Skip to content
Ads Advertisement

နေကောင်းလား Ep_3_ podcast

Myan Health ကို နားဆင်အားပေးနေကြတဲ့ မိဘပြည်သူအားလုံး မင်္ဂလာပါရှင်။ ‘နေကောင်းကျန်းမာကြပါရဲ့လား’ လို့ အရင်ဆုံး နှုတ်ခွန်းဆက်သလိုက်ပါတယ်။ မြန်မာပြည်သူ ပြည်သားတိုင်း ပိုမိုကျန်းမာတဲ့ စိတ်နဲ့ ခန္ဓာကို ပိုင်ဆိုင်နိုင်ဖို့၊ မှန်ကန်တဲ့ ကျန်းမာရေး သတင်းအချက်အလက်တွေကို ဝေမျှပေးနေတဲ့ ‘နေကောင်းလား’ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ ကျွန်မတို့ ရန်ကုန်မြို့သူ မြို့သားတွေ နေ့စဉ်နဲ့အမျှ ရှူရှိုက်နေရပေမဲ့ သတိမထားမိဘဲ ဖြစ်နေတဲ့ ‘အသံတိတ်လူသတ်သမား’ အကြောင်းကို ဆွေးနွေးချင်ပါတယ်။ အဲ့ဒါကတော့ လတ်တလော စိုးရိမ်စရာ ဖြစ်လာတဲ့ ‘လေထုညစ်ညမ်းမှု’ ပြဿနာပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ နိုင်ငံတကာ လေထုအရည်အသွေး စောင့်ကြည့်ရေးအဖွဲ့ (IQAir) ရဲ့ ထုတ်ပြန်ချက်တွေအရ ရန်ကုန်မြို့ရဲ့ လေထုဟာ ကျန်းမာရေးအတွက် ‘အန္တရာယ်ရှိတဲ့ အနီရောင်အဆင့်’ ကို ရောက်ရှိနေခဲ့ပါတယ်။ ဒါကြောင့်… ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ရဲ့ အဆုတ်နဲ့ ကျန်းမာရေးကို ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံး ကာကွယ်မလဲ? မြို့ခံတွေရော လက်တွေ့မှာ ဘယ်လိုတွေ ရုန်းကန်နေထိုင်နေကြရသလဲ? ဆိုတာကို ဒီနေ့ အစီအစဉ်မှာ မေးမြန်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement