Skip to content

ဆောင်းပါးများ

ရေနွေးကြမ်းတစ်ခွက်ထဲမှာ လျှို့ဝှက်ချက်တွေ ရှိနေတယ်ဆိုတာ သင်သိရဲ့လား
ဆောင်းပါးသတင်း

ရေနွေးကြမ်းတစ်ခွက်ထဲမှာ လျှို့ဝှက်ချက်တွေ ရှိနေတယ်ဆိုတာ သင်သိရဲ့လား

By MyanHealth  |  April 8, 2026

ရေးသူ – တင်ဇာအောင် လက်ဖက်ရည်အဖန် သောက်လျှင်ဖြင့် ကျက်သရေ အမှန် ရောက်ပေလိမ့် ကြံသလောက် ပြီးတဲ့ ရည်”ဆိုသည့် ကုန်းဘောင်ခေတ်စာဆိုအကျော်အမော် စလေဦးပုည ညွှန်းဆိုဖွဲ့သီမှုမှာ လွန်မည်မထင်။ မြန်မာ့အိမ်နီးချင်းနိုင်ငံများမှနေ၍ ကမ္ဘာ့ထိပ်သီးနိုင်ငံအများအပြားအထိ လက်ဖက်ရည်ဝိုင်း ယဉ်ကျေးမှုမှာ ခေတ်အဆက်ဆက် အားကောင်းမောင်းသန် စီးဆင်းလျက်ရှိဆဲပင်။ လက်ဖက်၏ မူလအစမှာ လွန်ခဲ့သော နှစ်ပေါင်း ၅,၀၀၀ ခန့်က တရုတ်ပြည်မှ စတင်ခဲ့သည်ဟု အဆိုရှိကြပြီး ဒဏ္ဍာရီအရ တရုတ်ဧကရာဇ် ရှန်နွန် (Shen Nung) သည် တောအုပ်တစ်ခုတွင် နားနေစဉ် ရေနွေးအိုးထဲကို တောလက်ဖက်ရွက်တချို့ မတော်တဆ လွင့်စင်ကျလာရာက ထွက်ပေါ်လာတဲ့ ထူးခြားတဲ့ ရနံ့နဲ့ အရသာကို နှစ်သက်မိရာမှ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်း အလေ့အထ စတင်ခဲ့သည်ဟု ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ ပုဂံခေတ်Continue reading "ရေနွေးကြမ်းတစ်ခွက်ထဲမှာ လျှို့ဝှက်ချက်တွေ ရှိနေတယ်ဆိုတာ သင်သိရဲ့လား"

တစ်ပတ်အတွင်း ကျန်းမာရေး သတင်းအနှစ်ချုပ် (Apr 8th 2026 to Apr 14th 2026)
ဆောင်းပါးသတင်း

တစ်ပတ်အတွင်း ကျန်းမာရေး သတင်းအနှစ်ချုပ် (Apr 8th 2026 to Apr 14th 2026)

By Ko Tin  |  April 8, 2026

• အသင့်ထုပ်ပိုးထားတဲ့ အစားအသောက်တွေရဲ့ အမှတ်တံဆိပ်ပေါ်မှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနဲ့ ဝန်ကြီးဌာနရဲ့ အမှတ်တံဆိပ် ထည့်သွင်းဖော်ပြဖို့ ညွှန်ကြားထားပြီး ၂၀၂၆ ခုနှစ် မေလကစပြီး အမှတ်တံဆိပ်မပါတာမျိုးတွေ စိစစ်တွေ့ရှိရင် အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၃၁ အရ အရေးယူသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ • အပူဒဏ်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုတွေကို ကျေးလက်ဒေသတွေအထိ ရောက်ရှိအောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမယ်လို့ ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေး ညှိနှိုင်းအစည်း အဝေးမှာ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ထွန်းက လမ်းညွှန်ထားပါတယ်။ • မိဘပြည်သူတွေ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်တွေကို မြို့နယ် ကျန်းမာရေးဌာန ဝန်ထမ်းတွေ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ ပူပေါင်းပြီး ဝေငှခဲ့တယ်လို့ ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ဆေးရုံကContinue reading "တစ်ပတ်အတွင်း ကျန်းမာရေး သတင်းအနှစ်ချုပ် (Apr 8th 2026 to Apr 14th 2026)"

ကမ္ဘာ့အပူဆုံးထိပ်တန်းစာရင်းဝင်နိုင်ငံက ပြည်သူအချို့ရဲ့ အသံ
ဆောင်းပါးသတင်း

ကမ္ဘာ့အပူဆုံးထိပ်တန်းစာရင်းဝင်နိုင်ငံက ပြည်သူအချို့ရဲ့ အသံ

By MyanHealth  |  April 7, 2026

စာရေးသူ – သိမ့် မတ်လ လကုန်ပိုင်းကစပြီး ကမ္ဘာ့အပူဆုံးမြို့တွေထဲမှာ မြန်မာနိုင်ငံကမြို့တွေ ဆက်တိုက်ပါဝင်လာတာကို တွေ့ရပါတယ်။ ဧပြီလဆန်းပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ အနည်းဆုံးမြို့ကြီး ရှစ်မြို့က ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့ရဲ့ စာရင်းထဲမှာ နေ့စဥ်ဆက်တိုက်ကို ရောက်ရှိလာခဲ့ပါပြီ။ အဲ့ဒီလိုနေ့အပူချိန်တွေ တက်လာတာနဲ့အမျှ Heat Stoke ကြောင့် လူသေဆုံးမှုတွေလည်းရှိလာသလို မူးလဲတဲ့သူတွေ၊ အပူချိန်တက်လို့ ရေဓာတ်ခန်းခြောက်တာကို ကြုံရတဲ့သူတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့အတော်တော်များများမှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်နဲ့အထက် ရှိလာတဲ့အချိန်မှာတော့ နေပူတဲ့ဒဏ်ကို တော်တော်များများခံစားနေရပြီဖြစ်ပါတယ်။ အဲ့ဒီလိုအပူချိန် မြင့်တက်နေတာတွေနဲ့ ပတ်သက်ပြီး နယ်ပယ်အသီးသီးက လှုပ်ရှားသွားလာနေတဲ့သူတွေရဲ့ စကားသံအချို့ကို မျှဝေလိုက်ပါတယ်။ ဒေါက်တာ သန်းနိုင်စိုး ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ကျွန်‌တော်တို့အနေနဲ့ အပူရှိန် နဲ့ပတ်သက်ပြီး လက်ကမ်းစာစောင်တွေ ပိုစတာတွေနဲ့Continue reading "ကမ္ဘာ့အပူဆုံးထိပ်တန်းစာရင်းဝင်နိုင်ငံက ပြည်သူအချို့ရဲ့ အသံ"

အစာအိမ်သွေးယိုစိမ့်မှုလက္ခဏာဖြစ်တဲ့ဝမ်းမည်းမည်းသွားခြင်း
ဆောင်းပါးသတင်း

အစာအိမ်သွေးယိုစိမ့်မှုလက္ခဏာဖြစ်တဲ့ဝမ်းမည်းမည်းသွားခြင်း

By Dr. Yen Bi Ter, M.B.,B.S., M.Med.Sc(Surgery), MRCS (Ediburgh)  |  April 7, 2026

ဦးဘတစ်ယောက် ဒီတစ်လော ဘာလုပ်လုပ် မောပန်းနေပါတယ်။ လယ်သမားတစ်ယောက်ဖြစ်တဲ့ ဦးဘက သာမန်လှေကားအတက်အဆင်း လုပ်တာကိုတောင် မောပန်းနေတယ်လို့ ခံစားနေရပါတယ်။ ဘာစားစား ခံတွင်းလဲမမြိန်သလို တွေ့တဲ့လူတိုင်းကလည်း ဖြူဖတ်ဖြူရော်နဲ့လို့ ပြောနေကြပါတယ်။ ဒါပေမယ့်လည်း အလုပ်တွေကို မပစ်ထားနိုင်တာနဲ့ ပေါ့ပေါ့ဆဆနေလိုက်တာ ဆေးရုံတက်လိုက်ရပြီး သွေး ၂ လုံး သွင်းလိုက်ရပါတယ်။ အကြောင်းရင်းကတော့ အစာအိမ်ကနေ သွေးယိုစိမ့်ပြီး ကိုယ်ခန္ဓာမှာ သွေးအားအရမ်းနည်းသွားလို့ပါတဲ့။ ဆေးရုံအရောက်သာ ဒီထက်နောက်ကျခဲ့ရင် ဦးဘတစ်ယောက် အသက်မရှင်နိုင်တော့ဘူးလို့လဲ ပြောပါတယ်။ ဆရာဝန်တွေမေးမှပဲ ဦးဘလဲ ဝမ်းမည်းမည်း သွားနေတာကြာပြီဆိုတာကို သတိရပါတော့တယ်။ ဝမ်းမည်းမည်းသွားနေတာကို စောစောစီးစီး သတိထားခဲ့မိရင် ဦးဘတစ်ယောက် သွေးသွင်းဖို့ လိုချင်မှ လိုခဲ့မှာပါ။ စာဖတ်သူတို့လဲ ဦးဘလို ဝမ်းသွားတဲ့အခါ ပုံမှန်မဟုတ်ဘဲ ကတ္တရာစေးလို အမည်းရောင် စေးကပ်ကပ်ဝမ်းတွေ သွားနေတာမျိုး ကြားဖူးကြမှာပါ။Continue reading "အစာအိမ်သွေးယိုစိမ့်မှုလက္ခဏာဖြစ်တဲ့ဝမ်းမည်းမည်းသွားခြင်း"

Coffee-mate (non-dairy creamer) နဲ့ ကျန်းမာရေး
ဆောင်းပါးသတင်း

Coffee-mate (non-dairy creamer) နဲ့ ကျန်းမာရေး

By Dr. Htar Htar Hlaing, M.B, B,S (Mdy) MSc (Nutrition & Dietetic) (UK)  |  April 5, 2026

ဒေါက်တာ ထားထားလှိုင်ရေးသည် မနက်ခင်းကို ကော်ဖီတစ်ခွက်နဲ့ စတင်ရမှ နေ့တစ်နေ့လုံး စိတ်ကြည်လင်သလို ခံစားရတဲ့သူတွေ အများကြီးရှိပါတယ်။ အချို့က black coffee ရဲ့ ခါးသက်သက်အရသာကို မကြိုက်လို့ ကော်ဖီထဲ non-dairy creamer (နို့ထွက်ပစ္စည်းမဟုတ်သောခရင်မ်မာ) ဖြစ်တဲ့ coffee mate (အရပ်အခေါ်မိတ်ဖြူ) လို creamer (ခရင်မ်မာ) မျိုးတွေ ထည့်သောက်လေ့ရှိကြပါတယ်။ သောက်ရတာ နူးညံ့ပြီး အရသာကောင်းသလို ခံစားရပေမယ့် “ဒီလို creamer တွေကို ဘာနဲ့လုပ်ထားတာလဲ၊ နေ့တိုင်းသောက်ရင် ကျန်းမာရေးအတွက် အဆင်ပြေရဲ့လား” ဆိုတာကို သိထားဖို့တော့ လိုပါတယ်။ non-dairy creamer ဆိုတာ နို့စစ်စစ်မဟုတ်ဘဲ ကော်ဖီကို ပိုနူးညံ့အောင်၊ ပိုချိုမွှေးအောင် ပြုလုပ်ထားတဲ့ အစားထိုးပစ္စည်းတစ်မျိုးပါ။ ထုတ်ကုန်ပေါ်မူတည်ပြီး ပါဝင်ပစ္စည်းတွေ ကွာနိုင်ပေမယ့် အဓိကအားဖြင့်Continue reading "Coffee-mate (non-dairy creamer) နဲ့ ကျန်းမာရေး"

Weekly Round up (April First Week)
ဆောင်းပါးသတင်း

Weekly Round up (April First Week)

By Ko Tin  |  April 3, 2026

ရေးသူ -ကိုတင် မြန်မာနိုင်ငံမှာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုဟာ ၁ နှစ်ပြည့်သွားပြီဖြစ်ပေမယ့် ကလေးငယ်တွေ စိတ်ဒဏ်ရာကနေ ရုန်းထွက်ဖို့ ရုန်းကန်နေရဆဲဖြစ်တယ်လို့ Save the Children အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါအပြင် ငလျင်အပြီးတစ်နှစ်တာကာလအတွင်း Save the Children နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက စိတ် ပိုင်းဆိုင်ရာ ကုစားမှုအဖြစ် ကလေးငယ် ကိုးထောင် အပါအဝင် လူပေါင်း သုံးသောင်း နီးပါးကို စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ပေးအပ်ခဲ့သလို အရေးပေါ် ကူညီမှုအဖြစ် အစားအစာ၊သောက် သုံးရေ၊ စောင်၊ ခြင်ထောင်နဲ့တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းတွေကို ပေးဝေခဲ့ပြီး လူပေါင်း ၂၇၅,၀၀၀ ကျော် (ကလေးရှစ်သောင်း အပါအဝင်) ဆီကို အကူအညီတွေရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကာလအတွင်း မိဘပြည်သူတွေContinue reading "Weekly Round up (April First Week)"

ဧပြီလအစောပိုင်း အပူချိန်မြင့်တက်မှု၄၂ဒီဂရီစင်တီဂရိတ်ထိရောက်နိုင်
ဆောင်းပါးသတင်း

ဧပြီလအစောပိုင်း အပူချိန်မြင့်တက်မှု၄၂ဒီဂရီစင်တီဂရိတ်ထိရောက်နိုင်

By MyanHealth  |  April 2, 2026

ရေးသူ – Hard News ဧပြီလ ပထမဆယ်ရက်အတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် အပူချိန်များ မြင့်တက်လာမည်ဟု ခန့်မှန်းထားပြီး ဒေသအလိုက် ကွာခြားမှုများလည်း ရှိနေပါသည်။ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ၇၃°F မှ ၈၄°F (ခန့်မှန်းအားဖြင့် ၂၃°C မှ ၂၉°C) အတွင်းရှိနိုင်ပြီး အပူချိန်သင့်တင့်သောအဆင့်တွင်သာ ရှိနေမည်ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် မြောက်ပိုင်း)တို့တွင်တော့ ၈၅°F မှ ၉၆°F (၂၉°C မှ ၃၆°C) အတွင်းထိ ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါသည်။ တစ်ဖက်တွင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်Continue reading "ဧပြီလအစောပိုင်း အပူချိန်မြင့်တက်မှု၄၂ဒီဂရီစင်တီဂရိတ်ထိရောက်နိုင်"

မြူမှောင်ဝေကင်း ၈၈
ဆောင်းပါးသတင်း

မြူမှောင်ဝေကင်း ၈၈

By MyanHealth  |  April 1, 2026

ရေးသူ – Editorial “မြူမှောင်ဝေကင်း” ဆိုသည်မှာ မြူနှင်းများ၊ မှောင်ရိပ်များနှင့် ဝေဝါးမှုများမှကင်းလွတ်ပြီး လင်းလက် လာသည့် အဓိပ္ပါယ်ရသော အသုံးအနှုန်းပင်ဖြစ်သည်။ သာယာကြည်လင်ပြီး ဆွတ်ပျံ့ကြည်နူးဖွယ်ရာ အငွေ့အသက်ရှိသည့်ဝန်းကျင်ကောင်းကို သရုပ်ဖော်သည့်စကားလုံးဟုဆိုရပါမည်။အဆိုပါစကားလုံးကို နှစ်သစ်မင်္ဂလာ အခါသမယနှင့်တူယှဉ်မှတ်မိနေကြသည်ဟုဆိုလျှင်လည်း မမှားနိုင်ပါ။ထို သို့မှတ်မိကြ သည်မှာ “မြူမှောင်ဝေကင်း ငွေဆင်းဆန္ဒ၊ပြည်ထောင် တိုင်းမြန်ပြည်ငြိမ်းချမ်းအောင်ဆု…..”အစချီ သီချင်းသည် နှစ်သစ်ကူးကာလဝန်းကျင်ရောက်သည်နှင့်မဖြစ်မ‌နေ နားဆင်ကြည့်ရှုခံစားကြရသည့် အနုပညာရတနာတခုအဖြစ် အရုပ်၊သီချင်း၊စကားလုံးတိုင်းလိုလို ဂန္တဝင်တင်ကာ ရေပန်းစား မှုကုန်နိုင် သည်မရှိသော သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကား၏ အဖွင့်သီချင်း ခေါင်းစဥ်ဖြစ်သည်မှာလည်း အကြောင်း တရပ်ဖြစ်သည်။ သို့ဖြစ်၍ကိုဗစ်ကပ်ဘေးကာလမှစတင်ပြီး ငလျင်ဘေးကြီးမကျန် ရင်ဆီးခံခဲ့ကြသော နိုင်ငံသားများ အားလုံး မြန်မာတို့ အလေးအမြတ်ထားသော လာမည့် မြန်မာ သက္ကရာဇ် ၁၃၈၈ နှစ်သစ် ကူးပြောင်း ချိန်မှအစပြု၍ မြူမှောင်ဝေကင်းနိမိတ်ဆောင်သော ကောင်းသောပြောင်းလဲခြင်းများကို မြင်တွေ့Continue reading "မြူမှောင်ဝေကင်း ၈၈"

ကလေး ကျန်းမာရေးနဲ့ ကွမ်းရွက်သုံးပုံ မျိုးနည်းစုံ
Tips & Tricks

ကလေး ကျန်းမာရေးနဲ့ ကွမ်းရွက်သုံးပုံ မျိုးနည်းစုံ

By MyanHealth  |  March 30, 2026

အမျိုးတို့ရေ … မယ်ကြော့တို့ မတွေ့ကြတာတောင် အတော်ကြာပြီနော်။​ လူတစ်ခု ပူမှုရယ် ဆယ်ကုဋေဆိုတဲ့ အတိုင်း အလုပ်များနေလို့ပါတော်။ အခုတော့ အမျိုးတို့အတွက် မယ်ကြော့ ပြန်လာပြီ။ တကယ်က မယ်ကြော့ လည်း အမျိုးတို့ကို လွမ်းနေတာပါတဲ့တော့်။ ကဲ…ကဲ…အလွမ်းသယ်ခန်းလေး လျှော့မယ်နော်။ ဒီတစ်ပတ် မယ်ကြော့အမျိုးတို့ကို ပြောပြချင်တာက နွယ်မြက်သစ်ပင် ဆေးဘက်ဝင် ဆိုတဲ့အတိုင်း မယ်ကြော့တို့ လူ့အဖွဲ့အစည်းထဲက သူတိုင်း သိကြတဲ့ ဘီတဲလ်အကြောင်းတော့။ ဘီတဲလ်ဆိုလို့ နိုင်ငံခြားက အဆိုတော်ကြီး မဟုတ်ဘူးနော်။ Betel လို့ ခေါ်တဲ့ ကွမ်းရွက်အကြောင်းရှင့်။ တို့များနိုင်ငံမှာက ကွမ်းဆိုရင် တပျစ်ပျစ်နဲ့ ထွေးလို့ နိုင်ငံနေရာအနှံ့ အနီရောင်တွေ စွန်းနေတဲ့ ကွမ်းစားတာကိုချည်း မြင်တတ်ကြတာ။ ဒါက သွားနဲ့ခံတွင်းကင်ဆာလိုဟာကို ဖိတ်ခေါ်နေတဲ့ အမူအကျင့်။ အခု မယ်ကြော့Continue reading "ကလေး ကျန်းမာရေးနဲ့ ကွမ်းရွက်သုံးပုံ မျိုးနည်းစုံ"

