Skip to content

ဆောင်းပါးများ

ရေကြီးရေလျှံ မှုနဲ့အတူ ဂရုပြုရမယ့် အရေပြားရောဂါအန္တရာယ်
ဆောင်းပါးသတင်း

ရေကြီးရေလျှံ မှုနဲ့အတူ ဂရုပြုရမယ့် အရေပြားရောဂါအန္တရာယ်

By MyanHealth  |  August 1, 2024

ဒါကြောင့် သံတွဲနဲ့ငပလီကမ်းခြေ ဒေသမှာလည်း အရေပြားရောဂါနဲ့ပတ်သက်တဲ့ဆေးဝါးတွေဝယ်ယူမရတဲ့အခြေအနေတွေဖြစ်နေပြီး ဆရာဝန်ပြသဖို့အတွက်လည်း ဆရာဝန်တွေမရှိတဲ့အတွက် ဒေသခံတွေမှာဒုက္ခရောက်နေကြရ ပါတယ်။ https://myanhealth.org/wp-content/uploads/2024/08/FB_IMG_1722499564940.jpg ဇူလိုင် ၃၁ မြန်မာနိုင်ငံတွင်း ရေကြီးရေလျှံမှုဖြစ်ပွားတဲ့ဒေသတွေများပြားလာမှုနဲ့အတူ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ဂရုစိုက်ရမယ့်ကျန်းမာရေးပြဿနာတွေထဲမှာ အရေပြားရောဂါလည်းဖြစ်ပွားနိုင်တာကြောင့် အထူးဂရုစိုက်ဖို့လိုအပ်တယ်လို့သိရပါတယ်။ ရေကြီးနစ်မြုပ်မှုဖြစ်ပွားတဲ့အခါ ရေထဲမှာ အရေပြားရောဂါဖြစ်ပွားစေနိုင်တဲ့ ပိုးမွှားတွေအများအပြားပေါက်ဖွားကာ ဝဲရောဂါအပါအဝင်စတဲ့အရေပြားရောကို ဖြစ်စေနိုင်တာကြောင့် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့လိုအပ်ကြောင်း ဆရာဝန်တွေကသတိပေးပြောဆိုကြပါတယ်။ “မသန့်ရှင်းတဲ့ရေတွေကြောင့် အရေပြားရောဂါရောဂါဖြစ်နိုင်တယ်။မဖြစ်အောင်ကြိုတင်ကာကွယ်ဖို့လိုအပ်တယ်။ရောဂါဖြစ်လာရင်လည်း ချက်ခြင်းကုသမှုလုပ်ရမယ်။ပစ်ထားလို့မရဘူး။ကူးစက်နိုင်တဲ့အရေပြားရောဂါဟုတ်မဟုတ်ကိုသေချာစစ်ဆေးဖို့လိုတယ်။မဟုတ်ရင် ကူးစက်ပြန့်နိုင်တယ်။အရေပြားလိမ်းဆေးတွေလိုမယ်။” လို့ အထွေထွေရောဂါကူဆရာဝန်တစ်ဦးက မှတ်ချက်ပြုပါတယ်။ https://myanhealth.org/wp-content/uploads/2024/08/FB_IMG_1722220096412.jpg အရေပြားရောဂါဖြစ်ပွားပါက သေချာစနစ်တကျကုသမှုမပေးနိုင်ရင်နောက်ဆက်တွဲအနေနဲ့ အရေပြားရောဂါအနာပိုးဝင်ပြီး ဝဲရောဂါဖြစ်ပွားကာ ကူးစက်နိုင်တယ်လို့သိရပါတယ်။ ဝဲ ကြောင့် အရေပြားမှာပြင်းထန်တဲ့ပြဿနာတွေဖြစ်လာနိုင်သလို ခန္ဓာကိုယ်ကို ထိခိုက်မှုအနေနဲ့ ကျောက်ကပ်ထိခိုက်တာမျိုးအထိလည်းဖြစ်နိုင်တဲ့အပြင် အခန့်မသင့်ပါက ကိုယ်တွင်းအင်္ဂါတွေထိခိုက်ပျက်စီးကာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်နိုင်တယ်လို့သိရပါတယ်။ ဒါကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားတဲ့ မြို့နယ်တွေမှာ ရေဘေးသင့်ပြည်သူတွေအတွက် အစားအသောက်အပြင် သောက်ရေသန့်၊အရေပြားရောဂါမဖြစ်အောင် လိုအပ်တဲ့ဆေးဝါးနဲ့ဖြစ်ပွားပါကContinue reading "ရေကြီးရေလျှံ မှုနဲ့အတူ ဂရုပြုရမယ့် အရေပြားရောဂါအန္တရာယ်"

သားဦးမေမေ ရတက်ပွေ
မိခင်ဒိုင်ယာရီ

သားဦးမေမေ ရတက်ပွေ

By MyanHealth  |  August 1, 2024

ယုပမ် ရေးသည် (ဆောင်းပါးရေးသူသည် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သလို မိခင်တစ်ဦး လည်းဖြစ်သည်။ ယခုဆောင်းပါးရေးသားခြင်းအတွက် ဒို့အိမ်မက် မှ ပံ့ပိုးကူညီပေးထားသည်။) သားသား ဒီနေ့ ဝမ်းသွားနေတာ လေးကြိမ်လောက်ရှိပါပြီ။ ခုမှ သားဉီးလေးမွေးထားတဲ့ မစုစုအေးတစ်ယောက် သူ၏ ရှစ်ရက်သား ရင်သွေးလေးကိုကြည့်ပြီး ဝမ်းလျှောနေသည်ထင်ကာ စိုးရိမ်သထက်စိုးရိမ်လာသည်မို့ ခင်ပွန်းသည်ကို ခေါ်ကာ အနီးဆုံး ကလေးဆေးခန်းသို့ ပြေးတော့သည်။ https://myanhealth.org/wp-content/uploads/2024/08/1MsDiary_0724-img-1024×536.jpg ဆေးခန်းသို့မရောက်ခင် လမ်းမှာတင်လည်း ကလေးက ဝမ်းတစ်ခါထပ်သွားပြန်တော့ မစုစုအေးတစ်ယောက် စိုးရိမ်တကြီး ငိုရပါပြီ။ ခင်ပွန်းဖြစ်သူက သူ့လက်မောင်းကို ဖွဖွလေးဆုပ်ကိုင်ပြီး အားတင်းထားဖို့ ပြောနေပေမယ့် သူကိုယ်တိုင်လည်း မျက်နှာအတော်လေးပျက်နေသည်။ ဆေးခန်းရောက်တော့ လူရှင်းနေတာနှင့် ကလေးဆရာဝန်နှင့် တန်းပြခွင့်ရလို့ အနည်းငယ်စိတ်သက်သာရာရသည်။ “ဆရာမရယ် ကျွန်မသားလေး ဝမ်းလျှောနေပြီထင်ပါတယ်။ ကျွန်မလေ မွေးကတည်းက ကြည့်နေတာ၊ သားကတစ်နေ့ကို လေးငါးခါContinue reading "သားဦးမေမေ ရတက်ပွေ"

ရွှေဖရုံသီး အုန်းနို့ဟင်း
Holiday Menu

ရွှေဖရုံသီး အုန်းနို့ဟင်း

By MyanHealth  |  July 28, 2024

မိုးရာသီနဲ့ လိုက်ဖက်ပြီး အာဟာရလည်းပြည့်ဝ ကလေးလူကြီးကြိုက်မယ့် ဟင်းလေးတစ်မျိုး ချက်ကြည့်ရအောင်။ ပါဝင်ပစ္စည်းနဲနဲနဲ့ အချိန်တိုအတွင်း လွယ်ကူစွာချက်ပြုတ်နိုင်ပါတယ်။ Holiday Menu က သင့်ကို ပျော်ရွှင်ကျန်းမာ စျေးသက်သာတဲ့ နိုင်ငံတကာက အစားအသောက်ကောင်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။   စာဖတ်သူတို့ကလည်း ကိုယ့်မိသားစု Favourite အာဟာရဖြစ် ရိုးရှင်းလွယ်ကူ ကုန်ကျစရိတ်မများတဲ့ အစားကောင်းလေးတွေရှိရင် ဝေမျှပေးကြပါဦးနော်။

ရန်ကုန်တိုင်းထဲက မြို့နယ်အချို့မှာ   ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေ
ဆောင်းပါးသတင်း

ရန်ကုန်တိုင်းထဲက မြို့နယ်အချို့မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေ

By MyanHealth  |  July 27, 2024

ဇူလိုင် ၂၄၊ ရန်ကုန် ဇူလိုင်လရဲ့ ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ ရောဂါဖြစ်ပွားသူ ၁၂၀၀ ဝန်းကျင် ရှိ အဆိုပါ ရောဂါဖြစ်ပွားသူထဲမှာ ပြင်းထန်းဝမ်းဝမ်းလျှောရောဂါဖြစ်သူ ၁၁၀ ကျော်ရှိပြီး ကျန်တဲ့ လူနာ ၁၀၀၀ ကျော်ကတော့ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူတွေဖြစ်ကြောင်း နဲ့ရောဂါဖြစ်ပွားမှုစာရင်းဟာ ဇူလိုင်လ ၃ရက်ကနေ ဇူလိုင်လ ၂၂ ရက်နေ့အထိစာရင်းဖြစ် ပါတယ်။ ဝမ်းပျက်ဝမ်းလျှော ရောဂါဟာ ရန်ကုန်တိုင်းထဲက သာကေတမြို့နယ်၊ဒေါပုံမြို့နယ်တွေမှာစတင်ဖြစ်ပွားခဲ့ပြီးနောက် အခြားမြို့နယ်တွေဖြစ်တဲ့ ရွှေပြည်သာ၊လိူင်သာယာ၊မြောက်ဒဂုံ၊ဒဂုံဆိပ်ကမ်း ၊တောင်ဒဂုံ၊မင်္ဂလာတောင်ညွန့်၊ပုဇွန်တောင်ဗိုလ်တထောင်မြို့နယ်တွေအပါအဝင်စတဲ့မြို့နယ်တွေမှာပါ ရောဂါကူးစက်ဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒါကြောင့်လူမှုကူညီရေးအဖွဲ့တွေ၊မြို့နယ်ကျန်းမာရေးအဖွဲ့တွေကရပ်ကွက်အလိုက်နေအိမ်တွေကိုသောက်ရေထဲကလိုရင်းဆေးမှုန့်ခတ်ခြင်း၊ရောဂါဖြစ်ပွားရာနေအိမ်တွေကိုပိုးသတ်ဆေးဖြန်းခြင်းအပြင်ရပ်ကွက်အချို့မှာယာယီဆေးခန်းဖွင့်ပြီးကုသမှုတွေပေးနေတယ်လို့သိရပါတယ်။ https://myanhealth.org/wp-content/uploads/2024/07/Diarrhea-outbreak-img-1024×536.jpg လက်ရှိမှာ ယာယီဆေးခန်းတွေကိုတော့ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားများခဲ့တဲ့ ေဒါပုံမြို့နယ်ထဲက နွယ်အေးရပ်ကွက်၊ ပုသိမ်မြေနဲ့ ကျောက်ကွင်းရပ်ကွက်တွေ ဖွင့်ထားသလို သာကေတမြို့နယ်ထဲက ထူပါရုံရပ်ကွက်မှာ ယာယီဆေးခန်းဖွင့်ပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူတွေကိုစစ်ဆေးကုသပေးနေတာဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် သေဆုံးသူမရှိသေးဘူးလို့Continue reading "ရန်ကုန်တိုင်းထဲက မြို့နယ်အချို့မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေ"

ခေါစာပစ်ခြင်းက ကလေးတွေရဲ့ ကျန်းမာရေးကို ကာကွယ်ပေးနိုင်သလား
မိခင်ဒိုင်ယာရီ

ခေါစာပစ်ခြင်းက ကလေးတွေရဲ့ ကျန်းမာရေးကို ကာကွယ်ပေးနိုင်သလား

By MyanHealth  |  July 25, 2024

ခိုင်ရီ ရေးသည် (ဆောင်းပါးရေးသူသည် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သလို မိခင်တစ်ဦး လည်းဖြစ်သည်။ ယခုဆောင်းပါးရေးသားခြင်းအတွက် ဒို့အိမ်မက် မှ ပံ့ပိုးကူညီပေးထားသည်။) လသားနုနုအရွယ်သမီးလေးရဲ့ မိဘတွေဖြစ်တဲ့ ကိုကျော်နဲ့ မမာမာတို့ လင်မယားနှစ်ယောက်ဟာ နေဝင်ရီတရောအချိန် ညနေခင်းတစ်ခုမှာ နှီးဗန်းတစ်ချပ်နဲ့ အလုပ်တွေရှုပ်နေကြပါတယ်။ နှီးဇကောထဲကို ထမင်းနဲ့ ဟင်းတွေထည့်တယ်၊ ပြီးတော့ မီးဖုတ်ထားတဲ့ငပိရယ်၊ ဝါးနဲ့လုပ်ထားတဲ့ ယောက်မတစ်ချောင်းရယ် ထည့်တယ်။ ကိုကျော်ကျော်ရဲ့ အမူအယာက တစ်နေရာရာကိုသွားဖို့ အလျင်လိုနေဟန်ရှိတယ်။ တစ်နေရာရာမှာ လူတချို့က သူ့ကို စောင့်နေလို့ အမှီသွားရမယ့်ပုံမျိုးနဲ့ မမာမာလက်ထဲ ထမင်းဟင်းတွေထည့်ထားတဲ့ ဇကောကို လှမ်းယူလိုက်တယ်။ “ဟိုကောင်တွေ ပြီးလို့စောင့်နေရောမယ်” လို့ ပြောတယ်။ ပြီးတော့ အိမ်ကနေ ခပ်သွက်သွက်ထွက်သွား ပါတော့တယ်။ https://myanhealth.org/wp-content/uploads/2024/07/MythorFact-1024×536.jpg မမာမာက လသားအရွယ်သမီးလေးကိုချီပိုးရင်း အိမ်မှာကျန်နေရစ်ခဲ့တယ်။ ကိုကျော်ပြောသွားတဲ့ ဟိုကောင်တွေဆိုတာ ရွာထဲကContinue reading "ခေါစာပစ်ခြင်းက ကလေးတွေရဲ့ ကျန်းမာရေးကို ကာကွယ်ပေးနိုင်သလား"

ရွှေ့ပြောင်းသွားလာခြင်းနှင့် ကလေးဖြည့်စွက်စာ
မိခင်ဒိုင်ယာရီ

ရွှေ့ပြောင်းသွားလာခြင်းနှင့် ကလေးဖြည့်စွက်စာ

By MyanHealth  |  July 14, 2024

ခိုင်ရီ ရေးသည် (ဆောင်းပါးရေးသူသည် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သလို မိခင်တစ်ဦး လည်းဖြစ်သည်။ ယခုဆောင်းပါးရေးသားခြင်းအတွက် ဒို့အိမ်မက် မှ ပံ့ပိုးကူညီပေးထားသည်။) မမေမိုး ဟာ အသက် ၇လ ဝန်းကျင်အရွယ် ကလေးငယ်ရဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။ ကလေး ၆လသားအထိ မိခင်နို့တမျိုးတည်းကိုပဲ သေသေချာချာ တိုက်ကျွေးခဲ့သလို၊ အသက် ၆လပြည့်ချိန်မှာ ဖြည့်စွက်စာ စတင်ကျွေးခဲ့ပါတယ်။ https://myanhealth.org/wp-content/uploads/2024/07/Nutrition_0624-img-1024×536.jpg ကလေးကို ဖြည့်စွက်စာကျွေးတဲ့အခါမှာ အသင့်ပြုပြင်ဖန်တီးထားတဲ့ အရာတွေကိုမကျွေးဘဲ၊ ကိုယ်တိုင်ဖန်တီးပြီးကျွေးဖို့ ကြိုးစားတယ်။ မမေမိုးရဲ့ တစ်နေ့တာဟာ အသက်မွေးဝမ်းကျောင်းအလုပ်အပြင် ကလေးအတွက် ဖြည့်စွက်စာနဲ့ ကလေးပြုစုပျိုးထောင်ရေးစာတွေရှာဖွေဖတ်ရှုရတာစသဖြင့် တွေနဲ့ လက်မလည်ပါဘူး။ မွေးကင်းစကလေး ပြုစုရေးနဲ့ ကလေးအတွက် အာဟာရဆိုင်ရာ ဗဟုသုတလည်းရှိ၊ အချိန်မှန်မှန်နဲ့ ဂရုတစိုက် ဖြည့်စွက်စာကျွေးဖို့ စိတ်အားထက်သန်တဲ့ မမေမိုးတစ်ယောက် ကလေးနဲ့အတူ ခရီးထွက်ဖို့ အကြောင်းဖန်လာ ပါတယ်။Continue reading "ရွှေ့ပြောင်းသွားလာခြင်းနှင့် ကလေးဖြည့်စွက်စာ"

ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ)
ဆောင်းပါးသတင်း

ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ)

By MyanHealth  |  July 9, 2024

ကာလဝမ်းရောဂါဆိုတာ ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်တဲ့ Vibrio Cholerae ရောဂါပိုးပါဝင်နေတဲ့ အစားအသောက်၊ ရေစတာတွေကို စားသောက်မိခြင်း ကနေတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ကူးစက်နှုန်းအလွန်မြန်ပြီး မကုသဘဲထားမယ်ဆိုရင် နာရီပိုင်းအတွင်း အသက် ဆုံးရှုံးနိုင်တဲ့အထိ ပြင်းထန်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ရောဂါလက္ခဏာများ ဆန်ဆေးရည်အရောင် ငါးညှီနံ့နံတဲ့ အရည်ဝမ်းသွားခြင်း၊ အော့အန်ခြင်းနဲ့ ရေဓါတ်ခမ်းခြောက်မှု ပြင်းထန်ခြင်းကို ပြသနေတဲ့ လက္ခဏာတွေဖြစ်တဲ့ နှလုံးခုန်မြန်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း စတာတွေ ဖြစ်ပွားနိုင်ပါတယ်။ ကုသခြင်း ဆုံးရှုံးသွားတဲ့ ရေဓါတ်နဲ့ဆားဓါတ်ကို အမြန်ဆုံးပြန်လည်ဖြည့်တင်းဖို့က အရေးကြီးဆုံးနဲ့ အထိရောက်ဆုံး ကုသခြင်းဖြစ်ပြီး ရောဂါစပျိုးချိန်မှာ မိမိကိုယ်တိုင် ချက်ချင်းဆောင်ရွက်လို့ရတဲ့ အရာပဲဖြစ်ပါတယ်။ ဒါကြောင့် ဓါတ်ဆားရည်ကို ဝမ်းသွားရင်သွားသလောက် လုံလုံလောက်လောက် ချက်ချင်း သောက်ပေးရပါမယ်။ ဓါတ်ဆားရည်ကို ဖျော်စပ်တဲ့အခါ BPI, MPF ဓါတ်ဆားအငန်ဆိုရင်Continue reading "ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ)"

ဘယာကြော် အစာသွပ်လိပ်
Holiday Menu

ဘယာကြော် အစာသွပ်လိပ်

By MyanHealth  |  July 8, 2024

သတ်သတ်လွတ်စားသူတွေ အာဟာရဖြစ်စေပြီး ပါဝင်ပစ္စည်းလည်းမများ လုပ်ရလွယ်ကူတဲ့ အစာပြေမုန့်လေးတစ်မျိုးပါ။ falafel ရဲ့ မူလအစက ဘယ်နိုင်ငံကလဲဆိုတာ တပ်အပ်မပြောနိုင်ပေမယ့် မြန်မာမှုပြုထားတဲ့ ဘယာကြော်နဲ့ တော်တော်ဆင်ပါတယ်။ ပါဝင်ပစ္စည်းလည်းတူပါတယ်။ တိရိစ္ဆာန်ထွက်ပစ္စည်းရှောင်တဲ့သူတွေကတော့ ဆော့စ်နေရာမှာ ထောပတ်သီးအနှစ်ကိုသုံးနိုင်ပါတယ်။ အရသာရှိ လွယ်ကူတဲ့မုန့်လေးမို့ မိသားစုနဲ့ အိမ်မှာလုပ်စားကြည့်ဖို့ တိုက်တွန်းလိုက်တယ်နော်။ Holiday Menu က သင့်ကို ပျော်ရွှင်ကျန်းမာ စျေးသက်သာတဲ့ နိုင်ငံတကာက အစားအသောက်ကောင်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။   စာဖတ်သူတို့ကလည်း ကိုယ့်မိသားစု Favourite အာဟာရဖြစ် ရိုးရှင်းလွယ်ကူ ကုန်ကျစရိတ်မများတဲ့ အစားကောင်းလေးတွေရှိရင် ဝေမျှပေးကြပါဦးနော်။

ဒဏ်ရာကိုယ်စီနဲ့ စိတ်ကလေးတွေ
မိခင်ဒိုင်ယာရီ

ဒဏ်ရာကိုယ်စီနဲ့ စိတ်ကလေးတွေ

By MyanHealth  |  July 5, 2024

ခိုင်ရီ ရေးသည် (ဆောင်းပါးရေးသူသည် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သလို မိခင်တစ်ဦး လည်းဖြစ်သည်။ ယခုဆောင်းပါးရေးသားခြင်းအတွက် ဒို့အိမ်မက် မှ ပံ့ပိုးကူညီပေးထားသည်။) မမြသဲဟာ အသက် ၇နှစ်ဝန်းကျင်အရွယ် သားလေးတစ်ယောက်ရဲ့ မိခင်ဖြစ်ပါတယ်။ သားဖြစ်သူရဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်နဲ့ အပြုအမူတွေကို သတိထားမိလာတာ ကာလအတန်ကြာ ရှိခဲ့ပြီလို့ သူက ဆိုပါတယ်။ https://myanhealth.org/wp-content/uploads/2024/07/child-trauma_0624-1024×536.jpg စစ်ပွဲတွေ၊ တိုက်ပွဲနဲ့ လက်နက်သံတွေကြားထဲမှာ နေထိုင်ခဲ့ရတာမဟုတ်ဘဲ မြို့ပြမှာ ကြီးပြင်းလာခဲ့ရတဲ့ မမြသဲရဲ့ ကလေးငယ်ဟာ ကိုဗစ်ကာလတုန်းက တိုက်ခန်းကျဉ်းလေးထဲမှာ လပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရတယ်။ တစ်ကမ္ဘာလုံးမှာ ကိုဗစ်ကြောင့် စီးပွားရေးကျဆင်းခဲ့တဲ့ လူသန်းပေါင်းများစွာထဲမှာ သူတို့ မိသားစုလည်းပါဝင်ခဲ့ပြီး၊ စားဝတ်နေရေးအကြပ်အတည်းတွေကို ခါးစည်းခံခဲ့ရသလို၊ မိသားစုအာဟာရပြည့်အောင် စားသောက်နိုင်ဖို့ အတွက်  ရုန်းကန်ခဲ့ရပါတယ်လို့ မမြသဲက ပြောပြပါတယ်။ “အရင်ကတော့ ကလေးကို အာဟာရပြည့်ဖို့၊Continue reading "ဒဏ်ရာကိုယ်စီနဲ့ စိတ်ကလေးတွေ"

အကြိမ်ရေအပြည့်အဝ ကာကွယ်ဆေးမထိုးနိုင်ခဲ့တဲ့ ကလေးတွေ
မိခင်ဒိုင်ယာရီ

အကြိမ်ရေအပြည့်အဝ ကာကွယ်ဆေးမထိုးနိုင်ခဲ့တဲ့ ကလေးတွေ

By MyanHealth  |  June 6, 2024

ခိုင်ရီ ရေးသည် (ဆောင်းပါးရေးသူသည် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သလို မိခင်တစ်ဦး လည်းဖြစ်သည်။ ယခုဆောင်းပါးရေးသားခြင်းအတွက် ဒို့အိမ်မက် မှ ပံ့ပိုးကူညီပေးထားသည်။) လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ဝန်းကျင်ကာလကို ပြန်ကြည့်မယ်ဆိုရင် အသက်နှစ်နှစ်အောက်ကလေးရှိတဲ့ မိဘတွေဗျာများခဲ့ရတဲ့ အခြေအနေတစ်ရပ်ရှိခဲ့ပါတယ်။ အဲဒါကတော့ ကာကွယ်ဆေးထိုးနှံရေးကိစ္စဖြစ်ပါတယ်။ အသက်အရွယ်အလိုက် ကာကွယ်ဆေး ထိုးရမယ့် အချိန်မှာ ကိုဗစ်ကာလဖြစ်နေတာရယ်၊ နိုင်ငံရေး အပြောင်းအလဲတွေရယ်၊ ဆေးဝါးပြတ်တောက်မှုတွေရယ်၊ နေရပ်စွန့်ခွာရတဲ့ အခြေအနေအကြောင်းကြောင်းတွေရယ်ကြောင့် ကလေးတွေ ကာကွယ်ဆေးထိုးဖို့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြရပါတယ်။ https://myanhealth.org/wp-content/uploads/2024/06/Immunisation_0524-1024×536.jpgမြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ် ၁၉ ကပ်ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်ပွားတဲ့ကာလတွေမှာ အသက် ၅နှစ်အောက် ကလေးငယ်ပေါင်းများစွာဟာ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးတာ၊ ဒါမှမဟုတ် ကာကွယ်ဆေး အကြိမ်အရေအတွက် ပြည့်ပြည့်ဝဝ မထိုးနှံရသေးတာတွေကို ကြုံတွေ့ခဲ့ကြရပါတယ်။ အဲဒီလို မိမိကလေးကို ကာကွယ်ဆေးအပြည့်မထိုးနိုင်ခဲ့တဲ့  မိဘတွေထဲမှာ မြန်မာနိုင်ငံက ကိုစိုးမိုး (အမည်လွဲ)နဲ့Continue reading "အကြိမ်ရေအပြည့်အဝ ကာကွယ်ဆေးမထိုးနိုင်ခဲ့တဲ့ ကလေးတွေ"

Donburi ဂျပန်ထမင်း
Holiday Menu

Donburi ဂျပန်ထမင်း

By MyanHealth  |  June 1, 2024

မိုးအေးအေးလေးမှာ အိမ်မှာအလွယ်တကူရှိနေတဲ့ ကြက်ဥ ဟင်းသီးဟင်းရွက် စတာလေးတွေနဲ့ နွေးထွေးတဲ့ နံနက်စာလေး ဖန်တီးကြည့်ရအောင် မေမေတို့ရေ။ Holiday Menu က သင့်ကို ပျော်ရွှင်ကျန်းမာ စျေးသက်သာတဲ့ နိုင်ငံတကာက အစားအသောက်ကောင်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။   စာဖတ်သူတို့ကလည်း ကိုယ့်မိသားစု Favourite အာဟာရဖြစ် ရိုးရှင်းလွယ်ကူ ကုန်ကျစရိတ်မများတဲ့ အစားကောင်းလေးတွေရှိရင် ဝေမျှပေးကြပါဦးနော်။

ကလေးအသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းဆိုင်ရာရောဂါများအကြောင်းသိကောင်းစရာ
ဆောင်းပါးသတင်း

ကလေးအသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းဆိုင်ရာရောဂါများအကြောင်းသိကောင်းစရာ

By MyanHealth  |  May 20, 2024

အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းဟာ မြန်မာနိုင်ငံမှာ အသက်ငါးနှစ်အောက်ကလေးတွေမှာ အဖြစ်အများဆုံးနဲ့ သေဆုံးမှုအများဆုံး ရောဂါဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းမှာ အသက်ရှူလမ်းကြောင်းအထက်ပိုင်းပိုးဝင်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းအောက်ပိုင်းပိုးဝင်ခြင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။ အသက်ရှူလမ်းကြောင်းအထက်ပိုင်းကို အလွယ်နည်းအားဖြင့် နား၊နှာခေါင်းနဲ့ အသံအိုးအထိလို့ မှတ်သားလို့ရပြီး လေပြွန်ကစပြီး အဆုတ်တစ်ခုလုံးကို အသက်ရှူလမ်းကြောင်းအောက်ပိုင်းလို့ အကြမ်းအားဖြင့်မှတ်သားနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းအထက်ပိုင်း ပိုးဝင်ခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များပြီး များသောအားဖြင့် မပြင်းထန်ပါဘူး။ ပုံမှန်အားဖြင့် တစ်ပတ်လောက်ထိ ရောဂါလက္ခဏာ ခံစားရနိုင်ပြီး ပြန်လည်သက်သာကောင်းမွန်လာပါတယ်။  အသက်ရှူလမ်းကြောင်းအောက်ပိုင်းပိုးဝင်ခြင်းဟာ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနဲ့ မှိုတွေကြောင့် အဖြစ်များပြီး ကလေးမှာအဆုတ်ရောင်နမိုးနီးယား ရောဂါခံစားရပြီး သာမန်ဖျားနာခြင်းကနေ အသက်အန္တရာယ်ခြိမ်းခြောက်သည်အထိ ပြင်းထန်နိုင်ပါတယ်။ https://myanhealth.org/wp-content/uploads/2024/05/Acute-respiratory-tract-infections-in-Children_img2-1024×536.jpg ရောဂါလက္ခဏာများ အသက်ရှူလမ်းကြောင်းပိုးဝင်တဲ့အခါ ကလေးတွေမှာ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားနာခြင်း၊ ကိုယ်ပူခြင်း၊ နှုံးခြင်းနဲ့ နွမ်းနယ်ခြင်းစတဲ့ ရောဂါလက္ခဏာတွေကိုContinue reading "ကလေးအသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းဆိုင်ရာရောဂါများအကြောင်းသိကောင်းစရာ"

Ads Advertisement