· ရန်ကုန်မြို့ ရန်ကုန်ပြည်သူ့ဆေးရုံးကြီး အထူးကုပြင်ပလူနာဌာနမှာ အသည်းရောင်အသားဝါ – စီပိုး (Hepatitis C) ဖြစ်သူတွေအတွက် အပတ်စဉ် သောကြာနေ့တိုင်းမှာ နေ့လယ် ၁ နာရီကနေ ၄ နာရီအထိ အခမဲ့ကုသပေးနေပြီဖြစ်တယ်လို့ ဆေးရုံဘက်က ထုတ်ပြန်ထားပါတယ်။ ရောဂါပိုးရှိပြီး လူနာတွေကို ပိုးကောင်ရေ (Viral Load) စစ်ပေးတာ၊ Antiviral ဆေး ပေးတာနဲ့ ကုသပေးတာအပြင် ဆေးကုပြီး သုံးလောက်အကြာ ကုသမှု အောင်မြင်မှု ရှိ၊ မရှိကိုလည်း အခမဲ့ ပြန်လည်စစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။
· မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်း အားကောင်းစေဖို့ ““Malaria Micro-stratification” သင်တန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ပြုလုပ်ခဲ့ပြီး Micro-stratification ဟာ ရောဂါဖြစ်ပွားနိုင်မှုကို ရွာ၊ ဒေသအလိုက် အသေးစိပ် ခွဲခြား သတ်မှတ်ကာ အန္တရာယ်ရှိမှုအဆင့်လိုက်ကို အရောင်နဲ့ ခွဲပြီး တိကျစွာ သတ်မှတ်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။
· ကျိုက်ထိုမြို့နယ်မှာ သွေးလွန်တုပ်ကွေးဖြစ်မှု ကင်းစင်ရေးအတါက် အဘိတ်ဆေးခတ်တာကို မိုးရာသီ အစကတည်းက စတင်လုပ်ဆောင်နေပြီလို့ မြို့နယ် ကျန်းမာရေးဦးစီးဌာနနဲ့ ကျိုက်ထိုမြို့နယ် ပြည်သူ့ ဆေးရုံးကြီးက ထုတ်ပြန်ထားပါတယ်။ ဆေးခပ်တာတွေကို ရပ်ကွက်၊ လမ်းကြိုလမ်းကြားနဲ့ ကျောင်းပတ်ဝန်းကျင်တွေက ရေတင်ကျန်နိုင်တဲ့ နေရာတွေမှာ ကွင်းဆင်းလုပ်ဆောင်တာဖြစ်ပြီး တစ်အိမ်တက်ဆင်း ကာကွယ်ရေးနည်းလမ်းတွေ ရှင်းပြတာကိုလည်း လုပ်ဆောင်နေပါတယ်။
· တီဘီရောဂါ (Tuberculosis – TB) သည်တွေအတွက် အခမဲ့ဖြန့်ဝေနေတဲ့ တီဘီဆေးနဲ့ ART ဆွေးကို ပုဂ္ဂလိက ဆေးဆိုင်နဲ့ ဆေးခန်းတွေအနေနဲ့ တင်သွင်း၊ ရောင်းချတာမျိုး မလုပ်ကြဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန (FDA) က တိုက်တွန်းထားပါတယ်။
· မကွေးတိုင်း၊ စလင်းမြို့နယ်တွင်း ရွာတွေက ယားနာဖြစ်ပွားသူ ၇၈ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၁၁ ဦး အပါအဝင် လူနာ ၂၃၆ ဦးကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးထားနိုင်တယ်လို့ ဒေသအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
· မန္တလေးဆေးဝါးစျေးကွက်မှာ နှလုံးနဲ့ သွေးတိုးရောဂါအတွက် သုံးတဲ့ ဆေးဝါးတွေအပြင် အခြေခံ ဆေးဝါး ပြတ်လပ်မှုတွေ မရှိပေမယ့် စျေးကွက်အဝင် နောက်ကျမှုတွေ ရှိနေတယ်လို့ မြို့အခြေပြု ဆေးဝါးရောင်းချသူတွေကို ကိုးကားပြီး One News သတင်းက ရေးသားထားပါတယ်။
· စစ်ကိုင်းတိုင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မြင့်တက်နေပြီး ချောင်းဦးနဲ့ ဒီပဲယင်းမြို့နယ်တွေမှာဆိုရင် သေဆုံးမှုတွေပါ ရှိနေပြီလို့ တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဆီက သိရပါတယ်။
· ပြည်သူအတွက် လုံခြုံစိတ်ချရတဲ့ အစားအအသောက်တွေ လက်လှမ်းမီ သုံးစွဲနိုင်ရေး လိုအပ်ချက်များကို လမ်းညွှန်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက မေ ၁၀ ရက် မနက်ပိုင်းမှာ ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးရုံးကို သွားရောက်ခဲ့သည့်အပြင် ဓာတ်ခွဲခန်းကိုလည်း ဝင်ရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
· ထိုင်းနိုင်ငံအရှေ့ဘက် Chachoengsao ပြည်နယ်က လင်းနို့တွေဆီမှာ ကိုရိုနာ ဗိုင်းရပ်စ်မျိုးစိတ်သစ် တစ်ခုကို ထိုင်း ချူလာလောင်ကွန်းနဲ့ တိုကျိုတက္ကသိုလ် သုတေသီတွေက ရှာဖွေတွေ့ရှိထားပြီဖြစ်တယ်လို့ The Nation Thailand သတင်းက ရေးသားထားပါတယ်။
· ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းနိုင်ငံခြားသားတွေ လိုအပ်တဲ့ ဆေးကုသမှုစရိတ် ထောက်ပံ့ပေးနိုင်ရေး နယ်စပ်ပြည်သူ့ကျန်းမာရေး ရန်ပုံငွေတစ်ရပ် ထူထောင်သွားဖို့ စီစဉ်နေပြီဖြစ်တယ်လို့ မေ ၁၁ ရက်မှာ Khaosod သတင်းက ရေးသားထားပါတယ်။
· ပြင်သစ်၊ ဘော်ဒိုးမြို့မှာ ဆိုက်ကပ်ထားတဲ့ ဗြိတိန်အပျော်စီးသင်္ဘောပေါ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းမှု ဖြစ်တယ်လို့ သံသယရှိသူ ၄၉ ဦးကို တွေ့ရှိထားလို့ ခရီးသည်နဲ့ သင်္ဘောသား စုစုပေါင်း ၁,၇၀၀ ကျော်ကို ကမ်းဆင်းခွင့်မပေးဘဲ သင်္ဘောပေါ်မှာပဲ ခေတ္တ ထိန်းသိမ်းထားပါတယ်။
· အာထရာဆောင်း (Ultrasound) လှိုင်းတွေဟာ တုပ်ကွေး H1N1 နဲ့ Covid-19 ဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်တွေကို ဖျက်ဆီးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သက်သေနဲ့တကွ ဖော်ထုတ်ထား ပါတယ်။
· စျေးကွက်ထဲက ဟင်းသီးဟင်းရွက်တချို့မှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ကပ်ပါးကောင်ဥ နဲ့ သားလောင်းတွေ အများအပြား တွေ့ထားတာမို့ အစိမ်းစားတာကို အထူးဂရုပြုဖို့ ထိုင်းကျန်းမာရေးပညာရှင်တွေက အရေးပေါ် သတိပေးထားပါတယ်။
· ဟန်တာဗိုင်းရပ်စ်ကြောင့် တောင်အာဖရိကနေ နိုင်ငံတွင်း ဝင်လာမယ့် ခရီးသည်တွေကို မေ ၁၂ ရက်ကနေ စပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးမယ်လို့ ထိုင်းကျန်းမာရေးအာဏာပိုင်တွေက ကြေညာထား ပါတယ်။ ဒတ်ချ်အလံတင် MV Hondius သင်္ဘောမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁ ဦးရှိပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အတည်ပြုထားတာကြောင့် နိုင်ငံတွင်း စိုးရိမ်မှုတွေ မြင့်တက်လာတာ ကြောင့် ဖြစ်ပါတယ်ဟန်တာဗိုင်းရပ်စ်ပိုး ကူးစက်မှုရှိတဲ့ အပျော်စီးသင်္ဘောပေါ်ရှိ နိုင်ငံပေါင်း ၂၀ ကျော်က ခရီးသည်တွေကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာ နေရပ်နိုင်ငံတွေကိုဆီ လေယာဉ်နဲ့ ပြန်ပို့နေပါပြီ။ စပိန်နိုင်ငံ၊ ကနေရီကျွန်းစုကို သင်္ဘောဆိုက်ကပ်ပြီးနောက် အစိုးရနဲ့ စစ်တပ်က လေယာဉ်တွေသုံးပြီး ပို့နေတာ ဖြစ်ပါတယ်။ ဒီထဲမှာ ပိုးတွေ့ထားတဲ့ ပြင်သစ်အမျိုးသမီးတစ်ဦးနဲ့ အမေရိကန်နိုင်ငံသားတစ်ဦး ပါဝင်ပြီး သူတို့ကိုတော့ သီးသန့်ခွဲ စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ သင်္ဘောပေါ်က နောက်ဆုံးခရီးသည်ကို ရွှေ့ပြောင်းပြီးနောက် ဗိုင်းရပ်ဟာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပွားနေတဲ့ လက္ခဏတွေ မတွေ့ရဘူးလို့လည်း ကုလ သမဂ္ဂ ကျန်းမာရေးအဖွဲ့ အကြီးအကဲက ဆိုထားပါတယ်။