Skip to content
Ads Advertisement

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (August First Week )

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” အထူးဒေသ-၂၊ မိုင်းမောမြို့နယ်ထဲက ဒေသခံပြည်သူ ၈၀၈ ဦးကို ဇူလိုင် ၃၀ ရက်မှာ ပန်ဆန်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ “ဝ” ကျန်းမာရေးဌာနနဲ့ မိတ်ဖက်အဖွဲ့တွေ ပူးပေါင်းပြီး အခမဲ့ ကွင်းဆင်းကုသပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီထဲက ၁၅၁ ဦးကို HIV ၊ ကာလသားရောဂါ၊ အသည်းရောင်အသားဝါ ဘီ/စီ၊ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါ ရှိ-မရှိ သွေးစစ်ပေးခဲ့သလို ၂၀၂ ဦးကိုတော့ တီဘီရောဂါ ရှိ-မရှိ ဓာတ်မှန်ရိုက်တာ၊ သလိပ်စစ်ဆေးတာနဲ့ လိုအပ်တဲ့ ကုသမှုပေးတာတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ကလေးငယ် ၄၆၉ ဦးကိုလည်း ဗီတာမင် (အေ)၊ သံဓာတ်အားဖြည့်ဆေး တိုက်ကျွေးတာ၊ ကာကွယ်ဆေးထိုးပေးတာမတိုး လုပ်ပေးခဲ့တဲ့အပြင် ဆေးစိမ်ခြင်ထောင် ဖြန့်ဝေတာ၊ ကျန်းမာရေးအသိပညာပေး ဟောပြောတာတွေကိုလည်း လုပ်ဆောင်ပေးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ လေရှီးမြို့နယ် မြို့မအခြေခံပညာမူလတန်းကျောင်းမှာ KG တန်း ကျောင်းသား/သူတွေကို ဇူလိုင် ၂၈ ရက်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး အစာအုပ်စု ၅ မျိုး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ လက်ဆေးနည်းနဲ့ အာဟာရဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့သလို အာဟာရကျွေးမွေးမှုတွေလည်း ဆောင်ရွက်ပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်၊ ကျောက်တော်မြို့မြုိ့နယ်၊ ယိုးချောင်းအထက်ပိုင်းက တောင်ပေါက်နဲ့ ပလက်ဝမြို့နယ်အစပ် င/တရံကျေးရွာမှာ လူအစုလိုက်အပြုံလိုက် ဖျားနာတာတွေ ဖြစ်နေပြီး တောင်ပေါက်ဒေသခံ ရှစ်ဦးနဲ့ င/တရံဒေသခံ ၄၁ ဦးမှာ ငှက်ဖျားပိုးတွေ့ထားတယ်လို့ ဒေသအာဏာပိုင်အဖွဲ့အစည်းတွေက ထုတ်ပြန် ထားပါတယ်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ အခုနှစ် ပညာသင်နှစ်အတွက် KG အရွယ် ကျောင်းသား/သူတွေအတွက် ကျောင်းတွင်းအာဟာရကျွေးမွေးတဲ့ အစီအစဉ်ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင် ရွက်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ထဲက ကျောင်းသား/သူ (၂၀၂၇-၂၇ ပညာသင်နှစ်) တွေကို ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီးသုံးတာနဲ့ စိတ်ကြွမူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ အန္တရာယ်သတိပေးမှု အစီအစဉ်ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ပါတယ်။

နှလုံးအဆို့ရှင်မလုံခြင်း နှလုံး မစ်ထရစ်အဆို့ရှင် သွေးယိုစိမ့်ရောဂါ (Mitral Regurgitation) ကို ရင်ဘတ်က်ဖွင့် ခွဲစိပ်စရာမလိုဘဲ ကုသနိုင်တဲ့ MitraClip နည်းပညာသုံးနိုင်တဲ့ လူနာအုပ်စု ပိုမိုကျယ်ပြန့်လာပြီလို့ ဆေးဘက်ဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Abbott က ထုတ်ပြန်ပါတယ်။ ဒါဟာ နှလုံးအားနည်းတာနဲ့ ဆက်စပ်တဲ့ ဒီရောဂါရှင်တချို့မှာ MetraClip အသုံးပြုနိုင်အောင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ခွင့်ပြုချက်ပေးလိုက်တာကြောင့်လည်း ဖြစ်တယ်လို့ ကုမ္ပဏီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆေးလိပ်သောက်လို့ ဖြစ်နိုင်တဲ့ နှလုံးသွေးကြောရောဂါအန္တရာယ်နဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ (Secondhand Smoke) ရဲ့ ကျန်းမာရေးထိခိုက်မှုအပေါ် လူထုရဲ့ သိနားလည်နိုင်မှုဟာ ကွာဟချက်တွေ ဆက်ရှိနေဆဲဖြစ်တယ်လို့ အရွယ်ရောက်ပြီးသူ ၂၄၀,၀၀၀ ကျော်ကို ကောက်ယူထားတဲ့ စစ်တမ်းအချက်အလက်တွေကို ကိုးကားပြီး News Medical သတင်းက ရေးသားထားပါတယ်။ ဆေးလိပ်သောက်တဲ့ အရွယ်ရောက်ပြီးသူ အများစုဟာ ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်တယ်ဆိုတာ ကို သိထားပေမယ့် နှလုံးရောဂါ၊ နှလုံးဖောက်တာနဲ့ လေဖြတ်တာအပါအဝင် နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါ (CVD) ဖြစ်နိုင်မှုနဲ့ ပတ်သက်တဲ့ သိရှိနားလည်မှု နည်းပါးနေဆဲလို့ စစ်တမ်းအချက်အလက်တွေက ဖော်ပြနေပြီး ဒီရောဂါဟာ ကမ္ဘာတစ်ဝန်းက မကူးစက်နိုင်တဲ့ရောဂါကြောင့် အရွယ်မတိုင်မီ သေဆုံးရတဲ့ အဓိက အကြောင်းအရင်းဖြစ်ကာ အသိပညာပေးမှုပိုင်းမှာ လုံလောက်မှု မရှိနေသေးဘူးလို့ သုတေသီတွေက ဆိုထားပါတယ်။

အမျိုးအစား (၂) ဆီးချိုသမားတွေ ကိုယ်အလေးချိန်လျှော့ဖို့ သုံးတဲ့ Ozempic အပါအဝင် GLP-1 ဆေးတွေဟာ အရိုးကျိုးနိုင်ခြေကို ၂၁ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိထားပြီး ကိုယ် အလေးချိန် မြန်မြန်ကျတာဟာ အရိုးကျိုးနိုင်ခြေကို မလွဲမသေ မြင့်တက်လာမယ်ဆိုတဲ့ အရင် ယူဆ ချက်တွေကို စိန်ခေါ်လိုက်တာ ဖြစ်တယ်လို့ Euro News က ရေးသားထားပါတယ်။ လေ့လာမှုတွေအရ ပိန်ဆေးအဖြစ် လူကြိုက်များတဲ့ ဒီဆေးတွေဟာ အရိုးကျိုးဒဏ်ရာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်တာမို့ အရင် တွေ့ရှိထားချက် တွေကိုလည်း ပြန်လည်သုံးသပ်စေမယ့် တွေ့ရှိချက်ဖြစ်တယ်လို့လည်း သုတေသီတွေက ဆိုပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement