• ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့အဆောက်အအုံတွေ ပိုမိုအားကောင်းလာစေဖို့နဲ့ ကျန်းမာရေးဝန်ဆောင်မှုအရည်အသွေးပိုပြီးကောင်းမွန်စေဖို့ အတွက် စစ်တွေမှာရှိတဲ့ အိုင်စီအာရ်စီက လစဥ် လူနာ ၂၀၀ နီးပါးကို ဝန်ဆောင်မှုတွေပေးနေတဲ့ စစ်တွေမြို့နယ်က သက်ကယ်ပြင် ဆေးရုံမှာ ဆိုလာလျှပ်စစ်မီးစနစ်တပ်ဆင်ပေးခဲ့တယ်လို့ International Committee of the Red Cross Myanmar ကထုတ်ပြန်ထားပါတယ်။
• မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် အမျိုးသမီးများသည် မိသားစုများသည် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ကျန်းမာရေးနှင့် သက်တောင့်သက်သာ နေထိုင်မှုအတွက် မရှိမဖြစ်လိုအပ်သော အခြေခံပစ္စည်းများကို လျှော့ချ စွန့်လွှတ် အနစ်နာခံနေ ရဟု UN-OCHA ကထုတ်ပြန်သည်။
• ကင်ဆာဝေဒနာရှင်တွေအတွက် တစ်နေရာတည်းမှာ ပြည့်စုံတဲ့ ကုသမှု စင်တာအဖြစ် ဆေးကုသ မှုတွေ ပေးနိုင်ဖို့ နဲ့ သုတေသနလုပ်ငန်းတွေကိုပါ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ၅ ထပ် ကုသ ဆောင်၊ ၈ ထပ်ကုသဆောင်တွေ နဲ့ ဓာတ်ရောင်ခြည်စက်ခန်းတွေပါဝင်တဲ့ အမျိုးသားကင်ဆာ ကုသရေး ဗဟိုဌာနဖွင့်လှစ်လိုက်ပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
• မြန်မာနိုင်ငံမှာလည်း အသက် (၇၅) နှစ်မတိုင်မီ ကင်ဆာဖြစ်ပွားနိုင်ချေ ၁၃ ဒသမ ၉ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ ခန့် မှန်းထားတဲ့အတွက် ကင်ဆာရောဂါကောကွယ်ထိန်းချုပ်ရေးဟာ အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် အရေးကြီးလာ တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါ တယ်။ ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်း လျှော့ချဖို့ နဲ့ ရောဂါဖြစ်ပွားတာကို စောစီးစွာ သိရှိကုသမှု ခံယူနိုင်ဖို့အတွက် မြန်မာ နိုင်ငံမှာ “ကင်ဆာရောဂါထိန်းချုပ်ရး အမျိုးသား မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၂၇)” ကို ရေးဆွဲပြီး ကင်ဆာရောဂါ ကာကွယ်ထိန်းချုပ်ရေး နဲ့ ကုသရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာတစ်ရပ်အဖြစ် သတ်မှတ် ဆောင်ရွက်နေ တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
• မြန်မာနိုင်ငံမှာ မကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်ပွားသေဆုံးမှုမြင့်တက်လာတာဟာ ပြည်သူ့ ကျန်းမာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေ တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောပါ တယ်။ဒါအပြင် သုတေသနစစ်တမ်းတွေအရ ပြီးခဲ့တဲ့၂၀၁၄ ခုနှစ် သုတေသနရလဒ်တွေနဲ့ နှိုင်းယှဉ်တဲ့အခါ သွေးတိုးရောဂါ ဖြစ်ပွားတာနဲ့ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲတာတွေဟာ အနည်းငယ်လျော့ကျလာပေမယ့် သွေးတွင်း သကြားဓာတ်နဲ့ သွေးတွင်းအဆီဓာတ်များတာ ခန္ဓာကိုယ်အလေးချိန်များတာလို့ ရောဂါတွေဟာ ဖြစ်ပွားနိုင်ခြေပိုမိုမြင့်တက်လာတယ်လို့ ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။
• ပြည်ပကနေ အသင့်ထုပ်ပိုးထားတဲ့ အစားအသောက်တွေ တင်သွင်းတဲ့ လုပ်ငန်းတွေ အနေနဲ့ တင်သွင်းလာတဲ့ အစားအသောက်ရဲ့ အမှတ်တံဆိပ်မှာ စားသုံးသူတွေ ဖတ်လို့နားလည်နိုင်တဲ့ ဘာသာစကား သို့မဟုတ် မြန်မာဘာသာနဲ့ ဖော်ပြထားတာ မရှိဘူးဆိုရင်၊ အမှတ်တံဆိပ်ပေါ်မှာ မဖြစ်မနေ ဖော်ပြရမယ့် အချက်အလက်တွေကို လိုအပ်တဲ့ ဘာသာစကားနဲ့ ထပ်ပြီး ဖြည့်ရေး ဖော်ပြရာမှာ စတစ်ကာ (Sticker) ကပ်ပြီး ဖော်ပြတာကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ညွှန်ကြားထားပါတယ်။
• ထိုင်းနိုင်ငံ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာနရဲ့ ပြောကြားချက်အရ ဘန်ကောက်မြို့မှာ PM 2.5 လေထုညစ်ညမ်းမှုဟာ အဆိုးဆုံးအခြေအနေကို ကျော်လွန်သွားပြီလို့ သိရပါတယ်။ ဒါပေမယ့် ရာသီအပြောင်းအလဲကာလမှာ အအေးလေထုအစုတွေ ဒေသအတွင်း ဝင်ရောက် လာနိုင်တာကြောင့် လေထုညစ်ညမ်းမှု ပြန်တက်လာတဲ့ အခြေအနေတွေ ဖြစ်ပေါ်နိုင်သေး တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
• ထိုင်းနိုင်ငံတွင် အခုနှစ်အတွင်း ဖျားနာတုပ်ကွေး အဖြစ် များလာနေ တဲ့အတွက် ပြည်သူတွေကို သတိထားကြဖို့ ပြည်သူ့ကျန်းမာရေးအာဏာပိုင်တွေက သတိပေးထားပါတယ်။ ဇန်နဝါရီလ က နေ စပြီး ဖျားဖြစ်ပွားမှု ၁၃၀,၀၀၀ ကျော်ရှိနေပြီး ဒီနှစ်မှာ စုစုပေါင်းအရေအတွက်က မနှစ်က ထက် ပိုများလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဇန်နဝါရီ ၁ ရက်ကနေ မတ်လ ၉ ရက် အထိ ဖလူးရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၃၇,၂၇၆ ဦး ရှိခဲ့ပြီး အဲဒီထဲက ၁၅,၀၄၁ ဦး ဆေးရုံ တက် ကုသရတဲ့အထိ ဖြစ်ခဲ့တဲ့အပြင် သေဆုံးသူ ၈ ဦးလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
• ထိုင်းနိုင်ငံမှာ ကင်ဆာလူနာအရေအတွက် ဆက်တိုက်တိုးလာနေပြီး တစ်နှစ်ကို ကင်ဆာအ သစ်တွေ့ရှိသူ ၁၄၀,၀၀၀ လောက်ရှိပြီး သေဆုံးသူလည်း ၈၆,၀၀၀ လောက်ရှိ တယ်လို့ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။အဲဒါကြောင့် နိုင်ငံအတွက် ပထမဆုံး ကင်ဆာဆိုင်ရာ ဥပဒေ ကို ရေးဆွဲဖို့ ပြင်ဆင်နေပြီး ကင်ဆာကုသရေး နဲ့ ပတ်သက်တဲ့ အစိုးရဘက်၊ ပုဂ္ဂလိကဘက် အဖွဲ့အစည်းအားလုံးကို ပေါင်းစည်းညှိနှိုင်းနိုင်ဖို့ National Cancer Policy Board ကို အသစ်တည်ထောင်ထားတယ်လို့ သိရပါတယ်။
• အမေရိကန်နိုင်ငံမှာ နိုင်ငံအတွက် အများဆုံးစိုက်ပျိုးရေးထုတ်လုပ်ပေးနေတဲ့ ကယ်လီဖိုးနီးယား ပြည်နယ်က ထွက်လာတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ပိုးသတ်ဆေးတွေ ပါဝင်နေတဲ့ ရာခိုင်နှုန်းက မထင်မှတ်လောက်အောင် များနေတယ်လို့ တွေ့ရှိရတယ်လို့ CNN သတင်းမှာဖော်ပြထားပါတယ်။ အဲဒီကစိုက်ပျိုးတဲ့ အော်ဂဲနစ်မဟုတ်တဲ့ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေ ထဲမှာ ၄၀ ရာခိုင်နှုန်းနီးပါးလောက်မှာ ပိုးသတ်ဆေးအကြွင်းအကျန်တွေ တွေ့ရပြီး အဲဒီပိုးသတ်ဆေးတွေထဲမှာ PFAS လို့ခေါ်တဲ့ “forever chemicals” တွေလည်း ပါဝင်နေ တယ်လို့ ဖော်ပြထားပါတယ်။
• သွေးလမ်းကြောင်း ပိုးဝင်ခြင်းရောဂါ၊ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ၊ အဆုတ်ရောင်ရောဂါ နဲ့ ဦးနှောက်အမြှေးရောင်ရောဂါတွေရဲ့ ဆေးယဉ်ပါးပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ လူတိုင်း လက်လှမ်းမီပြီးအလွယ်တကူ ဝယ်နိုင်မယ့် ပဋိဇီဝပိုးသတ်ဆေး အသစ် ၃ မျိုး ထုတ်ဖို့ ရည်မှန်း ထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပါတယ်။