Skip to content
Ads Advertisement

နေကောင်းလား Ep_4_ podcast

မင်္ဂလာပါရှင်။ Myan Health ရဲ့ ‘နေကောင်းလား’ Podcast အစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ အခုတလော ရာသီဥတုက တကယ်ကို အပူရှိန်ပြင်းထန်လွန်းတယ်နော်။

နေပူထဲထွက်တဲ့အခါ ကျွန်မတို့ ခဏခဏ ကြုံရတာက ‘နေပူလို့ ခေါင်းမူးတာ’ ပါပဲ။

သာမန်နေပူလို့ ခေါင်းမူးတာ၊ ရင်တုန်တာမျိုးက အရိပ်ထဲဝင်နားလိုက်ရင်၊ ရေအေးအေးလေး သောက်လိုက်ရင် ခဏလေးနဲ့ ပြန်သက်သာသွားတတ်ပါတယ်။

ဒါပေမဲ့ အသက်အန္တရာယ်ရှိတဲ့ အပူရှပ်တာ ကျတော့ အဲ့ဒီလို မဟုတ်တော့ပါဘူး။ အပူရှပ်ပြီဆိုရင် ခန္ဓာကိုယ်အပူချိန်က ၄၀ ဒီဂရီ ဆဲစီးရပ်စ် အထက် ရုတ်တရက် ထိုးတက်သွားပြီး၊ ချွေးထွက်တာ လုံးဝရပ်သွားတတ်ပါတယ်။ အသားအရေတွေ ပူစပ်နီရဲလာပြီး သတိလစ်တာ၊ တက်တာတွေအထိ ဖြစ်သွားနိုင်လို့ အချိန်မီ ဆေးရုံမရောက်ရင် အသက်ဆုံးရှုံးနိုင်ခြေ ရှိပါတယ်။

ဒါကြောင့် ဒီနေ့ရဲ့ ‘နေကောင်းလား’ အပိုင်း ၄ မှာတော့ သာမန်ခေါင်းမူးတာနဲ့ အပူရှပ်တာ ဘယ်လိုကွာခြားသလဲ။ အပူရှပ်ခြင်းရဲ့ သတိပေးလက္ခဏာတွေနဲ့ အရေးပေါ် ကြုံတွေ့လာရင် အသက်ကယ်နိုင်မယ့် နည်းလမ်းတွေကို ဆရာဝန်တစ်ဦးရဲ့ အကြံပြုချက်တွေ၊ ကိုယ်တိုင်ကြုံခဲ့ရသူရဲ့ အတွေ့အကြုံတွေနဲ့အတူ ဝေမျှပေးသွားမှာပါ။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement