ရေကြီးမှုဖြစ်ပွားပြီးနောက် ကျန်းမာရေး ဆောင်ရန်များ
ရေကြီးမှုဘေး ကျော်လွန်ပြီးနောက် ကျန်းမာရေး ဂရုစိုက်ကြစို့
ရေကြီးရေလျှံမှုတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကျန်းမာရေး ဂရုစိုက်ဖို့ အရမ်းအရေးကြီးပါတယ်။ ရေကြီးတဲ့အချိန် ညစ်ညမ်းမှုတွေ ပါလာတတ်သလို၊ ရေကျသွားတဲ့အခါမှာလည်း ရောဂါပိုးတွေ ကျန်ရစ်ခဲ့တတ်လို့ပါ။ ဒါကြောင့် ကျန်းမာရေး ကောင်းစေဖို့ အောက်ပါ အချက်တွေကို လိုက်နာကြဖို့ MyanHealth ကနေ တိုက်တွန်းပါရစေ။
မဖြစ်မနေ လိုက်နာရမယ့် အချက် (၄) ချက်
၁။ အစာစားခြင်းမပြုမီနဲ့ အိမ်သာအသုံးပြုပြီးတိုင်း လက်ကို သေချာစွာဆေးကြောပါ။ 🧼
- ရေကြီးမှုတွေကြောင့် ပတ်ဝန်းကျင်မှာ ရောဂါပိုးမွှားတွေ ပေါများနေနိုင်ပါတယ်။ ဒါကြောင့် လက်ကို ဆပ်ပြာနဲ့ ရေသုံးပြီး စက္ကန့် ၂၀ လောက် ပွတ်တိုက်ဆေးကြောတာက ကူးစက်ရောဂါတွေကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းပါ။
၂။ သေချာကျက်အောင် ချက်ပြုတ်ထားသော အစားအစာများကိုသာ စားသုံးပါ။ 🍲
- ရေကြီးရေလျှံမှုကြောင့် အစားအသောက်တွေ ညစ်ညမ်းသွားနိုင်ခြေ များပါတယ်။ မကျက်တကျက် စားသုံးမိရင် ဝမ်းပျက်ဝမ်းလျှော၊ အစာအဆိပ်သင့်တာတွေ ဖြစ်နိုင်ပါတယ်။
၃။ ရေသန့်မရနိုင်ခဲ့လျှင် ရေကို ကျိုချက်ပြီးမှ သုံးစွဲပါ။ 🚰
- ရေကြီးတဲ့အခါ သောက်သုံးရေတွေလည်း ညစ်ညမ်းနိုင်ပါတယ်။ ဒါကြောင့် ရေကို သေချာ ကျိုချက်ပြီးမှ သောက်သုံးတာ၊ အစားအစာ ဆေးကြောတာ၊ ပန်းကန်ခွက်ယောက်တွေ ဆေးကြောတာတွေ လုပ်သင့်ပါတယ်။
၎။ ခြင်၊ ယင်ပေါက်ပွားမှုမဖြစ်စေရန် နေအိမ်ဝန်းကျင်ကို ရှင်းလင်းပါ။ 🧹
- ရေကျသွားတဲ့အခါ ခြင်တွေ၊ ယင်တွေ ပေါက်ပွားလွယ်ပါတယ်။ သူတို့က တဆင့် ကူးစက်ရောဂါတွေ ဖြစ်စေနိုင်တာမို့ နေအိမ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားပါ။ ရေဝပ်နေတဲ့ နေရာတွေကို ရှင်းလင်းပြီး ခြင်ဆေးခွေ၊ ခြင်ထောင် အသုံးပြုပါ။
ဒီအချက်တွေကို လိုက်နာရင် ရေကြီးမှု ဖြစ်ပြီးနောက်ပိုင်း ကျန်းမာရေး ပြဿနာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ကျန်းမာပျော်ရွှင်တဲ့ ဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေ။