Skip to content

ဆောင်းပါးများ

အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်ခြင်းနှင့် သိကောင်းစရာများ
ဆောင်းပါး

အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်ခြင်းနှင့် သိကောင်းစရာများ

By MyanHealth  |  June 20, 2026

အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်ခြင်း ( Cosmetic Surgery ) ဆိုတာ ကျွန်တော်တို့ရဲ့ ရုပ်ရည်သွင်ပြင်ကို ပိုပြီးကြည့်ကောင်းလာအောင် ဆေးပညာအရ ခွဲစိတ်ပြုပြင်ဖန်တီးတာကို ပြောတာပါ။ ပိုမိုကြည့်ကောင်းလာဖို့လို့ ပြောတဲ့နေရာမှာ အများစုက ကိုယ်စိတ်တိုင်းမကျတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုကို ပြောင်းလဲပစ်လိုက်ချင်လို့ လုပ်ကြတာရှိသလို ၊ လူတချို့အတွက်တော့ ထိခိုက်ဒဏ်ရာရပြီး ပျက်စီးသွားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ မွေးရာပါ ချို့ယွင်းချက်တွေကို ပြုပြင်ဖို့ လိုအပ်နေတာကြောင့် လုပ်ကြရခြင်း ဖြစ်ပါတယ်။ ​အခုခေတ်မှာ ဆေးပညာရော နည်းပညာပါ တိုးတက်လာတာနဲ့အတူ အရင်ကထက်လည်း ပိုပြီးလွယ်လွယ်ကူကူ လုပ်လို့ရလာတာကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိချင်လို့ ခွဲစိတ်ပြုပြင်ကြသူတွေ အရမ်းများလာပါတယ်။ ဒါပေမဲ့ ဒီလိုခွဲစိတ်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားဖို့ လုပ်ကြပေမယ့် ချင့်ချိန်စဉ်းစားထားရမှာတွေလည်း ရှိနေပြန်ပါတယ်။ ခွဲစိတ်မှုတစ်ခု တကယ်အောင်မြင်ဖို့ဆိုရင် ကိုယ့်ကိုကိုယ် စိတ်ပိုင်းဆိုင်ရာြပင်ဆင်ထားဖို့တွေ၊Continue reading "အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်ခြင်းနှင့် သိကောင်းစရာများ"

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June Fourth Week )
သတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June Fourth Week )

By Ko Tin  |  June 19, 2026

• ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)​မြို့နယ် ပြည်သူ့ဆေးရုံက အသစ်တည်ဆောက်ထားတဲ့ (၂) ထပ် ကုသဆောင်ဖွင့်ပွဲကို ဇွန် ၁၆ ရက်က ပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူနဲ့ ဝန်ကြီးတွေ၊ ခရိုင်နဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ တက်ရောက်ခဲ့ပါတယ်။ • ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာနရဲ့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်းတွေကို ဇွန် ၈ ရက်ကိ ပြန်လည်စတင်နေပြီး ကလေးငယ်တွေကို အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့ ကာကွယ်ဆေးထိုးနှံမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ • အသက် (၂) နှစ်၊ (၅) လအရွယ် ရင်ချင်းဆက်အမြွှာတွေဖြစ်တဲ့ မကြာညိုသင်းနဲ့ မကြာညိုသိမ့်တို့ကို ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိတ်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆေးရုံဘက်ကနေ သိရပါတယ်။​Continue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June Fourth Week )"