ဟန်ဆောင်မှုမဟုတ်တဲ့ တကယ့်နာကျင်ခံစားရမှု (Somatic Symptom Disorder)
ဆောင်းပါးသတင်း

ဟန်ဆောင်မှုမဟုတ်တဲ့ တကယ့်နာကျင်ခံစားရမှု (Somatic Symptom Disorder)

By MyanHealth  |  March 29, 2026

တချို့လူတွေဟာ ခေါင်းမကြာခဏ ကိုက်နေတတ်ပါတယ်။ တချို့က တစ်ကိုယ်လုံး နာတတ်ပါတယ်။ တချို့မှာ ရင်ဘတ်မအီမသာဖြစ်တာ၊ ဗိုက်မအီမသာဖြစ်တာ၊ နုံးခွေပြီး အားမရှိသလို ခံစားရတာမျိုးတွေ နှစ်ရှည်လများ ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်လာရင် ဘာရောဂါများရှိလဲဆိုပြီး ဆေးစစ်ကြည့်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် စစ်ဆေးမှုတွေ အကြိမ်ကြိမ်လုပ်ပြီးလည်း ကြီးမားတဲ့ရောဂါ မတွေ့ရတော့တဲ့အခါ “စိတ်ထဲမှာတင် ထင်နေတာပါ”၊ “ဘာမှမဖြစ်ဘဲနဲ့ ဟန်ဆောင်မနေနဲ့” ဆိုတဲ့ စကားလုံးတွေနဲ့ မိမိရဲ့ပတ်ဝန်းကျင်၊လုပ်ငန်းခွင်နဲ့ နောက်ဆုံးကိုယ်နဲ့ အနီးကပ်ဆုံးနေတဲ့ မိသားစုဝင်တွေရဲ့ ဝေဖန်ကဲ့ရဲ့တာကိုပါ ခံရတတ်ပါတယ်။ ဒါဟာ ဝေဒနာရှင်ကို ပိုပြီးစိတ်ဒဏ်ရာပေးလိုက်သလိုပါပဲ။ အဲ့ဒီလို အခြေအနေ ကြုံတွေ့နေရတာကို ဆေးပညာအရ “Somatic Symptom Disorder” လို့ခေါ်ပါတယ်။ တကယ်တော့ Somatic Symptom Disorder (SSD) ဆိုတာ ဟန်ဆောင်တဲ့ရောဂါ မဟုတ်ပါဘူး။ စိတ်ကူးယဉ်ပြီးContinue reading "ဟန်ဆောင်မှုမဟုတ်တဲ့ တကယ့်နာကျင်ခံစားရမှု (Somatic Symptom Disorder)"

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၂၁၊မတ်လ၊၂၀၂၆- ၂၇၊မတ်၊၂၀၂၆)
ဆောင်းပါးသတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၂၁၊မတ်လ၊၂၀၂၆- ၂၇၊မတ်၊၂၀၂၆)

