Skip to content

ဘေးထွက်ဆိုးကျိုးများနိုင်လို့အများပြည်သူသုံးစွဲဖို့မသင့်တဲ့ တိုင်းရင်းဆေး ၆ မျိုး

ကျန်းမာရေးဝန်ကြီးဌာနက အများပြည်သူသုံးစွဲဖို့မသင့်တဲ့ တိုင်းရင်းဆေး ၆ မျိုးဟာ တိုင်းရင်းဆေးအစစ်အမှန်တွေ မဟုတ်ဘဲ အနောက်တိုင်းဆေးဝါးတွေ ရောနှောထည့်သွင်းထားတာကြောင့် စစ်မှန်တဲ့အစွမ်းထက်မှုကို အာမခံနိုင်စွမ်းမရှိဘူးလို့ ဆိုပါတယ်။

အခုလိုဆေးတွေထဲမှာ ရောနှောတွေ့ရှိရတဲ့ အနောက်တိုင်းဆေးဝါးတွေဟာ Paracetamol နဲ့ Diclofenac တို့ဖြစ်ပါတယ်။ Diclofenac ဟာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သင့်တော်တဲ့ပမာဏနဲ့သောက်သုံးရင် အကိုက်အခဲပျောက်စေပေမဲ့ သတ်မှတ်ပမာဏထက် ပိုမိုသောက်မိရင်တော့ ဘေးထွက်ဆိုးကျိုး(side effect)တွေ အများကြီးဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေပြီး အစာအိမ်အနာဖြစ်‌စေတာ၊ သွေးယိုစီးခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ကာယသုခဆရာကြီး ဖိုးဘစံ အမှတ်တံဆိပ် အဆစ်အမြစ်နာကျင်ကိုက်ခဲ ဒူးနာခါးနာရောဂါပျောက်ဆေး၊ ငွေနတ်သား အမှတ်တံဆိပ် လေးဘက်နာနဲ့ ထိပ်ကပ်နာကုဆေး၊ သစ္စာရှင် အမှတ်တံဆိပ် အဆစ်အမြစ်နာနဲ့ အကိုက်အခဲပျောက်ဆေး၊ မေတ္တာရှင် အမှတ်တံဆိပ် လေးဘက်နာ အဆစ်အမြစ်နာ ဂေါက်ရောဂါနဲ့ အကိုက်အခဲပျောက်ဆေး၊ ရွှေဆေး အမှတ်တံဆိပ် အဆစ်အမြစ်နာအကိုက်အခဲသောက်ဆေး နဲ့ ရွှေဟင်္သာ အမှတ်တံဆိပ် အဆစ်အမြစ်နာအကိုက်အခဲ‌ပျောက်သောက်ဆေးတို့ကို လုံးဝဝယ်ယူမသုံးစွဲဖို့နဲ့ တရားဝင်မှတ်ပုံတင်ထားတဲ့ဆေးဝါးတွေကိုသာ စိစစ်ရွေးချယ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထပ်လောင်းအသိပေးထားပါတယ်။ ဆေးဆိုင်တွေအနေနဲ့လည်း စံမညီတိုင်းရင်းဆေးဝါးများ၊အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားတဲ့တိုင်းရင်းဆေးဝါးများကို ကျင့်ဝတ်အရလုံးဝ(လုံးဝ) မပြုလုပ်ရန်နဲ့ လိုက်နာခြင်းမရှိရင် တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ ၃၁၊၃၂အရ အရေးယူမယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လူကြိုက်များသောဆောင်းပါးများ