ရင်ချင်းဆက်အမွှာကို အောင်မြင်စွာ ခွဲစိတ်
သတင်း

ရင်ချင်းဆက်အမွှာကို အောင်မြင်စွာ ခွဲစိတ်

By MyanHealth  |  June 18, 2026

ကလေးဆေးရုံကြီး(ရန်ကုန်)တွင် အသက် ၂ နှစ်နှင့် ၅ လအရွယ်ရှိ ရင်ချင်းဆက်အမွှာ မိန်းကလေးငယ်များဖြစ်ကြသည့် မကြာညိုသင်းနှင့် မကြာညိုသိမ့်တို့ကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့သည်။ အဆိုပါ ခွဲစိတ်မှုအား ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် စတင်ခဲ့ပြီး စုစုပေါင်း ၉ နာရီနှင့် ၃၅ မိနစ် ကြာမြင့်ခဲ့သည်။ လက်ရှိတွင် ကလေးငယ်များအား အထူးကြပ်မတ်ကုသဆောင် (ICU) ၌ အနီးကပ် စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိသည်။ ​အဆိုပါ အမွှာပူးကလေးငယ်များအား ပခုက္ကူမြို့မှတစ်ဆင့် လွှဲပြောင်းပေးပို့လာပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီး၌ ခွဲစိတ်မွေးဖွားခဲ့ခြင်း ဖြစ်သည်။ မွေးဖွားပြီးနောက် မန္တလေးကလေးဆေးရုံကြီးတွင် ပြုစုစောင့်ရှောက်ခဲ့ပြီး အသက်Continue reading "ရင်ချင်းဆက်အမွှာကို အောင်မြင်စွာ ခွဲစိတ်"

သဘာဝကပေးတဲ့ အစွမ်းထက် အချိုရည်နဲ့ ဓာတ်ဆားရည်များ
Tips & Tricks

သဘာဝကပေးတဲ့ အစွမ်းထက် အချိုရည်နဲ့ ဓာတ်ဆားရည်များ

By Tin Zar Aung  |  June 17, 2026

မြန်မာ့မြေပေါ်မှာ သဘာဝအလျောက် အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းပြီး လူသားတို့အတွက် အလွန်အသုံးဝင်တဲ့ အပင်ကြီးနှစ်မျိုးရှိပြီး ဒါဟာ “အုန်းပင်” နဲ့ “ထန်းပင်” ပါ။ ဒီအပင်တွေက ရရှိတဲ့ အုန်းရည်၊ ထန်းရည်နဲ့ ထန်းသီး (ထန်းဆန်) တို့ဟာ ရိုးရာ သရေစာတွေဖြစ်ရုံသာမက ခန္ဓာကိုယ်အတွင်းပိုင်းအင်္ဂါရပ် (Internal Organs) တွေကို အားဖြည့်ပေးတဲ့ “သဘာဝဆေးစွမ်းကောင်းများ” လည်း ဖြစ်ကြပါတယ်။ အုန်းရည် – သဘာဝကပေးတဲ့ ကျန်းမာရေးအချိုရည် အုန်းရည်ဟာ သဘာဝတရားက လူသားတို့အတွက် ပေးသနားထားတဲ့ “သဘာဝဓာတ်ဆားရည်” ဖြစ်သလို၊ ရှေးယခင်ကတည်းက ကျန်းမာရေးအတွက် အထူးအားကိုးခဲ့ရတဲ့ သဘာဝဆေးတစ်ခွက်လည်း ဖြစ်ပါတယ်။ အုန်းရည်ကို ပုံမှန်သောက်သုံးပေးရင် ခန္ဓာကိုယ်ကို လန်းဆန်းစေရုံတင်မကဘဲ ရေရှည်ကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူပြုပါတယ်။ အုန်းရည်မှာ သာမန်ရေ ထက်ပိုတဲ့ အာဟာရဓာတ်တွေContinue reading "သဘာဝကပေးတဲ့ အစွမ်းထက် အချိုရည်နဲ့ ဓာတ်ဆားရည်များ"

ရာသီစက်ဝန်းကြောင့် ကိုယ်ခံအားနဲ့ ကာကွယ်ဆေးတုံ့ပြန်မှု ပြောင်းလဲနိုင်သလား
ဆောင်းပါး

ရာသီစက်ဝန်းကြောင့် ကိုယ်ခံအားနဲ့ ကာကွယ်ဆေးတုံ့ပြန်မှု ပြောင်းလဲနိုင်သလား

By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  June 16, 2026

အမျိုးသမီးတွေဟာ လစဉ်ဓမ္မတာဖြစ်စဉ် (သို့) ရာသီလာချိန်မှာ ခန္ဓာကိုယ်အပြောင်းအလဲတွေနဲ့အတူ ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ပုံကလည်း ရာသီစက်ဝန်းတစ်လျှောက် အနည်းငယ်ပြောင်းလဲနေပါတယ်။ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းကို အီစထရိုဂျင် (estrogen) နဲ့ ပရိုဂျက်စတီရုန်း (progesterone) ဆိုတဲ့ ဟော်မုန်းနှစ်မျိုးက အဓိကထိန်းချုပ်ထားပါတယ်။ နှစ်မျိုးလုံးက မဟော်မုန်းဖြစ်ပြီး အကြမ်းအားဖြင့် အီစထရိုဂျင်ကို ကိုယ်ခံအားလုပ်ဆောင်ချက်တချို့ကို မြှင့်တင်ပေးနိုင်တဲ့ဟော်မုန်း၊ ပရိုဂျက်စတီရုန်းကတော့ ရောင်ရမ်းမှုတုံ့ပြန်မှုတချို့ကို လျှော့ချပေးနိုင်သလို ကိုယ်ဝန်ရနိုင်ဖို့ သားအိမ်အတွင်း ကိုယ်ခံအားပတ်ဝန်းကျင်ကို ချိန်ညှိပေးတဲ့ ဟော်မုန်းအဖြစ် သတ်မှတ်ကြပါတယ်။ ရာသီလာပြီးနောက် ရာသီစက်ဝန်းရဲ့ ပထမပိုင်းရက်တွေမှာ အီစထရိုဂျင် တဖြည်းဖြည်းမြင့်လာပြီး မျိုးဥထွက်ခြင်း ဖြစ်ပေါ်ပါတယ်။ မျိုးဥထွက်ပြီးတဲ့နောက် ပရိုဂျက်စတီရုန်း မြင့်လာပြီး သားအိမ်အတွင်းသားကို သန္ဓေသားကပ်တွယ်နိုင်ဖို့ ပြင်ဆင်ပေးပါတယ်။ ကိုယ်ဝန်မရခဲ့ရင် ဟော်မုန်းနှစ်မျိုးလုံး ကျဆင်းသွားပြီး ရာသီလာတာ ဖြစ်ပါတယ်။ ရာသီလာတာဟာ သွေးထွက်တာသက်သက် မဟုတ်ပါဘူး။Continue reading "ရာသီစက်ဝန်းကြောင့် ကိုယ်ခံအားနဲ့ ကာကွယ်ဆေးတုံ့ပြန်မှု ပြောင်းလဲနိုင်သလား"

ကမ္ဘာ့ဆေးဘက်ဆိုင်ရာ ခေတ်ရေစီးကြောင်း (၂၀၂၆)
ဆောင်းပါးသတင်း

ကမ္ဘာ့ဆေးဘက်ဆိုင်ရာ ခေတ်ရေစီးကြောင်း (၂၀၂၆)

By Ko Ba Thet  |  June 15, 2026

လူတွေရဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံ၊ ပြောင်းလဲလာတဲ့ ရာသီဥတု၊ တိုးတက်လာတဲ့ နည်းပညာဖွံ့ဖြိုးမှုတွေက တခြားကဏ္ဍတွေအပြင် ဆေးပညာနဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍအပေါ်လည်း ကျွဲကူး ရေပါ ဆိုသလို သက်ရောက်မှု ကြီးကြီးမားမား ရှိပါတယ်။ သက်ရောက်မှုကြီးခြင်းကပင်လျှင် အရင့်အရင်က မရှိခဲ့ဖူးတဲ့ ခေတ်ရေစီးကြောင်းတွေကို ပုံဖော်ပေးနေတ​ယ်လို့ Willis Towers Watson (WTW) က သတိပေးထားပါတယ်။ WTW ဟာ ကျန်းမာရေး အာမခံနဲ့ အတိုင်ပင်ခံဆိုင်ရာ ဝန်ဆောင်မှုပေးနေတဲ့ ပုဂ္ဂလိကပိုင် အဖွဲ့အစည်းကြီးဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၃၈ မှာ ကိုယ်ပိုင်ရုံး၊ ကိုယ်စားလှယ်ရုံးတွေနဲ့ လည်ပတ်နေတာပါ။ သက်ရောက်မှုတွေက ကျန်းမာရေးကဏ္ဍအတွက် ခေတ်ရေစီးကြောင်း (Trends) တွေကို ဖန်တီးပေးနေပြီး တချို့ဟာ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှု၊ လူတွေရဲ့ ကျန်းမာရေး အသိ၊​ ဗဟုသုတက လာတာ ဖြစ်ပေမယ့်Continue reading "ကမ္ဘာ့ဆေးဘက်ဆိုင်ရာ ခေတ်ရေစီးကြောင်း (၂၀၂၆)"

