Skip to content
Ads Advertisement

ထိုင်းတွင်ငါးပိရည်ကြောင့် လူထောင်ချီအသည်းသန်ကောင်ပိုးကူးစက်ခံရ

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း မဟာဆာရခမ် (Maha Sarakham) ပြည်နယ်ရှိ သင်္ဘောသီးထောင်းဆိုင်များတွင် ကျိုချက်မထားသောငါးပိရည်နှင့်ငါးပိ‌ကောင်အသုံးပြုရာမှ တက္ကသိုလ်ပထမနှစ်ကျောင်းသား ထောင်ပေါင်းများစွာတွင် အသည်းသန်ကောင်ပိုး (liver fluke) ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရသည်။

​ယခုကနဦးရလဒ်များမှာ မကြာသေးမီနှစ်များအတွင်းကမှ တီထွင်ခဲ့သည့် ပိုမိုမြန်ဆန်သော ‘ဆီးအတွင်း ရှာဖွေစစ်ဆေးသည့်ကိရိယာ UATs များဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး ပတ္တနာ ပရွန်ဖတ် (Pattana Promphat)က ပြောကြားသည်။ သို့သော်လည်း အသည်းသန်ကောင်ပိုး ကူးစက်ခံရမှု (opisthorchiasis) ကို သေချာစေရန်အတွက် မစင်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်နေသေးသည်။

​မဟာဆာရခမ် တက္ကသိုလ် (Mahasarakham University) တွင် ပထမနှစ်ကျောင်းသား ၁၂,၇၃၃ ဦးအနက် ၄,၂၃၃ ဦး (၃၃ ရာခိုင်နှုန်းခန့်) တွင် ပိုးတွေ့ရှိခဲ့ပြီးရာဇာဘတ် မဟာဆာရခမ် တက္ကသိုလ် (Rajabhat Maha Sarakham University) တွင်မူ ကျောင်းသား ၁,၉၂၂ ဦးအနက် ၃၈၀ ဦး (၁၉ ရာခိုင်နှုန်းခန့်) တွင် ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်၂၀၂၅ခုနှစ်အတွင်း အသည်းတွင်းကပ်ပါးသန်ကောင် (Liver fluke) ကူးစက်ခံရသူပေါင်း ၄၀,၀၀၀ ကျော် ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အချက်အလက်များအရ ကပ်ပါးရောဂါပိုး။ နောက်ဆက်တွဲအကျိုးဆက် သည်းခြေပြွန်ကင်ဆာ(Cholangiocarcinoma) ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းမှာ မြင့်မားနေဆဲဖြစ်ကြောင်း ပြသနေသည်။

​၂၀၀၈-၂၀၂၂ ခုနှစ်အတွင်း သေဆုံးမှုနှုန်းမှာ လူဦးရေ ၁၀၀,၀၀၀ လျှင် ၁၃ ဦးမှ ၃၅ ဦးဝန်းကျင်ရှိပြီး လူနာအများစုကို ထိုင်းအရှေ့မြောက်ပိုင်းဒေသတွင် တွေ့ရှိရသည်။

Ref: Bangkok Post , The Nation

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement