မကြာသေးခင်က နိုင်ငံတကာ သတင်းများ၌ Nestle ကဲ့သို့သော နာမည်ကျော် ကုမ္ပဏီကြီးမှ ထုတ်လုပ် သည့် မိခင်နို့အစားထိုး နို့မှုန့်များကြောင့် ကလေးငယ်များ အဆိပ်သင့်ကာ ဘေးဒုက္ခကြုံရသည့် သတင်း များမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်ကို MyanHealth ၏စာမျက်နှာများတွင် အချိန်နှင့် တပြေးညီ ဖော်ပြခဲ့သည်ကို မှတ်မိကြပါလိမ့်မည်။ နို့မှုန့်(Formula Milk) များတွင် ပါဝင်သည့် Bacillus cereus ဘက်တီးရီးယားမှ ထုတ်လွှတ်သော Cereulide အဆိပ်အတောက်သည် ကလေးငယ်များကို အော့အန် ခြင်းမှသည် အသက်အန္တရာယ်အထိ ပေးနိုင်သောကြောင့် ဖြစ်ပါသည်။
ဤဖြစ်ရပ်က အဖိုးတန်သော သင်ခန်းစာတစ်ခု ပေးလိုက်သည်မှာ မည်မျှပင် ခေတ်မီသော နည်းပညာ ဖြင့် ဖော်စပ်သည်ဆိုစေ မိခင်ဖြစ်သူ ခန္ဓာကိုယ်မှ သားသမီးအတွက် အချိန်နှင့်တစ်ပြေးညီ ဖန်တီးပေး သော “သက်ရှိနို့ရည်” (Living Fluid) ကို မည်သည့်နည်းပညာကမျှ အစားထိုးနိုင်မည် မဟုတ်ခြင်း ဖြစ်ပါသည်။
မိခင်နို့ရည်နှင့် ပတ်သက်ပါက မြန်မာအပါအဝင်လူမျိုးအများစုသည် “ကျွေးမွေးပြုစုခြင်း” ဆိုသည့် သာမန်အသိထက် ကျော်လွန်၍ “ဆပ်၍မကျေနိုင်သောကျေးဇူး” ဆိုသော ကိုယ်ကျင့်တရားဆိုင်ရာ အလေးအနက်ထားမှုအနေဖြင့်ပင် ရှုမြင်ထားကြပြီးဖြစ်ပါသည်။ မှန်ပါသည်။ မျက်မှောက်ခေတ် ကမ္ဘာ့သိပ္ပံပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်များကလည်း နို့တစ်စက်၊နို့တစ်ပေါက်၏ တန်ဖိုးသည် ကျွန်ုပ်တို့ ထင်ထားသည်ထက် များစွာ နက်ရှိုင်းကြောင်း၊ ဆန်းကြယ်ကြောင်းကို သက်သေပြနေကြပြီ ဖြစ်ပါသည်။ စကားကြုံ၍ တင်ပြလိုသော ဖြစ်ရပ်တခုရှိနေပါသေးသည်။
မနုဿဗေဒပညာရှင် ကေတီဟင်ဒီ(Katie Hinde) ၏ သုတေသနပြုတွေ့ရှိချက်ဖြစ်ပါသည်။ သူမသည် မိခင်နို့ရည်ဆိုသည်မှာ ကလေးဗိုက်ဝရုံ သက်သက် ကျွေးမွေးသည့် “အာဟာရ” မျှသာ မဟုတ်ဘဲ မိခင်နှင့် သားသမီးကြား အပြန်အလှန် ပြောဆိုနေသော “ဇီဝကမ္မ စကားပြောခြင်း” (Biological Conversation) ဖြစ်နေကြောင်း တွေ့ရှိခဲ့ပါသည်။ မိခင်သည် သားယောကျ်ားလေး မွေးသည်ဖြစ်စေ၊ သမီးမိန်းကလေး မွေးသည်ဖြစ်စေ ထွက်ရှိလာသော နို့ရည်၏ ပါဝင်မှုနှုန်းမှာ မတူညီဘဲ ကလေး၏ ကျား၊မအမျိုးအစားပေါ် မူတည်၍ လိုအပ်သည့် အာဟာရကို သဘာဝတရားက အလိုအလျောက် ချိန်ညှိပေးနေခြင်းပင် ဖြစ် ကြောင်းကယ်လီဖိုးနီးယားရှိ ဓာတ်ခွဲခန်းတွင်သူမ ဖော်ထုတ်နိုင်ခဲ့ပါသည်။
ဆင့်ကဲ့ဖြစ်စဉ် မနုဿဗေဒပညာရှင် ကေတီ ဟင်ဒီသည် ကယ်လီဖိုးနီးယားပြည်နယ်ရှိ မျောက်ဝံ သုတေသနဓာတ်ခွဲခန်းတစ်ခု၌ လုပ်ကိုင်ခဲ့ပြီး မျောက်ဝံမိခင်များထံမှ နို့နမူနာပေါင်းရာချီ လေ့လာ ခဲ့ပါသည်။
ထပ်ခါထပ်ခါ စမ်းသပ်စစ်ဆေးသော်လည်း ရလဒ်မှာ မပြောင်းလဲသော်လည်းလုပ်ဖော်ကိုင်ဖက်များက အမှားအယွင်းဖြစ်နိုင်သည်၊ ကျပန်းဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်၊ စာရင်းအင်းအရ တိုက်ဆိုင်မှု သက်သက်သာ ဖြစ်သည်ဟု အကြံပြုခဲ့ကြသည်။ သို့ရာတွင် ကေတီသည် အချက်အလက်များကိုသာ ယုံကြည်ကိုးစားခဲ့သည်။နို့ရည်သည် အာဟာရအတွက်သက်သက် မဟုတ်ပေ။ ယင်းသည် သတင်း အချက်အလက် များကိုပါ သယ်ဆောင်ပေးနိုင်သည်။
ဆယ်စုနှစ်များစာကြာအောင် ဇီဝဗေဒပညာရပ်သည် မိခင်နို့ရည်ကို ရိုးရှင်းသော လောင်စာဆီ အဖြစ် သာ သဘောထားခဲ့သည်။ ကယ်လိုရီ ဝင်ရောက်လျှင် ကြီးထွားမှု ဖြစ်ပေါ်လာမည်ဟူသော အယူအဆ မျိုး ဖြစ်သည်။ သို့သော် နို့ရည်သည် ကယ်လိုရီသက်သက်သာ ဖြစ်ခဲ့ပါက ကလေးငယ်၏ လိင်ကွဲပြားမှု အပေါ် မူတည်၍ အဘယ်ကြောင့် ပြောင်းလဲနေရသနည်း။
ဆက်လက်၍လူသားမိခင်ပေါင်း ၂၅၀ ကျော်နှင့် နမူနာကောက်ယူမှုပေါင်း ၇၀၀ ကျော်ကို လေ့လာပြီး နောက်တွင် အဆိုပါ အကြောင်းအရာသည် ပိုမို၍ ရှုပ်ထွေးလာခဲ့သည်။ ပထမဆုံးအကြိမ် မိခင်ဖြစ်လာ သူများထံမှ နို့ရည်သည် ကယ်လိုရီပါဝင်မှု နည်းပါးသော်လည်း စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းဖြစ်သည့် ကော်တီဆော ပါဝင်မှုမှာ သိသိသာသာ မြင့်မားနေသည်ကိုလည်းတွေ့ခဲ့ရသည်။
ထိုနို့ရည်ကို သောက်သုံးရသော ကလေးငယ်များသည် ကြီးထွားနှုန်း ပိုမိုမြန်ဆန်သည်။ ၎င်းတို့သည် ပိုမို၍ နိုးကြားတက်ကြွပြီး၊ ပိုမိုသတိကြီးကာ၊ ပိုမိုလွယ်ကူစွာ စိုးရိမ်ပူပန်တတ်သည်။ နို့ရည်သည် ခန္ဓာ ကိုယ်ကိုသာ တည်ဆောက်ပေးနေခြင်း မဟုတ်ပေ။ ၎င်းသည် အပြုအမူကိုပါ ပုံဖော်နိုင်ခြင်း ဖြစ်သည်။
ထို့နောက်တွင် အရာရာကို ပြောင်းလဲပစ်လိုက်သော ရှာဖွေတွေ့ရှိမှုကြီး ပေါ်ပေါက်လာပါတော့သည်။
ကလေးငယ်တစ်ဦး နို့စို့သည့်အခါ၌ ထိုကလေးငယ်၏ တံတွေးထဲမှ အဏုဇီဝပမာဏ အနည်းငယ်သည် မိခင်၏ နို့အုံအတွင်းသို့ ပြန်လည်စီးဝင်သွားသည်။ ယင်းတံတွေးထဲတွင် ကလေးငယ်၏ ကိုယ်ခံအား စနစ်ဆိုင်ရာ ဇီဝအချက်ပြမှုများ ပါဝင်သည်။ ကလေးငယ် ဖျားနာတော့မည်ဆိုပါက မိခင်၏ ခန္ဓာကိုယ် က ယင်းကို အာရုံခံမိသည်။ နာရီပိုင်းအတွင်းမှာပင် နို့ရည်သည် ပြောင်းလဲသွားသည်။ သွေးဖြူဥများ ရုတ်တရက် မြင့်တက်လာသည်။
မက်ခရိုဖေ့ (Macrophages) ခေါ် ဗိုင်းရပ်စ်ဖျက်ဆီးသည့် ဆဲလ်များ အလုံးအရင်းဖြင့် ပွားများလာ သည်။လိုအပ်နေသော ပဋိပစ္စည်းများ ပေါ်ပေါက်လာသည်။
ကလေးသည် နို့စို့နေစဉ်အတွင်း ၎င်း၏ တံတွေးမှတစ်ဆင့် မိခင်၏ ရင်သားထံသို့ မိမိ၏ ကျန်းမာရေး အခြေအနေကို အချက်ပြ (Signal) ပို့လွှတ်ခြင်းပင် ဖြစ်သည်။ ကလေး နေထိုင်မကောင်းဖြစ်သည်နှင့် မိခင်၏ ခန္ဓာကိုယ်က နာရီပိုင်းအတွင်း သိရှိသွားပြီး ထိုရောဂါကို တိုက်ဖျက်နိုင်မည့် ရောဂါပိုးမွှား တိုက်ဖျက်ရေး ပစ္စည်းများ (Antibodies) ကို နို့ရည်ထဲသို့ ပေါင်းစပ်ထည့်သွင်းပေးလိုက်ပါတော့သည်။ ဤသည်မှာ နှစ်သန်းပေါင်း ၂၀၀ ကျော် ဆင့်ကဲဖြစ်စဉ်အရ ပေါ်ပေါက်လာသော သဘာဝတရား၏ အသိ ဉာဏ် (Intelligence) ပင် ဖြစ်တော့သည်။
မိခင်နို့ရည်သည် အာဟာရမျှသာ မဟုတ်၊ ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှု၊ အမူအကျင့်နှင့် ကိုယ်ခံအား စနစ် တစ်ခုလုံးကို ပုံဖော်ပေးနေသော သဘာဝ၏ အစီအမံလည်း ဖြစ်ပါသည်။ ကလေးငယ် ပြန်လည် သက်သာလာသည့်အခါ၌ နို့ရည်သည်လည်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
ယင်းသည် တိုက်ဆိုင်မှု မဟုတ်ပေ။ နှစ်သန်းပေါင်းများစွာကြာအောင် ဆင့်ကဲ့ပြောင်းလဲလာခဲ့သော မျက်စိဖြင့် မမြင်နိုင်သော ဇီဝဆိုင်ရာ ဆက်သွယ်မှုတစ်ခု ဖြစ်သည်။ ကေတီ ဟင်ဒီက နို့ရည်သည်
ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေသည့် အာဟာရလည်း ဖြစ်သည်။ ကျွန်ုပ်တို့ မည်သို့သော ပုဂ္ဂိုလ် များ ဖြစ်လာမည်ကို ပုံဖော်ပေးနေသော သက်ရှိထင်ရှား၊ တုံ့ပြန်မှုရှိသည့် စနစ်တစ်ခု ဖြစ်သည်ကို ဖော် ထုတ်ပြသနိုင်ခဲ့ပါသည်။
သို့သော်လူသားတိုင်း စားသုံးရသော ပထမဆုံးသော အစာ၊တနည်း ကျွန်ုပ်တို့၏ မျိုးစိတ်တစ်ခုလုံးကို ပုံဖော်ပေးခဲ့သော အရာဝတ္ထုမှာအကြီးအကျယ် လျစ်လျူရှုခြင်း၊ ခေတ်ကာလ အကျပ်အတည်းကို အသုံးချတတ်သော မားကက်တင်းချဲ့ထွင်မှုထုတ်ကုန် ဖော်မြူလာနို့မှုန့်များတန်းတူသယောင် အစား ထိုးခြင်းတို့ကို ခံထားရသည်ကိုသူမ သဘောမတွေ့။ နို့ရည်သည် နေ့အချိန်အပေါ် မူတည်၍လည်း ပြောင်းလဲနိုင်သည်။ရှေ့နို့ (အစောပိုင်းနို့) နှင့် နောက်နို့ (နောက်ပိုင်းနို့) သည်ပင် မတူညီပေ။ မိခင်တိုင်း၏ နို့ရည်သည် ဇီဝဗေဒအရ ထူးခြားမွန်မြတ်သည်။ ထို့ကြောင့် သူမသည် ရဲရင့်သော လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့သည်။ ဘလော့ဂ်တစ်ခုကို စတင်မိတ်ဆက်ခဲ့သည်။ “Mammals Suck Milk” (နို့တိုက်သတ္တဝါ များ နို့စို့ကြသည်) ဟူသော အမည်ဖြင့် ဖြစ်သည်။ မျှော်လင့်ထားသည်ထက် ကျော်လွန်၍ အောင်မြင်မှု ရရှိခဲ့သည်။ ပထမနှစ်အတွင်းမှာပင် စာဖတ်သူ သန်းကျော် ရှိလာခဲ့သည်။ မိဘများ၊ ဆရာဝန်များ၊ သိပ္ပံပညာရှင်များ၊ သုတေသနပညာရှင်များနှင့် မေးခွန်း မေးမြန်းလိုသူများ အများအပြား ပါဝင်သည်။ ရှာဖွေတွေ့ရှိမှုများလည်း ဆက်လက် ပေါ်ပေါက်ခဲ့သည်။
ကေတီသည် ဤလုပ်ဆောင်ချက်များကို TED စင်မြင့်ပေါ်သို့ ယူဆောင်လာခဲ့ပြီး Netflix ၏ “Babies” မှတ်တမ်းရုပ်ရှင်မှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များထံ ရောက်ရှိသွားခဲ့သည်။ ယနေ့အချိန်တွင် လည်း အရီဇိုးနားပြည်နယ် တက္ကသိုလ်မှ နှိုင်းယှဉ်နို့ရည်လေ့လာရေးဌာန၌ သူမသည် ကလေးငယ် ဖွံ့ဖြိုးမှု၊ မွေးကင်းစကလေး စောင့်ရှောက်မှု၊ နို့မှုန့်ဖော်စပ်နည်းနှင့် ပြည်သူ့ကျန်းမာရေး တို့ကို ဆေးပညာရပ်က မည်သို့ နားလည်သဘောပေါက်ထားသည်ဆိုသည်ကို ဆက်လက်သုတေသန ပြုလျက် ရှိပါသည်။
ကေတီဟင်ဒီ၏ သုတေသနတွေ့ရှိချက်ပါ မိခင်နို့ရည်၏ သတင်းအချက်အလက်အသုံးပြုကာ လိုအပ်သော မေတ္တာဓာတ်ရယူမည့်သူအပေါ် လိုက်၍ချိန်ညှိပြောင်းလဲပေးနိုင်စွမ်းကို အတုယူ၍ MyanHealth အနေဖြင့်လည်း အဖိုးမဖြတ်နိုင်သည့် သတင်းဝန်ဆောင်မှုတခုကို မိတ်ဆက်ပေးလိုက် ပြန်ပါသည်။ အဆိုပါဝန်ဆောင်မှုမှာ 𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 ၏ (𝙀𝙢𝙚𝙧𝙜𝙚𝙣𝙘𝙮 & 𝙁𝙞𝙧𝙨𝙩 𝘼𝙞𝙙 𝘼𝙥𝙥)ပင် ဖြစ် ပါသည်။ 𝙒𝙚𝙗 𝘽𝙧𝙤𝙬𝙨𝙚𝙧 ကနေ တိုက်ရိုက် အသုံးပြုနိုင်သော𝙒𝙚𝙗 𝘼𝙥𝙥 တစ်ခုဖြစ်ပြီး သင့်လက်ကိုင် ဖုန်းထဲတွင်ရှိနေမည်ဆိုပါကရုတ်တရက်ကျရောက်နိုင်သောအသက်ဘေးကိုပင် ကျော်လွှားနိုင်ရန် အထောက်အပံ့ကောင်းတစ်ခုဖြစ်ပါသည်။
အကယ်၍သာ..
ရုတ်တရက် တစ်စုံတစ်ယောက် သို့မဟုတ် သင်ကိုယ်တိုင် မြွေကိုက်ခံရခြင်း၊မီးလောင်ဒဏ်ရာရရှိခြင်း၊
နှလုံးအမောဖောက်ခြင်း၊ သတိလွတ်သွားခြင်း၊ အဖျားကြီးခြင်း၊ အသက်ရှုလမ်းကြောင်း မတော်တဆ ပိတ်ခြင်း၊ အရိုးကျိုးခြင်း၊ ဓာတ်လိုက်ခြင်းတို့ကြုံရပြီးနီး စပ်ရာဆေးပညာရှင်တွေရှိသည့် နေရာမရောက် နိုင်သေးသောစက္ကန့်ပိုင်းအတွင်း အသက်ငယ်နိုင်မည့်ဝန်ဆောင်မှုပင် ဖြစ်ပါသည်။ အင်တာနက်မရှိ သည့်တိုင် သုံးလို့ရနိုင်သည့် 𝙀𝙢𝙚𝙧𝙜𝙚𝙣𝙘𝙮 & 𝙁𝙞𝙧𝙨𝙩 𝘼𝙞𝙙 𝙂𝙪𝙞𝙙𝙚 ဖြစ်ပြီး ရိုးရှင်းသောလုပ်ဆောင်ရန် အချက်များကိုအရေးပေါ်အခြေအနေဖြစ်ပေါ်ရာနေရာတွင် အသုံးပြုဖို့ဖန်တီးထားပါသည်။ အသုံးဝင်ပုံ အချို့ ကို အနည်းငယ်မိတ်ဆက်ပေးလိုပါသည်။
၁- အရေးပေါ်လမ်းညွှန်များ အမြန်ရှာဖွေခြင်း
မြွေကိုက်ခြင်း၊ မီးလောင်ခြင်း၊ အရိုးကျိုးခြင်း၊ 𝘾𝙋𝙍 လုပ်နည်း စသည့် အရေးပေါ်အခြေအနေများကို 𝙎𝙚𝙖𝙧𝙘𝙝 𝘽𝙖𝙧 မှာ ရိုက်ထည့်ပြီး ချက်ချင်းဖတ်ရှုနိုင်ပါသည်။
၂- ကလေးကြီးထွားမှုမှတ်တမ်း (𝙂𝙧𝙤𝙬𝙩𝙝 𝙏𝙧𝙖𝙘𝙠𝙚𝙧)
ကလေး၏ ကိုယ်အလေးချိန်၊ အရပ်အမောင်းကို 𝙒𝙃𝙊 စံနှုန်းနှင့် နှိုင်းယှဉ်စစ်ဆေးနိုင်ပြီး ကြီးထွားမှု တိုးတက်မှုကို လွယ်ကူစွာ မှတ်တမ်းတင်နိုင်ပါသည်။
၃-ရာသီသွေးဆင်းမှုမှတ်တမ်း
ပုံမှန်ဟုတ်မဟုတ် စစ်ဆေးနိုင်ပြီး နောက်လလာမည့်ရက်ကို ကြိုတင်တွက်ချက်နိုင်ပါသည်။
၄-𝙎𝙊𝙎 အရေးပေါ်အချက်ပေးစနစ်
အရေးပေါ်အချိန်တွင် ကိုယ်ရှိနေရာ 𝙇𝙤𝙘𝙖𝙩𝙞𝙤𝙣 ကို 𝙎𝙈𝙎 ဖြင့် ချက်ချင်းပေးပို့နိုင်သည့်𝙁𝙚𝙖𝙩𝙪𝙧𝙚 ပါဝင် ပါသည်။
၅-𝙊𝙛𝙛𝙡𝙞𝙣𝙚 အသုံးပြုနိုင်ခြင်း
တစ်ကြိမ်ဝင်ရောက်ဖွင့်ထားပါက နောက်ပိုင်း အင်တာနက်မရှိချိန်တွင်လည်း အရေးပေါ်လမ်းညွှန်များ ကို ပြန်လည်ကြည့်ရှုနိုင်ပါသည်။
၆-𝙃𝙤𝙢𝙚 𝙎𝙘𝙧𝙚𝙚𝙣 ထည့်သွင်းနိုင်ခြင်း
𝘽𝙧𝙤𝙬𝙨𝙚𝙧 မှ “𝘼𝙙𝙙 𝙩𝙤 𝙃𝙤𝙢𝙚 𝙎𝙘𝙧𝙚𝙚𝙣” ကိုနှိပ်ပြီး 𝘼𝙥𝙥 တစ်ခုကဲ့သို့ဖုန်းပေါ်တွင်တိုက်ရိုက် အသုံးပြု နိုင်ပါသည်။
၇-ကိုယ်ရေးကိုယ်တာ လုံခြုံရေး
သင့်ကျန်းမာရေးမှတ်တမ်းများကို 𝙎𝙚𝙧𝙫𝙚𝙧 သို့ မပို့ဘဲ သင့်ဖုန်းအတွင်းသာ လုံခြုံစွာ သိမ်းဆည်းထား ပါသည်။
၈-ကျန်းမာရေးဆိုင်ရာဆောင်းပါးနဲ့ သတင်းများကို ဖတ်ရှုနိုင်ခြင်းတို့ပင်ဖြစ်ပါသည်။
အထက်ဖော်ပြပါ ဝန်ဆောင်မှုမှာ MyanHealth ကိုစဉ်ဆက်မပြတ် အားကိုးအားထားပြုလာကြသော ပရိတ်သတ်အနေဖြင့် သတင်းအချက်အလက်အားပြုမှ ရပ်တည်ရှင်သန်နိုင်သော ဒစ်ဂျစ်တယ်ခေတ် တွင် ကာယအား၊ဉာဏအားဘက်စုံဖွံ့ဖြိုးရေးအတွက် အစဉ်တစိုက်အားထုတ်လျက်ရှိကြောင်း အလုပ် သက်သေတခုဟုလည်း ပြောကြားလိုပါသည်။ ဖတ်ရုံ၊ကြည့်ရုံသာမက လက်တွေ့အသုံးတည့်သော သတင်းနည်းပညာ ဝန်ဆောင်မှုတန်ဖိုးကို လက်တွေ့အသုံးပြုကြည့်ပါက အသိအမှတ်ပြုကြမည်ဟု လည်း ယုံကြည်ပါသည်။
အယ်ဒီတာ