မီးဖွားပြီး စောင့်ရှောက်ခြင်း

Updated on ▸ March 14, 2024 ▪️

Written by ▸ ဒို့အိမ်မက် ▪️

Fact checked by ▸ Wor Mi Thi ▪️

Page views ▸ 266

ကလေးမွေးဖွားပြီးနောက် ရက်သတ္တပတ်များအတွက် အချက်အလက်များ၊ အရင်းအမြစ်များနှင့် ပံ့ပိုးကူညီမှုများ

နိဒါန်း

ကလေးမွေးဖွားပြီးနောက် ရက်သတ္တပတ်များသည် ကိုယ်ခန္ဓာ၏ ကြီးမားသော အပြောင်းအလဲနှင့် ထိန်းညှိပေးသည့် ကာလဖြစ်သည်။ သင့်ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာကာ သင့်ဟော်မုန်းများ ပြောင်းလဲနေပြီး သင့်ရင်သွေးအသစ်ကို ပြုစုစောင့်ရှောက်ရန် သင်ယူနေရပါသည်။ ဤစာမျက်နှာသည် မီးဖွားပြီးကာလတစ်လျှောက်တွင် သင့်အား လမ်းညွှန်ရန် ဤနေရာတွင်ရှိပြီး အချက်အလက်များ၊ အရင်းအမြစ်များနှင့် မီးဖွားပြီးကာလခရီးတွင် သင်တစ်ယောက်တည်းမဟုတ်ကြောင်း အာမခံချက်ပေးပါသည်။

မီးဖွားပြီးစောင့်ရှောက်ခြင်းဆိုတာ ဘာလဲ

မီးဖွားပြီးနောက် ပြုစုစောင့်ရှောက်ခြင်းသည် ကလေးမိခင်အတွက်ရရှိမည့်  ပြည့်စုံသော အထောက်အပံ့ဖြစ်သည်။ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုနှင့် မိခင်အသစ်တစ်ဦးရဲ့ဘဝနဲ့ လိုက်လျောညီထွေဖြစ်အောင် အာရုံစိုက်ထားသည်။ ဤအရေးကြီးသောစောင့်ရှောက်မှုသည် ဆေးရုံတွင်သာဖြစ်ပေါ်သည်မဟုတ်ပေ— သင့်ကလေးရောက်ရှိလာပြီးနောက် ရက်သတ္တပတ်များနှင့် လများ ကြာသည်အထိ ကာလတစ်လျှောက်လုံး ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည်။

ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အခန်းကဏ္ဍများ

မီးဖွားပြီး စောင့်ရှောက်မှုက ဘာကြောင့် အရေးကြီးသလဲ

  • ကုသခြင်းကို အားပေးသည်- မီးဖွားပြီးနောက် စောင့်ရှောက်မှုသည် သင့်အား ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို စီမံခန့်ခွဲရန်၊ မိမိကိုယ်ကို ပြုစုစောင့်ရှောက်ရန် သင်ယူရန်နှင့် ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲပြဿနာများကို ရှာဖွေတွေ့ရှိရန်၊ ဘေးကင်းစွာ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးသည်။
  • စိတ်ခံစားမှုဆိုင်ရာ ချိန်ညှိမှုကို ပိုမိုကောင်းမွန်စေသည်- ၎င်းသည် မိခင်ဖြစ်ခြင်းနှင့်အတူ ပါလာသည့် စိတ်ခံစားမှုအမြောက်အမြားကို စီမံဆောင်ရွက်ရန် လုံခြုံသောနေရာတစ်ခု ပံ့ပိုးပေးပြီး “Baby Blues” သို့မဟုတ် မီးဖွားပြီးနောက် စိတ်ကျရောဂါကဲ့သို့သော စိန်ခေါ်မှုများအတွက် ပံ့ပိုးမှုပေးပါသည်။
  • ကလေးတွယ်တာခြင်းကို ပံ့ပိုးသည်- မွေးကင်းစကလေးပြုစုစောင့်ရှောက်ရေးဆိုင်ရာ လမ်းညွှန်ချက်သည် ယုံကြည်မှုကိုတည်ဆောက်ပေးပြီး သင့်ကိုယ်သင် ဂရုစိုက်နိုင်ကာ ကလေးအတွက် အဆင်သင့်ရှိနေစေမည်ဖြစ်သည်။
  • မိသားစုစနစ်များကို အားကောင်းစေသည်- မီးဖွားပြီးနောက် စောင့်ရှောက်မှုတွင် အိမ်ထောင်ဖက်၊ မိသားစုနှင့် သင်၏ ပံ့ပိုးကူညီမှုကွန်ရက်တို့ ပါဝင်ပြီး လူတိုင်းကို လွှမ်းမိုးသော အသွင်ကူးပြောင်းမှုကို ချိန်ညှိရန် ကူညီပေးသည်။

ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး

ကလေးမွေးဖွားပြီးနောက် ပထမဆုံးရက်သတ္တပတ်တွင် သင့်ခန္ဓာကိုယ်ကို ကုသရန်နှင့် ကြုံတွေ့ခဲ့ရသော အပြောင်းအလဲများကို လိုက်လျောညီထွေဖြစ်စေရန် အာရုံစိုက်ပါသည်။ ဘယ်အရာသည် ပုံမှန်ဖြစ်လေ့ရှိခြင်းသဘောကို နားလည်ပြီး ပြန်လည်နာလန်ထမှုကို မည်သို့ပံ့ပိုးပေးရမည်ကို နားလည်ခြင်းဖြင့် ဤအကူးအပြောင်းကာလကို ပိုမိုချောမွေ့စေသည်။ 

အဖြစ်များသော မီးဖွားပြီးကာလပြောင်းလဲမှုများ

  • Lochia- မိန်းမကိုယ်မှ သွေးဆင်းခြင်းများကို ရက်သတ္တပတ်များစွာကြာအောင် ခံစားရမည်ဖြစ်ပြီး၊ တဖြည်းဖြည်း အရောင်ပြောင်းကာ ပမာဏ လျော့နည်းသွားမည်။
  • ဆီးလမ်းကြောင်းနာကျင်ခြင်း – အထူးသဖြင့် သင့်တွင် ချုပ်ရိုးရှိလျှင် ယေဘူယျအားဖြင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်းဝေဒနာ ခံစားရနိုင်သည်။
  • Afterpains- သင့်သားအိမ်သည် ကိုယ်ဝန်မဆောင်မီ အရွယ်အစားသို့ ပြန်ကျုံ့သွားသောကြောင့် ကြွက်တက်ခြင်းကဲ့သို့ ခံစားချက်များဖြစ်သည်။ နို့တိုက်ကျွေးတဲ့အခါ ဒီဝေဒနာတွေကို သတိထားမိနိုင်ချေများပြီး များသောအားဖြင့် ကလေးမွေးပြီး သုံးရက်မြောက်နေ့မှာ ဝေဒနာတွေ သက်သာသွားတတ်သည်။
  • ပင်ပန်းနွမ်းနယ်ခြင်း- အိပ်ရေးပျက်ခြင်းနှင့် မွေးကင်းစကလေးအား ပြုစုစောင့်ရှောက်ရခြင်းတို့ကြောင့် သင့်အား အလွန်ပင်ပန်းနွမ်းနယ်စေသည်။
  • ရင်သားပြောင်းလဲမှုများ- နို့တိုက်သည်ဖြစ်စေ မတိုက်သည်ဖြစ်စေ ရင်သားတင်းခြင်း၊ နူးညံ့ခြင်းနှင့် နို့ယိုစိမ့်ခြင်းတို့ကို ကြုံတွေ့ရနိုင်ခြေရှိသည်။

ကိုယ်တိုင် ဂရုစိုက်ခြင်းအလေ့အကျင့်များ

  • အနားယူခြင်း- ရသလောက်အချိန်အတွင်း တတ်နိုင်သမျှ အိပ်ပါ။ အနားယူခြင်းကို ဦးစားပေးနိုင်စေရန် မိသားစုကိုအကူအညီတောင်းပါ။
  • နာကျင်မှုကို စီမံခန့်ခွဲခြင်း- အရောင်းဆိုင်မှ ဆေးဝါးများဖြင့် နာကျင်ကိုက်ခဲမှုကို သက်သာရာရစေခြင်း၊ တင်ပါးဆုံရေချိုးခြင်း (Sitz Bath)၊ ရေခဲအိတ်၊ ရေနွေးအိတ်များကပ်ခြင်းတို့ပါဝင်သည်။ ဆေးဝါးရွေးချယ်ခြင်းအတွက် သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။
  • မိန်းမကိုယ် ဂရုစိုက်ခြင်း- သင့်လျော်သော တစ်ကိုယ်ရေသန့်ရှင်းမှု၊ သန့်စင်မှုနည်းစနစ်များနှင့် သက်သာစေသော ထုတ်ကုန်များသည် အထူးသဖြင့် မိန်းမကိုယ်မွေးဖွားပြီးနောက် အရေးကြီးပါသည်။
  • အာဟာရ- အာဟာရဖြစ်စေသော အစားအစာများကို အာရုံစိုက်ပါ၊ ဝမ်းချုပ်ခြင်းကို ကာကွယ်ရန် ရေဓါတ်ပြည့်ဝရန် ဂရုစိုက်ပါ။
  • နူးညံ့သိမ်မွေ့သော လေ့ကျင့်ခန်း- လမ်းလျှောက်ခြင်းကဲ့သို့ ဖြေးဖြေးသက်သာ လှုပ်ရှားခြင်းသည် နာကျင်မှုသက်သာစေပြီး စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပါသည်။

ဆေးဘက်ဆိုင်ရာဂရုစိုက်ရမည့် သတိပေးလက္ခဏာများ

    • အဖျား- ရောဂါပိုးကူးစက်မှုလက္ခဏာဖြစ်နိုင်သည်။
    • အလွန်အကျွံသွေးထွက်ခြင်း- တစ်နာရီအတွင်း အမျိုးသမီးဂွမ်းထုပ် စိုရွှဲလာခြင်း သို့မဟုတ် သွေးခဲများပါဝင်ခြင်း။
    • ပုံမှန်မဟုတ်သော နာကျင်မှု- ပြင်းထန်သော ဝမ်းဗိုက်နာခြင်း၊ ဆီးလမ်းကြောင်း နာကျင်ခြင်း သို့မဟုတ် ၊ ပြင်းထန်သော ခေါင်းကိုက်ခြင်း။
    • ပိုးဝင်ခြင်း၏ လက္ခဏာများ- ခွဲစိတ်ချုပ်ရိုးတစ်ဝိုက်တွင် နီခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် အနံ့ဆိုးထွက်ခြင်း။
    • ရင်သားပိုးဝင်ခြင်းလက်ခဏနာ (Mastitis)- အထူးသဖြင့် နို့တိုက်နေရလျှင် အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ရင်သားနာကျင်ခြင်းနှင့် နီရဲခြင်း သည် ရောဂါပိုးဝင်ခြင်းလက္ခဏာဖြစ်နိုင်သည်။

စိတ်ပိုင်းဆိုင်ရာ ချမ်းသာမှု

မိခင်ဘဝသည် စိတ်ခံစားမှု၏ လေပွေတစ်ခုဖြစ်သည်။ ပျော်ရွှင်မှု၊ ကြောက်ရွံ့မှု၊ ပင်ပန်းနွမ်းနယ်မှု၊ ပူပန်မှုနှင့် ကြားရှိအရာအားလုံးကို ခံစားရခြင်းသည် သာမန်ဖြစ်သည်။ ကြုံတွေ့ရမည့်အရာများ၏ ကာလအပိုင်းအခြားကိုနားလည်ပြီး အထောက်အပံ့ရှာရမည့်နေရာကို သိခြင်းသည် သင့်စိတ်ချမ်းသာမှုအတွက် အရေးကြီးပါသည်။

  • စိတ်ခံစားမှုရပ်ဝန်းကို လက်ခံပါ- တစ်ခဏတာ ပျော်ရွှင်မှု ခံစားရပြီး နောက်တစ်ကြိမ်တွင် အလွန်စိတ်ဖိစီးခြင်း သို့မဟုတ် ဝန်ထုပ်ဝန်ပိုးများ ခံစားလာရခြင်း ဖြစ်သွားတတ်တာ ပုံမှန်ဖြစ်သည်။ အားလုံးကို ခံစားခွင့်ပေးပါ။ဟော်မုန်းအပြောင်းအလဲများ၊ အိပ်ရေးပျက်ခြင်းနှင့် ဘဝအပြောင်းအလဲများသည် ရိုလာကိုစတာစီးရသလိုမျိုး ခံစားချက်များကို ဖြစ်ပေါ်စေသည်။
  • မီးဖွားပြီးနောက် Blues နှင့် စိတ်ဓာတ်ကျခြင်း-
    • Baby Blues- ဝမ်းနည်းမှု၊ ငိုကြွေးမှုနှင့် စိုးရိမ်ပူပန်မှုတို့သည် မွေးဖွားပြီးနောက် ပထမရက်သတ္တပတ်အနည်းငယ်တွင် အလွန်အဖြစ်များပါသည်။ ဒီခံစားချက်တွေက သူ့ဘာသာသူ ပြန်လည်ကောင်းမွန်လာတတ်သည်။
    • မီးဖွားပြီးနောက် စိတ်ကျရောဂါ (PPD)- ဝမ်းနည်းမှု၊ မျှော်လင့်ချက်မဲ့မှု၊ သင့်ကလေးနှင့် ပေါင်းသင်းရခက်ခြင်း သို့မဟုတ် မိမိကိုယ်ကို ထိခိုက်နာကျင်စေသော အတွေးအမြင်များ ပိုမိုပြင်းထန်ပြီး ဆက်တိုက်ခံစားရခြင်းဖြစ်သည်။ PPD သည် ကျွမ်းကျင်သောကုသမှုလိုအပ်သည်။
    • PPD ၏ လက္ခဏာများမှာ-
      • အဆက်မပြတ်ဝမ်းနည်းမှု သို့မဟုတ် စိတ်အားငယ်မှု
      • ပြင်းထန်သော စိတ်တိုခြင်း သို့မဟုတ် ဒေါသထွက်ခြင်း။
      • ချစ်ခင်သူတွေနဲ့ဝေးရာမှာ နေလိုခြင်း။
      • သင်နှစ်သက်ခဲ့သော လှုပ်ရှားမှုများကို စိတ်ဝင်စားမှု ဆုံးရှုံးခြင်း။
      • အစာစားချင်စိတ် သို့မဟုတ် အိပ်ချိန် ပြောင်းလဲခြင်း။
      • သင့်ကိုယ်သင် သို့မဟုတ် ကလေးကို ထိခိုက်စေမည့် အတွေးများတွေးမိခြင်း။
  • ပံ့ပိုးမှုစနစ်များ-
    • လုပ်ဖော်ကိုင်ဖက်များနှင့် ချစ်ခင်ရသူများ- သင့်ခံစားချက်များအကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံခြင်းသည် အဓိကဖြစ်သည်။ ကိစ္စသေးသေးလေးတွေကိုတောင် သူတို့ဘယ်လိုကူညီရမလဲဆိုတာ သိပါစေ။
    • ပံ့ပိုးကူညီရေးအဖွဲ့များ- အခြားမိခင်များနှင့် ချိတ်ဆက်ခြင်းသည် မျှဝေနားလည်မှုကို ပေးစွမ်းပြီး အထီးကျန်မှုကို လျှော့ချပေးသည်။ (ဒို့အိမ်မက် မေမေများကွန်ယက် မှာပါဝင်ကြည့်ပါ)
    • ကုထုံးဆရာများ- သင်ရုန်းကန်နေရပါက အထူးပြု စိတ်ကျန်းမာရေး အထောက်အပံ့ကို ရယူပါ။

မွေးကင်းစကလေးစောင့်ရှောက်မှုအခြေခံများ

သင့်ကလေးကို ပြုစုစောင့်ရှောက်နေစဉ် သူတို့၏လိုအပ်ချက်များသည် ရိုးရှင်းကြောင်း သတိရပါ။ ဤသည်မှာ သိထားရမည့် မရှိမဖြစ် လိုအပ်ချက်များ ဖြစ်သည်-

  • အစာကျွေးခြင်း-
    • မိခင်နို့တိုက်ကျွေးခြင်း- နို့စတိုက်ခြင်းနည်းစနစ်များ၊ နို့စီမံခန့်ခွဲမှုနှင့် ဇီဇာကြောင်မှုများကို သက်သာစေရန် သင်ယူပါ။ နို့တိုက်ကျွေးရေးအတွက် တတ်ကျွနားလည်သူများသည် အဖိုးမဖြတ်နိုင်သော အကူအညီကို ပေးနိုင်ပါသည်။ ပိုမိုလေ့လာရန် – [မိခင်နို့တိုက်ကျွေးခြင်း]
    • နို့ဗူးတိုက်ကျွေးခြင်း- ဖော်မြူလာရွေးချယ်မှုများ၊ နို့ဗူးပြင်ဆင်ပြုလုပ်ခြင်း၊ ပိုးသတ်ခြင်း၊ နှင့် ကျွေးမွေးခြင်းအကြောင်း လေ့လာပါ။
    • အစာကျွေးခြင်းဆိုင်ရာအချက်ပြမှုများ- ငိုခြင်းသည် ဆာလောင်မှု လက္ခဏာတခုဖြစ်သည်၊ ၊ လက်ကို စုပ်ပြီးခြင်းနဲ့ နိုးကြားမှု တိုးလာခြင်းတို့ဖြစ်သည်။
  • ဒိုက်ပါ (သေးခံ)လဲခြင်းနှင့် ရေချိုးခြင်း-
    • ဒိုက်ပါ (သေးခံ) လဲခြင်း- ဒိုက်ပါအနှီးကိုဘယ်လိုပြောင်းမလဲ၊ သေးခံအပူလောင်ခြင်းမဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ၊ ပိတ်စအနှီးနဲ့ တစ်ခါသုံးဒိုက်ပါသေးခံ ရွေးချယ်ခြင်း၊ စတာတွေသင်ယူပါ။
    • ရေချိုးခြင်း- ရေမြှုပ်ရေချိုးခြင်းနှင့် အပြည့်အဝရေချိုးခြင်း၊ ရေချိုးခြင်းအကြိမ်ရေနှင့် ဘေးကင်းသော ရေချိုးခြင်းအလေ့အကျင့်များကိုသင်ယူ။ ပိုမိုလေ့လာရန် – [မွေးကင်းစကလေး ရေချိုးခြင်း]
  • အိပ်စက်မှုပုံစံများ
    • မွေးကင်းစကလေး အိပ်စက်ခြင်း- ကလေးငယ်တို့သည် တိုတောင်းသော အိပ်စက်ခြင်း စက်ဝန်းနှင့် ညဘက် မကြာခဏ နိုးထခြင်းတို့ ကြုံတွေ့ရမည်ကို မျှော်လင့်ပါ။
    • လုံခြုံစွာအိပ်စက်ခြင်း- SIDS အန္တရာယ်ကိုလျှော့ချရန် ဘေးကင်းသောအိပ်စက်ခြင်းကို အလေးထားပါ။ ကလေးငယ်ကို တယောက်တည်း၊ ပုခက်ထဲ စသည့် နေရာများတွင် သိပ်ပါ။ ပိုမိုလေ့လာရန်- [လုံခြုံစွာအိပ်စက်ခြင်း]
    • ကလေးအားသက်သာစေခြင်း- ပိတ်အနှီးဖြင့် သေချာစည်းနှောင်ခြင်း၊ ဖြည်းညှင်းစွာ လှုပ်ယမ်းခြင်းနှင့် ပေါ့ပါးသောဆူညံသံများက ကလေးအိပ်ရန် ကူညီပေးနိုင်ပါသည်။ ပိုမိုလေ့လာရန် – [သက်သာစေသောနည်းလမ်းများ]
  • ရောဂါလက္ခဏာများ
    • အဖျား- ငယ်ရွယ်သောကလေးငယ်များတွင် စအိုတွင်းအပူချိန် 100.4°F (38°C) ထက်များနေပါက ချက်ချင်းသတိထားပါ။
    • ရေဓာတ်ခန်းခြောက်ခြင်း- သေးခံစိုစွတ်မှု နည်းပါးခြင်း၊ မျက်လုံးများချောင်ကျလာခြင်း၊ ထုံထိုင်းခြင်း။
    • အသက်ရှုကျပ်ခြင်း– အသက်ရှုမြန်ခြင်း၊ ညည်းညူခြင်း၊ အရေပြားနီမြန်းခြင်း။
    • အဆက်မပြတ် ငိုခြင်း– ကလေးရဲ့လိုအပ်ချက်တွေဖြည့်ဆည်းပေးပြီးသော်လည်း ကလေးသည် ရင်ခွင်ပိုက်မရပဲ ဆက်ပြီးငိုနေပါက ကလေးအထူးကုဆရာဝန်ထံ ဖုန်းဆက်ပါ။
  • အပြည့်အစုံလေ့လာရန်- [မွေးကင်းစစောင့်ရှောက်ခြင်း]