Skip to content
Ads Advertisement

မြန်မာပရိတ်သတ်စိတ်ဝင်စားမှုရရှိနေတဲ့ ကမ္ဘာကျော်တိုက်စစ်မှုးရဲ့ အစာလည်းဆေး၊ဆေးလည်းအစာ

အယ်လင်းဟော်လန်း(​Erling Haaland) ဟာ တနင်္ဂနွေနေ့ညက ကမ္ဘာ့ဂန္တဝင်ဘရာဇီးအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ အိမ်ပြန်လွှတ်လိုက်ပါတယ်။ ခုပြောပြမှာတော့ သူ့ရဲ့ ထူးခြားဆန်းပြားတဲ့ ခန္ဓာကိုယ်ကို တည်ဆောက်ဖို့အတွက် နေ့တစ်နေ့မှာ သူ ဘာတွေလုပ်သလဲဆိုတာပါပဲ။

​သူ မနက်နိုးနိုးချင်း ပထမဆုံးလုပ်တာက ဖုန်းကြည့်တာ၊ ကော်ဖီသောက်တာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို နှိုးဖို့အတွက် နေရောင်ခြည်ကို အရင်ဆုံး ရယူပါတယ်။ ပြီးရင် သဘာဝအတိုင်း ရေစစ်ထားတဲ့ရေ(tap water)ကို သောက်ပါတယ်။

​မနက်စာအတွက်ကတော့ သဘာဝနည်းနဲ့အချဉ်ဖောက်ထားတဲ့Sourdough ပေါင်မုန့်ကြမ်းပေါ်မှာ ကြက်ဥတင်ပြီး၊ နွားနို့အစိမ်း (မကျိုရသေးတဲ့ နို့စိမ်း) အနည်းငယ် စပ်ထားတဲ့ ကော်ဖီကို သောက်ပါတယ်။ စနစ်တကျ ဖျော်ထားတဲ့ ကော်ဖီထဲကို နို့စိမ်းလေး နည်းနည်းထည့်သောက်တာဟာ စူပါဖုဒ် (Superfood) နဲ့ မခြားဘူးလို့ သူ ယူဆထားတာကိုး။ အဲဒီအပြင် နို့သီးသန့်တစ်ခွက်ကိုလည်း တွဲသောက်ပါသေးတယ်။

​လေ့ကျင့်ရေးကွင်းကို သွားတဲ့လမ်းမှာ Cheshire က နွားမ ၁၆ ကောင်ရှိတဲ့ ခြံဘက်ကို ခေတ္တဝင်ပြီး နို့သွားဝယ်ပါတယ်။ ဆိုင်တွေမှာ ဝယ်လို့မရလို့ ခြံအထိ သွားဝယ်တာပါ။ အဲဒီနို့ထဲကအချို့ကို ကိုက်လန်၊ ဟင်းနုနွယ်တို့နဲ့ ရောမွှေပြီး သူကိုယ်တိုင် “မှော်ဆေးရည်” လို့ ခေါ်တဲ့ အစိမ်းရောင် ဖျော်ရည်လုပ်ကာ လေ့ကျင့်ရေးကွင်းကို ယူသွားတတ်ပါတယ်။

​နေ့လယ်စာကတော့ ဆယ်လ်မွန်၊ မက်ကရယ်လ် (ငါးသေတ္တာငါး) နဲ့ ပင်လယ်ကကတစ် စတဲ့ အဆီများတဲ့ ငါးတွေကို ထမင်းနဲ့ တွဲစားပါတယ်။ ညစာကျရင်တော့ သူ့ရဲ့ပန်းကန်ဟာ ရှေးခေတ် ဂျာမန်သူရဲကောင်းတွေ စားသလို ဖြစ်သွားပါပြီ။ စတိတ်ခ်၊ Ribeye၊ နံရိုးစတာတွေအပြင် အမဲနှလုံး နဲ့ အမဲအသည်းတို့ကိုပါ သူက သဘောကျလို့ကို ရွေးစားတာပါ။ ဒါတွေဟာ ကမ္ဘာပေါ်မှာ အာဟာရဓာတ် အပြည့်ဝဆုံး အစားအစာတွေ ဖြစ်ပါတယ်။ ပြီးတော့ ပျားရည်စစ်စစ်နဲ့ နွားနို့ကိုလည်း ထပ်သောက်ပါသေးတယ်။

​သတင်းဌာနတွေကတော့ သူ တစ်နေ့ကို ကယ်လိုရီ ၆,၀၀၀ တောင် စားတယ်ဆိုပြီး ရေးကြတာပေါ့။ ဒါပေမဲ့ သူကတော့ ဒါကို ဂရုမစိုက်ပါဘူး၊ ကယ်လိုရီလည်း မတွက်ဘူးလို့ ပြောပါတယ်။ ဗိုက်ပြည့်တဲ့အထိ သဘာဝအစားအစာတွေကိုပဲ စားပြီး ကွင်းထဲဆင်းကာ ဂိုးသွင်းတာပါပဲ။

​သူ့ပန်းကန်ထဲမှာ ဘာတွေပါလဲ –

​အမဲနှလုံးနဲ့ အမဲအသည်း (အသားဆိုင်ကနေ သူကိုယ်တိုင် သဘောကျလို့ ရွေးဝယ်တာ)

စတိတ်ခ်၊Ribeye နဲ့ နံရိုးတို (အဆီများလေ ကြိုက်လေပဲ)

​ကြက်ဥ (မနက်တိုင်းလိုလို Sourdough ပေါင်မုန့်နဲ့ တွဲစားတယ်)

​ဆယ်လ်မွန်၊ မက်ကရယ်လ်နဲ့ ပင်လယ်ကကတစ်

နွား​နို့စိမ်း (ဒီအတိုင်းလည်း သောက်တယ်၊ ကော်ဖီထဲလည်း ထည့်တယ်၊ အသီးအရွက်တွေနဲ့လည်း ရောဖျော်သောက်တယ်)

​ပျားရည်စစ်စစ်

​ထောပတ်၊ ထမင်း၊ Sourdough ပေါင်မုန့်

​သူ့အဖေလုပ်ပေးတဲ့ Lasagne-ပါစတာ၊ဆော့စ်နဲ့ချိစ် ရောမွှေထားတဲ့ခေါက်ဆွဲသုပ် (အိမ်ကွင်းပွဲစဉ်တိုင်း မတိုင်ခင် စားလေ့ရှိတယ်)။ Kebab ပီဇာ ကတော့ တစ်နှစ်မှ တစ်ခါလောက်ပဲ စားပါတယ်။

​ဘာတွေ ဘယ်တော့မှ မစားဘူးလဲ –

ဟင်းသီးဟင်းရွက်စေ့ကရတဲ့ ဆီတွေ (ဥပမာ- နေကြာဆီ၊ ပဲဆီအချို့)

အချိုရည်မျိုးစုံ

အရက်သေစာ (လုံးဝနီးပါး မသောက်ဘူး)

​ပရိုတင်းမှုန့်တွေနဲ့ ပြုပြင်မွမ်းမံထားတဲ့ အားဆေးတွေ (တစ်မျိုးမှ မသောက်ဘူး)

အလွန်အမင်း ပြုပြင်ထားတဲ့ အစားအစာမှန်သမျှ

​ဘုံဘိုင်ရေ ( ရေစစ်ပြီးမှ သောက်တယ်။)

​ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးထဲက တဦးဖြစ်တဲ့‌ နော်ဝေးကြယ်ပွင့်ကတော့ ဒါတွေကိုပဲ တမင်ရွေးချယ်စားသောက်ပြီး ကမ္ဘာ့ဖလား ၅ ကြိမ်ချန်ပီယံ ဘရာဇီးအသင်းကို ပြိုင်ပွဲကနေ မောင်းထုတ်ပစ်လိုက်ပါပြီ။

Ref: hola.com, FOX soccer

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement