Skip to content
Ads Advertisement

Magnesium ချို့တဲ့ခြင်းဟာ အကြောင်းအရင်းမရှိခေါင်းကိုက်တာ၊ နှုံးတာ၊ ကြွက်တက်တာ၊ ခြေလက်တွေထုံကျင်တာရဲ့ တရားခံဖြစ်နေနိုင်ပါတယ်

ပုံမှန်လေးစားသောက် နေထိုင်နေရင်း အကြောင်းအရင်းမရှိခေါင်းကိုက်တာ၊ နှုံးတာ ၊ ညဘက် ခြေထောက်ကြွက်တက်တာ ၊ ခြေလက်တွေထုံကျင်လာတာ၊ မျက်နှာကြွက်သားအသေးလေးတွေ အရေပြားတွေမှာ တဆတ်ဆတ်လှုပ်တာ စတဲ့ လက္ခဏာတွေရှိနေရင် မဂ္ဂနီဆီယမ် (magnesium) ဓါတ်လျော့နည်းမှုကို မေ့မထားစေချင်ပါဘူး။

Magnesium ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေမှာအဓိကနေရာကနေပါဝင်ပါတယ်။ မကြာခဏ diet လုပ်တဲ့လူတွေ ၊ ကော်ဖီအသောက်များသူတွေနဲ့ အသီးအရွက်အစေ့အဆန်အစားနည်းသူတွေမှာ magnesium deficiency ဖြစ်ဖို့ရာခိုင်နှုန်းများနိုင်ပါတယ်။

Magnesium ဟာဆိုရင် အရိုးတည်ဆောက်တဲ့နေရာ ဆီးချိုသမားတွေအတွက် insulin အဓိကအလုပ်လုပ်တဲ့နေရာတွေမှာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ တွေမှာ ပါဝင်ပါတယ် ။ မကြာခဏ ခေါင်းတခြမ်းကိုက်တာ depression ဝင်တာ mood မကောင်းတာတွေဟာလဲ magnesium deficiency ကြောင့်ဖြစ်နိုင်ပါတယ်။ ဒီဓါတ်ဟာ သွေးကြောတွေကိုကျန်းမာစေတဲ့အတွက် သွေးပေါင်ချိန်ကိုကျစေပြီး နှလုံးကျန်းမာစေပါတယ်။ ဟော်မုန်းတွေကို မှန်ကန်စေပြီး နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပါတယ်။ အစာခြေဖျက်နှုန်း ကောင်းစေပါတယ် ။

အချို့လေ့လာချက်တွေအရ ကော်ဖီအသောက်များတဲ့လူတွေမှာ magnesium deficiency ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ Caffeine ဟာ အစားအစာထဲက magnesium စုပ်ယူမှုပမာဏကို လျော့ကျစေတဲ့အတွက် ကြောင့်ပါ။ ဒါ့အပြင် Caffeine ဟာဆီးရွှင်စေတဲ့အတွက် ဆီးထဲမှာ magnesium ပမာဏဟာလဲ ပါသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကြောာင့် ကော်ဖီအသောက်များသူတွေမှာ မျက်နှာ ကြွက်သားတဆတ်ဆတ်လှုပ်ခြင်း ၊ စိတ်ဖိစီးမှုများခြင်းတွေ ခံစားနေရပြီဆို magnesium ဓါတ် ချို့တဲ့နေမလားလို့ စဉ်းစားသင့်ပါတယ်။

ဒါ့အပြင် အရက်သောက်တဲ့လူတွေမှာလဲ magnesium ဓါတ် ချို့တဲ့နိုင်ပါတယ်။

Magnesium ချို့တဲ့ရင်

မကြာခဏပျို့ခြင်း၊ ဝမ်းချုပ်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ညဘက်မှာခြေထောက်ကြွက်တက်ခြင်း ၊ ခန္ဓာကိုယ်နှုံးချိခြင်းတွေ လက်တုန် ၊ ရင်တုန်ခြင်း စတဲ့လက္ခဏာတွေ ပြနိုင်ပါတယ် ။ ရေရှည်မှာဆိုရင် အရိုးပွခြင်း ၊ နှလုံးစည်းချက်မမှန်ခြင်း၊ သွေးတိုးခြင်း စတာတွေကိုပါ ခံစားရနိုင်ပါတယ် ။

ဒီလို ခန္ဓာကိုယ်ကို အကျိုးပြုနေတဲ့ magnesium ဓါတ်တွေကို အစေ့အဆံ ပေါင်းစုံနဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ နို့နဲ့နို့ထွက်ပစ္စည်းတွေကနေအဓိကရနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်အားဖြင့် အာဟာရပြည့်ဝအောင်၊ သမမျှတအောင် စားပေးရင် အားဖြည့်ဓါတ်စာတွေ၊ အားဆေးတွေ သောက်စရာမလိုပါဘူး။ Magnesiumဟာ သတ္တုဓါတ်ဖြစ်တဲ့အတွက် အများကြီးသောက်ရင် ခန္ဓာကိုယ်မှာ စုပုံစေနိုင်ပြီး (overdose) ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နာတာရှည်လူနာတွေနဲ့ အချို့သူတွေမှာတော့ magnesium ဓါတ်ချို့တဲ့ခဲ့ရင် လိုအပ်သလောက်ပမာဏကို ဖြည့်စွက် သောက်သုံးပေးရပါမယ်။

မဂ္ဂနီဆီယမ်ဟာ ခန္ဓာကိုယ်အတွက် မမြင်သာပေမယ့် အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ခေါင်းကိုက်တာ၊ နှုံးချိတာ၊ ကြွက်တက်တာ၊ ခြေလက်ထုံကျင်တာတွေဟာ မကြာခဏဖြစ်နေပြီဆိုရင် “သာမန်ပင်ပန်းတာပါ” လို့ပဲ မတွေးဘဲ ကိုယ့်စားသောက်မှုပုံစံ၊ ကော်ဖီ/အရက်သောက်သုံးမှု၊ နာတာရှည်ရောဂါရှိမရှိ စတာတွေကို ပြန်လည်သတိထားကြည့်ဖို့ လိုပါတယ်။ ကျန်းမာရေးဆိုတာ အစားအသောက်၊ အနားယူမှု၊ လှုပ်ရှားမှုနဲ့ နေထိုင်မှုပုံစံတွေ ပေါင်းစပ်ထားတဲ့ ရလဒ်တစ်ခုပါ။ မဂ္ဂနီဆီယမ်ဓာတ်ပြည့်ဝဖို့ သတိထားခြင်းဟာ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်းတို့ကို လျှော့ချနိုင်ရုံသာမက အရိုး၊ နှလုံး၊ အာရုံကြောနဲ့ စိတ်ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေနိုင်ပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement