Skip to content
Ads Advertisement

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (June Third Week )

• ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြည်သူ့အကျိုးပြုအဖြစ် အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေ ကုသရေးဌာန၏ (PETCT, SPECT-CT, Cyclotron, Nuclear Medicine အပါအဝင်) ဆောင်ရွက်ပေးနေကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးက ထုတ်ပြန်သည်။

• ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပညာရေး၊ကျန်းမာရေးနှင့်ယဉ်ကျေးမှုမြှင့်တင်ရေးကော်မတီမှ ဇွန် ၈ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လာရောက် ကွင်းဆင်းလေ့လာခဲ့ ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်သည်။

• အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများအား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ သက်ဆိုင်ရာ သုသာန်၊ ရပ်နီးရပ်ဝေး သို့ သင့်တင့်မျှတသော စရိတ်ဖြင့် သယ် ဆောင် နိုင်ရေး စစ်မှန်သော ပရဟိတအဖွဲ့များ၏ အကူအညီရရှိရေး၊ အကျိုးအမြတ် အတွက် ရည်ရွယ်သော ပရဟိတ taxi များ၊ ကျင့်ဝတ်မညီသော ambulance များအား ကြီးကြပ်ရေး နှင့် မတရားငွေတောင်းခံခြင်းများ လျော့နည်းပပျောက်ရေးတို့အတွက် စည်းကမ်းချက်များသတ်မှတ်ပြီး စနစ်တကျကြပ်မတ်သွားမှာဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးက ထုတ်ပြန်သည်။

• ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယခုနှစ် ဧပြီလ နောက်ဆုံးအပတ်ကစ၍ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားနေသူ ၃၃ ဦးအထိ ရှိနေလာနေကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက သတင်းထုတ်ပြန်သည်။

• အီလက်ထရောနစ် မွေးဖွားမှုနဲ့ သေဆုံးမှု မှတ်ပုံတင်ခြင်း (MBDR) စနစ် အကောင်အထည် ဖော်နိုင်ရေး အတွက် မြို့နယ်အဆင့် သင်တန်းကို မြို့နယ်ဆေးရုံခန်းမမှာ ၃ ရက်ကြာ ကျင်းပပြု လုပ်ခဲ့တယ်လို့ ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံးက ထုတ်ပြန်ထားပါတယ်။

• မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ကသာကျေးရွာက အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဟာ ဒုတိယအကြိမ် အစာအိမ်ပေါက်ပြဲမှုဖြစ်ခဲ့ပေမဲ့ ကျိုက်ထိုဆေးရုံမှာ အောင်အောင်မြင်မြင် ခွဲစိတ်ကုသနိုင်ခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနကထုတ်ပြန်ထားပါတယ်။အဲဒီလူနာဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကလည်း အစာအိမ်ပေါက်ဖူးပြီး အဲဒီအချိန်တုန်းက ကျိုက်ထိုဆေးရုံမှာ မခွဲစိတ် နိုင်သေးတာကြောင့် ပဲခူးဆေးရုံကြီးအထိ လွှဲပြောင်းကုသခဲ့ရဖူးတယ်လို့ သိရပါတယ်။

• မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ အထကကျောင်းမှာ ဇွန်လ ၁၄ ရက်နေ့ ကျရင် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးက အထူးကုဆရာဝန်ကြီးတွေ ပါဝင်တဲ့ ဆေးကုသရေးအဖွဲ့ လာရောက်ပြီး ဒေသခံပြည်သူတွေကို အခမဲ့ ကျန်းမာရေးစစ်ဆေးကုသပေးသွားမယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက အသိပေးထားပါတယ်။ဒီကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် မှာ သွားနဲ့ခံတွင်းအထူးကု၊ ခွဲစိတ်အထူးကု၊ သားဖွားနဲ့ မီးယပ်ရောဂါအထူးကု၊ ကလေးရောဂါ အထူးကု၊ ဆေးပညာအထူးကုနဲ့ ဓာတ်မှန်အထူးကု ဆရာဝန်ကြီးတွေကိုယ်တိုင် ပါဝင်ပြီး ဒေသခံပြည်သူတွေကို အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

• အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေမှာ သွေးတိုးရောဂါ (Hypertension) ကိုလည်း တွဲဖက်ခံစားရတာ များပြီး၊ အဲဒီအခြေအနေက နာတာရှည် ကျောက်ကပ်ရောဂါနဲ့ ကျောက်ကပ် ပျက်စီးမှု ဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေတယ်လို့ Medical News Today သတင်းမှာဖော်ပြ ထားပါတယ်။Dihydropyridine Calcium Channel Blockers (DCCBs) လို့ခေါ်တဲ့ သွေးပေါင် ကျဆေးအုပ်စုကို အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေရဲ့ သွေးတိုးရော ဂါကုသရာမှာ Renin–Angiotensin System Inhibitors (RASi) နဲ့ Sodium–Glucose Cotransporter-2 Inhibitors (SGLT2i) ဆေးတွေနဲ့အတူ တွဲဖက်အသုံးပြုလေ့ရှိပါတယ်။ဒါပေမဲ့ ယူကေနိုင်ငံ၊ ဂလပ်စဂိုးမြို့ မှာကျင်းပခဲ့တဲ့ ၆၃ ကြိမ်မြောက် European Renal Association Congress မှာ တင်ပြခဲ့တဲ့ လေ့လာမှု အသစ်တစ်ရပ်အရ DCCB ဆေးတွေဟာ အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေ အတွက် ကျောက်ကပ်ကျန်းမာရေးအပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

• Ozempic နဲ့ Wegovy လို GLP-1 အုပ်စုဝင် ဆေးဝါးတွေဟာ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ဖွယ်ရှိတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြထား ပါတယ်။ အဆိုပါ ဆေးဝါးတွေကို ဆီးချိုရောဂါနဲ့ ကိုယ်အလေးချိန်လျှော့ချရေးအတွက် အဓိကအ သုံးပြုနေကြပေမဲ့၊ ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချရာမှာ အထောက် အကူပြုနိုင်ကြောင်း သုတေသီတွေက တွေ့ရှိထားပါတယ်။

• မိန်းကလေးငယ်အများအပြားဟာ TikTok၊ Instagram နဲ့ အခြားလူမှုကွန်ရက်တွေက လွှမ်းမိုးမှု ကြောင့် Skincare ထုတ်ကုန်မျိုးစုံကို အသုံးပြုလာကြပြီး အသားအရေထိန်းသိမ်းရေး အပေါ် အလွန်အကျွံ စိတ်ဝင်စားစွဲလမ်းလာနေကြတယ်လို့ BBC ရဲ့ ကျန်းမာရေးဆိုင်ရာ ဆောင်းပါး တစ်ပုဒ်မှာဖော်ပြထားပါတယ်။ တချို့က အသက်ငယ်ရွယ်သေးပေမဲ့ လူကြီးတွေအတွက် ထုတ် လုပ်ထားတဲ့ Skincare ပစ္စည်းတွေကိုပါ အသုံးပြုလာနေကြတာကြောင့် စိုးရိမ်မှု တွေလည်း မြင့်တက်လာနေပါတယ်။ အသက် ၃ နှစ်၊ ၄ နှစ်လောက်ပဲ ရှိသေးတဲ့ ကလေးမလေး တွေက အစ Skincare ထုတ်ကုန်တွေနဲ့ မိတ်ကပ်ပစ္စည်းတွေကို စိတ်အားထက်သန်စွာ ပြောပြ နေတဲ့ ဗီဒီယိုတွေကို အလွယ်တကူ တွေ့နိုင်ပါတယ်။ တချို့သော Skincare Influencer မိန်းကလေး ငယ်တွေကတော့ ကုမ္ပဏီတွေရဲ့ တရားဝင် ခန့်အပ်မှု မဟုတ်ပေမဲ့ “Brand Ambassador” လို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ဆိုကြပြီး Bubble, Drunk Elephant နဲ့ P. Louise လို အမှတ်တံဆိပ်တွေရဲ့ ထုတ်ကုန်တွေကို ပြသကြော်ငြာနေကြပါတယ်။ အရေပြားဆရာဝန်တွေနဲ့ ပညာရှင်တွေက “Cosmeticorexia” ဆိုတဲ့ ဝေါဟာရအသစ်တစ်ခုကို အသုံးပြုလာကြပြီး အဲဒါကတော့ အသက်ငယ်ငယ်လေးကတည်းက “အပြစ်အနာအဆာမရှိတဲ့ အသားအရေ” ကို ရဖို့ အလွန် အကျွံ စွဲလမ်းနေပြီး အလှကုန်ပစ္စည်းတွေကို မထိန်းမသိမ်း အသုံးပြုနေတဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။ သူတို့ဟာ တစ်နေ့ကို Skincare ထုတ်ကုန် ၁၀ မျိုးအထိ အသုံးပြုကြပြီး မိတ်ကပ်မလိမ်းဘဲ မိသားစုဝင်တွေနဲ့တောင် တွေ့ဆုံဆက်ဆံဖို့ မလိုလားကြတဲ့ အခြေအနေ တွေကိုလည်း တွေ့ရကြောင်းအရေပြားအထူးကု ပါမောက္ခ Damiani ကလည်း ပြောထား ပါတယ်။

• ကိုယ်ဝန်ဆောင် မိခင်တစ်ဦးက တစ်ပတ်ကို အရက်တစ်ခွက်မျှသာ သောက်သုံးခဲ့ရင်တောင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ တွေးခေါ်သိမြင်နိုင်စွမ်း၊ အပြုအမူနဲ့ မျက်နှာပုံသဏ္ဌာန်တို့အပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း တွေ့ရှိထားပါတယ်။ ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ အရက်ကို လုံးဝမသောက်သင့်ဘူးလို့ ဆယ်စုနှစ်များစွာကြာအောင် သတိပေးလာခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် အခု လေ့လာတွေ့ရှိချက်အသစ်အရ အရက်သောက်တဲ့ ဖခင်တွေက မွေးဖွားလာတဲ့ ကလေးတွေမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာအမျိုးမျိုး ဖြစ်နိုင်ခြေ ပိုများနေ တယ်လို့ တွေ့ရှိထားပါတယ်။ ၂၀၂၁ ခုနှစ်က တရုတ်နိုင်ငံရှိ စုံတွဲပေါင်း ၅ သိန်းကျော်ကို လေ့လာထားတဲ့ သုတေသနတစ်ခုမှာ မိခင်က အရက်မသောက်ခဲ့ရင်တောင် ဖခင်က ကိုယ်ဝန် မရခင် အရက်သောက်ခဲ့မယ်ဆိုရင် ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်နိုင်ခြေ ပိုမြင့် မားပြီး အဲဒီထဲမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါ၊ မွေးရာပါ နှလုံးရောဂါနဲ့ အစာခြေလမ်း ကြောင်း ဆိုင်ရာ ချို့ယွင်းမှုတွေ ပါဝင်နေတယ်လို့ BBC သတင်းမှာဖော်ပြထားပါတယ်။

• GlobalData ရဲ့ ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ်ကနေ ၂၀၃၂ ခုနှစ်အတွင်း ဥရောပ ၅ နိုင်ငံမှာ အရက်မသောက်ဘဲ အသည်းမှာ အဆီများစုပုံလာပြီး ရောင်ရမ်းပျက်စီးလာတဲ့ အသည်းရောဂါ တစ်မျိုးဖြစ်တဲ့ NASH (Non-Alcoholic Steatohepatitis) ရောဂါ အတည်ပြုခံထားရ သူဦးရေဟာ ၁၁.၁ သန်းကျော်ကနေ ၁၁.၈ သန်းနီးပါးအထိ တိုးလာမယ်လို့ သိရပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement