Weekly Health Round-Up (February Second Week )

Published On: February 13th, 2026|Views: 225|

  • မိခင်ကနေကလေးကို အိပ်ချ်အိုင်ဗွီ၊ ဆစ်ဖလစ်နဲ့ အသည်းရောင်အသားဝါဘီကူးစက်မှုက ကင်းဝေး ရေး ဦးတည်ဆောင်ရွက်နေရာမှာ အသည်းရောင်အသားဝါဘီရောဂါ စစ်ဆေး၊ ကုသမှုလုပ်ငန်း တွေကို ကနဦးအနေနဲ့ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည်တော်တို့ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီး ၃ ခုမှာ ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး ကပြောပါတယ်။
  • မန္တလေးတိုင်းဒေသကြီး၊ ဈေးချိုတော်ဈေးမှာ အစားအသောက်နမူနာ စုစုပေါင်း(၁၇)မျိုး ကောက်ယူ၍ Mobile Lab Van မှာ Rapid Test Kit ဖြင့် စစ်ဆေးခဲ့ပြီး အစားအသောက်ရောင်း ချသူတွေကို အစားအသောက်တွေမှာ ခွင့်မပြုဆိုးဆေးနဲ့ ခွင့်မပြုဓာတုတာရှည်ခံဆေးတွေ အန္တရာယ်နှင့်ပတ်သက်ပြီး လက်ကမ်းစာ စောင်များဖြန့်ဝေတာနဲ့အသိပညာပေးတာတို့ကို ဆောင်ရွက်ခဲ့ကြတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

  • လှိုင်ရတနာဈေးနဲ့ ခရမ်းမြို့မဈေးမှာ ရောင်းချနေတဲ့ ပဲသွေး(၁)မျိုးနဲ့ စိမ်းစားငပိ(၂)မျိုးမှာ တားမြစ် ပစ္စည်းတွေ တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေး ဦးစီးဌာန(FDA)က အသိပေး ထုတ်ပြန်ပါတယ်။
  • ဘင်္ဂလားဒေ့ရှ်မှာ နီပါးရ် (Nipah) ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုရှိလာပြီးနောက် နယ်စပ်မြို့ မောင်တောမှာ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေမှုတွေနဲ့ အတူ နှာခေါင်းစည်း (Mask) တွေကိုလည်း ဖြန့်ဝေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
  • မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းကျေးရွာတွေထဲက ကျေးရွာနှစ်ရွာက ပြည်သူတွေ မှာ ယားနာရောဂါတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေပြီး ဆေးဝါးနဲ့ တကိုယ်ရည်သုံးပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကိုကိုးကားပြီး MFP သတင်းမှာ ဖော်ပြထားပါတယ်။
  • ထိုင်းနိုင်ငံ ဘန်ကောက် နဲ့ အနီးတဝိုက် ပြည်နယ်တွေမှာ ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၇ ရက် အတွင်း PM2.5 လေထုညစ်ညမ်းအဆင့်တွေ မြင့်တက် (ပိုမိုဆိုးဝါး) လာနိုင်တယ်လို့ ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာနက သတိပေးထားပါတယ်။ လတ်တလော တိုင်းတာချက်တွေအရ ထိုင်းအလယ်ပိုင်း နဲ့ အရှေ့ပိုင်းက ပြည်နယ် ၂၀ မှာ လေထုအရည်အသွေးဟာ သတ်မှတ်ထားတဲ့ ဘေးကင်းလုံခြုံမှုစံနှုန်း 37.5 မိုက်ခရိုဂရမ်ထက် ကျော်လွန်နေပြီလို့ ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာနက သတိပေးထားချက်အရ သိရပါတယ်။
  • ကမ္ဘာလုံးဆိုင်ရာ ကင်ဆာရောဂါဖြစ်ပွားမှုတွေဟာ ၂၀၂၂ ရဲ့ ~၂၀ million ကနေ ၂၀၅၀ ခုနှစ်အထိ ရောက်လာတဲ့အချိန်မှာ >35 million (၇၇ ရာခိုင်နှုန်း) အထိ တိုးလာနိုင်တယ်လို့ ကမ္ဘာ့ကင်ဆာသုတေသနအဖွဲ့ (IARC) က သတိပေးထားပါ တယ်။ ဒါကြောင့် ကျန်းမာရေးစနစ်တွေကို အမြန်ပြုပြင်တိုးတက်အောင်လုပ်ဖို့နဲ့ လူတိုင်း သာတူညီမျှတဲ့ ကျန်းမာရေးစောင့်ရှောက်မှုရနိုင်ဖို့ အရေးကြီးလာနေတယ်လို့ ဆိုပါတယ်။ IARC ရဲ့ ခန့်မှန်းချက်အရ ကမ္ဘာပေါ်မှာ လူ ၅ ယောက်ထဲက ၁ ယောက်က သူ့ဘဝတစ်လျှောက်မှာ ကင်ဆာရောဂါ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 
  • တရုတ်အလယ်ပိုင်းရှိ စိတ်ရောဂါကု ဆေးရုံအချို့မှာ အာမခံလိမ်ညာမှုအစီအစဉ်တွေကြောင့် လူနာတွေကို သော့ခတ်ပြီး လှောင်ပိတ်ထားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်၊ တရုတ်နိုင်ငံတစ်ဝန်းလုံးရှိ စိတ်ရောဂါကုဆေးရုံတွေကို စစ်ဆေးသွားဖို့ အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု လုံခြုံရေးဌာနက ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။
  • အမေရိကန်မှာ အသက် ၆ လကနေ ၃၆ လအထိ ကလေးငယ်တွေစားသုံးဖို့ ရောင်းချနေတဲ့ baby food၊ အချိုရည်နဲ့ snack အမျိုးအစားအများစုဟာ လွန်ကဲစွာပြုပြင်ထားတဲ့ အစားစာတွေဖြစ်နေပြီး ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ဖြည့်စွက်ပစ္စည်းတွေ ပါဝင်နိုင်ကြောင်း လေ့လာမှုအသစ် တစ်ရပ်ကိုကိုးကားပြီး CNN သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီလေ့လာမှုအရ ကလေးငယ်တွေ အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ အစားအစာအများစုမှာ ပြုပြင်ထုတ်လုပ်မှုအဆင့်မြင့်ပြီး အာဟာရတန်ဖိုးနည်းနိုင်သလို၊ ရေရှည်စားသုံးရင် ကျန်းမာရေးထိခိုက်နိုင်တဲ့ ပစ္စည်းတွေ ပါဝင်နိုင်တယ်လို့ သတိပေးထားပါတယ်။
  • Nipah virus ဟာ သေဆုံးနိုင်ခြေမြင့်မားတဲ့ ရောဂါဖြစ်ပေမယ့်၊ လက်ရှိအထိ သိပ္ပံပညာရှင်တွေက တော့ ဒီဗိုင်းရပ်စ်ရဲ့ ပျံ့နှံ့နိုင်စွမ်းကို အကန့်အသတ်ရှိတယ်လို့ သတ်မှတ်ထားကြောင်း AFP သတင်းမှာဖော်ပြထားပါတယ်။ပြီးခဲ့တဲလက ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမျိုးသမီးတစ်ဦး သေဆုံးခဲ့ တာနဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ကူးစက်မှုအချို့ အတည်ပြုတွေ့ရှိခဲ့တာကြောင့် ပိုမိုကျယ် ပြန့်စွာ ပျံ့နှံ့နိုင်မလား၊ ကပ်ရောဂါအန္တရာယ် ဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ ပြန်လည် မြင့်တက် လာခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်ပွားခဲ့တဲ့ ကူးစက်မှုအုပ်စုနှစ်ခုကြားမှာ ဆက်နွယ်မှုမရှိကြောင်း World Health Organization အထွေထွေညွှန်ကြားရေးမှူး Tedros Adhanom Ghebreyesus က ပြောဆိုခဲ့ပါတယ်။လက်ရှိအထိ ဆက်စပ်ထိတွေ့ခဲ့သူ ၂၃၀ ကျော်ကို စုံစမ်းစစ်ဆေးပြီးနောက် အခြားကူးစက်မှုအသစ်များ မတွေ့ရှိရသေးပါဘူး။ ဒါကြောင့် WHO က ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာအရ ဒီဗိုင်းရပ်စ် ပိုမိုပျံ့နှံ့နိုင်ခြေကို နည်းတဲ့ အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။

 

ဒီအကြောင်းအရာကို မျှဝေပါ

Leave A Comment