့ မေမေတို့ ကြုံရတဲ့ ကျန်းမာရေး ပြဿနာထဲမှာ မိတ်ဖုကလည်း တစ်ခုအပါအဝင်ပါပဲ။ အရည်ကြည်ဖုသေးသေးမိတ်ဖုဟာ ကလေးတွေမှာ အဖြစ်များပြီး လူကြီးတွေမှာလည်း တွေ့ရတတ်တဲ့ ပြဿနာတစ်ရပ်ပဲ ဖြစ်ပါတယ်။ အရည်ကြည်ဖုသေးသေးလေးတွေကနေ အဖုကြီးတွေအထိ ဖြစ်တတ်ပြီး ယားယံပြီး အလွန်နေရခက်တဲ့ အခြေအနေတစ်ရပ်လည်း ဖြစ်ပါတယ်။ https://doheainmat.org/wp-content/uploads/2024/03/Miliaria_image.jpg ဘာလို့ဖြစ်တာလဲ အရေပြားထဲ ချွေးတွေပိတ်မိနေတဲ့အခါ မိတ်ဖုလေးတွေဖြစ်လာတတ်ပါတယ်။ မွေးစကလေးတွေမှာ ခန္ဓာကိုယ်အပူ ထိန်းချုပ်နိုင်စွမ်းနည်းခြင်းနဲ့ ချွေးထွက်တဲ့ပြွန်ပေါက်လေးတွေ ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့အတွက် အဖြစ်များပါတယ်။ ကလေးနဲ့ လူကြီးတွေမှာတော့ ရာသီဥတုပူနွေးစိုစွတ်တဲ့အခါ၊ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်တဲ့အခါ၊ ကိုယ်ပူဖျားတဲ့အခါ၊ ချွေးမစုပ်တဲ့ အဝတ်အထည်တွေ ဝတ်ဆင်တဲ့အခါနဲ့ ချွေးမစုပ်နိုင်တဲ့ အိပ်ယာခင်းတွေနဲ့ ရေရှည် အိပ်တဲ့အခါ စတဲ့အခြေအနေမျိုးတွေမှာ ချွေးထွက်များပြီး ချွေးထွက်ပေါက်တွေ ပိတ်ဆို့သွားတဲ့အခါ မိတ်ဖုလေးတွေ ဖြစ်လာတတ်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးဘာတွေရှိနိုင်လဲ မိတ်ဖုတွေဟာ မကူးစက်တတ်သလို ပုံမှန်အားဖြင့်Continue reading "နွေရာသီနှင့် မိတ်ဖုပြဿနာ"

နွေရာသီကိုဖြတ်ကျော်ခြင်း
ဆောင်းပါးသတင်း

နွေရာသီကိုဖြတ်ကျော်ခြင်း

By MyanHealth  |  March 19, 2024

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလလယ်လောက်ကစပြီး တစ်ဖြည်းဖြည်းပူလို့ နွေရာသီကို ချဉ်းနင်းဝင်ရောက်လာခဲ့ပါပြီ။ နွေရောက်လေလေ အပူကလည်း ပြင်းလေလေ ဖြစ်လာတော့ မေမေတို့အနေနဲ့ ကိုယ်တိုင်နဲ့ မိသားစုအတွက် နွေရာသီကို အန္တရာယ်ကင်းကင်းနဲ့ ဖြတ်ကျော်နိုင်ဖို့ ပြင်ဆင်နေကြမှာတော့ မြေကြီးလက်ခတ်မလွှဲပါပဲ။ မေမေတို့အပါအဝင် ချစ်ရတဲ့ မိသားစုဝင် တစ်ယောက်ချင်းစီအတွက် အထောက်အပံ့ဖြစ်စေဖို့ အပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများနဲ့ လိုက်နာဆောင်ရွက်ရန်များကို အောက်မှာ ဖော်ပြပေးထားပါတယ်။ https://doheainmat.org/wp-content/uploads/2024/03/Crossing-the-summer_image-2.jpg အပူဒဏ်ကြောင့် ဘယ်လိုကျန်းမာရေးပြဿနာများ ကြုံတွေ့နိုင်ပါသလဲ အပူကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများဟာ သာမန်အဆင့်မှ ပြင်းထန်သည်အထိ ဖြစ်တတ်ပါတယ်။ မိတ်ဖုများနှင့် ယားနာများ – မိတ်ဖုများနှင့် ယားနာများကြောင့် သာမန်ယားယံခြင်းများ အပါအဝင် အရေပြားပိုးဝင်ခြင်းအထိဖြစ်နိုင်ပါတယ်။ ကြွက်တက်ခြင်း – ချွေးထွက်များခြင်းကြောင့် ရေနှင့် ဆားဓါတ်များ ဆုံးရှုံးသွားတဲ့အခါ ကြွက်တက်ခြင်း ဖြစ်ပေါ်လာတတ်ပါတယ်။ အပူဒဏ်ကြောင့်Continue reading "နွေရာသီကိုဖြတ်ကျော်ခြင်း"

Ads Advertisement