Health Starts in the Kitchen Episode 6
မီးဖိုချောင် ကျန်းမာရေး

Health Starts in the Kitchen Episode 6

By MyanHealth  |  June 15, 2026

အချိုမှုန့်နဲ့ အသားမှုန့် ဘယ်ဟာပိုသင့်တော်လဲ? အဖြေကို 𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 ရဲ့ မီးဖိုချောင်ထဲက ကျန်းမာရေး 𝙑𝙞𝙙𝙚𝙤 လေးမှာ ကြည့်လိုက်ရအောင်။

သင့်သွေးနဲ့အသက်ကယ်နိုင်ပါတယ်
မျှဝေရင်းကူ

သင့်သွေးနဲ့အသက်ကယ်နိုင်ပါတယ်

By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  June 14, 2026

နည်းပညာတွေ ဘယ်လောက်တိုးတက်လာလာ၊ အေအိုင်တွေ ဘယ်လောက်အရေးပါလာလာ၊ ခုလက်ရှိအချိန်အထိ သွေးကို စက်ရုံမှာ ထုတ်လုပ်လို့ မရသေးပါဘူး။ သွေးလိုအပ်နေတဲ့ လူနာတွေအတွက် သွေးဆိုတာ ကျန်းမာတဲ့ သွေးလှူရှင်တွေဆီကနေပဲ ရနိုင်တဲ့ အသက်ကယ်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ယာဉ်တိုက်မှုကြောင့် သွေးအများကြီးဆုံးရှုံးသွားသူတစ်ယောက်၊ ခွဲစိတ်ကုသမှုခံယူနေသူတစ်ယောက်၊ မီးဖွားစဉ် သွေးများသွားတဲ့ မိခင်တစ်ယောက်၊ သွေးအားနည်းရောဂါပြင်းထန်နေတဲ့ ကလေးတစ်ယောက်၊ ကင်ဆာကုသမှုခံယူနေသူတစ်ယောက်အတွက် သွေးတစ်အိတ်ဟာ ဆေးဝါးတစ်မျိုးထက်ပိုပြီး အသက်ဆက်ခွင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွေးလှူခြင်းဟာ ကုသရေးစနစ်ထဲမှာ ဘာနဲ့မှ အစားထိုးလို့မရတဲ့ လူသားချင်းစာနာမှုအခြေခံတဲ့ ကူညီမှုတစ်ခု ဖြစ်နေဆဲပါ။ ကမ္ဘာတစ်ဝှမ်းမှာ တစ်နှစ်ကို သွေးယူနစ်ပေါင်း သန်း ၁၀၀ ကျော် စုဆောင်းနေပေမယ့် နိုင်ငံအများအပြားမှာ သွေးလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းနိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ လူဦးရေထဲက အနည်းဆုံးContinue reading "သင့်သွေးနဲ့အသက်ကယ်နိုင်ပါတယ်"

ကော်ဖီ ပုံမှန်သောက်ရင် ကျောက်ကပ်ကို ဘယ်လိုသက်ရောက်မှုရှိလဲ
Tips & Tricks

ကော်ဖီ ပုံမှန်သောက်ရင် ကျောက်ကပ်ကို ဘယ်လိုသက်ရောက်မှုရှိလဲ

By MyanHealth  |  June 13, 2026

ကော်ဖီကို သင့်တင့်မျှတစွာ သောက်သုံးခြင်းက ကျောက်ကပ်လုပ်ငန်းဆောင်တာကို ကာကွယ်ပေးပြီး ကျောက်ကပ်ကျောက်တည်ခြင်းကို လျှော့ချပေးနိုင်ပေမဲ့၊ အကျိုးကျေးဇူးတွေက လူတိုင်းမှာ အတူတူမဟုတ်ပါဘူး။ ကော်ဖီကို နေ့စဉ်သောက်ခြင်းက နိုးကြားမှု၊ အာရုံစူးစိုက်နိုင်မှုကို ကောင်းမွန်စေပြီး ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးရုံသာမက ကျောက်ကပ်ကျန်းမာရေးအတွက်လည်း အကျိုးအချို့ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ အဆိုပါသက်ရောက်မှုတွေက သောက်သုံးသည့် ပမာဏ၊ ဖျော်စပ်တဲ့နည်းလမ်းနဲ့ သောက်သုံးသူရဲ့ ကျန်းမာရေးအပေါ်မှာ မူတည်ပါတယ်။ အမေရိကန် သုတေသနမဂ္ဂဇင်း The Mayo Clinic ၏ ဆေးဘက်ဆိုင်ရာ အယ်ဒီတာ Donald D. Hensrud, M.D., M.S. က “ကော်ဖီသောက်သူတွေမှာ အမျိုးအစား (၂) ဆီးချို၊ ပါကင်ဆန်ရောဂါ၊ အသည်းရောဂါ၊ အသည်းကင်ဆာအပါအဝင် ကင်ဆာအချို့၊ စိတ်ကျရောဂါနဲ့ ကိုယ့်ကိုယ်ကိုသတ်သေမှု၊ ကျောက်ကပ်ကျောက်နဲ့ သည်းခြေကျောက်တည်ခြင်း၊ နဲ့Continue reading "ကော်ဖီ ပုံမှန်သောက်ရင် ကျောက်ကပ်ကို ဘယ်လိုသက်ရောက်မှုရှိလဲ"

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June Third Week )
သတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June Third Week )

By Ko Tin  |  June 12, 2026

• ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြည်သူ့အကျိုးပြုအဖြစ် အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေ ကုသရေးဌာန၏ (PETCT, SPECT-CT, Cyclotron, Nuclear Medicine အပါအဝင်) ဆောင်ရွက်ပေးနေကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးက ထုတ်ပြန်သည်။ • ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပညာရေး၊ကျန်းမာရေးနှင့်ယဉ်ကျေးမှုမြှင့်တင်ရေးကော်မတီမှ ဇွန် ၈ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လာရောက် ကွင်းဆင်းလေ့လာခဲ့ ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်သည်။ • အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများအား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ သက်ဆိုင်ရာ သုသာန်၊ ရပ်နီးရပ်ဝေး သို့ သင့်တင့်မျှတသော စရိတ်ဖြင့် သယ် ဆောင် နိုင်ရေး စစ်မှန်သော ပရဟိတအဖွဲ့များ၏ အကူအညီရရှိရေး၊ အကျိုးအမြတ် အတွက် ရည်ရွယ်သော ပရဟိတ taxi များ၊ ကျင့်ဝတ်မညီသော ambulance များအား ကြီးကြပ်ရေးContinue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June Third Week )"

နားလည်မှုလွဲနေကြသော သွားပိုးစားရောဂါ
သွားကျန်းမာရေး

နားလည်မှုလွဲနေကြသော သွားပိုးစားရောဂါ

By Dr. Aung Ko Htet, B.D.S (Mdy)  |  June 11, 2026

ကျွန်တော်တို့အရပ်မှာတော့ သွားနာပြီ၊ သွားကိုက်ပြီဟေ့ဆိုရင် သွားဆေးခန်းကိုသွားပြီး သွားဆရာဝန်နဲ့ကုသဖို့ မကြိုးစားဘဲ သွားဆရာဝန်တွေထက်ပိုပြီး အားကိုးလို့ကောင်းတာတွေကရှိကြ ပါတယ်ဗျ၊ စပ်ဆေးတွေကို မကြောက်မလန့် လက်တဆုပ် ဝယ်သောက်ကြတယ်၊ ဘာမှန်းမသိတဲ့ ဆေး တွေလိမ်းမယ်၊ ထူးထူးဆန်းဆန်း ဆေးရည်တွေ သွားထဲထည့်မယ် စသဖြင့် ရပ်ကွက်ထဲက ဆရာ့ ဆရာကြီးများဆီ မျိုးစုံကြိုးခုန်လုပ်ပြီးမှသာပဲ ကျွန်တော်တို့ဆီရောက်လာကြတာက ခပ်များများ။ အထက်ပါ နည်းပေါင်းစုံထက်ပိုပြီး အောင်မြင်တဲ့ နည်းတစ်ခုကတော့ “သွားပိုးချ”တယ်ဆိုတဲ့နည်းလမ်း ပါပဲ။ ထိုသွားပိုးချတယ်ဆိုတဲ့ နည်းလမ်းလုပ်ငန်းစဉ်ကို ခံယူဖို့ အချိန်ကုန်၊ ငွေကုန်ခံပြီး တကူးတက သွားရောက်လုပ်ဆောင်ကြတာသိရတော့ ကျွန်တော်တို့မှာလည်း အံ့သြရုံသာပါပဲ။ သွားနဲ့ပတ်သက်တဲ့ ဝေဒနာခံစားကြရတဲ့အခါ စနစ်တကျကုသဖို့ မကြိုးစားဘဲ သွားဖက်ဆိုင်ရာဆရာဝန်နှင့် ပြသကုသဖို့ ကလွဲပြီး ကျန်သောနည်းပေါင်းစုံကြိုးစားပြီး လုပ်ဆောင်နေကြသူတွေထဲ တခါတခါ ပညာတတ် အသိုင်းအဝိုင်းကဆိုသူတွေပါ တွေ့နေရတော့ ကျွန်တော်တို့ဖက်ကContinue reading "နားလည်မှုလွဲနေကြသော သွားပိုးစားရောဂါ"

သက်သတ်လွတ်သမားများအတွက် ကိုယ်ခံစွမ်းအားကောင်းစေမယ့် အစားအစာများ
အစာအာဟာရ

သက်သတ်လွတ်သမားများအတွက် ကိုယ်ခံစွမ်းအားကောင်းစေမယ့် အစားအစာများ

By Dr. Htar Htar Hlaing, M.B, B,S (Mdy) MSc (Nutrition & Dietetic) (UK)  |  June 10, 2026

လူတွေမှာအကြောင်းအမျိုးမျိုးကြောင့် အသားရှောင်ကြဉ်တဲ့သူတွေ ရှိကြပါတယ်။ တချို့က ဘာသာရေးကြောင့်၊ တချို့က ကျန်းမာရေးကြောင့်၊ တချို့က သဘာဝပတ်ဝန်းကျင်နဲ့ တိရစ္ဆာန်ကာကွယ်ရေးကို စဉ်းစားပြီး သက်သတ်လွတ်စားကြတာပါ။ ကျမတို့ကိုယ်ခန္ခာဟာ ဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်လည်ပတ်ဖို့ အသားဓါတ်၊ ကာဗိုဟိုက်ဒရိတ်၊ နဲ့ ဗီတာမင်၊ သတ္တုဓါတ်တွေ မျှတနေဖို့ လိုအပ်ပါတယ်။ ဒီတော့ သက်သတ်လွတ်သမားတွေမှာ အသားမစားဘဲ အသားဓါတ်တွေ၊ ဗီတာမင်၊ သတ္တုဓါတ်တွေ ပြည့်ဝအောင် စားကြမလဲဆိုတာကို အောက်မှာဖော်ပြပေးထားပါတယ်။ သက်သတ်လွတ်စားသူကို အကြမ်းဖျင်းအားဖြင့် Vegan နဲ့ Vegetarian ဆိုပြီး ၂ မျိုးခွဲလို့ ရပါတယ်။ Vegan ဆိုတာက အသား၊ ငါး၊ နို့၊ ကြက်ဥ အပါအဝင် တိရစ္ဆာန်ကနေရတဲ့ အစားအစာအားလုံးကို ရှောင်သူတွေပါ။ Vegetarian ဆိုတာကတော့ အသား၊ ငါး မစားပေမယ့်Continue reading "သက်သတ်လွတ်သမားများအတွက် ကိုယ်ခံစွမ်းအားကောင်းစေမယ့် အစားအစာများ"

Ads Advertisement