By Ko Tin  |  March 27, 2026

-မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ တီဘီ၊ တီဘီ/အိပ်ချ်အိုင်ဗွီ၊ ဆေးယဉ်ပါးတီဘီရောဂါ အဖြစ်အများဆုံး နိုင်ငံ(၃၀)မှာ ပါဝင်နေပြီး WHO South East Asia Region မှာ ဒုတိယမြောက် တီဘီလူနာသစ် ဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ပြောပါတယ်။ – ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာ တီဘီရောဂါစစ်ဆေးပေးခြင်းနဲ့ ကုသခြင်းတွေ အားကောင်းလာအောင် မိတ်ဖက်အဖွဲ့အစည်းများနဲ့အတူ ပူးပေါင်းမြှင့်တင်ပေးဖို့အတွက် ကတိကဝတ် ပြုထားပါတယ်။ ဒါ့အပြင် ယူကေအစိုးရက ကမ္ဘာတစ်ဝန်းတီဘီ ရောဂါတိုက်ဖျက်ရေး အတွက် နိုင်ငံတကာရန်ပုံငွေ ၃ ပုံတစ်ပုံနဲ့ အထက်ကိုပံ့ပိုးပေးနေတဲ့ Global Fund အဖွဲ့အစည်းကိုလည်း အဓိကထောက်ပံ့ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ – မြန်မာနိုင်ငံကနေ မလေးရှား နိုင်ငံကို သွားရောက်လုပ်ကိုင်မယ့် လုပ်သားတွေအနေနဲ့ မလေးရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနမှContinue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၂၁၊မတ်လ၊၂၀၂၆- ၂၇၊မတ်၊၂၀၂၆)"

ကိုယ်ခံအားနဲ့ ကူးစက်ရောဂါ
ကူးစက်ရောဂါ

ကိုယ်ခံအားနဲ့ ကူးစက်ရောဂါ

By MyanHealth  |  March 25, 2026

လူတစ်ယောက် ကျန်းမာနေဖို့ ကိုယ်ခံအားစနစ်က အရေးကြီးပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါတွေ နေရာအနှံ့ ဖြစ်ပွားခဲ့တုန်းက ကူးစက်ခံရပေမယ့် ရောဂါပြင်းပြင်းထန်ထန် မခံစားခဲ့သူတွေကို တွေ့ဖူးခဲ့ကြမှာပါ။ မိသားစုတစ်ခုအတွင်းမှာပဲ ရောဂါကူးစက်ခံရတာချင်းအတူတူ ဖျားနာတာမရှိဘဲ လူကောင်းပတိအတိုင်း ရှိနေခဲ့သူတွေကိုပါ။ ဆေးပညာအရ သူတို့ကို “ရောဂါလက္ခဏာမပြဘဲပိုးသယ်ဆောင်သူ” လို့ သုံးနှုန်းပါတယ်။ သူတို့ဟာ ရောဂါပိုးရှိသော်လည်း ရောဂါမဖြစ်ဘဲ ဒါမှမဟုတ် ရောဂါလက္ခဏာမပြဘဲ သာမန်လူကောင်းတစ်ယောက်လို ဖြစ်နေပေမယ့် တခြားသူဆီကို ရောဂါပိုးသယ်ဆောင်သွားပေးနိုင်တာမို့ အဲဒီလို သုံးနှုန်းခေါ်ဝေါ်တာပါ။ ဒါဟာ ပြင်းထန်မှုက အသက်အရွယ်၊ ကာကွယ်ဆေးထိုးထားမှု၊ အခြေခံရောဂါများ (နှလုံး/ဆီးချို/အဆုတ်…) စတဲ့ အချက်တွေအပေါ်အများကြီး မူတည်နေသလို ကိုယ်ခံအားစနစ်နဲ့လည်း အများကြီး သက်ဆိုင်နေပါတယ်။ ကိုယ်ခံအားစနစ်ဆိုတာ ရောဂါပိုးဝင်ရောက်မှုကို ကာကွယ်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးစနစ်တစ်ခု ဖြစ်ပါတယ်။ အဲဒီစနစ်ထဲမှာ အထူးဆဲလ်တွေ၊ တစ်ရှူးတွေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေContinue reading "ကိုယ်ခံအားနဲ့ ကူးစက်ရောဂါ"

Ads Advertisement